← Chapters

အရမ်းလှတယ်

Vol. 12 Ch. 211

အရမ်းလှတယ်

Vol. 12 Ch. 211

သခင်မကျား စကားပြောလိုက်သည်နှင့် မောင်အငယ်ဆုံး၏ ဇနီး ဖြစ်သူ သခင်မရှင်း ၏မျက်နှာ အမူအရာမှာ ပြောင်းလဲသွားလေသည်။

' ယောင်းမက ဒါကို အရင်ပြောဖို့ကို ဉာဏ်နီဉာဏ်နက်များလွန်းတာပဲ'

" ကျွန်မမှာ အမေ့ဘက်က အမျိူးတော်တဲ့ တူ လေး ငါးယောက်လောက်ရှိတယ်။ သူတို့က တည်ငြိမ်တယ်၊ ယုံကြည်ရတယ် ပြီးတော့ မိသားစုတွေလေ။ တူမကြီး သာ သူတို့ထဲကတစ်ယောက်ကို လက်ထပ်မယ်ဆိုရင် ကျိန်းသေပေါက် ပျော်ရွှင်တဲ့ဘဝမျိုးမှာနေရမှာ" သခင်မ

ရှင်း က ပြောလိုက်သည်။

ယောင်းမနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်ကြားတွင် တောက်လောင်တော့မည် မီးစတစ်ခုရှိနေသလိုပင်။

ရှဲ့ချောင်သည် သူတို့နှစ်ယောက်၏ စကားများကို မကြားဟန်ဆောင်ကာ လက်ဖက်ရည်အနည်းငယ်သောက်လိုက်သည်။

" ခင်ဗျားတို့ဘက်ကအမျိုးတွေက အရာရှိတွေလား။" ရှဲ့ဖင်းကန်းက အေးစက်စွာနှင့် မေးလိုက်သည်။ "သူတို့က တစ်ယောက်မှ အရာရှိတွေ တောင် မဟုတ်ဘဲနဲ့များ၊ အဆင့်လေး အရာရှိတစ်ယောက်ရဲ့ သမီးကို လက်ထပ်ချင်နေကြတာလား။ မိသားစုချင်း ဘယ်လောက်ရင်းနှီးတယ် ပြောပြော၊ သူမရဲ့ အနာဂတ်ကို ဖျက်ဆီးစရာ

အကြောင်းမရှိဘူး"

သခင်မကျားနှင့် သခင်မရှင်း တို့မှာ အခက်တွေ့သွားကြပုံရသည်။

အမျိုးသမီးအိုကြီးမှာ သတ္တိကို စုစည်းလိုက်ကာ ဆူပူလိုက်သည်။ " ဖင်းကန်း၊ လက်ထပ်တယ်ဆိုတာက ကိစ္စကြီးတစ်ခုပဲ။ မင်းရဲ့ မိဘတွေ ကိုင်တွယ်ပါစေ။ မင်းက သူ့အစ်ကို သက်သက်ပဲ။ မရိုင်းစမ်းနဲ့"

ရှဲ့ဖင်းကန်းမှာ ထိုသို့ ကြားလိုက်ရသောအခါ ပို၍ပင် ဆိုးရွားသွားတော့သည်။ သူသည် တစ်စုံတစ်ယောက်ကို ဝါးစားပစ်တော့မည် ပုံပေါက်နေလေပြီ။

"ကျုပ်ကို ထပ်ပြောစမ်းပါ၊ ဘယ်သူက ကျုပ်ညီမ

ရဲ့ မင်္ဂလာပွဲကို ကိုင်တွယ်မှာလဲဆိုတာ" ရှဲ့ဖင်းကန်း အသံမှာ အောနေကာ မျက်နှာထားသည် တင်းနေ၏။

အနီးကပ်ကြည့်ကြည့်မည်ဆိုလျှင် သူ့ခါးပေါ်တွင် ဓားမြှောင်တစ်လက် ရှိလို့နေသည်။၎င်းမှာ သူ၏ လက်နှင့်နီးကာ တစ်ယောက်ယောက်အား အချိန်မရွေး သူသတ်ချင်လျှင် သတ်ပစ်လိုက်နိုင်သည်။

အမျိုးသမီးကြီးမှာ ကြောက်လန့်မှူကြောင့် ထိတ်ထိတ်ပြာပြာဖြစ်သွား၏။

အမျိုးသမီးကြီးသည် ချက်ချင်းဆိုသလို သူ၏ ကယ်တင်ရှင်ကို ရှာလိုက်သည်။ " ဒုတိယလေး၊ နင့်သားကို ကြည့်ပါဦး။ သူဒီကို ဘိုးဘေးတွေကို ဂါရဝပြုဖို့ ရောက်လာတာ ဟုတ်ရဲ့လား။ သူက ကြမ်းကြုတ်လွန်းလို့ ငါတော့ သူကိုဒီမှာ ဆက်မနေခိုင်းရဲတော့ဘူး"

ရှဲ့နျိုရှန်း သည် သူ၏ သားကို တစ်ချက်ကြည့်လိုက်ပြီး အော်ရယ်လိုက်လေသည်။

"အမေ ဘာလို့ ကြောက်နေရတာလား။ ဒီ ငနဲကောင်က ခက်ထန်တဲ့ပုံပေါ်နေပေမယ့် တကယ်တော့ သူဘာမှ မလုပ်ရဲပါဘူး။ တကယ်လို့ သူတစ်ယောက်ယောက်ကို ရိုက်မယ်ဆိုရင်တောင် ၊ အမေ့လို အသက်ကြီးတဲ့သူကို ရိုက်မှာ မဟုတ်ပါဘူး။ အများဆုံးမှ အိမ်က အငယ်တွေနဲ့ လေ့ကျင့်ရုံလောက်ပေါ့။ ဒါဘာမှ မဟုတ်ပါဘူး"

သူ့သားအကြောင်း သူသိသည်။ သူ ဘယ်လောက်ပဲ စိတ်လိုက်မာန်ပါလုပ်တတ်ပါစေ စဉ်းစားချင့်ချိန်တတ်သည်။ သေချာပေါက် သူ၏ အဘွားအား သတ်လိမ့်မည် မဟုတ်ချေ။

သူက အမြော်အမြင်ရှိတာပဲ!!

