← Chapters

နိုးထဝိညာဉ်များ စုဝေးလာကြခြင်း

Vol. 37 Ch. 544

နိုးထဝိညာဉ်များ စုဝေးလာကြခြင်း

Vol. 37 Ch. 544

မြေခွေးလေးသည် ကုန်းအော်၍ မီးပိတ်ဆို့ခြင်းတောင်းကို မပြီး အမောတကော ပြေးချသွား၏။

ဆူဇီမိုသည် ပြုံး၍ သူ့လက်နှစ်ဖက်ကိုသူ ခေါင်းအုံးလုပ်ကာ နောက်ပြန်လှန်လှဲချလိုက်၏။ သူ့မျက်လုံးများကို မှိတ်ချပြီး အတွေးနက်နေစဉ် ခပ်ဖျော့ဖျော့ သားရဲချီက တဖျပ်ဖျပ်ပေါ်လာ၏။

မြေခွေးလေးသည် ခဏမျှ အော်ငိုပြီးနောက် ထောင့်တစ်ထောင့်မှာ ကွယ်ပုန်းပြီး မြေပြင်ပေါ်မှာ စက်ဝိုင်းများ ရေးခြစ်ကာ ဆူဇီမိုကို မကျေမနပ်နှင့် တတွတ်တွတ် ရေရွတ်နေ၏။

“ငတုံး စာပေသမား.. နင် နင်တော်တော်ကို မိုက်ရိုင်းတာပဲ..”

“ငတုံး စာပေသမား.. နင်က လူဆိုးပဲ”

“နင်က အဲ့ဒီ သေသွားတဲ့ မိချောင်းထက်တောင်မှ ပိုဆိုးသေးတယ်”

မြေခွေးလေးသည် သူ့တစ်ဘဝလုံး မြေအောက်လိုဏ်ဂူထဲမှာသာ နေခဲ့ရပြီး အပြင်လောကကို မတွေ့မြင်ဖူးသလို မည်သူနှင့်မှလည်း ထိတွေ့ဆက်ဆံမှု မရှိခဲ့ပေ။ သူမသည် သဘာဝအားဖြင့် စိုးရိမ်ပူပန်တတ်သော်လည်း ရိုးသားဖြူစင်ပြီး ဘာမှ မသိတတ်သေးပေ။

သူမအနေနှင့် ဆူဇီမိုကို မကျေနပ်သောကြောင့် အပြစ်တင်ပုတ်ခတ်သည့်စကားမှာ မိချောင်းထက် ပိုဆိုးသည် ဆိုတာပင်။

သူမ၏ အသက်က ဆယ့်လေးငါးနှစ်လောက် ရှိပြီဖြစ်သော်လည်း သားရဲများ၏ ရှည်ကြာလှသော သက်တမ်းနှင့် နှိုင်းယှဉ်လျှင် သူမ၏ စိတ်က လူသားကလေးငယ်လေးတစ်ယောက်မျှသာ ရှိသေးလေသည်။

သိပ်မကြာမီ သူမသည် ပျင်းရိလာလေသည်။

မြေခွေးလေးသည် ဆူဇီမိုကို အလိုလို လှည့်ကြည့်လိုက်မိ၏။

သူ၏ မျက်လုံးများက မှိတ်နေပြီး မလှုပ်မယှက် ရှိနေကာ နားရွက်နှစ်ဖက်ကတော့ အနည်းငယ် လှုပ်နေ၏။

“သူ ဘာလုပ်နေတာလဲ”

စောစောက ထိုသူသည် သူမကို စနောက်ထားသည်ကို မေ့လျော့သွားပြီး မြေခွေးလေးသည် ခြေဖျားထောက်၍ သိချင်စိတ်ဖြင့် အနားသို ခြေဖျားထောက် ချဉ်းကပ်သွား၏။

သူမ၏ ကျင့်ကြံမှုအဆင့်က မမြင့်သေးသောကြောင့် သူမသည် လိုဏ်ဂူအထက် နန်းတော်မှ ထွက်ပေါ်လာသော အသံများကို ကြားနိုင်ခြင်း မရှိပေ။

မြေအောက် ပေထောင်ချီအနက်မှာ ရောက်နေတာတောင် သူသည် နန်းတော်အထက်က အသံများကို ခပ်သဲ့သဲ့ ကြားရလေသည်။

