← Chapters

အကျိုးအမြတ်

Vol. 12 Ch. 220

အကျိုးအမြတ်

Vol. 12 Ch. 220

ရှဲ့ချောင်သည် မြေးအဘွားနှစ်ယောက်ကို ကြည့်ကာ အလွန်ပျော်မြူးနေသည်။ သူမသည် မုန့်ပဲ

သရေစာများကို စားရင်း ပြဇာတ်ကြည့်နေသလိုမျိုး ဖြစ်နေသည်။ သူမ၏ မျက်ဝန်းထဲတွင် အားရပျော်ရွှင်မှုများ ရှိနေလေသည်။

ဆန့်ကျင်ဘက်အနေနှင့်၊ သခင်မကြီးမှာတော့ အပြုံး တစ်ခု ဖျစ်ညစ်ပြုံးဖို့ ခက်ခဲလောက်အောင်ပင် စိတ်ဆိုးဒေါသထွက်နေခဲ့သည်။

ရှဲ့ဖင်းဟွိုက်မှာ သခင်မကြီးနှင့် လုံးဝ ရင်းနှီးမှုမရှိပေ။ သူသည် ငယ်စဉ်ကတည်းက တောင်ပေါ် ဓားပြစခန်း၌သာ ကြီးပြင်းလာခဲ့သည်။

နန်းမြို့တော်ကို ရောက်လာမှသာ သူ့တွင် အဘွားတစ်ယောက်ရှိနေကြောင်းကို သိရှိခဲ့ရသည်။ သူမသည် သူတို့နှင့် ရံဖန်ရံခါ နေတတ်သော်လည်း သူ့အား တူညီသောစကားများကိုသာ ပြောခဲ့သည်။ သူတို့သည် စကားပြောတယ်ဆိုရုံမျှသာ ပြောခဲ့ကြသည်။

သို့သော်၊ အခု သူမက သူ့ကို သူရဲ့ တူတွေကို စောင့်ရှောက်ပေးစေချင်နေသည်။

သူ အဲ့လောက် မရူးမိုက်သေးဘူး!!!!

ရှဲ့ဖင်းဟွိုက်သည် လှောင်ရယ်ကာ နှုတ်ခမ်းစူလိုက်၏ "သူတို့ကို မွေးထားတဲ့သူတွေကပဲ ဂရုစိုက်စောင့်ရှောက်ရမှာလေ။ ကျွန်တော့်ဆီကို ငွေချေးဖို့ အတွက်တောင် မလာပါနဲ့။ ကျွန်တော်က အစ်မကြီးဆီမှာတောင် ပိုက်ဆံအများကြီး အကြွေးတင်နှင့် ပြီးနေပြီ။"

ရှဲ့ဖင်းဟွိုက်မှာ သူတင်နေသော အကြွေး အကြောင်းကို သတိရသွားသောအခါ၊ သူသည် သနားစရာ ကောင်းသည် ဟု တွေးလိုက်မိသည်။

သခင်မကြီးမှာ ရွေးချယ်စရာမရှိဘဲ ပြောလိုက်ရ၏ "သူတို့ကို ပျိုးထောင်ပေးဖို့ ပြောနေတာ မဟုတ်ဘူး၊ အဘွားက နောက်နေရုံ……"

" ဒါဆိုလည်း ကောင်းပြီ" ရှဲ့ဖင်းဟွိုက်သည် အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။ "ဒီနေရာက အရမ်း ပျင်းဖို့ကောင်းတာပဲ။ ဒီနားတစ်ဝိုက်မှာ ပျော်စရာကောင်းတဲ့ဟာ တစ်ခုခုမရှိဘူးလား၊ ဝမ်းကွဲ။ ကျွန်တော် ပျင်းလို့သေတော့မယ်"

ဒါသည် အရင်ကသာ ဖြစ်ခဲ့မယ်ဆိုလျှင် ရှဲ့ဖင်းကန်းသည် သူ့အား ကန်ပြီးနေပြီဖြစ်သည်။

သို့သော်လည်း၊ သူတို့ ဒီနေရာကို လာလည်ခဲတာကြောင့် သူသည် ရှဲ့ဖင်းဟွိုက်အပျော်ရှာတာကို ခွင့်ပြုပေးထားခဲ့သည်။

ရှဲ့မိသားစုမှ အနည်းငယ်သော မြေးတို့မှာ ထိုစကားကိုကြားချိန် အံ့ဩမသွားကြ။ သူတို့ စိတ်မချမ်းမသာ ဖြစ်သွားကြသော်လည်း ထုတ်မပြရဲကြပေ။

