အကုန်ယူသွား
Vol. 12 Ch. 213
မျိုးဆက်များထဲတွင်၊ အမျိုးသမီးအိုကြီး အချစ်ဆုံးမှာ ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီဖြစ်သည်။ သို့သော်လည်း ရှဲ့ရှီသည် ရှဲ့ညီအစ်ကို၏ သမီးများဖြစ်သည့် သူမ မြေးမနှစ်ယောက်နှင့်တော့ မယှဉ်နိုင်ပေ။
လု သခင်မသည် အမျိုးသမီးအိုကြီးအား သူမ မိထွေးကောင်းတစ်ယောက် ဖြစ်ကြောင်း ပြသဖို့ရန်အတွက် ရှဲ့ရှီကို လှပပြီးဈေးကြီးသော အဆင်တန်ဆာများ ဆင်ထားပေးခဲ့သည်။
ရှဲ့ချွင်းနဲ့ ရှဲ့ကျူးတို့ နှစ်ယောက် ရှဲ့ရှီ၏ ပစ္စည်း
များကို ယူသည့် အကြိမ်တိုင်းတွင်၊ သူမသည် တော်တော်များမျာကို ခွင့်ပြုပေးထားခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ချို့တဲ့နေတာလည်း မဟုတ်ပေ။
ထိုစဉ်၊ ရှဲ့နျိုရှန်းမှာ သခင်မကြီး အပေါ် သားသမီးဝတ်ကျေပွန်သည် ဟု မှတ်ယူနိုင်သည်။ သခင်မကြီးသည် သူမကို သဘောကျနေသရွေ့ သူမ၏ ဇနီးနေရာမှာ တည်မြဲနေပေလိမ့်မည်။
သို့ဖြစ်ရာ၊ လုသခင်မသည် စောစောက အတိုင်းသာ ပြုမူပြောဆိုလေသည် "ရှီအာ၊ လိမ္မာပါတယ်၊ သူတို့ကို လက်ကောက်ပေးလိုက်ပါ။ အမေနောက်မှ သမီးအတွက် အများကြီး ထပ်ဝယ်ပေးမယ်နော်"
ရှဲ့ရှီသည် သူမ၏ ခေါင်းကို ငုံ့ထားကာ ဘာတစ်ခုမပြောခဲ့ချေ။
" ဒါက အမေ ညီမလေးကို သင်ပေးနေခဲ့တဲ့ဟာလား" ရှဲ့ချောင်၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း မျက်လုံးများမှာတော့ အေးစက်လို့နေသည်။
လုသခင်မသည် မှင်တက်သွားသောကြောင့် ဇဝေဇဝါ ဖြစ်စွာနှင့် ပြောလိုက်သည်။ "ချောင်အာ၊ သမီးတို့က မိသားစုတစ်ခုတည်းက ညီအစ်မတွေပဲလေ။ ပစ္စည်းတွေ ကို မျှဝေပေးသင့်တာပေါ့။ ပြီးတော့၊ ဒီညီအစ်မနှစ်ယောက်ကိုလည်း ကြည့်ပါဦး။ ဝတ်ထားတာတွေက ရိုးရိုးရှင်းရှင်း ကြီးဖြစ်နေတာကို။ သမီးက အစ်မကြီးတစ်ယောက်အနေနဲ့ လက်ဆောင်လေးတစ်ခုတောင် ယူမလာခဲ့ဘူး။ ဘာလို့ ဒီအဆင်တန်ဆာတွေကို လက်ဆောင်အနေနဲ့ မပေးရမှာလဲ။ "
ရှဲ့ချောင်သည် လုသခင်မအား လှောင်ပြုံးပြုံးလိုက်သည်။
ထို့နောက် သူမသည် လက်ကိုင်ပုဝါကို ဆုပ်ကိုင်ထားလျက် သူမ၏ ရင်ဘတ်အား ဖိလိုက်သည်။ သူမသည် မူးဝေနေလျက် သူမ၏ နဖူးကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားသည်။ သူမ အားနည်းနေပုံပင်။
" အစ်မကြီး" ရှဲ့ရှီသည် ထိတ်ထိတ်ပျာပျာဖြစ်သွားကာ အော်ဟစ်လိုက်သည်။
သူမသည် ရှဲ့ချောင်အား အရူးတစ်ယောက်လိုမျိူ တိုးဝှေ့တွန်းဖယ်လိုက်ကာ အိမ်ထဲသို့ ပြေးဝင်သွားသည်။ သူမသည် တံခါးပေါက်တွင် ရပ်လိုက်ပြီး ရှဲ့ဖင်းဟွိုက်အား မလှုပ်ရမ်းခင် ပတ်ပတ်လည်သို့
ကြည့်လိုက်သေးသည်။
" အစ်မကြီး…. သူမ နေမကောင်းဘူး"
" ဘာ" ရှဲ့ဖင်းဟွိုက်မှာ ကြက်သေသေသွားခဲ့၏။ သူသည် လည်ပင်းကို ဆန့်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ရှဲ့ချောင်လဲကျတော့ မလို ဖြစ်နေတာကို သူမြင်လိုက်ရသည်။ သူမ၏ မျက်နှာ မှာ နေရောင်အောက်တွင် အလွန်ကို ဖြူဖျော့နေသည်။ သခင်မကျားနှင့် ကျန်သည်သူ့များမှာ သူ့အစ်မဘေးတွင် ဝိုင်းနေကာ ကြမ်းကြုတ်ခက်ထန်နေပုံပေါ်သည်။ ဒါက …..
သူတို့ သူမကို အနိုင်ကျင့်နေကြတာပဲ!!!!
