အလွယ်လမ်း
Vol. 12 Ch. 219
ရှဲ့ဖင်းဟွိုက်မှာ ပျင်းရိပြီး အဆော့မတ်ကာ သူရဲဘောကြောင်သူတစ်ဦးဖြစ်သည်။ သူတွင် သူ့အစ်ကိုကြီးနှင့် အဖေ ဖြစ်သူရှိနေတာကြောင့် သူ့ကိုယ်သူ မှီခိုဖို့ရာ ဘယ်သောအခါကမှ မတွေးခဲ့ဖူးချေ။
အခုတော့၊ သခင်မကြီးသည် သူ့အား ဒီလို ကြီးလေးတဲ့တာဝန်ကြီးကို ပေးနေခဲ့ပြီး၊ လုသခင်မက
ပြဿနာကို ဖြေရှင်းရန် ဤနေရာတွင် ရှိမနေသောကြောင့် သူသည် သခင်မကြီးအား တိုက်ရိုက်ပြောရုံသာ တတ်နိုင်ခဲ့သည်။ ဤ အခိုက်အတန့်တွင် သူ့ဘဝမှာ ပြီးဆုံးသွားလေပြီဟု ခံစားလိုက်ရသည်။
သူ့မျက်နှာမှာ သုန်မှုန်နေလေသည်။
ရှဲ့ဖင်းကန်းကတော့ ကြည့်နေရင်း လှောင်ပြုံး ပြုံးလိုက်သည်။ သူသည် နှစ်ထောင်းအားရ ဖြစ်လို့နေသည်။
"အဘွား၊ ကျွန်တော့်ကို တပည့်အဖြစ်ခံယူခွင့် ရအောင် လုပ်ပေးခဲ့တာက အစ်ကိုကြီးနဲ့ အစ်မကြီးပါ။ ဆရာက ကျွန်တော့်ကို လုံးဝ မလိုချင်ခဲ့ဘူး။ " ရှဲ့ဖင်းဟွိုက်မှာ ရိုးရိုးသားသားပဲ ပြောလိုက်သည်။
ဆရာသည် သူ့ကို မလိုချင်ခဲ့ရုံသာမက၊ အထင်မြင်သေးခဲ့သေးသည်။
သူဆရာ တောင်းဆိုခဲ့သည့် စာအုပ်ကူးရေးခြင်းကို သူ၏ လက်များ ပွန်းပဲ့သွားသောအခါမှသာ ပြီးစီးခဲ့သည်။ ထိုလူကြီးကတော့ ၊ သူ၏ လက်ရေးသည် တီကောင်နှင့်တူတာကြောင့် နောက်တစ်ကြိမ်ကူးရေးဖို့ ပြောခဲ့လေသည်။ သူက ဒါကို တောင်းဆိုခဲ့တာ!!!
အခုဆိုလျှင် ရှဲ့ဖင်းဟွိုက်မှာ ကျောင်းတော် အကြောင်းကို တွေးမိလိုက်တိုင်း သူ၏လက်မှ နာကျင်မှုကို ခံစားရလေသည်။
" ဒီကလေးက အရမ်းကို နှိမ့်ချတတ်တာပဲ" သခင်မကြီးသည် ပြုံးမြဲ ပြုံးနေကာ သူမ၏ မြေး အကြီးဆုံးအား ထွက်လာဖို့ရန် ညွှန်ပြ ခေါ်လိုက်
သည်။
ပထမချွေးမ၏ သားမှာ ရှဲ့ဖင်းကန်းထက် နှစ်နှစ်ပိုကြီးသည်။ အစောပိုင်းတွင် သူသည် ရွာတွင်နေစဉ်က စေ့စပ်ခဲ့ဖူးသည်။ ရှဲ့နျိုရှန်းတစ်ယောက် အရာရှိဖြစ်လာတာကို သိပြီးနောက် ၊ ပိုကောင်းသည့် မိသားစုမှ ဇနီးတစ်ယောက်ကို ရရန်အတွက် နန်းမြို့တော်ကို လာဖို့ရာ စေ့စပ်ခြင်းကို ဖျက်သိမ်းခဲ့သည်။