သူတို့သည် ရှဲ့ဖင်းဟွိုက်အား ကစားရန် အပြင်သို့ ချက်ချင်း ခေါ်သွားပေးခဲ့သည်။

ရှဲ့ဖင်းကန်းသည် သူတို့ကို မတားခဲ့။ ရှဲ့မိသားစု၏ မြေးများတွင် တူညီသည့် ကစားနည်းအချို့ဖြစ်သည့် အံ့စာတုံးကစားခြင်းနှင့် အိုးထဲမြှားပစ်သည့် ကစားနည်းတို့သာ ရှိကြောင်းကို ရှဲ့ချောင် တွေ့မြင်ထားသည်။

ရှဲ့ဖင်းဟွိုက်မှာ ငွေများများစားစား မပါလာခဲ့။ ရှဲ့ချောင်နှင့် သူ၏ အစ်ကိုကြီးမှာ သူ့ဆီမှ ငွေကို ရသလောက်ညစ်ထားခဲ့ကြသည်။

သူသည် ကြေးနီဒင်္ဂါးတစ်စုံလောက်နှင့်သာ လောင်းကြေးထပ်နိုင်ခဲ့သည်။

ရှဲ့ဖင်းဟွိုက်တွင် အကျင့်ဆိုးများစွာရှိသည်။ ၎င်းတို့ကို အချိန်တိုအတွင်း အမြစ်ဖြတ်ဖို့ရန်မှာ မဖြစ်နိုင်သောကြောင့် သူတို့သည် သူ့အား လောင်းကစားလုပ်ရန် ခွင့်ပြုခဲ့ကြသည်။

ဆူဆူညံညံရုတ်ရုတ်သဲသဲ ဖြစ်ပြီးသွားကတည်းက၊ အခုဆိုလျှင် သခင်မကြီးနှင့် ကျန်သူများမှာ နာခံရိုကျိုးသွားကြပြီဖြစ်သည်။

မကြာမီ၊ သူတို့သည် ဘိုးဘေးများကို ဆုတောင်းဝတ်ပြုကြတော့သည်။

ဖယောင်းတိုင်များ၊ ဆုတောင်းစာများနှင့် အမွှေး

စက္ကူများမှာ အသင့်ဖြစ်ကာ မီးရှို့နိုင်ပြီဖြစ်သည်။

အုတ်ဂူများသည် ဤနေရာတွင် မရှိသောကြောင့်၊ သူတို့၏ လေးစားမှုကိုပြရန် ကမ္ဗည်းပြားများကိုသာ ရှိခိုး ကန်တော့နိုင်သည်။

ရှဲ့နျိုရှန်းနှင့် ကျန်သည့်သူများအတွက် ယနေ့သည် သာမန်နေ့တစ်နေ့သာဖြစ်သည်။ သို့သော်လည်း၊ ရှဲ့ချောင်အတွက် ကတော့ မတူကွဲပြားလှသည်။ အမွှေးနံ့သာတိုင်များ လောင်ကျွမ်းသွားသည်နှင့် တလိပ်လိပ်တက်နေသည့် အမှောင်စွမ်းအင်နှင့် ဆုတောင်းမှုကိုကြည်နူးခံစားရန် လာသည့် ဝိဉာဉ်တစ်ကောင်ကို မြင်လိုက်ရသည်။

တကယ်ဆိုလျှင် ရှဲ့မိသားစု ဘိုးဘေးဖြစ်သင့်သည်။ ထိုမျှမက၊ ၎င်းသည် ငရဲတွင်သာ ရှိနေဆဲဖြစ်ကာ လူဝင်စားရန် အတွက် လိုသေးပေသည်။

လောကကြီးထဲတွင် ပဟေဠိဆန်လွန်းသည့် အရာများစွာရှိသည်။ ရှဲ့ချောင်မှာ အများကြီးသင်ယူရန် လိုသေးသည်။ အတိတ်တုန်းက၊ ပွဲအခမ်းအနားများတွင် ထိုကဲ့သို့ အရာများစွာကို မြင်တွေ့ခဲ့ဖူးသောကြောင့် သူမသည် အံ့ဩသွားခြင်းမရှိခဲ့ပေ။

သို့ရာတွင်၊ ထိုဘိုးဘေးများသည် သူတို့လာသောအခါ ပုံမှန်အားဖြင့် သက်ရှိလူသားများကို နှောင့်ယှက်ခြင်းမပြုခဲ့ပေ။

