← Chapters

အမြုတေနယ်မြေတိုက်ပွဲ

Vol. 37 Ch. 552

အမြုတေနယ်မြေတိုက်ပွဲ

Vol. 37 Ch. 552

ကျားနဂါးဂိုဏ်းပြိုင်စံရှားကို ခုတ်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် ရပ်တန့်သွားခြင်း လုံးဝ မရှိဘဲ သူ့ဆေဘာကို ဝေ့ရမ်းလိုက်၏။

တန်ပြန်စီးကြောင်းပြီးနောက်.. လှိုင်းဂယက်က လိုက်လာလေသည်။

အလွန်တရာ မာကြောဟန်ရသော သူ့ဆေဘာတိုက်ကွက်က ချက်ချင်း အလွန်တရာ ပျော့ပြောင်းနူးညံသွားပြီး နှေးကွေးလေးကန်မှု နည်းနည်းလေးမှ ရှိမနေပေ။

သူ့ဆေဘာအလင်းက ရေပြင်ကဲ့သို လက်လက်ထနေ၏။

လေထုထဲမှာ ဝဲဂယက်တစ်ခုက ပေါ်လာပြီး အဲ့ဒါက ကြည့်ကောင်းနေလေသည်။ သို့သော်လည်း အဲ့ဒါက သတ်ဖြတ်လိုစိတ်ဆန္ဒနှင့် ပြည့်နေပြီး ယုဝမ်ဝူကျား၏ လည်ပင်းဆီသို့ ရစ်ပတ်လာ၏။

ဖူး..

ဆူဇီမို၏ ဟိန်းဟောက်သံကြောင့် ယုဝမ်ဝူကျား၏ နားထဲမှာ တဝီဝီမြည်နေပြီး သူ့စိတ်က ဗလာကျင်းနေ၏။ သူ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ဆေဘာအလင်းက သူ့လည်ပင်းကို ရစ်ပတ်သွားလေသည်။

သွေးမြူများက ပန်းထွက်လာ၏။

ယုဝမ်ဝူကျားသည် ကြောက်လန့်တကြားနှင့် သူ့လည်ပင်းကို ကပျာကယာ ဆုပ်ကိုင်လိုက်၏။ သို့သော်လည်း စီးကျလာသော သွေးများကို တားဆီးလို့ မရနိုင်ပေ။

“အစ်.. အီ..”

သူ့ပါးစပ်ကို ဟလိုက်လိုက်သောအခါ ထူးဆန်းသည့် မပီမသ အသံများက ထွက်ပေါ်လာ၏။

သူသည် ဒယီးဒယိုင်နှင့် နောက်ပြန်ဆုတ်ရင်း.. ယုဝမ်ဝူကျား၏ မျက်နှာက ဖြူဆုတ်သွားပြီး သူ့မျက်လုံးများထဲရှိ အလင်းရောင်က မှိန်ကျသွား၏။ သူ့ခြေထောက်နှစ်ဖက်က ပျော့ခွေလာပြီး မြေပြင်ပေါ် ဒူးထောက်ကျကာ သေဆုံးသွားလေတော့သည်။

ဆေဘာသွားက နောက်တစ်ဖန် လည်ပတ်လာပြန်၏။

လှိုင်းဂယက်များက ကျယ်ပြန့်လာပြီး ထာဘာဖန်ကိုပါ လွှမ်းခြုံဖို့ ကြိုးစားလာ၏။

ထိုအခိုက်၌ ထာဘာဖန်က အသိစိတ်ဝင်လာပြီး သူ့မျက်လုံးက ပြူးကျယ်သွား၏။ သူ့ရွှေအမြုတေကို အရူးအမူးလှည့်ပတ်၍ သူ့သွေးချီများက ရုန်းကျန်ထွက်ပေါ်လာပြီး သူ့လက်ထဲရှိ လှံပုဆိန်ဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။

“သေစမ်း”