ပြီးခဲ့သည့် လဝက်မှစ၍ နန်းတော်က အေးချမ်းသည့် နေရာတစ်ခု မဟုတ်တော့ပေ။

ဒါ့အပြင် အုတ်အော်သောင်းတင်းက ပိုပို၍ ကြီးမားလာနေလေသည်။

ဟင်္သပဒါးသစ်သီး ပေါ်ပေါက်လာခြင်းနှင့်အတူ မြောက်ပိုင်းဒေသ၏ ရွှေအမြုတေပြိုင်စံရှားများ အားလုံးက ဒီနေရာမှာ စုဝေးလာကြလေပြီ။

ဆူဇီမိုသည် လူသားဧကရာဇ်နန်းတော်အောက်မှာတုန်းက အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ အားကောင်းသည့် ရန်သူများကို တစ်ယောက်တည်းနှင့် ခုခံချေမှုန်းနိုင်ခဲ့သော်လည်း လက်ရှိအခြေအနေက သူ့အတွက် သိပ်ပြီး မဟန်လှတော့ပေ။

ထိုအချိန်တုန်းက သူသည် မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တစ်ယောက်ဖြစ်ပြီး သားရဲကျင့်ကြံမှုတွင် ဒွာရှင်းလင်းခြင်းအပိုင်းမှာ အဆင့်မြင့်ကျွမ်းကျင်တတ်မြောက်မှုကို ရရှိထားပြီး အမြုတေဖွဲ့တည်ဖို့အတွက် ခြေတစ်လှမ်းသာ လိုတော့လေသည်။

သို့သော် အခုအခါ သူသည် အစောပိုင်း-ရွှေအမြုတေအဆင့်မှာဖြစ်ပြီး သူ၏ အတွင်းအမြုမှာလည်း စဉီးကျွင်းကျင်မှုကိုသာ ရရှိထားသေးလေသည်။

ယခုစုဝေးလာသည့် ပြိုင်စံရှားများမှာ အားအနည်းဆုံးသူဆိုလျှင်တောင် နောက်ပိုင်း-ရွှေအမြုတေအဆင့်ဖြစ်ပြီး အဲ့ဒီမှာ ပကတိရွှေအမြုတေအဆင့်များတောင်မှ ပါလာနိုင်လေသည်။

အဲ့ဒါက သူနှင့် အဆင့် သုံးဆင့်တောင် ကွာဟနေလေသည်။

တစ်ကယ်တော့ အင်မော်တယ်လမ်းစဉ်နှင့် သားရဲကျင့်ကြံမှု နှစ်ခုစလုံးကို လေ့ကျင့်ထားသော ဆူဇီမိုအတွက် ထိုအဆင့် သုံးဆင့်က ဘာမှ မပြောပလောက်ပေ။

တစ်ယောက်-တစ်ယောက်ချင်း တိုက်ကြကြေးဆို ဘယ်လိုလူကိုဖြစ်ဖြစ် သူဖိနှိမ်နိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်လေသည်။

သို့သော်လည်း ဟင်္သပဒါးသစ်သီးကို သူလိုချင်သည်ဆိုလျှင် မြောက်ပိုင်းဒေသရှိ ပြိုင်စံရှားများ အားလုံးလိုလိုနှင့် သူရင်ဆိုင်ရဖို့ ရှိလေသည်။

တစ်ဖက် ပြိုင်စံရှားများက အတူတကွ ပူးပေါင်း၍ တိုက်ခိုက်လာမည်ဆိုလျှင် သူ့အနေနှင့် အခက်တွေ့ရမည်မှာ အသေအချာပင်။

သူသည် ပျောက်ဆုံးနေပြီဖြစ်သော ကမ္ဘာဦးအမြုတေနယ်မြေနှစ်ခုကို အတူပူးတွဲ၍ လေ့ကျင့်ထားနိုင်၏။

သို့သော်လည်း ဘာလိုပဲဖြစ်ဖြစ် သူ့မှာက နှစ်ခုသာ ရှိလေသည်။

တစ်ဖက်မှာ ပြိုင်စံရှားများ၏ ရွှေအမြုတေနယ်မြေများက ရာနှင့်ချီ သို့မဟုတ် ထောင့်နှင့်ချီလာနိုင်ပြီး ၎င်းမှ ထွက်ပေါ်လာမည့် အဖျက်စွမ်းအားက စဉ်းစားကြည့်လို့တောင် မရနိုင်ပေ။ အစောပိုင်း ရွှေအမြုတေတစ်ယောက်အနေနှင့် သူ့မှာရှိသော စိတ်ဝိညာဉ်စွမ်းအင် ပမာဏက အကုန်လုံးကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် မိုးပျံမြွေနဂါးနှင့် နတ်လိပ်ထက် ပိုမိုသန်မာသော ရွှေအမြုတေနယ်မြေများလည်း ရှိသေးလေသည်။

ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့သည် မြောက်ပိုင်းဒေသမှာ တည်ရှိကြလေသည်။ ထိုထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်းမှ ပြိုင်စံရှားများ ရောက်လာမည်ဆိုလျှင် ဆူဇီမိုအတွက် သေချာပေါက် ခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည်။

တစ်ကယ့်တော့ အဲ့ဒီမှာ သူစိုးရိမ်နေသော နောက်ထပ်တစ်စုံတစ်ရာ ရှိသေးလေသည်။

ဤဟင်္သပဒါးသစ်သီးအတွက် နိုးထဝိညာဉ်အဆင့်တွေရော ပေါ်လာမှာလား..

နိုးထဝိညာဉ်တွေ ဝင်ပါလာလျှင် ဘယ်လိုတွေ အဆုံးသတ်ကုန်မလဲ..

ဆူဇီမိုသည် တွေးတောနေရင်းနှင့် မျက်ခွံများက လေးလံလာ၏။

အခုချိန်မှာ သူသည် အမှန်တစ်ကယ်ကို ပင်ပန်းနေလေပြီ။ သူလုပ်ချင်သော တစ်ခုတည်းသော အရာမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ချလိုက်ဖို့ပင်။

မူလစိတ်ဝိညာဉ်လက်နက်များကို ပြင်ဆင်ရင်းနှင့် နတ်ပန်းပဲပညာရပ်အပေါ် သူ၏ နားလည်သိမြင်မှုက တစ်ဖန်ထပ်ပြီး တိုးတက်လာခဲ့၏။

“နောက်ထပ် ၁၅ ရက်တော့ ကျန်သေးတယ်.. အဲ့ဒီအချိန်က ထိပ်တန်းအဆင့် ဓါးပျံ ၂၇ လက်ကို သွန်းလုပ်ဖို့ လုံလောက်မှာပါလေ”

ထိုသို့ အတွေးနှင့် ဆူဇီမိုသည် အိပ်ပျော်သွားလေသည်။

ဆူဇီမိုအနားသို့ မြေခွေးလေး ရောက်လာသောအခါ သူက အိပ်မောကျနေပြီကို သူမ တွေ့လိုက်ရ၏။ ဒါ့အပြင် သူ့နှာခေါင်းမှ ထူးဆန်းသည့် အသံများက ထွက်ပေါ်နေ၏။

အဲ့ဒါက ကျား၊ ကျားသစ်နှင့် မိုးကြိုးတို့၏ အသံနှင့် တူလေသည်။

“ဟမ့်”

သူမက နှုတ်ခမ်းစူပြီး သူမဘာသာ တွေးလိုက်၏။

“သူဟောက်တာက ဒီလောက်ကျယ်တာကိုတောင် သူက ငါ့ကို ရယ်ရဲသေးတယ်”

သူသည် ထိုသို့ တွေးလိုက်သော်လည်း ဆူဇီမိုကို မနှောင့်ယှက်ခဲ့ပေ။

သူက အတော်လေး ပင်ပန်းနေရှာပြီဆိုတာ သူမ သိလေသည်။

ဆူဇီမို၏ နှာခေါင်းမှ ထွက်ပေါ်လာသော အသံများသည် ခြင်ဆီရှင်းလင်းခြင်းအပိုင်းကြောင့် ဆိုတာကိုတော့ သူမ မသိခဲ့ပေ။

အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ အသက်ရှူသွင်း၊ ရှူထုတ် နည်းလမ်းက ဆူဇီမို၏ ခြင်ဆီထဲမှာ ပျော်ဝင်သွားပြီး သူက အိပ်ပျော်နေလျှင်တောင် အဲ့ဒါက အလိုလို အသက်ဝင်နေမည် ဖြစ်လေသည်။

ခန္ဓာမီးဆေးခြင်း၊ အရွတ်အသွင်ပြောင်းလဲခြင်း၊ အရိုးကြံ့ခိုင်စေခြင်း၊ ခြင်ဆီသန့်စင်ခြင်း၊ အင်္ဂါသန့်စင်ခြင်း၊ ဒွာရရှင်းလင်းခြင်း၊ အမြုတေဖွဲ့တည်ခြင်း...

