သူ့အပေါ် မှီခိုခြင်း
Vol. 12 Ch. 218
သခင်မကြီးသည် အခုချိန်တွင် စကားမပြောရဲတော့။ သူမ များများပြောလေ၊ အမှားပိုလုပ်မိလေဖြစ်ပြီး၊ ထို နတ်ဆိုးနှင့်တူသည့် မိန်းကလေးအား ပိုပြီး အကျိုးဖြစ်စေလိမ့်မည်ဖြစ်သည်။
ဒါ ဘယ်လောက်ကြာသေးလို့လဲ။
သူတို့ ရောက်လာကတည်းကဆိုလျှင် နှစ်နာရီ
တောင် မရှိသေး။ မိန်းကလေးငယ်နှစ်ယောက်၏ အခန်းမှာ ဖောက်ယူခြင်းခံခဲ့ရပြီး၊ အိမ်ရှင်မတွေက မီးဖိုချောင်ထဲသို့ အလုပ်လုပ်ရန် မောင်းထုတ်ခြင်းခံခဲ့ရသည်၊ ဒီလိုသာဖြစ်ခဲ့လျှင် သခင်မကြီးမှာ ဒေါသကြောင့် မသေဘဲနေလိမ့်မည်လား။
"အဖေ၊ ဒီလက်ဖက်ရည်က ဟောင်းနေပြီ၊ သမီး အသစ်လိုချင်တယ်" ရှဲ့ချောင်သည် လက်ဖက်ရည် တစ်ငုံစာ သောက်ပြီးနောက် လက်ဖက်ရွက်များကို ကြည့်လိုက်ပြီး၊ ထို့နောက်တွင် ရှဲ့နျိုရှန်းအား သနားစရာကောင်းစွာနှင့် ကြည့်လိုက်သည်။
ရှဲ့နျိုရှန်က အလိုလိုပင် ပြန်မေးလိုက်သည် "လက်ဖက်ရွက် အဟောင်းနဲ့ အသစ်က ဘာကွာလို့လဲ။ ရေနဲ့ ရောလိုက်ရုံဟာတွေပဲ မဟုတ်ဘူးလား"
ရှဲ့ချောင်သည် သူ့အား ပြုံးပြုံးလေးသာ ကြည့်
လိုက်သည် "အဖေ မှန်တယ်။ ဆုံးပါးသွားတဲ့ ဇနီးနဲ့ အသက်ရှိနေဆဲ ဖြစ်တဲ့ ဇနီးသည်တွေက အတူတူပဲ။ အသစ်နဲ့ အဟောင်း၊ တူလုနီးပါးပါပဲ"
ရှဲ့နျိုရှန်း မျက်ခွံလှုပ်သွားခဲ့ရသည်။
သူ့သမီးမှာ ထူးဆန်းသည် ဟု တွေးမိလိုက်၏။ သူတို့တွေ လက်ဖက်ရွက် အကြောင်းပြောနေကြတာ မဟုတ်ဘူးလား။ ဇနီးမယားတွေနဲ့ ပတ်သက်ပြီး ဘာပြောစရာရှိလို့လဲ။
သခင်မကြီးမှာ စိတ်လှုပ်ရှားနေခဲ့သည်။
လုသခင်မနှင့် အတူပါလာသည့် အစေခံမှာ ထိုစကားကို ကြားပြီးနောက် သူမ အား အသိပေးရန်အတွက် မီးဖိုခန်းသို့ ပြေးသွားခဲ့လေသည်။
လုသခင်မမှာ ကြားသိပြီးသည့်နောက်တွင် ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။
အဲ့ဒါ ဘာကို ဆိုလိုတာလဲ။
အသက်ရှင်နေဆဲဇနီးမယားတစ်ယောက်ဖြစ်တဲ့ သူမက ကွယ်လွန်သွားတဲ့ ဇနီးနှစ်ယောက်ကို ယှဉ်လို့မရဘူးလို့ ဆိုလိုတာလား။ ရှဲ့နျိုရှန်းက ကွဲပြားမှုကို ဘာမှပြောမှာ မဟုတ်တာမို့ သူမှာ မတူတဲ့ ဇနီးတစ်ယောက်ရှိခဲ့တယ်ဆိုရင်တောင် ဘာအရေးမှ မဟုတ်ဘူးလို့ ရှဲ့ချောင်က သူမကို အသိပေးချင်တာလား