ထာဘာဖန်သည် ကြောက်မက်ဖွယ်ရာ အမူအယာနှင့် ဟိန်းဟောက်လိုက်၏။

လူနှစ်ယောက်ကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် ဆူဇီမို၏ ခွန်အားက ယုတ်လျော့လာပြီဖြစ်၏။

ဆေဘာက ရွှေလှံပုဆိန်နှင့် ရိုက်ခတ်ပြီးနောက် ပြန်ကန်ထွက်လာ၏။

တစ်ချိန်တည်းမှာပင် မုရုံဝူရွှမ်း၊ ဝမ့်ယန်နှင့် အခြားသူများသည် အသိစိတ် ပြန်ဝင်လာကြပြီဖြစ်ပြီး ဓါးပျံများနှင့် အခြားစိတ်ဝိညာဉ်လက်နက်များက ဆူဇီမိုပေါ်သို့ လွှမ်းခြုံကျဆင်းလာ၏။

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားခြင်း အလျှင်း မရှိဘဲ.. သူ့အကြည့်က ကြောက်စရာကောင်းပြီး တစ်မူထူးခြားစွာနှင့် တည်ငြိမ်နေ၏။

လှံပုဆိန်နှင့် ထိတွေ့ခြင်းမှ ပြန်ကန်အားကို သုံးပြီး ဆူဇီမိုက ခုန်ဆုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူ့အရွတ်များနှင့် အရိုးများမှ တဖျောက်ဖျောက်မြည်သံများက ထွက်ပေါ်လာ၏။

တစ်ခဏအတွင်းမှာပင် ဗလတောင့်တောင့်နှင့် စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်ကြီးက မဖြစ်နိုင်သော အနေအထားဖြင့် တွန့်လိမ်သွား၏။

အချို့သော လှုပ်ရှားမှုများက လုံးဝ စဉ်းစားကြည့်လို့တောင် မရသောပုံစံမျိုးဖြစ်ပြီး သူ့ခန္ဓာကိုယ်က အကန့်အသတ်များစွာကို ကျော်လွန်၍ တွန့်လိမ်သွားကာ အချိန်မရွေး ကျိုးပဲ့ထွက်တော့မည်ဟု ထင်လိုက်ရ၏။

သို့သော်လည်း ထိုလှုပ်ရှားမှုကြောင့် ဆူဇီမိုသည် များစွာသော ဓါးပျံများနှင့် စိတ်ဝိညာဉ်လက်နက်များကို ပွတ်ကာသီကာဖြင့် ရှောင်တိမ်းလိုက်နိုင်လေသည်။

အချို့သော ဓါးပျံများက သူ၏ အင်္ကျီစကို ထိုးခွဲသွားသော်လည်း ဆန်းကြယ်ရွှေပိုးချပ်ဝတ်၏ ကျေးဇူးဖြင့် သူ့ကို ထိခိုက်စေခြင်း မရှိပေ။

ဆူဇီမို၏ မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်းကြောင့် အရိပ်မဲ့ဂိုဏ်းမှ ပြိုုင်စံရှား၏ ဒွာရများမှ သွေးများက စီးကျနေပြီး ပုံပန်းပျက်ယွင်းနေသော်လည်း နောက်ဆုံးမှာတော့ သူသည် အသိစိတ် ပြန်ဝင်လာ၏။

သူနိုးထထချင်းမှာပင် သူ့ထံသို့ ပစ်ဝင်လာသော ဆူဇီမိုကို မြင်လိုက်ရပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။

ဆူဇီမိုသည် လက်ပြန်ခုတ်ပိုင်း၍ ဝဲကတော့ကို ထုတ်ဖော်ကာ များစွာသော ဓါးပျံများ၏ တိုက်ခိုက်မှုကို ခုခံလိုက်၏။

တစ်ချိန်တည်းမှာပင် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး အရိပ်မဲ့ဂိုဏ်းကျင့်ကြံသူ၏ ခေါင်းကို လှမ်းဆွဲလိုက်၏။

