← Chapters

ပုပ်သိုးနေသော အရာများ

Vol. 12 Ch. 208

ပုပ်သိုးနေသော အရာများ

Vol. 12 Ch. 208

ရှဲ့ညီအစ်ကိုများ နေထိုင်သော အိမ်သည် အတော်လေးဝေးကွာလေ၏။ အဆုံးတွင်တော့ ရှဲ့နျိုရှန်းသည် အရာရှိတစ်ယောက်ဖြစ်ပြီး သူ၏အိမ်သည် အခြားသော အရာရှိအိမ်တော် အများစုဖြင့် ဝန်းရံထားလေသည်။

သို့သော်လည်း ရှဲ့ညီအစ်ကိုများအတွက် သူဝယ်ပေးထားသော အိမ်သည် အရမ်းအဆိုးကြီး မဟုတ်ပါပေ။ ထိုအိမ်တော်သည် ခြံဝင်းသုံးခုနှင့်ဖြစ်ကာ အစေခံအချို့သည်လည်း သူတို့နှင့်အတူ နေကြသည်ဖြစ်၏။

၎င်းညီအစ်ကိုများ၏ အလုပ်များမှာ ရှဲ့နျိုရှန်း စီမံပေးထားခြင်း ဖြစ်လေသည်။

ရှဲ့မန်ရှန်း သည်လည်း အရာရှိတစ်ယောက်ပင်

ဖြစ်သည်။ သို့သော် သူ့ထံ၌ မည်သည့် ဂုဏ်အဆင့်အတန်းမှ မရှိပေ။ သူသည် တပ်သားများ၏ သေဆုံးခါနီး နောက်ဆုံးဆန္ဒများအား တာဝန်ယူရသည့် မြို့တော်ကာကွယ်ရေး၌ ကြီးကြပ်သူဖြစ်ကာ လက်အောက်ခံငယ်သားတစ်ယောက်အဖြစ် ယူဆခံရရုံမျှသာ ဖြစ်သည်။ ထိုအလုပ်မှာ လွယ်ကူလေသည်။

ထိုအချိန်၌ ရှဲ့ချုံရှန်း သည် ပညာရေးအခြေခံ ရှိလေသည်။ ထို့ကြောင့် သူသည် သတင်းသယ်ပို့သူ ရာထူးအား ပိုင်ဆိုင်ထားလေသည်။

ရှဲ့မန်ရှန်း နှင့် ရှဲ့ချုံရှန်း ၏ သားများမှာ အရွယ်ရောက်ပြီဖြစ်သော်လည်း သူတို့သည် သူတို့၏ အလုပ်အကိုင်အတွက် ရှဲ့နျိုရှန်းအား မှီခိုနေကြပေသည်။

ထိုအရာအား ချွင်းအာသည် အိမ်တော်မှ ကြားလာ

ခြင်းဖြစ်သည်။

ရှဲ့ချောင်၏ ဖခင်သည် အသတ်ခံရရန် စောင့်ဆိုင်းနေသည့် ဝက်တစ်ကောင်ကဲ့သို့ ငတုံးတစ်ယောက်ပင်။

သခင်မလုသည် ရှဲ့ရှီ၏ ခေါင်းအား ပုတ်လိုက်ကာ သက်ပြင်းချလိုက်၏။ “ ရှီအာ မင်းအစ်မကို ကြည့်စမ်း။ ဒီနေ့က ကျောင်းတော်ရဲ့ အနားယူရက်၊ ဒါပေမယ့် သူက အိမ်မှာနေရမယ့်အစား နေရာတိုင်းကို ပြေးလွှားနေတယ်။ မင်းတို့နှစ်ယောက် အတူရှိနေတာ ရှားတယ်၊ ဒါပေမယ့် သူက မင်းရဲ့ဆက်ဆံရေးကို နီးကပ်ဖို့အတွက်တောင် မင်းကို ရထားလုံးထဲ သူနဲ့အတူ ရှိခွင့်မပေးဘူး”

