← Chapters

နှစ်လိုဖွယ်မကောင်းသော

Vol. 12 Ch. 215

နှစ်လိုဖွယ်မကောင်းသော

Vol. 12 Ch. 215

ရှဲ့ဖင်းကန်းပြောလိုက်သော စကားသည် လုသခင်မအား ခေါင်းမဖော်နိုင် ဖြစ်သွားစေခဲ့သည်။ သူမ အခု တကယ်ငိုချင်နေလေပြီ။

သူမ၏ ယောကျာ်းမှပါသည့် သားမှာ သူမအပေါ် အဲ့ဒီလောက်တောင်ပင် တဲ့တိုးဆန်လွန်းသည်။

အခု သူသည် သူမအား တကယ်ကို အရှက်ရစေခဲ့သည်။

ရှဲ့ချောင် လုသခင်မအား ယဲ့ယဲ့လေး လှမ်းကြည့်လိုက်သည်။

"ရှီအာ၊ သွားကြစို့။ အစ်ကိုကြီး ညီမလေးကို အဆင်တန်ဆာတွေ ရွေးဖို့ ခေါ်သွားပေးမယ်" ရှဲ့ဖင်းကန်းက ပြောလိုက်သည်။

ဘေးပတ်ပတ်လည်ရှိလူများသည် ထိုစကားကို ကြားပြီးနောက် အသက်တောင် ဖြောင့်ဖြောင့်မရှူရဲကြတော့ပေ။

သခင်မကျား နှင့် သခင်မရှင်းတို့မှာ ဆန္ဒမရှိကြသော်လည်း သူ့အား မတားရဲကြပေ။ သူတို့ အပြင်၊ ရှဲ့မန်ရှန်းနှင့် ရှဲ့ချုံရှန်းတို့သည်လည်း ကြောက်လန့်နေတာကြောင့်အသံမထွက်ရဲကြပေ။

" မင်း-မင်းက ညီအစ်မတွေရဲ့ အခန်းထဲကို သွားမလို့လား။ " သခင်မအိုကြီးက ကျယ်လောင်စွာနှင့် အော်ပြောလိုက်သည်။

"ကျွန်တော်က ဒီအိမ်အတွက် ပိုက်ဆံပေးထားတာပဲ။ ဘာလို့ ကျွန်တော်သွားချင်တဲ့ နေရာ မသွားရမှာလဲ " ရှဲ့ဖင်းကန်း၏ ပုံမှာ မြင့်မြတ်ထူးကဲနေသည့်ပုံဖြင့်။

အမျိုးသားနဲ့ အမျိုးသမီးကြား အကွာအဝေးတစ်ခု ခြားသင့်တာလား။

ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ ပြစ်မှုကျူးလွန်သည့် ရာဇဝတ်သားကို သူသည် မညှာမတာ ရိုက်နှက်လိမ့်မည်ဖြစ်သည်။ သူဘာလို့ လိင်အမျိုးအစားပေါ်လိုက်ပြီး ခွဲခွဲခြားခြား ဆက်ဆံရမှာလဲ။။

သခင်မကြီးမှာ ဒေါသကြောင့် ပြိုလဲကျသွားခဲ့သည်။ သူမသည် သူမ၏ ခေါင်းအား ယိုင်နဲ့စွာနှင့် ထိန်းထားရင်း ရှဲ့နျိုရှန်း ကို ပြောလိုက်သည် "နင်-နင် ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား။ နင်တို့က ဒီကို လာခဲတဲ့ဟာကို အဝတ်အစားနဲ့ အဆင်တန်ဆာ လေး အတွက်နဲ့ ရေးကြီးခွင်ကျယ်လုပ် ပြဿနာ တက်အောင် လုပ်နေကြတာလား။ ငါ-ငါ "

သူမ စကားပြောလိုက်သည်နှင့် အသက်မရှူနိုင်ဖြစ်သွားခဲ့သည်။

ရှဲ့နျိုရှန်း မျက်မှောင်ကြုတ်လိုက်မိကာ အခုချိန်တွင် ချီတုံချတုံဖြစ်နေလေပြီ။ သူ့အမေကို သူ ဂရုစိုက်ရဦးမည်ဖြစ်သည်။