သူသည် နန်းမြို့တော်သို့ ရောက်လာကတည်းက အလဟဿ မနေခဲ့။ သူသည် သခင်မလေး အနည်းငယ်နှင့် တွေ့ခဲ့ပြီးသော်လည်း သခင်မကြီးနှင့် သခင်မကျားတို့မှာ မျှော်လင့်ချက် မြင့်မြင့်ထားထားကြသည်။ သူသည် လွန်ခဲ့သော နှစ်နှစ်က ဇနီးတစ်ယောက်ကို ရွေးချယ်ခဲ့သည်။ သူမသည် ကုန်သည် စီးပွားရေးလုပ်သည့် မိသားစုမှ လာသူဖြစ်ပြီး၊ ခန်းဝင်ပစ္စည်းများမှာလည်း အတော်လေးကောင်းမွန်လှသည်။
သူမ၏ အကြီးဆုံးမြေးဖြစ်သူကို ခေါ်လိုက်ပြီးနောက် စကားဆိုလိုက်သည် "ဖင်းဟွိုက်၊ သူက အသက်ကြီးနေပြီဆိုပေမယ့် သူမှာ သင့်တော်ကောင်းမွန်တဲ့ အလုပ်မရှိသေးဘူး။ ကျောင်းတော်မှာ စီမံခန့်ခွဲတဲ့သူတွေ အများကြီး ရှိတယ်လို့ အဘွားကြားတယ်။ မင်းက တပည့် အဖြစ်တောင် ခံယူဖို့ ကြိုးစားနေတာဆိုတော့ မင်းရဲ့ ဆရာသခင်ဖြစ်သူက လုပ်နိုင်စွမ်းရှိသူ ဖြစ်ရမယ်။ သူမင်းရဲ့ ဝမ်းကွဲအတွက် အလုပ်တစ်ခု ရှာပေးနိုင်လောက်လား။"
ရှဲ့ဖင်းဟွိုက်မှာ ထိုစကားကို ကြားပြီးနောက် ကြက်သေသေသွားခဲ့သည်။
သူသည် အခုထိ တပည့် အဖြစ်တောင်မရောက်သေးပေ။
သူဖြစ်ခဲ့တယ် ဆိုရင်တောင် သူသည် ရှက်ကြောက်တတ်သူဖြစ်တာကြောင့် သူဘယ်လိုလုပ်ပြီးဆရာရှောင်းကို ကိုယ့်ဆွေမျိုးကောင်းစားရေး အတွက် သွားပြီး တောင်းဆိုရဲမည်နည်း။
ထို့ပြင် သူဘာမှ မသိဘူးဆိုလျှင်တောင်မှ တော်ဝင်ကျောင်းတော်အတွက် သာမန် စီမံခန့်ခွဲရေးမှူးကတောင်မှ လိုအပ်ချက်မြင့်မားကြောင်းတော့ သူသိသည်။
နောက်ပြီး၊ တော်ဝင်ကျောင်းတော်ရှိ ကျောင်းသား အများစုမှာ အရည်အချင်းရှိပြီး ချမ်းသာသူများဖြစ်ကြသည်။ စီမံခန့်ခွဲရေးမှူးတစ်ယောက်ချင်းစီတိုင်းကလည်း ချမ်းသာသူ၊ ပညာတတ်သူများသာ ဖြစ်ကြသည်။
ထိုစဉ်၊ သူ၏ ဝမ်းကွဲ အစ်ကိုကတော့….
