ဓါးပြများ၏စရိုက်များ
Vol. 12 Ch. 209
အဘွားအိုနှင့် အခြားသူများသည် ရှဲ့ချောင်ကိုမြင်လိုက်သောအခါ ကြောင်အမ်းသွားခဲ့ကြသည်။သူတို့သည်မယုံကြည်နိုင်ခဲ့ကြပေ။
"ဖင်းကန်း အဲ့တာ နင့်ရဲ့ သွေးသားတော်စပ်တဲ့ ညီမလား"
ရှဲ့ဖင်းကန်းသည် ထိုသူတို့အား ယခုလိုမြင်တွေ့ရသောအခါ အလွန်ပျော်ရွှင်နေခဲ့သည်: "ဟုတ်တယ် ဒါကျွန်တော်နဲ့ အမေတစ်ယောက်တည်းကနေမွေးလာတဲ့ ညီမပဲ!"
ထိုလူများသည် သူ၏မိခင်အား ရုပ်ဆိုးသည်ဟု ကြိမ်ဖန်များစွာ တိုးတိုးတိတ်တိတ် ပြောခဲ့ဖူးကြ
သည်!
သူမရုပ်ဆိုးတော့ရော ဘာဖြစ်လဲ!
ထိုလှပသောအမျိုးသမီးများသည်ပင် ရှဲ့ချောင်လို လှပတဲ့သမီးမျိုး မွေးထုတ်ပေးနိုင်လိမ့်မည်မဟုတ်။
သူ့မိခင်သည်လည်း အမှန်တကယ်ရုပ်မဆိုးပေ။ သို့သော် ထိုသူတို့က သူ၏မိခင် သခင်မဖုန်ကို ဓါးပြတစ်ယောက်အဖြစ် မွေးဖွားလာသောကြောင့် ကြောက်စရာကောင်းသည့် မိစ္ဆာတစ်ကောင်လို တွေးထင်ခဲ့ကြသည်။
ထိုအဘွားအိုသည် ရှဲ့ချောင်ကိုတစ်ချက်ကြည့်လိုက်ပြီး အိမ်မှာရှိနေသော သူမ၏မြေးမနှစ်ယောက်ကို ကြည့်လိုက်သည်။
အကြီးဆုံးသားနှင့် အငယ်ဆုံးသား၏သမီးများသည် ယခုအရွယ်ရောက်လာပြီဖြစ်သည်။ တစ်ယောက်သည် ရှဲ့ချောင်နှင့်ရွယ်တူနီးပါးဖြစ်ပြီး နောက်တစ်ယောက်က ငယ်ပေသည်။ သို့သော်လည်း ၎င်းတို့သည် နှစ်နှစ်၊ သုံးနှစ်သာ ကွာပေသည်။
သူမသည် မြေးမနှစ်ယောက်ကို နတ်သမီးလေးတွေအလား လှပသောအမျိုးသမီးငယ်လေးများဖြစ်သည်ဟု အမြဲတမ်းထင်နေခဲ့သည်။ သို့သော် ယခု ရှဲ့ချောင်ကိုကြည့်ပြီး သူမ၏ရင်ဘတ်ထဲ တစ်ခုခုတစ်နေသလို ခံစားလိုက်ရသည်။
ကွာဟချက်မှာကြီးမားလွန်းသဖြင့် သူမသည် သက်တောင့်သက်သာပင် မရှိတော့။ မိန်းကလေးနှစ်ယောက်သည် ရှဲ့ချောင်၏သန့်ရှင်းစင်ကြယ်မှုကို မယှဥ်နိုင်ခဲ့ချေ။
မိန်းကလေးနှစ်ယောက်သည်လည်း လက်ရှိအချိန်တွင် ကြောင်အမ်းနေခဲ့ကြသည်။
သူမတို့၏မိဘများက အစ်မအကြီးဆုံးမှာ ယနေ့ပြန်လာမည်ဟုပြောထားလေသည်။
သူမက သခင်မဖုန်၏သမီးဖြစ်သဖြင့် ရုပ်ဆိုးရပေမည်မဟုတ်လော?
ဒါကရုပ်ဆိုးတာလား?
သူမတို့မှာ ရှဲ့ချောင်နှင့်အတူရပ်လိုက်သောအခါ ရွံ့များအဖြစ်ပြောင်းသွားသလိုပင်။ ယခု သူမတို့ မည်သို့ခေါင်းမော့ နေနိုင်တော့မည်လဲ!?
ရှဲ့နျိုရှန်း သူတို့အား မီသွားပြီး အဘွားအိုကိုမြင်သောအခါ သားသမီးဝတ်ကျေပွန်သူကဲ့သို့ ဟန်ဆောင်လိုက်သည်။
သူသည် ယခင်က ဓါးပြတစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့်တည့်တိုးဆန်ပြီး လုယက်ထားသောပစ္စည်းများကို ခွဲဝေခြင်းမှာ သူ၏ကျွမ်းကျင်မှုဖြစ်သည်။ ထို့ကြောင့် သူဝင်သွားသည်နှင့်တစ်ပြိုင်နက် သူ၏ဝတ်ရုံကိုလွှဲယမ်းကာ ပိုက်ဆံများကိုပေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။
လက်ရှိလူများ၏ မျှော်လင့်ချက်အပြည့်အကြည့်များကိုကြည့်ရင်း ရှဲ့ချောင်သည် သူမ၏အဖေမှာ အတိတ်တုန်းကလည်း ယခုလိုပင်ဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။
သူလာသည်နှင့်တစ်ပြိုင်နက် ပိုက်ဆံများဝေပေး
လိမ့်မည်။
ရှဲ့နျိုရှန်းသည် အဘွားအို၏ဘေးရှိစားပွဲ၌ ငွေစက္ကူကိုထားလိုက်သည်။
အဘွားအိုက တစ်ချက်ကြည့်လိုက်သောအခါ သူမသည် ကြောင်အမ်းသွားပြီး မျက်မှောင်ကြုတ်လိုက်သည်: "ဘာလို့တစ်ရွက်တည်းလဲ"
သူသည် အများအားဖြင့် ငွေစက္ကူများကို သေတ္တာအပြည့်ပေးတတ်သည်။ ၎င်းမှာ ငွေတုံး၁၀၀တန် ငွေစက္ကူ၁၀ရွက်ရှိလိမ့်မည်!