"ဒါတွေက အဝတ်အစားနဲ့ အဆင်တန်ဆာ သက်သက်ပဲလေ။ အဘွား၊ အဲ့ဒီလောက် စိတ်ဆိုးဒေါသထွက်ဖို့ လိုလို့လား။ အဖေပေးတဲ့ ပိုက်ဆံနဲ့ဆိုရင် ရွှေ၊ ငွေနဲ့ ကျောက်စိမ်းထည် ပစ္စည်းတွေ ဘယ်လောက်တောင်မှ ဝယ်နိုင်လိုက်လဲ။ အခု၊ ရှီအာ က သူမ ယူသင့်တယ် အရာတွေကို ယူရုံပဲ။ ဘာလို့ ဒီလောက် စိတ်ဆိုးရတာလဲ။ ရှဲ့ချွင်းနဲ့ ရှဲ့ကျူး တို့က အကျိုး မယုတ်သင့်ဘူးလို့ အဘွားတွေးနေတာများလား။ ရှီအာ အကျိုးယုတ်ရင်တော့ အဆင်ပြေတယ်ပေါ့။ ဒီလိုဆိုမှတော့…. သမီးတို့ မောင်နှမတွေက အဘွားအတွက် အဖိုး

မတန်တာလား။" ရှဲ့ချောင်သည် အေးဆေးတည်ငြိမ်စွာနှင့်ပဲ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

ထိုစကားလုံးများသည် ရှဲ့ချောင်၏ နှုတ်မှ ထွက်လာချိန်တွင် ကြမ်းကြုတ်ရန်လိုနေသည့်ပုံ မပေါက်တော့ချေ။

ရှဲ့နျိုရှန်း သည် ထိုစကားများကို ကြားပြီးနောက် သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည်။ သူ့သမီး ပြောလိုက်သော စကားများသည် ပိုပြီး အဓိပ္ပာယ်ရှိပုံပေါ်လေသည်။

" မိန်းကလေးနှစ်ယောက်က ရှီအာရဲ့ ပစ္စည်းတွေကို အရင် ယူခဲ့တာ။ သူမ ပြန်ယူတာကို ဘာများ ရေးကြီးခွင်ကျယ် လုပ်စရာလိုလဲ" ရှဲ့နျိုရှန်းက သာမန်ကာလျှံကာ ပဲ ပြောလိုက်သည်။

သူ့သမီးကသာ ရှုံးနေတာပင်။

ထို့အပြင်၊ အိမ်မှာရှိသည့် အရာအားလုံးအတွက် သူပိုက်ဆံပေးထားခဲ့သည်။ ရှီအာ သည် သူမပိုင်ဆိုင်သင့်တာကို ယူရုံသာဖြစ်၏။ သူ့အမေဖြစ်သူသည် ဘာတစ်ခုမှ ဆုံးရှုံးသွားခြင်းမရှိပေ။ စိတ်ဆိုးစရာ ဘာများရှိလို့လဲ။

သခင်မအိုကြီးမှာ ဒေါသထွက်နေရာ သူမရင်ဘတ်ထဲတွင် အဖုအထစ်တစ်ခုရှိနေသလိုပင် ခံစားနေရသည်။

ရှဲ့ဖင်းကန်းသည် လမ်းပြရန်အတွက် အစေခံတစ်ယောက်ကို ခေါ်လိုက်၏။

ရှဲ့ရှီ မှာ ပြန်တုံ့ပြန်ဖို့ရာ နှေးနေသော်လည်း သူမ

သည် ရှဲ့ဖင်းကန်းနှင့် အတူသွားလိုက်သည်။ သူမသဘောကျသည့် အဆင်တန်ဆာကို ရွေးရမည်ဟူသော ရှဲ့ချောင်၏ စကားကိုလည်း သူမ အမှတ်ရသည်။

အစောပိုင်းတုန်းက ရှဲ့ရှီလုယက်ခံနေရသည်မှာ ကိုယ်ပိုင် ပြဿနာတစ်ခုသာ ဖြစ်ပြီး၊ ကလေးများ အကြား မည်သည့်အခြင်းရာ ဖြစ်ပွားခဲ့သည် ဆိုတာကို အမေများကသာ ဝင်ရောက်စွက်ဖက်လိမ့်မည်ဖြစ်သည်။။

သခင်မလုသည် ရှဲ့ရှီအား တစ်ကြိမ်ပြီးတစ်ကြိမ် သည်းခံဖို့ရန်အတွက်သာ တွန်းအားပေးခဲ့သည်။ အချိန်ကုန်လာသည်နှင့် အမျှ ထိုကဲ့သို့ နောက်တစ်ကြိမ် ထပ်ဖြစ်သော အခါ တိတ်တိတ်လေးနေရန်သာ တတ်နိုင်တော့သည်။

သူမသည် ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေတာ မဟုတ်သလို ပြုလုပ်နေတာလည်း မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ညည်းညူတိုင်တန်းပြောဆိုနေလို့ ရမည့် အကျိူးကိုလည်း သူမ မသိ။

