အမေ မသိတာတွေ အများကြီးရှိတယ်။
Vol. 12 Ch. 216
ရှဲ့ချောင်သည် ဂရုဏာစိတ်အပြည့်ရှိသည့် အကြီးတစ်ယောက်လိုမျိုး လေးနက်စွာနှင့် ပြောနေခဲ့တာပင်။
ထိုစကားကိုကြားသောအခါ လုသခင်မ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။သူမ
သည် ရှဲ့ချောင်အား မယုံကြည်နိုင်စွာနှင့် ကြည့်နေရင်း ဒေါသထွက်သွားခဲ့ရသည်။
ရှဲ့ကျူးမှာ ကြက်သေသေသွားခဲ့၏။ သူမသည် ထိတ်လန့်စွာနှင့် သူမ၏ နေရာတွင်သာ ရပ်နေခဲ့လေသည်။
သူမက…..ကျီစယ်တတ်ပြီးတော့ သဘောထားသေးတယ်တဲ့လား။ အဲ့ဒါတွေက သူမပစ္စည်းတွေလေ!!!
သူမသည် ကျယ်လောင်စွာ အော်ဟစ်ကာ ရှဲ့ချောင်၏ မျက်နှာနှင့် နှုတ်ခမ်းအား တစ်စစီ စုတ်ဖြဲပစ်ရန် စိတ်အား ထက်သန်နေခဲ့သည်။
ကံဆိုးစွာနှင့် ရှဲ့ချောင်၏ ဘေးပတ်လည်တွင် အမျိုးသားသုံးယောက် မတ်တပ်ရပ်နေခဲ့သည်။
သူမသည် ရှဲ့ဖင်းကန်းအား စိတ်အနှောင့်အယှက်ဖြစ်အောင် မစော်ကားဝံ့။ သူမနှင့် သင့်သင့်မြတ်မြတ် ဆော့ကစားခဲ့သော ရှဲ့ဖင်းဟွိုက်တောင်မှ အခုချိန်တွင် သူမအား မနှစ်မြို့စွာနှင့် ကြည့်နေလေသည်။
"ကျူးအာ၊ နင်က အစ်မအကြီးဆိုတော့ ရက်ရောသင့်တယ်လေ၊ ဟုတ်တယ်မလား" ရှဲ့ချောင်သည် သူမ ပြန်ဖြေမှာကိုစောင့်ရင်း နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
ထိုအခိုက်အတန့်တွင်၊ ရှဲ့ရှီ၏ မျက်လုံးများမှာ ဝင်းလက်သွားခဲ့သည်။
ရှဲ့ကျူးမှာ တော့ စိတ်ထဲတွင် ငိုကြွေးနေလေသည်။ လူတိုင်း၏ စိုက်ကြည့်မှုအောက်တွင်၊ မတရားသဖြင့် ခံစားရလျက် သူမ ပြောနိုင်သည်မှာ
တော့ "အင်း….."
"ကျူးအာက တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ အစ်မတစ်ယောက်ပဲ။ အခုချိန်ကစပြီး နင့်ရဲ့ ညီမလေးကို ကာကွယ်စောင့်ရှောက်သင့်တယ်။ကြည့်ပါဦး၊ အရမ်းကိုပဲ စဉ်းစားချင့်ချိန်တတ်ပြီးတော့ ချစ်ဖို့ကောင်းတာပဲ။ တတိယဒေါ်လေးက နင့်ကိုဆို အရမ်း ချစ်တာလေ၊ နင့်မှာ ဘယ်လိုလုပ်ပြီး အသုံးအဆောင်တွေ ပြတ်လပ်နေမှာလဲ။ ငါတို့ရဲ့ ရှီအာကတော့ မတူဘူး။ သူမရဲ့ အမေက မရှိတော့ဘူးဆိုတော့၊ သူမမှာ အသုံးအဆောင်က နည်းနည်းပဲရှိတယ်။ နင်သာ သူ့ကို တချို့တလေပေးလိုက်မယ်ဆိုရင် သူပျော်သွားမှာ။ ငါတို့က မိသားစုတွေပဲလေ။ နင် ငါတို့ရဲ့ ရှီအာအပေါ်ကောင်းကောင်း ဆက်ဆံတာကို ငါတို့ အမှတ်ရနေမှာပါ။" ရှဲ့ချောင်က ထပ်ပြောလိုက်သည်။
