← Chapters

ရှေးမဟာတော်ဝင်မိသားစု

Vol. 37 Ch. 553

ရှေးမဟာတော်ဝင်မိသားစု

Vol. 37 Ch. 553

ကမ္ဘာဦးမိုးပျံမြွေနဂါး၏ ပေါ်ထွက်လာမှုက လောကကို တုန်လှုပ်သွားစေ၏။

ဂလု.. ဂလု..

ကမ္ဘာဦးမိုးပျံမြွေနဂါးက သူ့ပါးစပ်ကိုဟ၍ ချော်ရည်များကို ပါးစပ်အပြည့် စုပ်ယူဝါးမျိုချလိုက်၏။

တောက်လောင်နေသော ချော်ရည်ပူများသည် လေထဲသို့ ကြွတက်လာပြီး ကမ္ဘာဦးမိုးပျံမြွေနဂါးကြီး၏ ပါးစပ်ထဲသို့ အနီရောင်မြစ်စီးကြောင်းတစ်ခုအဖြစ် ဆက်တိုက် ဝင်ရောက်သွားကြ၏။

ကမ္ဘာဦးမိုးပျံမြွေနဂါးကြီးသည် ချော်ရည်များကို သောက်သုံးနေရင်း သူ့အော်ရာက ပို၍ ပို၍ ကြောက်စရာကောင်းလာ၏။

မြွေနဂါးပေါ်ရှိ ကြေးခွံများက ပို၍ တောက်ပလာပြီး နီရဲနေအောင် အပူပေးထားသော သံမဏိပြားများကဲ့သို့ ဖြစ်လာ၏။

“သတ်”

ထာဘာဖန်က ဟိန်းဟောက်လိုက်၏။

သုန်မှုန်နေသော အမူအယာနှင့်အတူ ဝမ့်ယန်က အော်လိုက်၏။

“သူက အခုမှ အစောပိုင်း ရွှေအမြုတေအဆင့်ပဲ ရှိသေးတာကို.. ငါတို့ အတူပေါင်းတိုက်ရင် သူ့က ဘယ်လိုလုပ် ခုခံနိုင်မှာလဲ”

“အားလုံးပဲ ဒီအခြေအနေထိ ရောက်လာမှတော့ ဘာမှ ထိန်ချန်မနေကြနဲ့တော့”

မုရုံဝူရွှမ်းက ကျယ်လောင်စွာ ကြေညာလိုက်၏။

“အဲ့လူက လူသားဧရာဇ်နန်းတော်ကို ဝင်ရောက်ခဲ့ဖူးတဲ့ နတ်ဖီးနစ်ကျွန်းရဲ့ အရိုက်အရာဆက်ခံသူပဲ.. သူ့ဆီမှာ ရတနာတွေဆိုတာ ရေလို့တောင် ရမှာ မဟုတ်ဘူး.. သူ့ကို သတ်ပြီးမှပဲ ငါတို့ အဲ့ဒါတွေကို ရနိုင်မှာ”

ထောင်နှင့်ချီသော ပြိုင်စံရှားများစွာသည် သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်၍ ရှေ့သို့ ပြေးတက်လာကြ၏။

ရွှေအမြုတေနယ်မြေတစ်ခုက ကမ္ဘာဦးမိုးပျံမြွေနဂါးကြီးကို နည်းနည်းလေးတောင် မခြိမ်းခြောက်နိုင်ပေ။

သို့သော်လည်း ရွှေအမြုတေနယ်ပေါင်း ထောင်ချီကို စုပေါင်း၍ ထုတ်လွှတ်လိုက်သော စွမ်းအားက ရွှေအမြုတေအဆင့်မှာရှိသော မည်သူကိုမဆို ဖျက်ဆီးချေမှုန်းပစ်ဖို့ လုံလောက်လေသည်။

ဝုန်း.. ဝုန်း.. ဝုန်း..