ရှဲ့ဖင်းဟွိုက်သည် အလျင်အမြန် ပြေးထွက်သွားလိုက်၏။
" ခင်များတို့တွေ ဒါဘာလုပ်နေကြတာလဲ။ ကျွန်တော့် အစ်မကို ဝိုင်းအနိုင်ကျင့်နေကြတာလား။ " ရှဲ့ဖင်းဟွိုက်က ချက်ချင်းပဲ အော်လိုက်သည်။
သခင်မကျားနှင့် သခင်မရှင်းတို့မှာ ကြက်သေသေသွားကြပြီး၊ လုသခင်မက ချက်ချင်းပြောလိုက်သည် "မဟုတ်သေးပါဘူး၊ ဟွိုက်အာ၊ သားဘာလို့ ဒီလိုပြောရတာလဲ"
ရှဲ့ဖင်းဟွိုက်သည် ရှဲ့ချောင်အား ချက်ချင်းဆိုသလို ထိန်းကိုင်လာသည်။ သူမသည် အမှီသဟဲရပြီးတာတောင် ပိုကောင်းလာသည့်ပုံ မပေါ်ပေ "မောင်လေး၊ အစ်မတို့က သူတို့ကို တွန့်တိုတယ်တဲ့။ သူတို့က ညီမလေးနဲ့ အစ်မရဲ့ ပစ္စည်းတွေကို ယူသွားကြတယ်။ အ- အစ်မ ဆီမှာ ကောင်းတာတစ်ခုမှ မရှိပါဘူး။ ဖြစ်နိုင်တာက အစ်မသူတို့ကို အစ်မရဲ့ ဘဝကို ပေးလိုက်ရမှာလား။ အဟွတ်၊ အ
ဟွတ်…. "
ထို အခိုက်အတန့်တွင် ရှဲ့ဖင်းဟွိုက်၏ ဒေါသမှာ ထိတ်ဆုံးသို့ ရောက်နေပြီဖြစ်သည်။
" ခင်ဗျားတို့တွေ အရှက်မရှိကြဘူးလား။ ကျွန်တော့် အစ်မရဲ့ ပစ္စည်းတွေကို ယူရလောက်အောင်လေ။ သူမ အားနည်းနေတာကို ခင်ဗျား တို့ မမြင်ကြဘူးလား " ရှဲ့ဖင်းဟွိုက်မှာ စိတ်ဆိုး မာန်ဆိုးနှင့် ပြောလိုက်လေသည်။
သူ့ အသံမှာ ရှဲ့ကျူး ၏ အသံထက်ပို အားကောင်းနေသည်။
ရှဲ့ကျူး သူ့အမေကို ညည်းညူတိုင်တန်းတာ မကောင်းလို့လား။ သူလဲ အဲ့ဒီလို လုပ်နိုင်တယ်လေ။
ရှဲ့ဖင်းဟွိုက်သည် သူ၏ အစ်မကြီးမှာ သနားစရာကောင်းသည် ဟု အမှန်တကယ်ကို တွေးနေတာ ဖြစ်သည်။ လက်ရှိအချိန်တွင် ရှဲ့ချောင် သူ့အား အနိုင်ကျင့်ခဲ့ဖူးတာကို သူ လုံးဝမေ့သွားခဲ့လေပြီ။
ထို့ပြင်၊ ရှဲ့ချောင်မှာ ယခုချိန်တွင် သေအံ့ဆဲဆဲပုံပေါက်နေသည်။ သူမသည် အလွန်ပိန်လှီကာ အားနည်းသော်လည်း တစ်ချိန်တည်းတွင် လှလွန်းနေပြန်သေးသည်။ သူမသည် အနိုင်ကျင့်ခံရတာကြောင့် ငိုတော့မည်ပင်။
ရှဲ့ဖင်းဟွိုက်၏ အော်သံမှာ ရှဲ့နျိုရှန်း နှင့် ရှဲ့ဖင်းကန်းအား အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်လိုက်သည်။
နွားထီးနှင့် တူသည့် အမျိူးသား နှစ်ယောက်မှာ
ခြေလှမ်းကျယ်ကြီးများနှင့် လျှောက်လာခဲ့၏။
တောင်ကဲ့သို့ ကြီးမားလှသည့် ဖိအားမှာ ဇနီးဖြစ်သူနှင့် ကျန်သူများရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့လေသည်။
"ဘာဖြစ်ကြတာလဲ " ရှဲ့ဖင်းကန်း၏ အပြုအမူ မှာ ကြောက်စရာကောင်းနေသည်။
ရှဲ့နျိုရှန်း၏ မျက်နှာ အမူအရာမှာလည်း တင်းမာနေခဲ့သည်။ ရှဲ့ချောင် အိမ်ထဲဝင်ပြီး ထိုင်နိုင်ရန်အတွက် သူ၏ သားနှစ်ယောက်အား ကူစေလိုက်သည်။
ရှဲ့ချောင်သည် ခေတ္တမျှ မောဟိုက်နေပြီးနောက် စကားပြောလိုက်သည် "ဒါ သမီးရဲ့အမှားပါ။ အမေက ဒါကိုပြောဖူးတယ်၊ သမီးတို့က အလည်လာ
ခဲ့တာမို့၊ သ-သမီး ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ အဆင်တန်ဆာ အားလုံးကို ညီအစ်မတွေကို ပေးသင့်တယ်ဆိုပြီး၊သ-သမီး အဝတ်လဲဖို့ အခန်းထဲကိုသွားလိုက်ပါ့မယ်၊ သမီး ရိုးရိုး အဝတ်အစားကို လဲဝတ်ပြီးတော့၊ လှပြီး ကြည့်ကောင်းတဲ့ အရာအားလုံးကို ညီအစ်မတွေကို သ-သမီး ပေးလိုက်ပါ့မယ်….."
••••••