ရှဲ့ရှီသည် သူမ ဝတ်ဆင်ထားသည့် အသုံးအဆောင်များအား စိုက်ကြည့်ရင်း

တိတ်ဆိတ်ကာ အနည်းငယ် မှိုင်တွေနေလေသည်။

ယနေ့ သူမ နှစ်လိုဖွယ် ဝတ်ဆင်ထားပေသည်။ သူမသည် ရေပြာရောင်ပိုးသားအဝတ်နှင့် အချင်းချင်းတိုက်မိသည့်အခါ ကလောင်ခနဲ၊ ဒေါင်ခနဲ ဆူညံသံလေးများ ပြုလုပ်နေသော အဖိုးတန်ကျောက်များအား လည်တိုင်ထက်တွင် ဝတ်ဆင်ထားလေ၏။ သူမ၏ ခေါင်းအထက်၌ ရွှေဖြင့် တန်ဆာဆင်ထားသော ကျောက်စိမ်းဆံထိုးတစ်ခု၊ လက်ကောက်ဝတ်၌ ကျောက်စိမ်းဖြူလက်ကောက်နှစ်ခုနှင့် သူမ၏ ခါးထက်တွင် ကျောက်စိမ်းပန်းဖွားတစ်ခု ရှိလေသည်။ သူမအား ကြည့်ရသည်မှာ လှပကာ လျော်ကန်ရည်မွန်နေပေသည်။

ရိုးရိုးရှင်းရှင်း ကောက်ချက်ချရလျှင် ယနေ့ သူမ ဝတ်ဆင်ထားသည်မှာ အတော်လေး အဖိုးထိုက်တန်လေသည်။

သခင်မလုသည် သူမ မည်သည်ကိုမျှ မပြောသည်ကို သတိပြုမိပြီးနောက် သက်ပြင်းချကာ ရှဲ့ရှီ၏ ခါးအထက်တွင်ရှိသော ကျောက်စိမ်းအပိုင်းအစများဖြင့် ဆော့ကစားနေလေသည်။

“ ဒီရတနာအပိုင်းအစက အရင်နှစ်ကဟာပဲ။ ဒီနှစ် ငါတို့အိမ်မှာ မိသားစုဝင်အသစ်တစ်ယောက် ရှိလာပေမယ့် ဘာမှလည်း မတိုးတက်လာဘူး။ ဘယ်သူမှ မင်းကို အသစ်တစ်ခုခု ဝယ်မပေးကြဘူး” သခင်မလု ပြောလိုက်၏။

ရှဲ့ရှီသည် မည်သည်ကိုမျှ မပြောပဲ သူမအား ကြည့်ရန် ခေါင်းမော့လိုက်သည်။

မကြာမီတွင် ၎င်းတို့ ရည်မှန်းရာနေရာသို့ ရောက်ရှိခဲ့ပြီဖြစ်လေသည်။

သူတို့ ရထားလုံးပေါ်မှ ဆင်းလျှင်ဆင်းချင်းပင် တစ်စုံတစ်ယောက်သည် အိမ်ထဲမှ ထွက်လာလေ၏။

ရှဲ့မန်ရှင်းနှင့် ရှဲ့ချုံရှန်း သည် ထိုနေရာ၌ ရပ်နေကြရင်း ရှဲ့နျိုရှန်းအား ပျော်ရွှင်စွာ ကြိုဆိုနေကြလေသည်။ အနောက်မှ အစေခံများသည် ချက်ချင်းပင် ရှေ့ထွက်လာကြကာ ၎င်းတို့ယူဆောင်လာခဲ့သည့် ပစ္စည်းများအား စတင်၍ သယ်ယူကြလေတော့သည်။

ရှဲ့ချောင်မှာ အလွန် အရှက်မရှိကြသည့်သူများအား မြင်ရပြီး ကြက်သေသေနေလေ၏။

ညီအစ်ကိုနှစ်ယောက်သည် ရှဲ့ဖင်းဟွိုက်၏ ပခုံးအား ပုတ်လိုက်ကြသည်။ “ ကလေး မင်းအရပ်

ရှည်လာတာလား? သွားကြမယ်၊ အထဲဝင်ကြမယ်!”

ရှဲ့ဖင်းကန်းသည် ထိုညီအစ်ကိုအား တစ်ချက်ကြည့်လိုက်ကာ သရော်လိုက်သည်။ “ ခင်ဗျားတို့တွေ ကန်းနေကြတာလား?! တကယ်ကန်းနေတာဆိုရင်တော့ အခုပဲ ကျုပ်ညီမနဲ့အတူ ပြန်လိုက်တော့မယ်!”

ရှဲ့ဖင်းကန်း စကားပြောလိုက်သည်နှင့် ညီအစ်ကိုနှစ်ယောက်သည် လန့်ဖျပ်ကာ တောင့်တင်းသွားကြလေသည်။ “ အကြီးဆုံးတူမလည်း ဒီမှာ ရှိတာလား?”