သူမသည် စည်းရုံး ဖျောင်းဖျရာတွင် ချောမွေ့ပြေပြစ်နေကာ ယုံကြည်ချက်ရှိနေသည်။
ထိုစဉ် သခင်မလုနှင့် သခင်မရှင်းတို့မှာ ဒေါသထွက်နေကြလေသည်။
သခင်မရှင်းသည် သူမသမီးကို ချစ်မြတ်နိုးသော်လည်း ငွေကြေးထောက်ပံ့ပေးနေသူမှာ ရှဲ့နျိုရှန်းသာ ဖြစ်သည်။
ရှီအာ တွင် အမေမရှိတော့ဘူးဟုဆိုသော်လည်း မိထွေးတစ်ယောက်ဖြစ်သည့် လုသခင်မရှိသေးသည်။ ရှဲ့ချောင်စကား အရဆိုလျှင် သူမသည် ဆိုးရွားသော မိထွေးတစ်ယောက်ပုံစံ ပေါက်သွားလေသည်။
သူမ ယခုချိန်တွင် မပြုံးနိုင်တော့ပေ။
သခင်မကြီးက သရော်လိုက်သည်။ "မင်းတို့ အလည်အပတ်လာတဲ့ အခါတိုင်း ငါတို့မိသားစု
က သင့်သင့်မြတ်မြတ်နေခဲ့ကြတာ။ ဒီတစ်ကြိမ်မှ ဘာလို့ ဒီလိုဖြစ်ရတာလဲ"
ရှဲ့ချောင်သည် သူမဘာကိုမှ မကြားလိုက်သည်ပုံနှင့် ရှဲ့ရှီ၏ ခေါင်းကို ပုတ်လိုက်သည်။ "ဒါပေမယ့် အစ်မတို့ရဲ့ ရှီအာလေးက အရင် လာလည်ခဲ့တုန်းကတောင် ဒီလောက်ထိ မပျော်ခဲ့ဖူးဘူး၊ ဟုတ်တယ်မလား"
"အွန်း" ရှဲ့ရှီ သည် လေးနက်မှုအပြည့်နှင့် ခေါင်းညိတ်ပြလိုက်၏။
သူမသည် အိတ်ကို လက်နှစ်ဖက်လုံးနှင့် ဖက်ထားကာ မျက်နှာပေါ်တွင် အပြုံးက ပျံ့လို့နေသည်။ သူမသည် အသစ်ရရှိထားသော ငွေအမြောက်အမြားနှင့် အလွန်အမင်းကို ပျော်ရွှင်နေပုံပေါ်လေသည်။
ရှဲ့ချောင်ကို ပြန့်တုံပြန်ပြီးနောက်တွင်၊ သူမ၏ လက်သေးသေးလေးနှင့် အိတ်ကို လှန်လှောမွေနှောက်ရှာလေရာ တကြွပ်ကြွပ်သံများ ပဲ့တင်ထပ်လို့နေသည်။ သူမသည် ကြည့်နေခြင်းကို မရပ်တန့်နိုင်ပေ။ သူမသည် ငွေကြေးဥစ္စာများကို ဘယ်တော့မှ လုံလုံလောက်လောက် မရဘူးခဲ့သလိုမျိူး ဖြစ်နေလေသည်။
" အစ်မကြီး၊ အခုနေလို့ ပိုကောင်းသွားပြီလား။ " ရှဲ့ဖင်းဟွိုက်က မေးလိုက်သည်။
ရှဲ့ချောင်သည် ခေါင်းညိတ်ကာ ညင်ညင်သာသာ ပြုံးပြလိုက်သည်။ "ဒါတွေအားလုံး မောင်လေးကျေးဇူးကြောင့်ပါ။ မောင်လေးသာ အစ်မကို အချိန်မီ ထိန်းမထားပေးနိုင်ခဲ့ရင် အစ်မ သေချာပေါက် လဲကျသွားပြီးလောက်ပြီ။ အစ်မတို့ အိမ်ပြန်ရောက်ရင် မောင်လေးကို မုန့်လုပ်ကျွေးမယ်"
ရှဲ့ဖင်းဟွိုက်သည် ခေါင်းကို ရှက်ရှက်နှင့် ကုတ်လိုက်ကာ "အာ… ဒါဘာမှ မဟုတ်ပါဘူး"
သူရဲ့ အကြီးဆုံးအစ်မက လှပပြီး နတ်သမီးလေးလိုပဲ!!!