ဒါမှမဟုတ်၊ သူမသာ ဒီတစ်ကြိမ် ကောင်းကောင်း မလုပ်ဆောင်နိုင်ဘူးဆိုရင် သူမအဖေဆီကနေ ကွာရှင်းခံရမယ်လို့ ပြောချင်တာလား။
လုသခင်မမှာ သူမခေါင်းထဲတွင် ဖြစ်နိုင်ခြေများကို မတွေးဘဲ မနေနိုင်တော့ပေ။
ထိုအချိန်တွင်၊ ရှဲ့ချောင်မှာ သူမသည် အခု ဧည့်သည်တစ်ယောက်လိုမျိုး ဆက်ဆံခံနေရတာကို နောက်ဆုံးတော့ ခံစားလိုက်ရသည်။ သူမသည် ဘာတစ်ခုမှ လုပ်စရာမလိုဘဲ ထိုင်နေကာ သူမဘေးတွင် လက်ဖက်ရည်နှင် မုန့်များလည်း ရှိနေသည်။ သို့သော် တစ်ဦးတစ်ယောက်ကမှ စကားစမြည်ပြောနေခြင်းမရှိတာကြောင့် လေထုမှာ အေးစက်နေလေသည်။
သူမအတွက်တော့ ပုံပန်းသွင်ပြင်မှာ အရေးကြီးသည်။ သူမသည် အနည်းငယ်ပင်ပန်းနေပြီဖြစ်သော်လည်း ယခုချိန်တွင် တခြားသူများကို လေးစားသမှုပြဖို့အတွက် အကောင်းဆုံးကြိုးစားနေသည်။ သူမသည် မတ်မတ်ထိုင်နေကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းထားသည်။ သူမ
သည် ကောင်းမွန်သော အပြုအမူများနှင့် ယဉ်ကျေးသိမ်မွေ့လှပေသည်။
သို့သော်လည်း၊ သခင်မကြီးမှာတော့ ဒေါသထွက်နေသည်။
ရှဲ့ချောင်က ထိုသို့ ပြုမူနေချိန် ဘယ်သူကများ သက်တောင့်သက်သာနေနိုင်မည်နည်း။
သခင်မကြီးအပြင်၊ ယောကျာ်းသားများဖြစ်ကြသည့် ရှဲ့မန်ရှန်း၊ ရှဲ့ချုံရှန်းနှင့် သူတို့၏ သားများကတောင်မှ ပျင်းရိလေးဖင့်စွာနှင့် မတ်တပ်ရပ်သူကရပ် ထိုင်သူကထိုင်နေကြသည်။ သူတို့သည် ယခင်က ရှဲ့ချောင်လိုမျိုး ဣန္ဒြေရရ မပြုမူခဲ့ကြဖူးပေ။။
ရှဲ့ဖင်းကန်းသည် ထိုအရာကို မြင်သောအခါ ခံစား
ချက်ကောင်းသွားခဲ့သည်။
သခင်မကြီးသည် သူမ၏ အာရုံအား ရှဲ့ချောင်၏ အဝေးသို့ ရွှေ့ပြောင်းချင်တာကြောင့်၊ သူမ၏ ခေါင်အား ခေတ္တမျှ ထုရိုက်လိုက်ပြီးနောက် ရှဲ့ဖင်းဟွိုက်အား စကားဆိုလိုက်သည် "ဟွိုက်အာ၊ အခုတလော ကျောင်းတော်မှာ ဘယ်လိုလဲ။ မင်းက မိသားစုထဲမှာ အထူးချွန်ဆုံးကလေးတစ်ယောက်ပဲ။ မင်းရဲ့ ညီအစ်ကိုတွေကို ကြည့်ပါလား။ သူတို့တွေက မတော်ကြဘူး။ မင်းလိုမျိုး ကျောင်းတတ်တဲ့သူနဲ့ မတူဘူး"
ယခင်ကဆိုလျှင် လုသခင်မသည် သခင်မကြီးက ရှဲ့ဖင်းဟွိုက်အား ချီးမွမ်းသည့် စကားဝိုင်းတွင် ဝင်ပါပြောဆိုလိမ့်မည်ဖြစ်သည်။
သူမသည် ရှဲ့ဖင်းဟွိုက်ဘာကို သင်နေသလဲဆိုတာကို မပြောပြခဲ့။ သူမသည် ရှဲ့ဖင်းဟွိုက်အား
ချက်ချာပါးနပ်သည့်အပေါ်သာ ချီးမွမ်းသည်။
