← Chapters

ကျုပ်တို့ မိသားစုရဲ့ ငွေတွေဘယ်ရောက်သွားလဲဆိုတာ ဒါပေါ့!

Vol. 12 Ch. 214

ကျုပ်တို့ မိသားစုရဲ့ ငွေတွေဘယ်ရောက်သွားလဲဆိုတာ ဒါပေါ့!

Vol. 12 Ch. 214

ရှဲ့ချောင်သည် သူမကိုယ်သူမ ခိုင်ခိုင်မာမာနှင့် မတ်တပ်ထရပ်နိုင်ဖို့အတွက် ကြိုးစားနေပုံမှာ စိတ်ရင်း အတိုင်းဖြစ်ပုံပေါ်သည်။

သူမအတွက် ငြင်းခုံနေရန်မှာ မဖြစ်နိုင်ပေ။

ထိုမျှမက၊ သူမတို့သာ တကယ် ငြင်းခုံကြမည်ဆိုပါက၊ သူမတွင် အသက်ဆယ်သက် ရှိနေလျှင်တောင် ရှဲ့ညီအစ်ကို၏ မိသားစုကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်။ သခင်မကျားနဲ့ သခင်မရှင်းကိုပဲ ကြည့်လေ- သူတို့တွေက ပြင်းထန်တဲ့ အလုပ်ကြမ်းတွေကို အသားကျနေကာ သန်မာသည့်ပုံပေါ်ကြသည်။

သူမသည် အားနည်းသူဖြစ်သည့် အတွက် သနားစရာ ကောင်းသည့်ဟန်ဆောင်ခြင်းသည် သူမအတွက် သင့်တော်ပေသည်။

ထိုပြင် ဘယ်လိုနေနေ သူမသည် သနားစရာကောင်းသည်_ သူမနှင့် သူမ ညီမက အနိုင်ကျင့်ခံနေရတာပင်!

"မင်းတို့တွေ ငါ့ညီမ ရဲ့ပစ္စည်းတွေကို ယူနေကြတာလား" ရှဲ့ဖင်းကန်းသည် မျက်နှာတင်းမာနေကာ ရှဲ့ကျူး၏ လက်ကောက်ဝတ်အား တစ်ချက်ကြည့်လိုက်ပြီး၊ တန်းပြီး အရေးတယူ ပြုမူလိုက်သည် "မင်းရဲ့ လက်တွေကို ငါခုတ်ပစ်မယ်ဆိုတာကို ယုံလား"

ရှဲ့ကျူးမှာ ကြောက်လန့်မှုကြောင့် တုန်ယင်သွားခဲ့ရပြီး ဘာတစ်ခု မှ မပြောရဲခဲ့ပေ။ သူမသည် မူးလဲတော့မည့် ပုံပေါ်နေလေပြီ။

သခင်မရှင်းက ချက်ချင်းပဲပြန်ပြောလိုက်သည် "ဒါက ဒီလိုမဟုတ်ပါဘူး၊ ဖင်းကန်း။မင်း ညီမလေးတွေက ကစားနေကြရုံပါ…. ပြီးတော့ ကျူးအာနဲ့ ချွင်းအာ ကခိုးခဲ့တာမှ မဟုတ်ပဲ။ သူတို့က အမြဲတမ်း ဒီလိုမျိုးပဲဟာ။ မိန်းကလေးတွေဆိုတာ အဝတ်အစားနဲ့ အဆင်တန်ဆာတွေကို လဲလှယ်ရတာ ကြိုက်ကြတယ်။ ချောင်အာ က ဒီကိုလာတာ ပထမဆုံးအကြိမ်ဆိုတော့ ဘာမှမသိတာပါ။ သူမ

က နားလည်မှုလွဲ….. "