သူမသည် လှပသည်၊ အထူးသဖြင့် သူမပြုံးလိုက်သည့် အခါတွင် လူတစ်ယောက်ရဲ့ နှလုံးသားကို နွေးထွေးသွားစေတဲ့ နေမင်းလိုမျိူး၊ လူတွေကို သူမဆီကနေ မျက်လုံးမခွာနိုင်ဖြစ်အောင် လုပ်နိုင်တယ်။
"အစ်မက အစာပြေမုန့်တွေကိုလည်း လုပ်တတ်တာလား" ရှဲ့ဖင်းဟွိုက်သည် အရူးတစ်ယောက်လိုမျိုး ပြုံးလိုက်သည်။
"နည်းနည်းလောက်ပါ" ရှဲ့ချောင်က ဖွဖွလေး ပြန်ပြုံးပြလိုက်သည်။
သူမသည် ထောင်လွှားမှု မရှိသည့် ပုံပေါ်နေသော်လည်း သူမစိတ်ထဲတွင်တော့ အတွေးများစွာရှိနေသည်။ ရှဲ့ဖင်းဟွိုက်သည် သင်ယူစရာ အများကြီးရှိနေသေးသည်။ သူတွင် ဝှက်ဖဲ အနည်းငယ်သာရှိလေသည်။
ရှဲ့ဖင်းဟွိုက်သည် သူ၏ ညီအစ်ကို မောင်နှမအားလုံးကို ထောက်ထားညှာတာနေတာမျိုးမဟုတ်ပေ။ သူ စဉ်းစားတွေးတောပေးသည့် အကြောင်းပြချက်မှာ သူမသည်… ယခုအချိန်တွင် အားနည်းပြီး၊ အကူညီမဲ့ကာ သနားစရာကောင်းနေသောကြောင့်သာဖြစ်သည်။
၎င်းမှာ သူ၏ ကာကွယ်ပေးတတ်သည့်ဘက်အခြမ်းအား အစပျိုးပေးခဲ့သည်။
သူသည် ကြိုးကိုင်ခြယ်လှယ်ရ လွယ်ကူကာ နောင်အနာဂတ်တွင် ၊ အရာရာတိုင်းကို အမျိုးသမီးများထံ၌ ကျိန်းသေဆုံးရှုံးပေလိမ့်မည်။
ရှဲ့ချောင် ကျိတ်၍သာ ရေရွတ်လိုက်၏။
ရှဲ့ဖင်းဟွိုက်သည် သူမပြုလုပ်ပေးမည့် အစာပြေမုန့်ကို မျှော်လင့်နေရလောက်အောင်ပင် မိုက်မဲလှသည်။
လုသခင်မသည် သူမ ရှုံးသွားပြီဆိုသည်ကို သိတာကြောင့် ချက်ချင်းပဲ အရှုပ်အထွေးကို ရှင်းရန်သာ ကြိုးစားလိုက်သည်။ " ချောင်အာ နန်းမြို့တော်ကို လာခဲ့တာ တော်တော်ကြာပြီဆိုပေမယ့်၊ အစာပြေမုန့်တွေ လုပ်နိုင်တယ်ဆိုတာကို မသိခဲ့…."
ရှဲ့ချောင်သည် တခစ်ခစ်ရယ်လိုက်ကာ " အမေ မသိတာတွေ အများကြီးပါ"
" ဘိုးဘေးတွေကို ကန်တော့ဖို့ အမေတို့မှာ မုန့်တွေ လုပ်ထားတာ အသင့်မရှိသေးဘူး။ ချောင်အာက လုပ်နိုင်တယ်ဆိုမှတော့ ဘာလို့မုန့်တွေမလုပ်ခိုင်းရမှာလဲ "
•••••