ကြမ္မာငင်ကာ တွေ့ဆုံခြင်း
Vol. 5 Ch. 57
ဤသလင်းကျောက် အခေါင်းပတ်လည်တွင် သံချေးတတ်နေခဲ့သည့် ကြီးမားလှသော ကြေးနီ မဏ္ဍိုင်လေးတိုင်ရှိနေခဲ့သည်။ ဤ ကြီးမားလှသော ကြေးနီမဏ္ဍိုင်လေးတိုင်မှအပ ခန်းမထဲ၌ အခြားမည်သည့်အရာမှ ရှိမနေခဲ့ပါ။
ဝမ်ဖုန်း၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ကာ သူသည် သလင်းကျောက် အခေါင်းတလားကို အရင် မကြည့်ဘဲ ကြီးမားလှသော ကြေးနီမဏ္ဍိုင်လေးတိုင်တို့ဘက်သို့ လျှောက်သွားခဲ့လိုက်သည်။ အနီးကပ်လာပြီးနောက်တွင် ဝမ်ဖုန်းသည် ကြီးမားလှသော ကြေးနီမဏ္ဍိုင်လေးတိုင်ပေါ်မှ သံချေးတတ်နေသည့်နေရာများတွင် ဆန်းကြယ်သည့် ရေးထွင်းထားမှုများပါ ရှိနေခဲ့သည်ကို တွေ့လိုက်ခဲ့ရသည်။
ဤသို့သော ရေးထွင်းမှုတို့ကို ပထမဆုံးအကြိမ်မြင်လိုက်ရသည့်အခါတွင် ဝမ်ဖုန်းသည် ရုတ်တရက် ခေါင်းမူးလာခဲ့ကာ သူ၏ စိတ်ဝိဉာဉ်သည်ပင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ဝမ်ဖုန်းသည် အလွန် မူးမြောလာသောကြောင့် ထိုအရာတို့ကို မကြည့်တော့ရန် အခြားဘက်လှည့်လိုက်သည့်အခါ၌ပင် ထိုခံစားချက်က ပျောက်ဆုံးသွားခဲ့သည်။ဝမ်ဖုန်းသည် ရေးထွင်းမှုတို့ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ခဲ့သည်။ ယခုအခါတွင် ပုံမှန်တိုင်းသာ ဖြစ်၍ ခုနမှ မူးမြောနေသည်မှာ အထင်မှားသွားခဲ့သလိုပင် ထင်ရသည်။
ဝမ်ဖုန်းသည် ကြီးမားလှသော ကြေးနီမဏ္ဍိုင်ကို လေးလေးနက်နက်ကြည့်လိုက်ကာ ဆက်လက် လေ့လာစောင့်မကြည့်နေတော့ပါ။ ဝမ်ဖုန်းသည် ဤကြီးမားလှသော ကြေးနီမဏ္ဍိုင်နှင့် ဤကြေးနီခန်းမကြီးသည်ပင် ထူးကဲလှသည့် လျှို့ဝှက်ချက်များ သေချာပေါက် ပါဝင်နေခဲ့သည်ကို သိရှိနေခဲ့သော်လည်း သူ၏ လက်ရှိ အမြင်အာရုံနှင့်ဆိုလျှင် သူသည် မည်သည်ကိုမှ မမြင်ရနေခဲ့ပါ။
ထို့နောက်တွင် ဝမ်ဖုန်းသည် သလင်းကျောက် အခေါင်းဘက်သို့ လမ်းလျှောက်သွားခဲ့သည်။ သူသည် အလွန် နှေးကွေးစွာ လမ်းလျှောက်နေခဲ့ခြင်းဖြစ်သည်။ ဝမ်ဖုန်း ခြေလမ်းတစ်လမ်း လှမ်းလိုက်သည့်အခါတိုင်း သူ၏ခန္ဓာကိုယ်ထဲမှ အင်အားတို့သည် လိမ့်တတ်လာခဲ့သည်။
သလင်းကျောက် အခေါင်းသို့ မရောက်သွားခဲ့ခင်တွင် ဝမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဆန်းကြယ်စွမ်းအင်အကာရံ အလွှာတစ်ခု ပေါ်ပေါက်နေခဲ့ပြီဖြစ်ပါသည်. .