ယခု၊ လုသခင်မက အဝေးတွင် ရှိနေသောအခါ ချီးမွမ်းခန်းအား မည်သူကမှ ကြားဖြတ်ပြောခြင်း မရှိခဲ့ပေ။ ရှဲ့ဖင်းဟွိုက်မှာ။ စိတ်မပျော်ရွှင်တော့ချေ။ "အခုတလောတော့ ဘာမှ ထူးထူး ခြားခြား မရှိပါဘူး…… "
"ဒီကောင်လေးက အခုတလော တပည့်ခံယူဖို့ အတွက်နဲ့ အလုပ်ရှုပ်နေတာ။ ဆရာက သူ့ကို မလိုချင်ဘူး။ သူက ကြာပွတ်နဲ့ အရိုက်ခံရမှာ ကိုစောင့်ရင်းနဲ့ ဆိုးပေနေတာလေ။" ရှဲ့နျိုရှန်းမှာ ကျောင်းတော် အကြောင်းစဉ်းစားမိသည်နှင့် ကျောက်စိမ်းပိုင်းကို ပြန်အမှတ်ရသွားခဲ့လေသည်။
ကံဆိုးခဲ့တာပဲ။
ဖေမိသားစုက မိန်းကလေးသည် ဆိုးသည်ဟု သူတွေးမိသော်လည်း သူသည် အမျိုးသမီးများကို သက်ညှာသင့်သည် ဟု ယူဆထားသည်။ သူ့သားသည် ကျောက်စိမ်းကို မထိန်းသိမ်းနိုင်လောက်အောင် အသုံးမကျသူ ဟုသာ တွေးခဲ့သည်။ သူသာ မဆင်မခြင်မဖြစ်ခဲ့ဖူးဆိုရင် ဘယ်သူကများ သူ့အခန်းထဲကို သူတို့ ဆန္ဒရှိသလို ဝင်နိုင်မည်နည်း။
ရှဲ့ဖင်းဟွိုက်မှာ လုံးဝကို ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။
သူ့အဘွားက ဘာလို့ အမြဲတမ်း သူရဲ့ စာလေ့လာမှုကိုပဲ ပြောဆိုနေရတာလဲ။ ။ သူက ဘယ်နားကများ ထူးချွန်တဲ့ပုံပေါက်နေလို့လဲ။
" ဝိုး၊ တပည့်ခံယူတာလား" သခင်မကြီးမှာ အံ့သြ
သွားဟန်ဆောင်လိုက်သည်။ " ဆရာက ငါတို့ရဲ့ ဖင်းဟွိုက်လိုမျိုး ကလေးကို ချစ်မြတ်နိုးတာဖြစ်မယ်။ ဟွိုက်အာ၊ မင်းအောင်မြင်တဲ့ တစ်နေ့ကျရင် မင်းရဲ့ ညီအစ်ကိုတွေကို မေ့မသွားနဲ့နော်။ သူတို့က မင်းလောက် ကံမကောင်းသလို ဂုဏ်သတင်းကြီးတဲ့ ကျောင်းတော်ကို သွားနိုင်လောက်အောင်လဲ ကံအကျိုးမပေးပြန်ဘူး။ ဒါပေမယ့် မင်းကတော့ လုပ်နိုင်ခဲ့တယ်။ အနာဂတ်မှာ မင်းရဲ့ ညီအစ်ကိုတွေကို စောင့်ရှောက်သင့်တယ်။ မင်းအောင်မြင်တဲ့အခါကျရင် ၊ မင်းညီအစ်ကိုတွေက လပ်ထပ်ပြီးလောက်ပြီ။ မင်းရဲ့ တူလေးတွေကို သင်ပြပေးဖို့က မင်းအပေါ်မှာ မူတည်တယ်၊ ဟုတ်တယ်မလား။"
ရှဲ့ဖင်းဟွိုက်မှာ မျက်ခွံများလှုပ်သွားခဲ့လေသည်။
သူတောင် မသင်ယူချင်တဲ့ဟာကို သူတူတွေကိုသင်ပေးရမယ်တဲ့လား။
ထို့ပြင်၊ သူ့မှာ သူရဲ့ အစ်ကို အရင်းအပြင် ဝမ်းကွဲ နှစ်ယောက်ရှိသေးသည်။ တစ်မိသားစုမှာ အနည်းဆုံးသားနှစ်ယောက်တော့ ရှိတယ်၊ ဟုတ်တယ်မလား။ သူတို့တွေက သူအပေါ်မှီခိုမယ်တဲ့လား!
••••••