← Chapters

အောင်သွယ်ပေးခြင်း

Vol. 12 Ch. 210

အောင်သွယ်ပေးခြင်း

Vol. 12 Ch. 210

သခင်မကျားသည် သခင်မလုကို သနားစရာကောင်းစွာကြည့်ပြီး စကားပြောလိုက်သည်: "ယောင်းမလေးရယ် သူ့ကို အစ်မတို့အတွက် ပြောပေးပါဦး။ ဒုတိယမောင်လေးကို အစ်မတို့ကိုစိတ်မဆိုးဖို့ပြောပေးဦးလေနော်။"

သခင်မလုသည် ရှဲ့နျိုရှန်းကိုတစ်ချက်ကြည့်ကာ ပြုံးရင်းပြောလိုက်သည်: "အားလုံး အတွေးလွန်နေ

ကြတာပါ။ နျိုရှန်းက ဒေါသကြီးတယ်လေ။ ဒီတစ်ခေါက်ငွေက တကယ်နည်းနေတာ။ ဒါ ကျွန်မတို့အမှားပါ။ ဒါပေမယ့် အိမ်မှာအခြေအနေတွေကလည်း ခက်ခဲနေတယ်။ ကလေးသုံးယောက်ကို ကျောင်းထားပေးရပြီး ကျောင်းတော်ရဲ့ စရိတ်စကကလည်း များတယ်လေ။ အကြီးဆုံးသမီးဆို အစက ငွေတုံး ၅၀၀၀ သုံးရတယ်။ ကျွန်မတို့လည်း ရုတ်တရက်ငွေပြတ်သွားလို့။ ကျွန်မတို့ ပိုမပေးနိုင်တာပါ။ နောက်တစ်ခါက အဆင်ပြေလာရင် ပိုပေးပါ့မယ်။"

အဘွားအိုက ချက်ချင်းမတ်တပ်ထရပ်ကာ: "ငွေတုံး ၅၀၀၀? တပည့်ခံဖို့အတွက်ကို? မိန်းကလေးတစ်ယောက်က ဘာလို့ကျောင်းသွားဖို့လိုမှာလဲ!"

ရှဲ့ချောင်က မျက်ခုံးပင့်လိုက်သည်။

"သူမသေချာပေါက်သွားရမှာပေါ့။ သူမက တောင်

ပေါ်မှာနေနေတာမဟုတ်ဘူး။ သူမသာ ပညာမတတ်ရင် ယောက်ျားကောင်း ဘယ်လိုရှာလို့ရမှာလဲ။" ရှဲ့နျိုရှန်းက ထိုသူတို့အား စိုက်ကြည့်လိုက်ကာ: "ပြီးတော့ သမီးကြီးက လှတယ်။ သူမသာ စာမလေ့လာဘဲ အိမ်မှာပဲနေမယ်ဆိုရင် ကျွန်တော့်မှာ သမီးလှလှလေးတစ်ယောက်ရှိတယ်ဆိုတာကို လူတွေဘယ်လိုလုပ်သိကြတော့မလဲ။"

ရှဲ့ချောင်သည် ရှဲ့မိသားစု၏ ကျက်သရေလေးဖြစ်သည်!

သူမကို အပြင်မထွက်ခိုင်းဘဲ အိမ်မှာပဲနေခိုင်းရမယ်? အဲ့တာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။

အဘွားအိုမှာ သူမ၏တစ်ကိုယ်လုံး ထုံထိုင်းသွားသည်ဟုပင် ခံစားလိုက်ရသည်: "ဒ-ဒါပေမယ့် အဲ့တာက ငွေအများကြီး..."

ရှဲ့နျိုရှန်းက နှာမှုတ်ကာ ပြုံး၍: "မများပါဘူး။ ကျွန်တော့်သမီးပညာရေးအတွက်တောင် ပိုက်ဆံမတတ်နိုင်ဘူးဆိုရင် ကျွန်တော်က လူတစ်ယောက်ဟုတ်ပါဦးမလား။" သူသည် အမှန်တကယ် ရိုးသားပွင့်လင်းပေသည်။

အရင်က ရှဲ့ချောင်သည် ကျောင်းတော်၌စာရင်းပေးသွင်းရန် ပန်းချီကားတစ်ချပ်ကို လက်ဆောင်ပေးဖူးကာ သူမဆိုင်ဖွင့်ရန်သုံးသော ငွေများကိုလည်း ပေးခဲ့ဖူးသည်။

အဘွားအို၏စိတ်ထဲတွင် ၎င်းမှာ မည်သို့ပင်ဖြစ်စေ ဖြုန်းတီးသည်ဟု သတ်မှတ်ထားသောကြောင့် ယခု လူတိုင်းအားရှင်းပြနေရန် မလိုအပ်ပေ။

သခင်မကျားက ညည်းတွားလိုက်သည်: "ဘုရား

ဘုရား သမီးကြီးရဲ့ပညာရေးစရိတ်က အဘွားအိုကို နှစ်အကြာကြီး ထောက်ပံ့ပေးလို့ရတယ်မဟုတ်လား"

"အမေနဲ့ ကျွန်တော့်သမီးကို ဘာကိစ္စလာယှဥ်နေရတာလဲ။ အမေက အိမ်မှာ စားနေ သောက်နေရုံပဲ။ သူမဘယ်လောက်လိုအပ်မှာမလို့လဲ။ သမီးကြီးကတော့မတူဘူး။ သူမကငယ်သေးတယ်။ ဒါ့ကြောင့် သူမအတွက် နှမြောနေလို့မဖြစ်ဘူး။" ရှဲ့နျိုရှန်းကပြောလိုက်သည်။