ဤ ဆန်းကြယ်သည့် ကြေးနီ ခန်းမကြီးနှင့် သလင်းကျောက် အခေါင်းတလားတို့အား ရင်ဆိုင်နေရာတွင် ဝမ်ဖုန်းသည် အာရုံစိုက်မှု မထား၍ မနေရဲခဲ့ကာ သူသည် မည်သည့်အချိန်၌ဆိုလျှင်ပင် ထွက်ပြေးရန် အသင့်ဖြစ်နေခဲ့သည်။
လူသားတို့သည် ပင်ကိုအားဖြင့် ဆန်းကြယ်သည့် အရာများကို သိချင်စိတ်ရှိကြ၍ မသိရှိထားရသည့် အရာများကို ပိုမိုကြောက်ရွံ့နေတတ်ကြသည်။ ဤအချက်သည် သဘာဝတရားသာဖြစ်လေသည်။
ဝမ်ဖုန်းသည် သလင်းကျောက် အခေါင်းတလားသို့ ကြည့်လိုက်ခဲ့သော်လည်း ထိုအရာအား တွေ့သွားခဲ့သည့်အခါတွင် ဝမ်ဖုန်းသည် အံ့အားသင့်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တောင့်တင်းသွားခဲ့၍ သူသည် တစ်သမတ်တည်း ချထားခဲ့သလိုပင် ငြိမ်သက်နေကာ သလင်းကျောက် အခေါင်းတလားအား ကြောင်တောင်တောင်နှင့် ကြည့်နေခဲ့သည်။
သလင်းကျောက် အခေါင်းတလားထဲတွင် အမျိုးသမီးတစ်ဦး လဲလျောင်းနေခဲ့ကာ ထိုအမျိုးသမီးကို တွေ့လိုက်ရသောကြောင့်ပင် ဝမ်ဖုန်းသည် အံ့အားသင့်သွားခဲ့ခြင်းဖြစ်၍ သူ၏ စိတ်ထဲတွင် ကမ္ဘာကြီးသည် ငြိမ်သက်သွားခဲ့သကဲ့သို့ပင် ဖြစ်ခဲ့သည်။
သလင်းကျောက် အခေါင်းတလားထဲ၌ လဲလျောင်းနေခဲ့သည့် အမျိုးသမီးသည် နှင်းကဲ့သို့ ဖြူဖွေးနေသည့် မြူခိုးတို့နှင့် ဖုံးလွှမ်းနေခဲ့ကာ သူမ၏ နှစ်လိုဖွယ်ကောင်းလှသည့် မည်းနက်ရောင် ဆံနွယ်သည် သလင်းကျောက် အခေါင်းထဲ၌ ပြန့်ကျဲ့နေခဲ့ကာ သူမ၏ ငန်းဥ ပုံသဏ္ဍာန်ရှိနေသည့် မျက်နှာသည် အလွန် တင့်တယ်လှပ၍ ချောမွေ့ပုံရှိနေခဲ့လေသည်။ အနုပညာပန်းပုလက်ရာတစ်ခုကဲ့သို့ပင် သူမ၏ မျက်လုံးတို့အား တင်းတင်းကြပ်ကြပ် မှိတ်ထားခဲ့ရာ အိပ်ပျော်သွားသည့် မင်းသမီးလှလေးနှင့်ပင် ဆင်တူနေခဲ့သည်။
ထိုမိန်းကလေးသည် နှင်းလိုဖြူစွတ်သည့် ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ ခါးသည် မပြည့်တင်းနေဘဲ အားနည်း၍ အရိုးခြောက်ပုံနှင့်ပင် တူနေခဲ့သော်လည်း အလှအပကဏ္ဍတွင်မူ မိန်းကလေးသည် အဆင့်သုံးလောက်တော့ ရှိပေမည်။
ဝမ်ဖုန်းသည် လှပသည့် မိန်းကလေးတို့အား တစ်ခါမျှ မမြင်ဖူးသည်မဟုတ်ပါ။ တကယ်ဆိုလျှင် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းထဲတွင်ပင် အလှအပလေးများစွာ ရှိနေခဲ့၍ ထိုမိန်းကလေးတို့သာ အပြင်ထွက်သွားခဲ့ကြလျှင် လိုက်၍ ပိုးပန်းနေမည့် ယောက်ျားပေါင်း ထောင်ချီရှိနေခဲ့မည်ပင်ဖြစ်သည်။
သို့သော် ဤကဲ့သို့သော မိန်းကလေးမျိုးအား သူ ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းပင်ဖြစ်ပါသည်။ သူမသည် နတ်ဘုရားကမ္ဘာမှ ရောက်ရှိလာခဲ့သည့် နတ်သမီးလေးကဲ့သို့ပင် ဖြစ်သည်။ သူမသည် နယ်နှင်ခံလိုက်ရသည့် အင်မော်တယ်တစ်ယောက်ဖြစ်၍ လောကဒဏ်တို့ကို မခံစားဖူးသကဲ့သို့ပင် နူးညံ့သိမ်မွေ့ပုံပေါက်နေသည်။ ဝမ်ဖုန်း လုံးဝ မမေ့ပျောက်လိုက်နိုင်သည်မှာ သူမ၏ အရေပြားသည် သလင်းကျောက်မှ အလင်းထွက်လာသကဲ့သို့ပင် ရောင်ချည်ဖြာထွက်နေကာ ပလဲလုံးလေးများ ကျောက်မျက်ရတနာများနှင့်ပင် တူညီနေခဲ့သည်. .