အမျိုးသမီးကြီးမှာ တံတွေးမျိုချလိုက်သည်။ အခုချိန်တွင် သူမ ဘာပြောရမှန်းမသိတော့ပေ။

" အကြီးဆုံး တူလေး ၊ အထင်မလွဲပါနဲ့။ အကြီးဆုံးတူမလေး က လှတော့ တို့က ပျော်သွားရုံပါ။ သူမက ခေတ်ဆန်တော့ အန်တီတို့လို သာမန်လူတွေက သူမနဲ့ မယှဉ်နိုင်ပါဘူး။ အန်တီတို့က နောက်နေရုံပါ… အတည်မယူပါနဲ့ကွယ်။" သခင်မကျားက ချက်ချင်းဆိုသလို ပြောလိုက်၏။

သခင်မရှင်းကလည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ရှဲ့ချောင်သည် ပါးစပ်အပြည့် ရေကို မျိုချလိုက်၏။

ရှဲ့ဖင်းကန်းက သရော်လိုက်ကာ " ကျွန်တော့်မှာက ညီမတစ်ယောက်ပဲ ရှိတာ။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ယောက်ဖ ဖြစ်ချင်တယ်ဆိုရင် အရင်ဆုံး ကျွန်တော့်ကို ကျော်ဖြတ်ရမယ်။ သူမကို ဘယ်သူ သွားရှုပ်ရဲလဲ၊ သူတို့ ရဲ့ ခြေထောက်တွေကို ချိူးပစ်ပြီး ကျန်တဲ့ ဘဝတစ်လျှောက်လုံး တွားသွာပြီးနေအောင် လုပ်ပစ်လိုက်မယ်။ "

ရှဲ့ချောင်က လေးနက်မှု အပြည့်နှင့် ခေါင်းညိတ်လိုက်သည်။ " ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး"

အခုဆိုလျှင် ကျန်သည့်သူများမှာ ဆိုးဆိုးရွားရွား ခံစားနေရပြီပင်။

သူတို့ တကယ် ရှဲ့ချောင်ကို သဘောကျကြတာလား။ ဒီ မိန်းကလေးက အားနည်းတယ်လို့ သူတို့

တွေးခဲ့ကြသေးသည်။ သူတို့သာ အမေဘက်ကအမျိုးတွေနဲ့ လက်ထပ်အောင်သာ လုပ်နိုင်ခဲ့လျှင်၊ ရှဲ့နျိုရှန်း သည် အနာဂတ်တွင် သူမအတွက် ပေးမှာပင်၊ ဟုတ်တယ်မလား။

သူသည် ရှဲ့ချောင်ကျောင်းသွားဖို့ အတွက် ငွေအမြောက်အမြား ပေးခဲ့သည်။ သူမ လက်ထပ်ခဲ့လျှင်၊ ခန်းဝင်ပစ္စည်းတွေက အများ အပြားရှိမှာပဲမလား။

သို့သော်လည်း ရှဲ့ဖင်းကန်းက ကြမ်းကြုတ် ခက်ထန်ပြီးတော့ ရှဲ့ချောင်ကို ကာကွယ်ပေးနေမယ်လို့ သူတို့ တစ်ခါမှ မတွေးခဲ့ပေ။။

အခုလက်ရှိချိန်တွင် လေထု အခြေအနေမှာ ကောင်းနေ၏။

ရှဲ့ဖင်းကန်း အနားမှာ ရှိနေလျှင် သူတို့ ဆိုးရွားတဲ့ အရာကို အနည်းငယ်သာ ပြောလိမ့်မည်။

အခြားတစ်ဖက်တွင်လည်း အငယ်တွေသည် စုဝေးနေသည်။

တိတိကျကျ ဆိုရလျှင် ရှဲ့မန်ရှန်းနှင့် ရှဲ့ချုံရှန်း၏ ကလေးများသည် ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီ အား ကစားရန် အတွက် ခြံဝန်းဆီသို့ ဆွဲခေါ်သွားခဲ့သည်။

ရှဲ့ချောင်သည် သူတို့ကို တစ်ချက်ဝေ့ကြည့်ရုံနှင့် မြင်ရမည့် ထိုနေရာ အနီးတွင်သာ ထိုင်နေခဲ့၏။

သူမ၏ ညီမလေးမှာ သူမ၏ လက်များကို ဝတ်ရုံထဲတွင် ကွယ်ဝှက်ဖို့ အကောင်းဆုံးကြိုးစားနေသကဲ့သို့ အနည်းငယ် ကုပ်ကုပ်လေးနေနေခဲ့သည်။

ရှဲ့မိသားစု ချွေးမကြီး၏ သမီးဖြစ်သူသည် ပြောရင်းဆိုရင်းဖြင့် "ဝိုး၊ အစ်မ ရှီအာ၊ အစ်မရဲ့ ဆွဲကြိုးက အရမ်း လှတာပဲ။ အဲ့ဒီပေါ်က အနီရောင်ကျောက်က အဖိုးတန်ကျောက်တွေ၊ ဟုတ်တယ်မလား။ ညီမ ဝတ်ကြည့်လို့ရမလား"

•••••

All Chapters