“ရွှေအမြုတေနယ်မြေ.. အရိပ်မဲ့ အမြွှာလှံတို”

အရိပ်မဲ့ဂိုဏ်းပြိုင်စံရှားသည် နောက်ခုန်ဆုတ်ရင်း သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ချင်မိ၏။

ကံဆိုးစွာနှင့် ဆူဇီမို၏ လက်တံက သုံးလက်မလောက် ရှည်ထွက်လာပြီး သူ့ကို အမီလိုက်ကာ သူ့ဦးခေါင်းကို လက်ငါးချောင်းဖြင့် ဖမ်းဆွဲလိုက်၏။

“ဗောက်..”

လက်ငါးချောင်း အပေါက်ရာက ပေါ်လာ၏။

အခုမှ ဖွဲ့တည်လာမည်ကြံကာ ရှိသော အရိပ်မဲ့ဂိုဏ်းပြိုင်စံရှား၏ ရွှေအမြုတေနယ်မြေက ချက်ချင်း ပျက်ပြယ်သွားလေသည်။

ထိပ်သီးအဆင့် ပြိုင်စံရှားဆယ်ယောက် ဝိုင်းရံထားသည့် ကြားကပင်.. နှစ်ချီသုံးချီ တိုက်ခိုက်ရုံနှင့် သူတို့ထဲမှ သုံးယောက်က အသတ်ခံလိုက်ရပြီဆိုတော့ အဲ့ဒါက အရမ်းကို ကြောက်ဖို့ ကောင်းလွန်းနေ၏။

ကျန်ရှိနေသောသူများမှာလည်း အခုအခါ အထိတ်ထိတ်အလန့်လန့် ဖြစ်လာကြလေပြီ။

ထာဘာဖန်က အော်ဟစ်လိုက်၏။

“မင်းတို့ကောင်တွေ ဘာကိုစောင့်နေကြတာလဲ.. သူ့ကို သတ်ကြလေ”

မုရုံဝူရွှမ်းက ပတ်ဝန်းကျင်ကို အေးစက်စွာ ထောက်လှမ်းကြည့်ရှုလိုက်၏။

“အားလုံးပဲ.. နင်တို့ ဘေးကနေ ဒီအတိုင်း ဆက်ပြီး စောင့်ကြည့်နေကြမယ်ဆိုရင်.. ငါတို့ ရှုံးနိမ့်သွားတာနဲ့ နင်တို့အားလုံး ပူးပေါင်းတိုက်ခိုက်ကြရင်တောင် သူ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူးနော်”

ထိုအချိန်၌ သွေးမြူဂိုဏ်းနှင့် ဂမ္ဘီရအာကာသဂိုဏ်း၏ ကျင့်ကြံသူများသည် သူတို့၏ ပြိုင်စံရှားများကို ဆူဇီမို သတ်ပစ်လိုက်တာ မြင်ရပြီးနောက် မုရုံဝူရွှမ်းက သတိမပေးလျှင်တောင် သူတို့၏ သည်းခံနိုင်စိတ်က ကုန်ဆုံးနေပြီ ဖြစ်လေသည်။

“သတ်.. သတ်.. သတ်”

လူတိုင်းသည် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။

သူတို့၏ အသံများက တအုန်းအုန်းထလာပြီး ဆူဇီမိုကို ဆွဲယူနစ်မြှုပ်တော့မည့်အတိုင်းပင်။

ဒုန်း.. ဒုန်း.. ဒုန်း..