သုတ္တန်ခုနှစ်ခုက ဆူဇီမို၏ ကိုယ်တွင်းမှာ ပဲ့တင်ထပ်နေပြီး စက်ဝန်းတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

သူ၏ ကြွယ်ဝသည့် သားရဲချီများက ထကြွ၍ စတင်ဖြန့်ကျက်လာ၏။

“အင်”

မြေခွေးလေးသည် ဖြစ်ပျက်သမျှကို မျက်လုံးအဝိုင်းသားနှင့် ကြည့်နေ၏။

“ဒီစာပေသမားက လူသား.. သားရဲလား”

သူမသည် လုံးဝ မစဉ်းတတ်တော့ပေ။

ဆူဇီမို၏ ကျင့်ကြံမှုမှ ထုတ်လွှတ်လိုက်သော သားရဲချီများသည် သူမကိုယ်ကို ထိတွေ့သွားသောအခါ အချိန်အတန်ကြာအထိ တန့်နေသော သူမ၏ ကျင့်ကြံမှုက လှုပ်ခတ်လာသည်ကို နားလည်သွားပြီး သူမသည် တုန်လှုပ်သွားရ၏။

“ဟီးဟီး”

မြေခွေးလေးသည် ကျေနပ်နှစ်ခြိုက်သွားကာ ဆူဇီမို၏ လက်မောင်းနားထိ တိုးကပ်သွားပြီး စတင်ကျင့်ကြံလေတော့သည်။

. . .

မဟာချွမ်အပျက်အစီးနယ်မြေမှ ငါးကီလိုမီတာ အကွာအဝေးတွင် ကြီးမားသည့် မဏ္ဍပ်ကြီးတစ်ခု ရှိလေသည်။

ကျက်တီးအပျက်အစီးနယ်မြေတစ်ခုနှင့် မတူဘဲ.. ဤနေရာသည် သစ်ပင်ပန်းမန်များနှင့် စိမ်းလန်းစိုပြေပြီး အသက်ဓါတ် ကြွယ်ဝနေ၏။

မဏ္ဍပ်ထဲတွင် ကျောက်စားပွဲလေးလုံး ရှိလေသည်။

စားပွဲတစ်လုံးစီ၏ ဘေးမှာ ထူးခြားသည့် ဝတ်စားဆင်ယင်ပုံနှင့် လူသုံးယောက်ကနေ လေးယောက်အထိ ထိုင်နေကြ၏။ သူတို့ထဲမှ တချို့က ဝတ်ရုံများ၊ တချို့က ချပ်ဝတ်တန်ဆာများနှင့် တချို့ကတော့ တင်းကျပ်သည့် အားကစားဝတ်စုံများ...

လူဆယ်ယောက်ကျော်သည် လက်ဖက်ရည်ကို စိမ်ပြေနပြေ ထိုင်သောက်နေကြပြီး ထွေရာလေးပါး ဆွေးနွေး ပြောဆိုနေကြ၏။

မဏ္ဍပ်၏ အပြင်ဘက်မှာတော့ ကျင့်ကြံသူပေါင်း တစ်ရာကျော်က စောင့်ဆိုင်းနေကြလေသည်။

အပြင်ဘက်မှာ မတ်တပ်ရပ်နေကြသော လူများသည် မဏ္ဍပ်တွင်းရှိ လူများကို ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှုတို့ဖြင့် ကြည့်နေရင်း သူတို့၏ အမူအယာများက ပျက်ယွင်းနေကြ၏။

မူတန်ချင်းသာ ဤမြင်ကွင်းကို တွေ့ရလျှင် သေချာပေါက် တုန်လှုပ်သွားပေလိမ့်မည်။

မဏ္ဍပ်တွင်းရှိ လူဆယ်ယောက်ကျော်ကျော်ဖြစ်စေ၊ အပြင်ဘက်ရှိ လူတစ်ရာကျော်ဖြစ်စေ.. သူတို့အကုန်လုံးက နိုးထဝိညာဉ်များပင်။