ရှဲ့ချောင်၏ စကားလုံးများသည် လုသခင်မအား အံ့ဩလွန်း၍ စကားမပြောနိုင် ဖြစ်သွားစေခဲ့တာကြောင့် သူမသည် အခြေအနေကို ပြန် အဖတ်ဆယ်နိုင်အောင်ကြိုးစားလိုက်သည်။ "ဘုရားရေ၊ နင်တို့တွေ ငါ ရှီအာကို ဘယ်လောက် ကြင်ကြင်နာနာ ဆက်ဆံလဲဆိုတာကို မသိကြဘူးလား။ ငါက ဘာလို့ သူတို့ကို အဝတ်အစားနဲ့ အဆင်တန်ဆာတွေကို ချွတ်ပစ်ဖို့ တွန်းအားပေးရမှာလဲ။ ငါ-ငါ အရှက်ခွဲခံရတာ။ "

လုသခင်မသည် စကားပြောနေရင်း သူမမျက်နှာကို အုပ်ကာ စတင် ငိုကြွေးတော့သည်။

ရှဲ့နျိုရှန်းက မျက်မှောင်ကြုံ့လိုက်၏ "မင်းက ဘာအကြောင့်ကြောင့် ငိုနေရတာလဲ။ လုယက်ခံရတဲ့

သူတွေတောင် အခုထိ မငိုရသေးဘူး"

လုသခင်မသည် လန့်ဖျပ်သွားပြီး မတရားခံရသည့်ပုံနှင့် သူအား ကြည့်လိုက်သည်။

ရှဲ့နျိုရှန်းမှာ စိတ်မချမ်းမသာ ဖြစ်သွားခဲ့၏။ သူသည် သူ့အမေအား လိုလိုလားလားနှင့် လေးစားသမှုပြုခဲ့ပြီး လက်ဆောင်ပစ္စည်းများကိုလည်း ခွင့်ပြုခဲ့သည်။ ဒီလို လုယက်တာက ဘာလဲ။

သူသည် တစ်စုံတစ်ယောက်ထံမှအချိန်အတော်ကြာ မလုယက်တော့သော်လည်း ဘယ်သူကမှ သူ့ဆီကနေ ပြန်လုယက်တာမျိူး မရှိခဲ့ဘူး!!

သူသမီးတွေဆီကနေ ဘယ်သူကမှ မလုယူသင့်ဘူး၊ ဟုတ်တယ်မလား!

ဒီအကြောင်းသာ ပြန့်သွားမည်ဆိုလျှင် သူ၏ ဓားပြအဖြစ်နေခဲ့သည့် နှစ်များသည် အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ဒါသူ့ရဲ့ ဂုဏ်သိက္ခာပဲ!!!

"အာ၊ ဆိုတော့ သူတို့က အဆင်တန်ဆာတွေကို လဲလှယ်နေကြတာပေါ့.. " ရှဲ့ချောင်သည် မောဟိုက်နေလျက် ရှဲ့ရှီအား ဝေ့ယမ်းပြလိုက်သည်။ "သူတို့တွေ ညီမလေးနဲ့ ဘယ်နှခုလောက် လဲလှယ်ပြီးသွားပြီလဲ။ သူတို့ ညီမလေးကို ဘာပေးလဲ။ "

ရှဲ့ရှိသည် ခေတ္တာကြာပြီးမှ သူမခေါင်းအားမခါခင် ဖြေးညင်းစွာနှင့် မျက်တောင်ခတ်လိုက်သေးသည်။

" ဒါက ဖလှယ်တယ်ဆိုမှတော့၊ သူတို့ဟာတွေကိုရွေးဖို့ ညီအစ်မတွေကို ခေါ်လိုက်ပါလား အစ်ကို

ကြီး။ ရှီအာ၊ ဒီညီအစ်မနှစ်ယောက်ရဲ့ အဆင်တန်ဆာပစ္စည်းတွေက လှကိုလှရမယ်။ ညီမလေး ကြိုက်တဲ့ အရာတစ်ခုကို ရွေးလိုက်၊ နားလည်လား။" ရှဲ့ချောင်က ရှဲ့ရှီကို ပြောလိုက်၏။

ရှဲ့ရှီက ဘာကို ကြိုက်တာလဲ။

ရွှေ၊ ငွေ၊ ကျောက်စိမ်း။ ရှင်းရှင်းပြောရလျှင် သူမသည် အဖိုးတန်သည့် အရာများကို သဘောကျနှစ်သက်သည်။