အဘွားအိုသည် တုန်လှုပ်လာပြီး မသက်မသာခံစားလိုက်ရသည်။

သူမသည် ဒုတိယသား၏အိမ်တွင် ရံဖန်ရံခါနေတတ်သည်။ သို့သော်လည်း နေသားမကျသောကြောင့် နေခဲပေသည်။

သူမ၏မြေး ရှဲ့ဖင်းကန်းသည် ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်သည်။ သူသည် သူမအား ကံမကောင်းစေဟု ခံစားရပေသည်။ ထိုနေရာ၌ အစေခံများစွာလည်းရှိပေသည်။ ၎င်းတို့သည် သူမထက်ပို၍ သခင်နှင့်တူနေပြီး သူမအား သက်တောင့်သက်သာမရှိစေပေ။

ထို့ကြောင့် သူမသည် ဤအိမ်၌သာ အများဆုံးနေဖြစ်သည်လေ။

ပတ်ပတ်လည်တွင် အိမ်နီးချင်းများရှိသော်လည်း အစေးမကပ်ပေ။

သူမ၏သားသည် အရာရှိတစ်ယောက်ဖြစ်ပြီး အိမ်နီးချင်းများသည် သာမန်ပြည်သူများသာဖြစ်၏။ သူတို့ ဘာအကြောင်းပြောရမည်နည်း။

သူမ၏ ဒုတိယသားပြောသလို သူမသည် နေ့တိုင်း စားလိုက်သောက်လိုက် အချိန်ဖြုန်းနေခဲ့သည်။ သူမသည် ငွေအများကြီးမလိုအပ်ပေ။

သို့သော်လည်း သူမ၏ အခြားသားနှစ်ယောက်နှင့် မြေးမများကို ပေးနိုင်သည်မဟုတ်လား?

ကံမကောင်းစွာဖြင့် သူမသည် ထုတ်ပြော၍မရပေ။

အဘွားအိုသည် ရှဲ့နျိုရှန်းကို စိုက်ကြည့်လိုက်သည်။ အားလုံးရပ်နေကြသည်ကိုမြင်လိုက်ရသောအခါ သူမသည် ထိုကိစ္စအားထားလိုက်ပြီး ခေါင်းမာစွာပြောလိုက်သည်: "ကောင်းပြီလေ ပိုနည်းလာတာ ကိစ္စမရှိဘူး။ ငါဘယ်လောက်ကြာကြာနေနိုင်တော့မှာမို့လဲ။ ငါဒီပိုက်ဆံတွေကို နင်တို့ အသုံးမကျတဲ့သုံးယောက်အတွက် သိမ်းထား

ပေးမယ် - အထူးသဖြင့် နင် ဒုတိယတစ်ယောက် နင်က ပိုက်ဆံတွေကို စည်းမရှိကမ်းမရှိသုံးပစ်နေတာ။ ငါ ဘယ်လိုလုပ်မစိုးရိမ်ဘဲနေမလဲ?"

အစက သူမသည် သူမ၏ဒုတိယသားအတွက် အိမ်ထိန်းတာဝန်ကိုယူပေးချင်နေခဲ့သော်လည်း သူမသည် စာမတတ်ပေ။ ပိုက်ဆံကိုရေတွက်တတ်သော်လည်း စာအုပ်များကို နားမလည်ပေ။

"ထိုင်ကြလေ!" အဘွားအိုကပြောလိုက်သည်။

သူမကထိုသို့ပြောလိုက်သော်လည်း တကယ်တမ်းမှာ ရှဲ့နျိုရှန်းနှင့် သခင်မလုလို ဝါကြီးသူများကိုပြောခြင်းဖြစ်သည်။ ရှဲ့ချောင်၊ ရှဲ့ဖင်းကန်းနှင့် ကျန်သောသူများက မတ်တပ်ရပ်နေခဲ့ရသည်။

သို့သော်လည်း ရှဲ့နျိုရှန်းသည် သူ၏သမီးက

အားနည်းသည်ကို ဘယ်တော့မှ မမေ့ခဲ့ပေ၊ ထို့ကြောင့် သူသည် နေရာအလွတ်တစ်ခုရှိသေးသည်ကို မြင်လိုက်ရသောအခါ သူမအား ထိုင်စေခဲ့သည်။

ရှဲ့ချောင်သည် အရှက်မဲ့စွာ နေရာယူလိုက်၏။

သခင်မလု၏ အမူအယာမှာ ပြောင်းလဲသွားခဲ့ကာ သူမ ပြုံးပြရ မပြုံးပြရပင် မသေချာတော့ပေ။

ဇနီးနှစ်ယောက်သည်လည်း ရှဲ့ချောင်အား စိုက်ကြည့်နေခဲ့ကြသည်။

"အကြီးဆုံးသမီးက မငယ်တော့ဘူး သူမကို ဘယ်တော့ လက်တွဲဖော်ရှာပေးမှာလဲ" သခင်မကျားက ရှဲ့နျိုရှန်းကိုကြည့်ကာပြုံး၍: "ကျွန်မရဲ့တူလေးက သိပ်မဆိုးဘူး။ သူက တူမလေးနဲ့ သင့်တော်

တယ်..."

••••••

All Chapters