အထက်တန်းလွှာကလန်လေးခုမှ ရှေးဟောင်းစစ်ရထားများသည် ဆူဇီမိုထံသို့ မောင်းနှင်ဝင်ချလာကြ၏။

မူတန်ချင်းနှင့် ပိုင်ယုဟန်တို့လို အခြေအနေကို အကဲဖြတ်ကြည့်ရှုဖို့ သက်သက်အတွက်သာ ရောက်လာကြသော ကျင့်ကြံသူများကလွဲလျှင်.. မြေအောက်နန်းတော်ထဲရှိ ကျင့်ကြံသူအများစုသည် စတင်လှုပ်ရှားလာကြ၏။

“ဟမ့်”

ဆူဇီမိုက ကြောက်လန့်ခြင်း မရှိဘဲ သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုဖြင့် တောက်ပလာ၏။ ဝင်ရောက်လာသော စစ်ရထားများကို ကြည့်ပြီး ရှေ့သို့ ခုန်တက်ကာ မည်သည့်စိတ်ဝိညာဉ်လက်နက်ကိုမှ မသုံးဘဲ ကိုယ်ဗလာဖြင့် ဆီးကြိုုလိုက်၏။

ဘုန်း..

ရထားလုံးများကို ဆွဲလာသော နတ်မြင်းများ၏ အသွေးအသားများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။

ဆူဇီမိုလက်ချက်ဖြင့် စစ်ရထားများက ကျိုးကြေမွသွားလေသည်။

ဆေဘာကို ကိုင်စွဲထားရင်း ဆူဇီမို၏ မျိုးဆက်သွေးက တလိပ်လိပ် မြင့်တက်လာပြီး ဘယ်သို့ ညာသို့ ခုတ်ပိုင်းလိုက်သောအခါ သူ့ဆေဘာ၏ ထက်ရှအားပါမှုဒဏ်ကို မည်သူမှ ခံနိုင်ရည် မရှိကြပေ။

ဆူဇီမို၏ လမ်းကြောင်းမှာ ရပ်တည်နိုင်သည့်သူ တစ်ယောက်မှ မရှိပေ။

ဝုန်း..

လေထုက ဗြောင်းဆန်သွား၏။

တဖျတ်ဖျတ်တလက်လက် ရောင်ခြည်များနှင့်အတူ ရွှေရောင်လှံပုဆိန်ကြီးတစ်လက်က လေထုကို ဖြတ်သန်း၍ ကြောက်မက်ဖွယ်ရာအော်ရာနှင့်အတူ မြေအောက်နန်းတော်ဆီသို့ ကျဆင်းလာ၏။

အမြုတေနယ်မြေစွမ်းအား..

အခြေအနေက မဟန်တော့ဘူးဆိုတာ နားလည်လိုက်ပြီး ထာဘာဖန်သည် တွေဝေခြင်းမရှိ သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်၏။

ရုတ်တရက်..

ညအမှောင်က ကျရောက်လာပြီး ကောင်းကင်ထက်မှာ တောက်ပသော လမင်းတစ်စင်းနှင့်အတူ ကြယ်များက ပေါ်လာ၏။

မရေမတွက်နိုင်သော ကြယ်များက ဝမ်းနည်းဖွယ်ရာ အလှအပဖြင့် ကျဆင်းလာပြီး တုန်လှုပ်ဖွယ်ရာ သတ်ဖြတ်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ခြစ်ခြစ်တောက် ပူပြင်းသော မီးတောက်များဖြင့် တောက်လောင်နေသော မြို့ကြီးတစ်မြို့က စွမ်းအားကြီးမားစွာနှင့် ကျဆင်းလာ၏။ အဲ့ဒါက အရမ်းကို ပူပြင်းပြီး ပတ်ဝန်းကျင်ရှိ ချီများကို အငွေ့ပျံသွားစေကာ သက်ရှိအားလုံးကို မီးလောင်ပြာချပစ်တော့မည့် အတိုင်းပင်။

“သတ်ဖြတ်ခြင်း ခုနှစ်မျိုး သွေးအက္ခရာ”

သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်းပြိုင်စံရှားက ဟိန်းဟောက်လိုက်သောအခါ သတ်ဖြတ်ခြင်းကို ကိုယ်စားပြုသော သွေးရောင်စာလုံး ခုနှစ်လုံးက သူ့နောက်မှာ ပေါ်လာပြီး ထိတ်လန့်ဖွယ်ရာ သွေးနီရောင်အရိပ်များဖြင့် လေထဲမှာ ရစ်ဝဲလာ၏။