"နင်-နင်တို့တွေ ငါ့ပစ္စည်းတွေကို ယူသွားလို့မရဘူး" ရှဲ့ချွင်းသည် ထိုစကားကို ကြားကြားချင်း ပြောလိုက်သည်။

ရှဲ့ချောင်သည် ချောင်းဆိုးလိုက်ကာ ဖြည်းဖြည်း

ချင်း စကားဆို၏ "စောစောတုန်းကပဲ ဒါက အလဲအလှယ်တစ်ခုလို့ နင်တို့တွေ ပြောခဲ့ကြတာလေ…. ၊ အစ်ကိုကြီး၊ အမေက ညီမလေးကို ဝမ်းကွဲနှစ်ယောက်အတွက် လက်ဆောင်တွေ ပြင်လာဖို့ ပြောခဲ့တယ်…ညီမလေးမှာ ငွေတစ်စ မှ မရှိဘူး။ အစ်ကိုကြီး ညီမကို တချို့တလေလောက် ချေးလို့ ရမလား… အဟွတ်၊ အဟွတ်၊ အဟွတ်!!"

ရှဲ့ချောင်မှာ ချောင်းဆိုးနေတာကြောင့် ခက်ခက်ခဲခဲ အသက်ရှူနေရသည်။

ရှဲ့နျိုရှန်းမှာ သူမ ချောင်းဆိုတာကို ကြားသည်နှင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည် "စကားမပြောနဲ့တော့၊ အသက်ပုံမှန်ရှူ"

သူနှင့် သူ့သားကြီးမှာ ရှဲ့ချောင်အားနည်းတာကို သိထားကြသည်။

သို့သော်လည်း နန်းမြို့တော်ကို ရောက်လာကတည်းက သူမသည် ကောင်းကောင်းမွန်မွန်သာ ဖြစ်နေခဲ့ပုံရသည်။ သူမ ဒီလောက်အားနည်းတာကို သူတို့ မြင်ရတာသည် ပထမဆုံး အကြိမ်ဖြစ်လေသည်။

သူမ တကယ်ကို စိတ်မချမ်းမသာ ဖြစ်သွားတာကြောင့် ဖြစ်နိုင်သည်။

သားအဖနှစ်ယောက်သည် ရှဲ့ချောင်ဟန်ဆောင်နေတာကို အမှန်တကယ်ပင် သံသယမဖြစ်ခဲ့ပေ။ ထို့ပြင်၊ ဘယ်သူကမှ ရှဲ့ချောင်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အလောင်းအစား မလုပ်ရဲပေ။ သူမ ဟန်ဆောင်နေတာကို သူတို့သိတယ်ဆိုလျှင်တောင်မှ သူမကို ဒီလိုပုံမျိုး မြင်ရတာကြောင့် သူတို့ စိတ်မကောင်းဖြစ်သွားကြမည်သာ။

ရှဲ့ဖင်းကန်းသည် လုသခင်မအား ကြည့်နေခဲ့သည်။

" အမေ ခင်ဗျားက လွန်လွန်းပါတယ်။ အဖေနဲ့ ကျုပ် ဒီကိုလာဖို့ကို လက်ဆောင်တွေ ပြင်လာခဲ့တယ်လေ။ အခု ညီမလေးက အငယ်တွေကိုပါ ဂရုစိုက်ပေးနေရဦးမှာလား။ဘာမှ မသိတဲ့သူတွေက ဒါက ခင်ဗျားရဲ့ လက်မထပ်ခင်က မိသားစုလို့ ထင်ကြတော့မှာပဲ။ ကျုပ်တို့ရဲ့ ငွေတွေက သစ်ပင်ပေါ်ကနေရတယ်လို့များ ခင်ဗျားထင်နေတာလား။ခင်ဗျား ဆန္ဒရှိတိုင်း ပေးပစ်နေရအောင်။ ခင်ဗျားက အိမ်ကို စီမံ ခန့်ခွဲနေတယ်ဆိုပေမယ့် ငွေတွေကို ကြဲနေတဲ့ နတ်တစ်ပါးလိုလုပ်နေတာ။ ဒါက ကျုပ်တို့ မိသားစုရဲ့ ငွေတွေ ဘယ်ရောက်သွားလဲဆိုတာပေါ့!!"

•••••

All Chapters