အမြုတေနယ်မြေများအကြား ထိတွေ့ပွတ်တိုက်သံများက တဝုန်းဝုန်းနှင့် ဆက်တိုက်မြည်လာ၏။

ချက်ချင်းပင် ဆူဇီမို နောက်ရှိ ရွှေအမြုတေနယ်မြေက ယိမ်းထိုးလာလေသည်။

ပတ်ဝန်းကျင်ရှိ ရွှေအမြုုတေနယ်မြေများက ရေလွှမ်းမိုးမှုတစ်ခု ကျရောက်လာသလို ဆက်တိုက်ကျရောက်လာကြ၏။

ရှူး.. ရှူး..

လေထုထဲရှိ ကမ္ဘာဦးမြွေနဂါးကြီးသည် ဒေါသူပုန်ထလာပြီး သူ့ခေါင်းကို မော့ကာ အော်မြည်လိုက်၏။

အဲ့ဒါက အမြုတေနယ်မြေတစ်ခုသာ ဖြစ်ပြီး အစစ်အမှန် ရုပ်ပိုင်းဆိုင်ရာရှိသည့်သက်ရှိ မဟုတ်ပေ။

သို့သော်လည်း ကမ္ဘာဦးမိုးပျံမြွေနဂါးမှာ အတိတ်ကာလက မှတ်ဉာဏ်များရှိပြီး ကမ္ဘာဦးခေတ်မှ ဂုဏ်ကျက်သရေများ ရှိလေသည်။

သူက မီးတောက်နတ်ဘုရားပင်။

နတ်ဘုရားများမှာ ဂုဏ်သိက္ခာမာန်မာနရှိပြီး စုတ်တီးစုတ်ချာ ပုရွက်ဆိတ်များ၏ ရန်စစော်ကားမှုကို သည်းခံနိုင်စရာ မရှိပေ။

ရွှစ်..

ကမ္ဘာဦးမိုးပျံမြွေနဂါးက သူ့တောင်ပံများနှင့် မီးတောက်များကို ခတ်ထုတ်ပြီး သူ့မျက်လုံးများက မီးဝင်းဝင်းတောက်လာ၏။ ထို့နောက် သူ၏ သွေးသံရဲရဲ ပါးစပ်ကြီးကို ဖွင့်ပြီး ပြိုင်စံရှားများ စုဝေးနေသောဘက်သို့ ခြစ်ခြစ်တောက်ပူလောင်နေသော ချော်ရည်ပူများကို ထွေးထုတ်လိုက်လေသည်။

ဖျောက်.. ဖျောက်.. ဖျောက်..

ကျယ်လောင်သော အသံများနှင့်အတူ.. မရေမတွက်နိုင်သော ရွှေအမြုတေနယ်မြေများက ကြေပွပျက်စီး၍ များစွာသော ရွှေအမြုတေများကို ချော်ရည်စီးကြောင်းများက တိုက်ရိုက်ဝါးမျိုလိုက်ပြီး အလောင်းတောင် မကျန်ခဲ့အောင် လောင်ကျွမ်းပစ်လိုက်လေသည်။

“အ အ.. အား.. အားအား”

သွေးပျက်ချောက်ချားစရာ အော်ဟစ်ညည်းတွားသံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။

အခြေအနေ မဟန်တော့တာကို နားလည်လိုက်ပြီး တချို့ ကျင့်ကြံသူများက ချက်ချင်း နောက်ဆုတ်လိုက်ကြ၏။

သို့သော်လည်း သူတို့အများစုသည် ချော်ရည်ပြင်ကြီးကို ကောင်းကောင်း မဖြတ်ကျော်နိုင်ဘဲ သူတို့၏ ရွှေအမြုတေနယ်မြေများက ကြေမွပျက်စီးကုန်၏။ သူတို့ပို၍ ရုန်းကန်လေလေ.. ပို၍ နစ်မြှုပ်လေလေဖြစ်ကုန်ကြ၏။

အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခုမှ ပြိုင်စံရှားများသာလျှင် ကမ္ဘာဦးမိုးပျံမြွေနဂါး၏ အင်အားပြည့်တိုက်ခိုက်မှုကို ခုခံနိုင်ရုံ ရှိကြလေသည်။

ထိုသို့ဆိုလျှင်တောင် ဝမ့်ယန်၏ ဒေါသူပုန်မြိုု့တော်မီးလျှံပင်လျှင်.. ၎င်း၏ ရှေးဟောင်းမြို့ရိုးများက အက်ကွဲလာပြီး ပြိုကျတော့မည့်ဆဲဆဲ ဖြစ်လာ၏။

ကြယ်တာရာလမင်းဂိုဏ်းပြိုင်စံရှား ဆင့်ခေါ်လိုက်သော ရွှေအမြုတေနယ်မြေမှာ ညအမှောင်ထု အများစုက ပျက်ပြယ်လာပြီး ကြယ်များက ကြွေကျလာ၏။

သတ်ဖြတ်ခြင်းခုနှစ်မျိုးသွေးအက္ခရာမှာလည်း စာလုံးတစ်လုံးတည်းသာ ကျန်ရှိတော့ပြီး အဲ့ဒါကလည်း မနည်းရုန်းကန်နေရ၏။

တစ်ကယ်တော့ ထိုသို့ ထိတွေ့ရိုက်ခတ်မှုများအပြီး၌ ကမ္ဘာဦးမိုးပျံမြွေနဂါး၏ ရောင်ဝါကလည်း မှိန်ဖျော့လာလေပြီ။

ဆူဇီမို၏ အကြည့်က ရွေ့လျားသွားပြီး သူ့လက်ထဲရှိ ဆေဘာနှင့်အတူ နန်းတော်အပြင်ဘက်ဆီသို့ ဦးတည်လိုက်၏။

ဒီနေရာက သူကြန့်ကြာနေသင့်သော နေရာမျိုး မဟုတ်ပေ။

ဒီနေရာမှာ သူကြာကြာနေလေ.. သူ့အတွက် အန္တရာယ်က ပိုများလာလေဖြစ်၏။

“သွား”

ဆူဇီမိုက ရှေ့သို့ ညွှန်ပြလိုက်၏။

သူ့နောက်ရှိ ကမ္ဘာဦးမိုးပျံမြွေနဂါးက မီးတောက်များ ဖုံးအုပ်နေသော ၎င်း၏ကိုယ်ကြီးနှင့်အတူ ခုန်တက်၍ ရှေ့လမ်းကြောင်းမှာ ရှိနေသော ဝမ့်ယန်ဆီသို့ သတ်လိုဖြတ်လိုအော်ရာနှင့်အတူ ခုန်အုပ်လိုက်၏။

ဝုန်း..

ဝမ့်ယန်သည် အံကိုကြိတ်ပြီး ရှေးဟောင်းမြို့တော်ကို ထိန်းချုပ်ကာ ကမ္ဘာဦးမိုးပျံမြွေနဂါး၏ ဦးခေါင်းကို ပစ်ဆောင့်ချလိုက်၏။

မြွေနဂါးက သူ၏ ပါးစပ်ကြီးကိုဟပြီး တောက်လောင်နေသော မြို့ကြီးတစ်မြို့လုံးကို ဝါးမျိုလိုက်၏။

“ဟင်း”

ဝမ့်ယန်၏ အမူအယာက ကြိမ်ဖန်များစွာ ပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ ဖြူဖတ်ဖြူရော်ဖြစ်ကာ သွေးများကို ထွေးထုတ်လိုက်ရ၏။

