အမေ
Vol. 12 Ch. 212
ရှဲ့ရှီမှာ ငယ်သေးတာကြောင့် လက်တစ်စုံက သူမ၏ လည်ပင်းကို လာဆွဲသော အခါ လည်ဆွဲမှာ သူတို့၏ လက်ထဲသို့ အလွယ်တကူ ကျသွားခဲ့တော့သည်။
" ငါ့ဟာ" ရှဲ့ရှီသည် စိတ်မချမ်းမသာ ဖြစ်စွာနှင့် စူးစိုက်ကြည့်လိုက်ပြီး ဒေါသထွက်နေပုံပေါ်သည်။
"ညီမလေးရှီအာ၊ နင်က အရမ်းလှတာပဲ။ ငါ ဒါကို ယူမလို့ မဟုတ်ပါဘူး၊ ကြည့်ကြည့်ရုံပါ" ရှဲ့ချွင်း သည် ရှဲ့ရှီအား မပွင့်တပွင့် ရေရွတ်ပြောဆိုလိုက်ပြီးနောက် ၎င်းအား ချက်ချင်း ဝတ်ဆင်လိုက်သည်။
သူမသည် လှည့်ပတ်လိုက်ပြီး ရှဲ့ကျူးကို ပြလိုက်၏ " ဘယ်လိုလဲ၊ ကြည့်ကောင်းရဲ့လား၊ ငါဒါနဲ့ဆိုပိုပြီး လှသွားလား"
ရှဲ့ကျူးသည် မနာလိုစွာဖြင့် ဖြတ်ခနဲကြည့်လိုက်ပြီး၊ ရှဲ့ရှီ၏ လက်ကို ကြည့်လိုက်သည်။ သူမ၏ လက်ကို ချက်ချင်း ဆွဲလိုက်ကာ၊ လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်အား မြင်သွားခဲ့သည်။ ထို့နောက် မျက်စိတစ်မှိတ်စာ အတွင်း သူမသည် ချီတုံချတုံပင် ဖြစ်နေခြင်းမရှိဘဲ ၎င်းအား ဖယ်ရှားလိုက်ကာ သူမလက်ပေါ်တွင် ဝတ်ဆင်လိုက်တော့သည်။
ရှဲ့ကျူးသည် ချွေးမ အငယ်ဆုံး၏ သမီးဖြစ်သည်။ သူမသည် ရှဲ့ရှီနှင့် သက်တူရွယ်တူဖြစ်တာကြောင့် လက်ကောက်အား အားပါပါနှင့် ဆွဲယူဝတ်ဆင်လိုက်နိုင်လေသည်။
ရှဲ့ချောင်သည် ထကာ လမ်းလျှောက်သွားလိုက်၏။
ရှဲ့ချောင်သည် ပြုံးကာ ရုတ်တရက် စကားဆိုလိုက်သည် "မင်းတို့တွေ ပျော်နေကြတာလား"
သူမသည် ဝင်လာကတည်းက စကားတစ်ခွန်းမှ မပြောရသေးပေ။ ယခု သူမသည် ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်တာကြောင့်၊ ရှဲ့ချွင်းနှင့် ရှဲ့ကျူးတို့မှာ မှင်တက်သွားကြတော့သည်။ သူတို့သည် ကြည့်ဖို့အတွက် ခေါင်းလှည့်လိုက်ကြကာ၊ ရှဲ့
ချောင် ကို မြင်ရတာတောင် စိတ်မသိုးမသန့် ဖြစ်မနေကြပေ။
သူတို့သည် ရှဲ့ချောင်ကို စေ့စေ့စပ်စပ်ပင် ကြည့်ရှူလိုက်သေးသည်။
" အစ်မကြီး၊ အစ်မရဲ့ လက်ကောက်ဝတ်ပေါ်က ခြူလုံးလေးကလှလိုက်တာ" ရှဲ့ချွင်းက ပြောလိုက်၏။
စင်စစ်တွင်၊ ခြူလုံးမှာ သာမန်သာဖြစ်ပြီး ရိုးရိုးရှင်းရှင်းပုံသာ ဖြစ်ကာ ဘာမှ ထူးခြားနေတာမျိုး မဟုတ်ပေ။ ၎င်းပေါ်တွင် လှပသော အဆင်ပုံစံများ ရှိမနေသော်လည်း တလက်လက်တောက်ပနေသည်။ ၎င်းသည် ရွှေအစစ်ဖြစ်ပုံရသည်။ ဒါ လေးကိုလေးရမယ်!!