ထိုနှစ်ယောက်သည် စကားပြောသည့်အချိန်တွင် အလေးမထားမေ့လျော့တတ်သော စိတ်ဖြစ်လေသည်။ “ ဟေး အဲ့တာ ငါတို့ရဲ့အကြီးဆုံးတူမလား…သူက…” ထိုသူတို့သည် စကားပြောနေရင်း

လမ်းတစ်ဝက်တွင် ရှဲ့ချောင်၏ ဦးတည်ရာအား ကြည့်ရန် ခေါင်းလှည့်လိုက်ကြကာ တစ်စက္ကန့်မျှ ကြောင်အသွားကြ၏။ “ မဆိုးဘူးပဲ…”

“ အကြီးဆုံးဦးလေးနဲ့ အငယ်ဆုံးဦးလေးရဲ့ မျက်လုံးတွေနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်ထင်တယ်။ ကျုပ်ညီမက လှတယ်၊ ဒါကို ခင်ဗျားတို့က သူ့ကို မဆိုးဘူးလို့ ပြောတယ်? အိုး ဟုတ်တာပေါ့၊ ခင်ဗျားတို့အိမ်က ပုပ်သိုးဆွေးမြည့်နေတဲ့ဟာနှစ်ခုက သူ့ကို မယှဥ်နိုင်ဘူးပဲ။ ခင်ဗျားတို့မှာ ကမ္ဘာကြီးနဲ့ပတ်သက်ပြီး အတွေ့အကြုံနည်းသေးတာကိုး။ ခင်ဗျားတို့က စကားလုံး ရွေးမသုံးတတ်ကြတော့လည်း.. အဓိပ္ပာယ်ရှိပါတယ်” ရှဲ့ဖင်းကန်းသည် လုံးဝပင် ချုပ်ထိန်းမထားပါချေ။

သူသည် စကားပြောပြီးသည်နှင့် အိမ်အတွင်းသို့ ခြေလှမ်းကြီးများနှင့် လျှောက်ဝင်သွားလေသည်။

သူသည် ဤအိမ်၏ တစ်စိတ်တစ်ပိုင်းအား ပေးချေခဲ့သောကြောင့် ထိုအရာများအား ပြောလိုက်ချိန်၌ ဖိအားလုံးဝ မခံစားရပေ။

ရှဲ့ချောင်သည် မည်သည်ကိုမျှ မဆိုပဲ သူမ၏ ဦးလေးများအား တစ်ချက်ကြည့်လိုက်ကာ အနောက်မှ နီးကပ်စွာ လိုက်သွားခဲ့သည်။

သူမ လုပ်ရမယ့်အရာအားလုံးက သူမရဲ့အစ်ကိုကြီးနောက်ကို လိုက်ဖို့ပဲ။

အထဲဝင်လိုက်သည်နှင့် အိမ်၏ ဖွဲ့စည်းတည်ဆောက်ပုံအား သူမ ကြည့်လိုက်၏။

စည်းစနစ်တကျ ရှိသည်။ မည်သည်မျှ မှားယွင်းမနေပေ။

အဓိကအိမ်တော်၌ တစ်စုံတစ်ယောက် စောင့်ဆိုင်းနေခဲ့သည်။

ဝင်ရောက်လာသည်နှင့် အိမ်ကြီး၏ သခင် အမျိုးသမီးကြီးအား ရှဲ့ချောင် တွေ့လိုက်ရသည်။

သခင်မကြီး၏ မျက်နှာသည် အတော်လေးမှောင်၍ ချိုင့်ကာ သူမ၏ မျက်လုံးများမှာ အလွန်ပင် မကြည်မလင် ဖြစ်နေပေသည်။ သူမသည် အသက်ခြောက်ဆယ်ထဲ ရောက်နေပြီဖြစ်လေ၏။ မမျှော်လင့်စွာပင် သူမထံတွင် နန်းမြို့တော်မှ သခင်မကြီးများတွင် ရှိသင့်သည့် တည်ငြိမ်မှုနှင့် ဣန္ဒြေ ရှိမနေပေ။ ဈေးကြီးကာ ခေတ်မှီဆန်းပြားသည့် အဝတ်များအား ဝတ်ဆင်ထားသည့် သူမအား ကြည့်ရသည်မှာ အနည်းငယ် ပုံစံမကျချေ။

••••••

All Chapters