ပြီးခဲ့သည့်တစ်လက သူ့ရွှေအမြုတေနယ်မြေသည် ကမ္ဘာဦးနတ်လိပ်၏ ဖိနှိမ်ခြင်းကို ခံခဲ့ရ၏။

တစ်လကြာပြီးနောက် အဲ့ဒါက ကမ္ဘာဦးမိုးပျံမြွေနဂါး၏ ဖိနှိမ်ခြင်းကို ခံရပြန်လေပြီ။

ဒေါသူပုန်မြို့တော်မီးလျှံက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၈၉ ဖြစ်ပြီး မြောက်ပိုင်းဒေသမှာဆိုလျှင် ထိပ်တန်းအဆင့် ရွှေအမြုတေနယ်မြေတစ်ခုဟု သတ်မှတ်နိုင်လေသည်။

သို့သော်လည်း ဝမ့်ယန်သည် ထိုးနှက်ချက်များကို ဆက်တိုက်ခံစားနေရ၏။

သူသည် ခန္ဓာကိုယ်တွင်းက နာကျင်မှုကို တောင့်ခံပြီး သူ့ခြေလှမ်းကို ရွေ့လျားကာ ဘေးဘက်သို့ ခုန်ရှောင်လိုက်၏။

ဆူဇီမို၏ ကမ္ဘာဦးမိုးပျံမြွေနဂါးက သိပ်ကြာကြာ မခံတော့ဘူးတာ သူသိထားသော်လည်း သူသည် လောလောဆယ် အဲ့ဒါကို ခုခံနိုင်စရာ အကြောင်းမရှိသည့်အတွက် ဆူဇီမိုကို ထွက်ခွာခွင့်သာ ပြုရပေတော့မည်။

“သူက လမ်းဆုံးမှာ ရုန်းကန်နေရုံသာ ရှိတော့တာကို”

သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်းပြိုင်စံရှားသည် ဖျတ်ကနဲဆို ဆူဇီမိုရှေ့သို့ ရောက်ချလာပြီး သူ့နောက်ရှိ သွေးအက္ခရာက ပို၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းကာ တောက်ပလာ၏။

ကမ္ဘာဦးမိုးပျံမြွေနဂါးက သူ၏ ကြီးမားသည့် အမြီးကြီးကို လွှဲရမ်း၍ ထိုသွေးအက္ခရာပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။

ဖောင်း..

သွေးအက္ခရာက သွေးမြူများအဖြစ်သို့ ပျက်စီးသွားလေသည်။

သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်းပြိုင်စံရှားသည် ဆက်လက်ပိတ်ဆို့မနေရဲတော့ဘဲ ဘေးဘက်သို့ အလွန်တရာ လျှင်မြန်စွာ ခုန်ရှောင်လိုက်၏။

ဆူဇီမိုသည် လှောင်ရယ်၍ သူ့မျက်လုံးများက အေးစက်စက်အလင်းဖြင့် တောက်ပလာ၏။

ရွှက်..

ဆူဇီမိုသည် သူ့ဆေဘာကို ကိုင်မြှောက်၍ လက်ပြန်လွှဲရမ်းပြီး သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်းပြိုင်စံရှား၏ ရင်အုပ်ဆီသို့ အလင်းစက်တစ်ခုအသွင် ပစ်သွင်းလိုက်၏။

“ဖောက်..”

ဆေဘာက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး မြေအောက်နန်းတော်၏ ကျောက်တိုင်တစ်ခုမှာ သွားစိုက်ဝင်၏။

ဆေဘာသွားက တုန်ခါနေပြီး သွေးများက တစ်စက်စက် စီးကျနေကာ သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်းပြိုင်စံရှားကတော့ သေလေပြီ။

ဆူဇီမို၏ သိုလှောင်အိတ်ထဲမှာ ထိပ်တန်းအဆင့် ဆေဘာအချို့ ရှိနေသေးသည့်အတွက် သူက အဲ့ဒါကို လုံးဝ ဂရုစိုက်မနေပေ။

ဘေးဘက်ကနေ အေးစက်စွာနှင့် စောင့်ကြည့်နေသော တူကူကျန့်ကလွဲလျှင် အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းနှင့် အထက်တန်းလွှာကလန်လေးခုမှ ပြိုင်စံရှား ၁၃ ယောက်အနက် အများစုက ဆူဇီမိုလက်ချက်ဖြင့် သေကုန်ကြလေပြီ။