ရှဲ့နျိုရှန်းက ရယ်လိုက်သည်: "အမေ ကျွန်တော်တို့ ဒီနောက်ပိုင်း အခြေအနေသိပ်မကောင်းဘူး ငွေကိုခြွေတာသုံးပါ ဒီတစ်ခေါက်က နည်းပေမယ့် ကျွန်တော်ပိုက်ဆံရှာလို့ရတာနဲ့ အမေ့ကို ပေးပါ့
မယ်"
အဘွားအို၏မျက်နှာမှာ မှိုင်းကျသွားပြီး သူမက ဒေါသထွက်သောအမူအယာဖြင့်ပြောလိုက်သည်: "နင်က အဆင့်လေးအရာရှိတစ်ယောက်ဖြစ်ပြီး ကိုယ့်အမေကို ဒီလောက်နည်းနည်းလေးပဲပေးတယ် ဒါသာပြန့်သွားရင် နင့်ကိုအလှောင်ရယ်ခံရမှာမကြောက်ဘူးလား မသိတဲ့သူတွေက နင်က နင့်အစ်ကိုတွေကို အထင်သေးတယ်လို့ ထင်ကြလိမ့်မယ်!"
ရှဲ့နျိုရှန်းသည် ၎င်းအပေါ်စိတ်မခုဘဲ: "ဘယ်သူကျွန်တော့်ကိုလှောင်ရဲမှာလဲ သူတို့က ဒါကို နည်းတယ်လို့ထင်ရင် ကျွန်တော့်အစား သူတို့တွေအမေ့ကို ကျွေးမွေးလို့ရတယ် ဘယ်သူမှ သူတို့ကိုမတားဘူး"
အဘွားအိုမှာ မျက်ခုံးပင့်သွားသည်။
ဓါးပြများသည် သူ၏သားကို အဆုံးစွန်ဖျက်ဆီးခဲ့ကြသည်!
သူသည် ၁၀နှစ်အရွယ်က ထက်မြက်ပြီး ရိုးသားသည့်လူငယ်တစ်ယောက်ဖြစ်သည်။ သူ့အား ထိုရုပ်ဆိုးဆိုးအမျိုးသမီးသခင်မဖုန်က ခေါ်သွားသည့်အချိန်တွင် သူသည် ဓါးပြစရိုက်များ ဝင်လာခဲ့သည်။
ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်အား ပြုံးပြလိုက်၏။ သူ၏ခပ်တုံးတုံးဖခင်သည် အမှန်တရားများကိုပြောနေချိန်၌ အသုံးအဝင်ဆုံးပင်။
အဘွားအို၏ ချွေးမနှစ်ယောက်သည် ၎င်းအားမြင်လိုက်ရသော် ဟန်ဆောင်ရယ်လိုက်ကြ၏။ သူမတို့သည် သခင်မလုကိုတွေ့လိုက်ရသောအခါ
ကယ်တင်ရှင်ကိုတွေ့လိုက်သည့်အလား ရှေ့သို့ပြေးသွားပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်ကြသည်။
"ချစ်ရတဲ့ ယောင်းမလေး..."
"ချစ်စရာကောင်းတဲ့ ယောင်းမလေး..."
ထိုနှစ်ယောက်သည် အတူတူပြောလိုက်ကြပြီး အကြီးဆုံးသား၏မိန်းမ သခင်မကျားက ကြောင်တောင်တောင်ပြုံးလိုက်သည်။
"ကြည့်ပါဦး ဒုတိယမောင်လေးက နားလည်မှုလွဲနေတာမလား။ ပိုက်ဆံတွေကိုနည်းတယ်လို့ထင်နေတာ အမေမဟုတ်ပါဘူး။ အိမ်မှာက ကျွေးစရာပါးစပ်ပေါက်တွေများလို့လေ။ ကျွန်မတို့က သူ့ကို အကူအညီပေးစေချင်ရုံပါရှင်။ ဒီနောက်ပိုင်း
အဘွားအိုရဲ့ကျန်းမာရေးကလည်း ချို့တဲ့လာတယ်။ သူမ ဆေးဝါးတွေလိုအပ်တာကြောင့် ပိုပြီး...ခက်ခဲလာလို့ပါ။ ဒုတိယအစ်ကိုပေးတဲ့ငွေက ရုတ်တရက် အများကြီးနည်းသွားတော့ ကျွန်မတို့ထင်လိုက်တာက...ကျွန်မတို့ တစ်ခုခုအမှားလုပ်ခဲ့မိလို့လားလို့လေ..."
••••