သူထင်ထားသည့်အတိုင်းပင် ဟင်္သပဒါးသစ်သီးအတွက် နိုးထဝိညာဉ်များပါ လှုပ်ရှားလာကြ၏။

မဏ္ဍပ်တွင်းရှိ ကျောက်စားပွဲခုံတစ်လုံး၏ ပတ်လည်တွင် လူသုံးယောက် ထိုင်နေကြပြီး သူတို့၏ ခါးများပေါ်ရှိ ဂိုဏ်းတံဆိပ်များက မူရုံ၊ ယုဝမ်နှင့် ထာဘာဟူသော နာမည်များကို ပြသနေလေသည်။

သူတို့က အထက်တန်းလွှာကလန်များမှ ဖြစ်ကြလေသည်။

အခြားသော ကျောက်စားပွဲသုံးခုပတ်လည်တွင် ထိုင်နေကြသော နိုးထဝိညာဉ်များ၏ ခါးများတွင်လည်း အမှတ်အသားတံဆိပ်များ ရှိနေကြ၏။

ကြယ်တာရာလမင်းဂိုဏ်း၊ မီးလျှံကိုလံဘတ်တောင်ကြား၊ ကောင်းကင်ထိုးဖောက်ဓါးဂိုဏ်း၊ ကောင်းကင်ရွေ့လျားဂိုဏ်း၊ သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်း၊ သွေးမြူဂိုဏ်း၊ ဂမ္ဘီရအာကာသကျင့်ထုံးဂိုဏ်း၊ ကျားနဂါးဂိုဏ်းနှင့် အရိပ်မဲ့ဂိုဏ်း...

အဲ့ဒီမှာ အမှောင်တစ္ဆေဂိုဏ်းကလွဲလျှင် အဆင့်မြင့်ဂိုဏ်း ဆယ်ဂိုဏ်းမှ ကိုးဂိုဏ်း ရှိကြလေသည်။

မဏ္ဍပ်တွင်းရှိ နိုးထဝိညာဉ်များမှာ အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်း သို့မဟုတ် အထက်တန်းလွှာကလန်လေးခုမှ ကျင့်ကြံသူများ ဖြစ်ကြလေသည်။

မဏ္ဍပ်အပြင်ဘက်မှာ ရိုကျိုးစွာ ရပ်နေကြသော နိုးထဝိညာဉ်များကတော့ သာမန်ဂိုဏ်း၊ အဖွဲ့အစည်းများမှ ကျင့်ကြံသူများနှင့် အမည်မသိ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ဖြစ်ကြလေသည်။

အပြင်ဘက်ရှိ သူတို့ကြားထဲတွင် မဟာရှန်နှင့် မဟာရှအင်ပါယာမှ နိုးထဝိညာဉ်များလည်း ပါရှိပြီး သူတို့သည် မြင်သည့် ထင်မြင်ချက်မှ မပေးရဲကြပေ။

စောစောက မဟာယွီအင်ပါယာမှ ရွှေအမြုတေစစ်တပ်ကို ထာဘာကလန်က သတ်ဖြတ်သုတ်သင်လိုက်သောအခါ မဟာယွီမှ နိုးထဝိညာဉ်များသည် စိတ်ဆိုးဒေါသထွက်သွားကြပြီး မဟာချွမ်အပျက်အစီးသို့ ဦးတည်သွားချင်မိ၏။

သို့သော်လည်း ထာဘာကလန်မှ နိုးထဝိညာဉ်တစ်ယောက်က သူ့ကို တိုက်ခိုက်ပြီး သုံးကွက်အတွင်း သတ်ဖြတ်ပစ်ခဲ့လေသည်။

မဟာယွီမှ နိုးထဝိညာဉ်၏ အလောင်းပေါ်ရှိ သွေးများက အခုထိ မခြောက်သေးပေ။ မဏ္ဍပ်ရှေ့မှာ လဲကျနေပြီး သူသည် မကျေမချမ်းနှင့် သေဆုံးခဲ့ရကာ အလောင်းက ပူနွေးနေဆဲဖြစ်၏။

မဏ္ဍပ်ပတ်လည်တွင် ထိုအလောင်းတစ်လောင်းတည်းသာ ရှိသည် မဟုတ်ပေ။

မြောက်ပိုင်းဒေသတွင် အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခု၏ ပေါင်းစုအင်အားကို မည်သူက တွန်းလှန်နိုင်ပါမည်နည်း။

All Chapters