သူကြားထားသည်က သူ၏ဝမ်းကွဲအစ်ကိုမှာ ကိုယ်ပိုင်ကျောင်းတစ်ခုသို့ တစ်နှစ်လောက်သာ သွားခဲ့ပြီး၊ စကားလုံး အနည်းငယ်ကိုသာ သိထားသည် ဟုဖြစ်လေသည်။
သခင်မကြီးသည် သူ့အား ညင်သာစွာနှင့် ကြည့်နေသည်။
သူမသည် သူ့ကို ကြည့်ရုံသာ ကြည့်နေသည်။
သူသည် နားမလည်နိုင်တာကြောင့် ချက်ချင်း ညည်းညူပြောဆိုတော့သည် "ကျွန်တော် အခုထိ တပည့်တောင် မဖြစ်သေးဘူးလို့ ပြောပြီးပြီလေ။ ကျွန်တော် တပည့်ဖြစ်လာရင်တောင်မှ အဘွားတောင်းဆိုတာကို မလုပ်ပေးနိုင်ဘူး။ ကျောင်း
တော်ကို ကျွန်တော် ဦးစီးလုပ်ကိုင်နေတာလဲ မဟုတ်ဘူး။ အဖေတောင် မလုပ်နိုင်တဲ့ အရာကို အဘွားက ဘာလို့ ကျွန်တော့်ကို လာပြောနေရတာလဲ။ ပြီးတော့ အဘွား၊ ကျွန်တော်က သားကောင် မဟုတ်ဘူး။ ဝမ်းကွဲရဲ့ သားသမီးတွေနဲ့ ကျွန်တော် ဘာများ လုပ်စရာရှိလို့လဲ။ သူတို့က ကျွန်တော့်ကလေးတွေမဟုတ်ဘူး…. ကျွန်တော်အခုမှ ၁၂ နှစ်ပဲ ရှိသေးတာ။ ဒီလို တူတွေအများကြီးကိုသာ စောင့်ရှောက်နေရရင် ဘယ်သူက ကျွန်တော့်ဇနီးဖြစ်ချင်တော့မှာလဲ။ "
ရှဲ့ဖင်းဟွိုက်မှာ အခု ဒေါသထွက်နေပြီဖြစ်သည်။
၎င်းသည် ကြောက်စရာ ကောင်းလှသည်။
သူသည် ဒီရက်ပိုင်းတွင် ပြတ်လပ်နေတာကြောင့်
သူကိုယ်တိုင် အတွက်တောင် မပေးချေနိုင်ပေ။ သူက ထူးချွန်ပြောင်မြောက်ပြီးတော့ တခြားသူတွေကို ဂရုစိုက်စောင့်ရှောက်ပေးဖို့ အတွက်ကို သူ့အဘွားက ဘယ်လိုတောင် ပြောထွက်နိုင်ရတာလဲ။
မဖြစ်နိုင်ဘူး!! တကယ်လို့ သူ့မှာ ပိုက်ဆံရှိခဲ့တယ်ဆိုရင်တောင်မှ ငှက်တွေ၊ ပုရစ်တွေဝယ်ဖို့နဲ့ ဆောင်ကြာမြိုင်မှာပဲ သုံးပစ်မှာပေါ့။ အဲ့ဒါက ငွေသုံးဖို့ အကောင်းဆုံးနည်းတွေ မဟုတ်ဘူးလား။
သူဘာလို့ သူ့ပိုက်ဆံတွေကို ပေးပစ်ရမှာလဲ။
သူ့ အဖေ၊ အမေနဲ့ အဘွားကို ပေးနိုင်တယ်ဆိုလျှင်တောင်၊ ဝမ်းကွဲဆိုတာက မျိုးဆက်ဝေးသွားပြီဖြစ်သည်။ သူ့ ဝမ်းကွဲရဲ့ ကလေးဆိုတာ တခြား မျိုးဆက် တစ်ခု ဖြစ်နေလေသည်။ သူတို့ကိုသာ ပျိုးထောင်ရမည်ဆိုလျှင် သူပင်ပန်းလိမ့်မည်
မဟုတ်လော။
စင်စစ်၊ သခင်မကြီးမှာ စကားစမြည်ပြောဆိုချင်နေခဲ့သည်။ သူသည် ထိုစကားများအား ရှဲ့ဖင်းဟွိုက်ကို ပြောနေခဲ့သော်လည်း၊ တကယ်တမ်းတွင် သူမ၏ မြေးအကြီးဆုံး အတွက် ရှဲ့နျိုရှန်းကို အလုပ်ရှာခိုင်းပေးစေချင်နေတာဖြစ်သည်။
မြေး အကြီးဆုံးဖြစ်သူမှာ သူ၏ အလုပ်တွင် ဆက်ပြီး မနေချင်တော့၊ သူသည် အလုပ်ထွက်ချင်နေပြီ ဖြစ်သည်။
လုသခင်မသာ အနားတွင် ရှိခဲ့မည်ဆိုလျှင် သူမသည် ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို နားလည်သဘောပေါက်လိမ့်မည် ဖြစ်သည်။ ရှဲ့ဖင်းဟွိုက်က အဲ့ဒီလောက် တုံးအမိုက်အဲလိမ့်မယ်ဆိုတာ ဘယ်သူသိမှာလဲ။
သခင်မကြီးမှာ အခုဆိုလျှင် ကျဉ်းထဲကြပ်ထဲ ရောက်နေပြီ ဖြစ်သည်။
ရှဲ့ဖင်းဟွိုက်မှာ အရူးတစ်ယောက်ကို ကြည့်နေသလိုမျိူး အမျိုးသမီးအိုကြီးအား ကြည့်နေခဲ့လေသည်။
•••••