သူတို့သည် သေသူသေ.. ဒဏ်ရာရသူရ ဖြစ်ကုန်ကြလေပြီ။

သတ်ဖြတ်ခြင်းခုနှစ်မျိုးဂိုဏ်းပြိုင်စံရှား အသတ်ခံရပြီးနောက် ဆူဇီမို၏ လမ်းကြောင်းတွင် မည်သူမှ ရပ်မနေရဲကြတော့ပေ။

နောက်ဆုံးမှာတော့ သူ့မြင်ကွင်းက ရှင်းလင်းသွား၏။

“ဟဟ ဟားဟား”

ဆူဇီမိုသည် ခေါင်းကိုမော့၍ ရယ်မောရင်း နန်းတော်ထဲကနေ ပြေးထွက်သွား၏။

နန်းတော်တစ်ခုလုံးက သေလောက်အောင် ငြိမ်သက်ကျသွား၏။

ဝမ့်ယန်နှင့် မုရုံဝူရွှမ်းတို့လို အသက်ရှင်ကျန်ရစ်ခဲ့သော ပြိုင်စံရှားများသည်လည်း သူတို့၏ မျက်နှာများက သုန်မှုန်နေကြ၏။

အင်မတန် ဇောင်းကြွလှပါသော ထာဘာဖန်သည်ပင်လျှင် ငြိမ်သက်သွား၏။ သူ့ရွှေအမြုတေနယ်မြေက သူ့နောက်မှာ ကျန်ရှိနေသေးသော်လည်း အဲ့ဒါက ဆက်လက်ကြမ်းတမ်းပြင်းထန်ခြင်း မရှိတော့ဘဲ.. ထုံထိုင်းသွားပြီဖြစ်၏။

ထိုသို့နှင့်ပင် စုဝေးလာကြသော မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများသည် နတ်ဖီးကျွန်းမှ အရိုက်အရာဆက်ခံသူက သူတို့မျက်စိရှေ့မှာပင် ဟင်္သပဒါးသစ်သီးကို လုယူသွားသည်ကို ကူကယ်ရာမဲ့စွာနှင့် ဒီအတိုင်း ကြည့်နေလိုက်ရ၏။

ဤသတင်းသာ ပေါက်ကြားသွားလျှင် ကျင့်ကြံရေးလောကတစ်ခုလုံး၌ မြောက်ပိုင်းဒေသက လူအများ ဟားတိုက်စရာ ဖြစ်ရပေတော့မည်။

“ဒီလိုနဲ့ပဲ ပြီးသွားပြီလား”

ပိုင်ယုဟန်သည် ဖြစ်ပျက်သမျှကို ငေးကြည့်နေရင်း တီးတိုးရေရွတ်လိုက်၏။

မူတန်ချင်းသည် ညင်သာစွာ သက်ပြင်းချလိုက်၏။

သူတို့နှစ်ယောက်စလုံးသည် အကုန်လုံးကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရ၏။

အစတုန်းကတော့ မြောက်ပိုင်းဒေသရှိ ပြိုင်စံရှားများသည် တိုက်ပွဲဝင်လိုစိတ် တဖွားဖွားနှင့် တောက်လောင်ပြင်းပြစွာ စုဝေးလာကြ၏။ သို့သော် နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူက တစ်ယောက်တည်းနှင့် သူတို့အားလုံးကို လွှမ်းမိုးခြယ်လှယ်စွာ ဖိနှိမ်သွားပြီးနောက် သူတို့အားလုံးသည် အမြီးကိုကုပ် ခေါင်းကိုငုံ့ကာ စိတ်ပျက်လက်ပျက်နှင့် ကျန်ရစ်ခဲ့ကြရ၏။