တကယ်တော့၊ ရှဲ့နျိုရှန်းနှင့် ရှဲ့ဖင်းကန်းမှာ ထိုရှုထောင့် အမြင်တွင် ပြောရလောက်အောင် အာရုံစိုက်မနေခဲ့။ အငယ်တွေနဲ့ ပတ်သက်လာလျှင် ထို့ကဲ့သို့သော အမူအကျင့်များကို ခွင့်ပြုပေးထားခဲ့ရာ ထိုအကြောင်းနှင့် ပတ်သက်ပြီး သူတို့ ဘာမှ မေးနေလိမ့်မည် မဟုတ်ပေ။

ယခု ရှဲ့ချောင်သည် ဒီနေရာတွင် ရှိနေခဲ့ပြီး၊ သူမ အသက်မရှူနိုင် ဖြစ်သွားရုံနှင့်တင် ရှဲ့နျိုရှန်းအား ကြောက်လန့်သွားစေခဲ့သည်။

ငိုနေတဲ့ ကလေးကို သကြားလုံးပေးသင့်သည်။

ရှဲ့ဖင်းကန်းသည် သူကိုယ်တိုင် ရှဲ့ရှီအား ဒီနေရာသို့ ခေါ်လာခဲ့သည်။ အလိုလိုပင်၊ သူတို့ ဖြတ်သွားသည့် နေရာသည် လုယက်မှုဖြစ်သည့် မြင်ကွင်းကဲ့သို့ ဗရမ်းဗတာဖြစ်သွားပေလိမ့်မည်။

ရှဲ့ရှီသည် အလှပြင် ပစ္စည်းသေတ္တာထဲမှ ပစ္စည်းများကို ကြည့်ပြီး လှသည့် အရာမှန်သမျှကို ယူလိုက်သည်။ သူမ၏ လက်ထဲတွင် ပြည့်နေတာကို သတိထားမိပြီး၊ ရှဲ့ဖင်းကန်းသည် ထိုအရာများကို သယ်ဖို့ အတွက် အိတ်တစ်လုံးယူပေးလိုက်သည်။

တစ်နာရီကြာပြီးနောက် အိတ်ပြည့်သွားခဲ့သည်။

ပထမနေရာရှိ ပစ္စည်း အများစုမှာ ရှဲ့ရှီ ပိုင်ဆိုင်သည့် အရာများဖြစ်ပြီး၊ ကျန်အရာများမှာ ရှဲ့ကျူးနှင့် ရှဲ့ချွင်းတို့၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။

" အဲ့-အဲ့ဒီ ပုတီးစေ့ ဆံထိုးက ငါ့ဟာ၊ ငါ့ဟာလို့။ အဲ့ဒါ အမေ ငါ့အတွက် ဝယ်ပေးထားတဲ့ဟာ" ယခုအချိန်တွင် ရှဲ့ကျူးသည် မတရားသဖြင့် ခံစားနေရပြီ ဖြစ်သည်။

ရှဲ့ချောင်သည် လက်ဖက်ရည် အနည်းငယ်သောက်လိုက်ပြီး အသက်ပုံမှန်ရှူလိုက်သည်။ သူမ အခု နေရတာပိုကောင်းလာပုံပေါ်သည်။

သူမသည် သခင်မလုကို အတုခိုးကာ ဖြေးဖြေးချင်းပြောလိုက်သည် "နင်က အစ်မကြီးတစ်ယောက်လေ၊အဲ့ဒါကြောင့်မလို့ နင်ရဲ့ ပစ္စည်းတွေကို ညီမနဲ့ မျှဝေသုံးတာ ဘာဖြစ်မှာလဲ။ ပြီးတော့ နင်က ရှီအာရဲ့ဟာတွေကို အချိန်အကြာကြီး သုံးလာခဲ့တာ။ အခုဆို တချို့ဟာတွေက ဆွေးမြေ့နေပြီဆိုတာ ငါတွေ့နေရတယ်။ အဲ့ဒါတွေက အရင်ကလောက် အဖိုး မတန်တော့ဘူးလေ။ နင် ညီမလေး

ကို အစားပြန်ပေးသင့်တယ်။ ကျူးအာ ၊ နင် ကျီစယ်လွန်းပြီးတော့ သဘောထားသေးနေမယ်ဆိုရင် နှစ်လိုဖွယ်မကောင်းတဲ့သူဖြစ်သွားလိမ့်မယ်နော်။"

••••••

All Chapters