ဖြစ်နိုင်တာသည် သူတို့လောကတွင် စည်းမျဉ်းစည်းကမ်းများရှိတာကြောင့် ဖြစ်နိုင်ပေသည်။

ဤအခိုက်အတန့်တွင်၊ ရှဲ့ချောင်သည် ဆုတောင်းဝတ်ပြုနေစဉ် စိတ်နှလုံးမှာ စင်ကြယ်ကာ စိတ်ရင်း

အမှန်ဖြင့်ပင်။

ဝိဉာဉ်သည် သူမအနားတွင် ရစ်ဝဲနေကာ သူမပေါ်တွင် အသက်ရှူနေတာကြောင့် သူမ စိတ်ရောကိုယ်ပါ ဖြစ်လွန်းနေတာဖြစ်နိုင်သည်။ ထို့နောက် ၎င်းသည် ပျောက်ကွယ်သွားခဲ့သည်။

ရှဲ့ချောင်မှာ အတော်လေး အံ့ဩလွန်း၍ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

ပုံမှန်လူများသည် အုတ်ဂူနေရာရွေးချယ်သောအခါ ဖုန်းရွှေကောင်းသည့် နေရာကိုသာ ရွေးချယ်ကြသည်။ သင့်တင့်လျောက်ပတ်သောနေရာတွင် ရှိသည့် အုတ်ဂူသည် သူတို့၏ မြေးများကို အကျိုးဖြစ်စေလိမ့်မည်။ တခြားရှုထောင့်မှ ကြည့်လျှင်လည်း၊ ဖုန်းရွှေသာကောင်းလျှင် အုတ်ဂူထဲတွင် နေရသူလည်း ပျော်ပေလိမ့်မည်ဖြစ်သည်။ သဘာဝအတိုင်းပင်၊ သူ

တို့သည် နောက်မျိူးဆက်များအား ကောင်းချီပေးပေလိမ့်မည်။

ဒီလို ကောင်းချီးမျိုးသည် လျှို့ဝှက် ဆန်းကြယ်လှသည်။

ရှဲ့ချောင် နားလည်ထားသည်မှာ ၎င်းသည် မမြင်ရသည့် ကံကြမ္မာ ဖြစ်ပေါ်လာစေသည့် ရောင်ဝါလက္ခဏာ တွဲဖက်မှုကြောင့်ဟူ၍ ဖြစ်လေသည်။ ၎င်းသည် ကောင်းသော ကံအကျိူးပေးနှင့် လည်း အလားသဏ္ဍာန်တူသည်။

စောစောတုန်းက၊ ဘိုးဘေးသည် အသက်ရှုနေရာကနေ အကာအကွယ် အဆောင်ပေးသွားသလိုမျိုးသူမ ဘာလို့ ခံစားနေရတာလဲ။

သူမသည် ယခင်က တစ်ခါ မြင်ဖူးထား

သော်လည်း၊ အခု သူမကိုယ်တိုင် ကြုံတွေ့ခံစားလိုက်ရသည်။

ထို အခိုက်အတန့်တွင်၊ သူမခန္ဓာကိုယ်မှာ ပေါ့ပါးလာသလို ခံစားလိုက်ရသည်။ သူမ၏ ဝိဉာဉ်မှာ တက်ကြွသွားသည်။၎င်းမှာ အံ့ဩစရာကောင်းသည့် ခံစားချက်ဖြစ်လေသည်။

သူမသည် ဂမ္ဘီရ ကိစ္စများကို ဆောင်ရွက်နေစဉ် လူများ၏ ဝိဉာဉ်ကို ကြည့်တတ်သည်။ လူတစ်ယောက်၏ ဝိဉာဉ်သည် အေးဆေးတည်ငြိမ်နေလျှင် သူတို့၏ စိတ်နှလုံးသားသည်လည်း တည်ငြိမ်အေးချမ်းလိမ့်မည်။ သန့်စင်သော ဝိဉာဉ်သည် လူတစ်ယောက်၏ စိတ်လိပ်ပြာအား အကာအကွယ်ပေးသည်။ ၎င်းသည် ဥာဏတွင်အရေးပါလှသည်။

သို့ဖြစ်ရာ ၊ သူမသည် ဘာမှမဟုတ်သည့် အရာ

အတွက် နှင့် အကျိူးအမြတ်ရခဲ့သည်။

ရှဲ့ချောင်မှာ ဤခရီးက တန်သည် ဟု တွေးမိလိုက်တော့သည်။

All Chapters