ဟင်္သပဒါးသစ်သီးအတွက် တိုက်ပွဲက ဤသို့နှင့်ပင် အဆုံးသတ်သွားပြီလား။

မူတန်ချင်းက တီးတိုး ရေရွတ်လိုက်၏။

“အင်း.. အင်မော်တယ်ကိုးဂိုဏ်း၊ မိစ္ဆာခုနှစ်ဂိုဏ်းနဲ့ ဗုဒ္ဓကျောင်းတော်ခြောက်ကျောင်းက ပြိုင်စံရှားတွေ ဒီနေရာမှာ ရှိနေမှပဲ အဲ့လူကို တားလို့ ရနိုင်တော့မယ်”

“ဒါပေမယ့်လဲ ငါကြားဖူးတာ.. လူသားဧကရာဇ်နန်းတော်အောက်မှာတုန်းက အဲ့ဒီပြန်ဝင်စားမွန်းစတားက အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက ပြိုင်စံရှားတွေ အကုန်လုံးကို အနိုင်ယူခဲ့သေးတယ်ဆို” ပိုင်ယုဟန်က မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်၏။

“အဲ့တုန်းကနဲ့ အခုအခြေနေက မတူဘူးလေ”

မူတန်ချင်းက ခေါင်းခါလိုက်၏။

“အခုချိန်မှာ နတ်ဖီးကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက အစောပိုင်း-ရွှေအမြုတေအဆင့်ပဲ ရှိသေးတယ်ဆိုတာကိုလဲ မမေ့နဲ့”

ဆူဇီမိုက နန်းတော်အပြင်ဘက်သို့ ထွက်ခွာတော့မည့်ဆဲဆဲမှာပင်.. ကမ္ဘာတစ်ခုလုံးကိုပင် ဝါးမျိုဖို့ ခြိမ်းခြောက်နေသလို သားရဲတောကောင်တစ်ကောင်၏ ကျယ်လောင်သည့် ဟိန်းဟောက်သံကြီးက ထွက်ပေါ်လာ၏။

“ဂါး”

အလွန့်အလွန် ကြီးမားလှသည့် ကြမ်းကြုတ်တောကောင်တစ်ကောင်က ဝင်ရောက်လာ၏။ ၎င်းက မြွေနဂါးခေါင်း၊ ကျားကိုယ်၊ မြွေမြီးနှင့် အလွန်တရာထက်ရှသော သွားများကို ပိုင်ဆိုင်ထားပြီး ပါးစပ်မှ သွားရည်များက တများများ ကျနေ၏။ ၎င်း၏ အစွယ်များက ဆိုးယုတ်စွာ တောက်ပနေပြီး အလွန်တရာ တုန်လှုပ်စရာကောင်းနေလေသည်။

ကျားမြွေနဂါး..

အဲ့ဒါက မြွေနဂါးတစ်ကောင်၏ သွေးမျိုးဆက်ရှိသော ရှေးကျသည့် အကြမ်းကြုတ်ဆုံးအဆက်နွယ်တောကောင်များထဲမှ တစ်မျိုးဖြစ်လေသည်။ ကျင့်ကြံမှု အဆင့်မြင့်လာလျှင် ၎င်းက အစစ်အမှန် မြွေနဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလာနိုင်လေသည်။

မြွေနဂါးဖြစ်ပြီးလျှင် သူတို့က နဂါးတစ်ကောင်အဖြစ် ဆက်လက်အသွင်ပြောင်းဖို့ အခွင့်အရေး ရှိလေသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ထိုကျားမြွေနဂါး၏ ကျောပေါ်တွင် လူတစ်ယောက်က စီးနင်းလာခြင်းပင် ဖြစ်လေသည်။

ထိုလူ၏ ခါးပေါ်ရှိ ဂိုဏ်းတံဆိပ်ပြားကို မြင်သောအခါ မုရုံဝူရွှမ်းနှင့် အခြားသူများ၏ အမူအယာက ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

“ရှေးမဟာတော်ဝင်မိသားစု.. သွမ့်မူ”

All Chapters