ရှဲ့ချောင်သည် သူမ၏ လက်ကို ယမ်းကာ ပြုံးလိုက်သည် "ဒါကို လိုချင်လို့လား"
ရှဲ့ချွင်းသည် ပြုံးကာ ချက်ချင်း ပြောလိုက်သည် " အစ်မကြီး၊ အစ်မဒါကို ညီမလေးကို ပေးမလို့လား၊ အစ်မက အရမ်းရက်ရောတာပဲ" သူမသည် ရိုးရိုးစင်းစင်းနှင့် ရှေ့သို့ လှမ်းသွားလိုက်ကာ ရှဲ့ချောင်၏ လက်မောင်းအား ဖမ်းဆုပ်လို့ နီးပါးပင် ဖြစ်သွားသည်။
" ညီမလေး က အသားညိုတော့၊ ခြူလုံးက ညီမလေးကို ရုပ်ဆိုးစေလိမ့်မယ်" ရှဲ့ချောင်သည် ပြုံးကာ သူမလည်ပင်းမှ လည်ဆွဲကို ချွတ်လိုက်သည်။ သူမသည် ကြော့ရှင်းရည်မွန်ကာ ကျွမ်းကျင်ပါးနပ်စွာနှင့် ဖြည်းဖြည်းချင်းပြောလိုက်သည် " အစ်မ အထင်အရဆိုရင် ညီမလေးက ဒီနှစ်ဆိုရင် ၁၅နှစ်ရှိသွားပြီမလား။ ဒီလည်ဆွဲက ချစ်ဖို့ကောင်းတဲ့ မိန်းကလေးငယ်တွေနဲ့ပိုပြီး
လိုက်ဖက်တယ်။ ညီမလေးသာ ဒါကို ဝတ်မယ်ဆိုရင် အံဝင်ခွင်ကျ ဖြစ်နေမှာမဟုတ်ဘူး။ မျောက်တစ်ကောင်နဲ့ တူနေလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ရှဲ့ချွင်း၏ မျက်နှာမှာ ရဲသွားတော့သည်။
"အစ်မ ဘာကို ဆိုလိုချင်တာလဲ" ရှဲ့ချွင်းက ကြိမ်းဝါးလိုက်သည်။
ရှဲ့ချောင်သည် လည်ဆွဲကို ရှဲ့ရှီ၏ လည်ပင်းပေါ်တွင်ပြန်ဆွဲပေးလိုက်ပြီး ရှဲ့ကျူးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ " နင် ဒါကို ကိုယ်တိုင်ဖယ်မလား၊ ဒါမှမဟုတ် ငါလုပ်ရမလား"
ရှဲ့ကျူး၏ မျက်လုံးများမှာ ချက်ချင်းဆိုသလို နီ
ရဲသွားတော့သည် "အမေ၊ အမေ၊ အစ်မကြီးက အနိုင်ကျင့်တယ်"
အော်ဟစ်သံမှာ ရှဲ့ချောင်ကို သတ်လုနီးနီးဖြစ်ပြီး၊ သူမ၏ နားစည်ကွဲခါနီးပင် ဖြစ်သွားခဲ့သည်။
ရှဲ့ချောင်သည် သူမ၏ ရင်ဘတ်အား ချက်ချင်းအုပ်ကိုင်လိုက်ကာ နှစ်ကြိမ် ချောင်းဆိုးလိုက်သည်။ သူမသည် ရှဲ့ရှီ ဘက်သို့ အနည်းငယ် ကုန်းလိုက်ကာ ကရုဏာသက်စွာနှင့် အမောတကော ပြောလိုက်၏။
ရှဲ့ရှီသည် စဉ်းစားတွေးတောတာကို ကြိုက်သည့်သူတစ်ယောက်မဟုတ်။ ရှဲ့ချောင်ကို ထိုကဲ့သို့ ပုံစံမျိုး မြင်ရသောအခါ စိုးရိမ်သည့် အမူအရာ ဖြစ်လာတော့သည်။
ရှဲ့ကျူး၏ အော်ဟစ်သံမှာ ယောင်းမသုံးယောက်ဖြစ်သည့် သခင်မကျား၊ သခင်မလု နှင့် သခင်မရှင်းတို့ကို ဆွဲဆောင်သွားခဲ့သည်။
" ကျူးအာ၊ ဘာဖြစ်လို့လဲ" သခင်မရှင်းက ချက်ချင်းမေးလိုက်၏။
ရှဲ့ကျူးသည် ဝမ်းနည်းစွာနှင့် ဖြေလိုက်သည် "အမေ၊ အစ်မကြီးက အနိုင်ကျင့်တယ်။ သမီးတို့က ရှီအာရဲ့ အဆင်တန်ဆာတွေက လှတယ်လို့ တွေးမိလို့ အဲ့ဒါတွေကို စမ်းဝတ်ကြည့်ဖို့ ကြိုးစားကြည့်တာကို။ သူ-သူမက အစ်မချွင်းကိုလည်း ရုပ်ဆိုးတယ်လို့ ပြောပြီးတော့ သမီးကိုလည်း အဲဒါတွေကို ဖယ်ဖို့ပြောခဲ့တယ်။ သူက သမီးကို တွန့်တိုပြီးတော့ အထင်သေးတာပဲ"
သခင်မရှင်း သည် သခင်မလုအား အခက်တွေ့သည့်ပုံဖြင့် ကြည့်လိုက်သည်။ "ဒုတိယ
ယောင်းမ၊ ညီမတို့ မိသားစုက ဒုတိယ အစ်ကိုကို ငြူစူခဲ့တယ် ဆိုပေမဲ့ ၊အစ်မဒါကို ကလေးတွေ အပေါ်တော့ ပုံမချသင့်ဘူးလေ၊ ဟုတ်တယ်မလား"
သခင်မလုသည် ကိုးရိုး ကားယားနိုင်စွာနှင့် ပြုံးလိုက်ကာ "ရှီအာ၊ အမေ သမီးကို ဘာပြောထားလဲ။ သမီးမှာ လှတဲ့ အဆင်တန်ဆာတွေ အများကြီးရှိတယ်လေ။ ညီအစ်မတွေက ကြိုက်ရင်၊ သူတို့ကို အဲ့ဒါတွေ ပေးလိုက်ပေါ့၊ သမီး သဘောထား သေးသိမ်နေလို့ မရဘူးလေ၊ ဟုတ်ပြီလား"
သူမသည် ရှဲ့ရှီအတွက်ထို အဆင်တန်ဆာ များကို ရွေးချယ်ပေးခဲ့သူ ဖြစ်သည်။
ဒါသည် ရှဲ့ရှီ ကို ကြည့်ကောင်းစေဖို့ရန်အတွက်သာ မဟုတ်ပဲ သူမ ဘယ်လောက်ကောင်းလဲဆို
တာကို အဘွားအိုကြီးကို ပြရန်ဖြစ်သည်။
••••••