ရွှေအမြုတေနယ်မြေများက တစ်ခုပြီးတစ်ခု ဆင်းသက်လာကြလေသည်။

အဲ့ဒီမှာ တစ်ခါက ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ စာရင်းဝင်ခဲ့ဖူးသော ရှေးဟောင်းအမြုတေနယ်မြေများပင်လျှင် ပါဝင်လာ၏။

အတောမသတ်သော ရွှေအမြုတေနယ်မြေများက ချက်ချင်းပင် ဆူဇီမိုအပေါ် လွှမ်းခြုံကျရောက်လာလေသည်။

ရွှေအမြုတေအဆင့်မှာ ရွှေအမြုတေနယ်မြေများက အသန်မာဆုံး နည်းလမ်းများ ဖြစ်လေသည်။

သူတို့သည် အခြားရွေးချယ်စရာ မရှိသည့် အခြေအနေသို့ မရောက်မချင်း ရွှေအမြုတေနယ်မြေများကို အလွယ်တကူ ထုတ်သုံးကြလိမ့်မည် မဟုတ်ပေ။

ပြိုင်စံရှားများသည် သည့်အရင်စောစောက သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်မသုံးခဲ့ကြခြင်းမှာ ဆူဇီမိုက အစောပိုင်း-ရွှေအမြုတေတစ်ယောက်သာ ဖြစ်နေသောကြောင့် ဖြစ်လေသည်။ သို့သော်လည်း သူ၏ တိုက်ခိုက်ရည်က အရမ်းကို ကြောက်စရာကောင်းပြီး သူတို့ကိုပါ တုန်လှုပ်သွားစေလိမ့်မည် ထင်မထားကြခဲ့ကြပေ။

တစ်ချိန်တည်းမှာပင် သူတို့သည် အခြားသော အပြောင်းအလဲများကို စိုးရိမ်ပူပန်နေကြခြင်းဖြစ်၏။

သို့သော် အခုအခါမှာတော့ ထာဘာဖန်၊ ဝမ့်ယန်နှင့် အခြားသူများသည် အခြားရွေးချယ်စရာ မရှိတော့ဘဲ သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်လိုက်ရ၏။

အဲ့လိုမှ မလုပ်လျှင်လည်း ဆူဇီမိုကို မည်သူမှ ရပ်တန့်နိုင်တော့မည် မဟုတ်ပေ။

ဆူဇီမိုက လှောင်ရယ်၍ သူ့ရွှေအမြုတေကို လှည့်ပတ်လိုက်၏။

ဝုန်း...

ရုတ်တရက်.. သူ့နောက်တွင် ကြောက်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခုက ပေါ်လာပြီး လူတိုင်းကို တုန်လှုပ်သွားစေလေသည်။

တောင်များက ပြိုကျလာပြီး ကမ္ဘာမြေပြင်က ကွဲထွက်သွား၏။ မီးတောင်များက ပေါက်ကွဲ၍ မီးခိုးများ ဖုန်မှုန့်များက တထောင်းထောင်းထလာ၏။

နီရဲနေသော ချော်ရည်များက မြေပြင်ပေါ်သို့ စီးဆင်းလာပြီး သက်ရှိအားလုံးကို ဝါးမျိုကာ အသက်များအားလုံးကို ပြာချပစ်လိုက်၏။

ကလန်ကလား သက်ရှိကြီးတစ်ကောင်က မြေကြီးအောက်ကနေ တွားသွား၍ ထွက်လာပြီး လေထဲသို့ ခုန်တက်လိုက်၏။ အဲ့ဒါက မြွေဦးခေါင်း၊ အနာကွန်ဒါကိုယ်၊ နဂါးကြေးခွံ၊ ဖီးနစ်တောင်ပံများနှင့် နီရဲနေသော မျက်လုံးများကို ပိုင်ဆိုင်ထားပြီး ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။

ဤအမြုတေနယ်မြေ၏ အံ့မခန်းစွမ်းအားက ဖြန့်ကျက်လာလေသည်။

ဖျောက်.. ဖျောက်.. ဖျောက်..

အချို့သော ဓါးပျံများနှင့် စိတ်ဝိညာဉ်လက်နက်များသည် အဲ့ဒါကို ခံနိုင်ရည် မရှိတော့ဘဲ အားလုံး အက်ကွဲကုန်၏။ သူတို့၏ အလင်းရောင်က မှိန်ဖျော့သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ အပိုင်းပိုင်း ကြေမွကုန်လေသည်။

“ဟင်း”

ဧရာမသက်ရှိကြီးနှင့် မျက်လုံးချင်းဆုံသောအခါ ကျင့်ကြံသူတစ်ယောက်၏ အမူအယာက ပြောင်းလဲသွားပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။ သူ၏ ကိုယ်တွင်းမှာ မီးတောက်တစ်ခုက အစပျိုးလာပြီးနောက် လျှင်မြန်စွာပင် သူ့ကို လွှမ်းခြုံသွား၏။

နောက်တစ်ခဏ၌ ထိုသူက လောင်ကျွမ်းပြာကျသွားလေသည်။

ထိုရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်သောအခါ ဤနေရာရှိ ကျင့်ကြံသူများအားလုံးသည် မှင်တက်ကုန်ကြ၏။

“ဒါက ဘယ်လို မွန်းစတားကြီးပါလိမ့်”

အဝေးကနေ ပုန်းကွယ်ကြည့်နေသော ပိုင်ယုဟန်သည် ဖြူလျော့သွားသော မျက်နှာနှင့်အတူ လွှတ်ကနဲ ရေရွတ်မိလိုက်၏။

“ငါလဲ မပြောတတ်ဘူး”

မူတန်ချင်းက ခေါင်းခါလိုက်၏။

ဧရာမသက်ရှိကြီးထံမှ ရှေးကျသောအော်ရာက ထွက်ပေါ်နေပြီး နတ်ဘုရားသက်ရှိမျိုးနွယ်က သက်ရှိများအားလုံးကို အထင်သေးစွာဖြင့် ကြည့်ရှုနေသလို.. သူခံစားနေရလေသည်။

“ဒါက...”

“ကမ္ဘာဦးမိုးပျံမြွေနဂါးကြီး”

မုရုံဝူရွှမ်းနှင့် အခြားသူများသည် တုန်လှုပ်သွားကြ၏။

ကမ္ဘာဦးမိုးပျံမြွေနဂါးက ပျောက်ဆုံးသွားသည်မှာ အတော်ကြာခဲ့ပြီဖြစ်ပြီး သည့်အရင်က လက်ရှိမည်သူမှ အဲ့ဒါကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ဖူးခြင်း မရှိကြပေ။

သို့သော်လည်း သူတို့ရှေ့မှ ရွှေအမြုတေနယ်မြေက မှတ်တမ်းထဲမှာ ဖော်ပြထားသည်နှင့် အတိအကျ တူညီနေ၏။

ဝမ့်ယန်က တုန်လှုပ်စွာနှင့် စိတ်ထဲကနေ ရေရွတ်လိုက်၏။

“ပြီးခဲ့တဲ့တစ်လက ကမ္ဘာဦးနတ်လိပ်က ပေါ်လာပြီးပြီ.. အခုလဲ ကမ္ဘာဦးမိုးပျံမြွေနဂါးက ထပ်ပေါ်လာပြန်ပြီ.. အဲ့ဒီအစိမ်းရောင်ဝတ်ကျင့်ကြံသူက ဘယ်များရောက်နေပါလိမ့်.. အဲ့ဒီဆန့်ကျင်ဘက် အမြုတေနယ်မြေနှစ်ခုနဲ့ သူတို့နှစ်ယောက်သာ တိုက်ခိုက်ကြရင် ကြည့်ကောင်းမှာပဲ”

All Chapters