ဤမိန်းကလေးအား ကြည့်နေခဲ့ချိန်တွင် ဝမ်ဖုန်းသည် ဤ မည်းမှောင်၍ ကြောက်မက်ဖွယ်ကောင်းနေသည့် ခန်းမကြီးသည် ရုတ်တရက် တောက်ပ၍ မြတ်နိုးဖွယ်ကောင်းလှခဲ့သည်ဟု တွေးနေမိခဲ့သည်။
ဝမ်ဖုန်းသည် ဤမိန်းကလေးသည် အဘယ့်ကြောင့် အိပ်ပျော်နေချိန်တွင်ပင် ကျက်သရေရှိနေခဲ့သည်နှင့် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်လှပတင့်တယ်သည့် စိုပြေခြင်းရှိနေနိုင်သည်ကို မတွေးတောနိုင်ခဲ့သေးပါ။
ဤအချိန်တွင် ဝမ်ဖုန်း၏ စိတ်ထဲတွင် မည်သည်ကိုမျှ မတွေးတောမစဉ်းစားနေခဲ့ပါ။ ဤအမျိုးသမီးသည် ဝမ်ဖုန်းအား မစဉ်းစားနေနိုင်လောက်အောင်ပင် အံ့အားသင့်သွားစေခဲ့သည်။ သူ၏နှလုံးသည်လည်း ပုံမှန်ထက် အလွန်ပို၍ခုန်နေကြောင်းကိုတော့ ပြောစရာပင်မလိုပါ။
ဝမ်ဖုန်းနှင့် ဤမိန်းကလေးသည် တစ်ဦးနှင့်တစ်ဦး သိရှိရင်းနီးနေသကဲ့သို့ပင် ဝမ်ဖုန်းသည် ရှေးဟောင်းနတ်ဘုရားနယ်မြေ နက်ထဲသို့ ဤအမျိုးသမီးအတွက် လာရောက်ခဲ့သကဲ့သို့ပင် ဤအခြေအနေသည် ကံကြမ္မာငင်ကာ တွေ့ဆုံလိုက်ခြင်းလို ဖြစ်ပေါ်နေခဲ့သည်။
မူလကဆိုလျှင် ဝမ်ဖုန်းသည် ယောင်ယွဲ့သာ အလွန် အေးတိအေးစက်မနိုင်ခဲ့ပါက သူမ၏ အလှတရားသည် လူသူများကိုပင် အတွေးထဲ နစ်မြောသွားနိုင်သည်ဟု ထင်မြင်ထားခဲ့သော်လည်း ဤအချိန်မတိုင်ခင်အထိ ဝမ်ဖုန်းသည် နတ်ဘုရားများအပါအဝင် သတ္တဝါများအားလုံးကိုပါ ယစ်မူးသွားစေသည့် အလှတရားမျိုးရှိနေခဲ့သည်ကို မသိမြင်ထားခဲ့ပါ. .
ဝမ်ဖုန်း၏ နှလုံးခုန်နှုန်းသည် အလွန့်အလွန် မြန်ဆန်နေခဲ့ပေသည်။ သူသည် သူ၏နှလုံးသားသည် ရင်ဘက်မှ ခုန်ထွက်လာခဲ့တော့မတက်ပင် ထင်နေခဲ့သည်။ ဝမ်ဖုန်းသည် သူ၏လက်များ ဆန့်ထုတ်လိုက်ကာ သလင်းကျောက် အခေါင်းအား ထိကိုင်လိုက်ပြီးနောက် အနည်းငယ် အရှိန်လျှော့လိုက်ခဲ့သည်။
သလင်းကျောက်အခေါင်းတလားပေါ်တွင် ဝမ်ဖုန်းသည် ထိုအမျိုးသမီး အသက်ရှူနေသည်ကို မခံစားရသလို သူမ၏ နှလုံးခုန်နှုန်းကိုလည်း မခံစားလိုက်ရခဲ့ပါ။ဝမ်ဖုန်းသည် ထိုအမျိုးသမီး အသက်ရှင်နေသေးသလားကို သိချင်နေမိသည်။
ဤမိန်းကလေးသည် ဤသလင်းကျောက် အခေါင်းတလားထဲ၌ အဘယ့်ကြောင့် လဲလျောင်းနေသည်ကို မတွေးနေချင်ခဲ့ကာ အမျိုးသမီး၏ ဇစ်မြစ်ကိုလညိး မစဉ်းစားနေချင်ခဲ့ပါ။ သူသည် ထိုအမျိုးသမီးသည် အသက်ရှင်နေသေးသလားကိုသာ သိချင်နေမိပါသည်။
ထို့ကြောင့် ဝမ်ဖုန်းသည် သလင်းကျောက် အခေါင်းအား တွန်းဖွင့်လိုက်ခဲ့သည်။ သူ့အပေါ်သို့ အန္တရာယ်ရှိလာမလားကိုကိုလည်းမသိပါ။
ထိုသို့ တွန်းဖွင့်လိုက်ရာ သလင်းကျောက်အခေါင်းတလားသည် မည်သည့်အတားအဆီးများ မရှိကာ ပွင့်သွားခဲ့ပါသည်။
သလင်းကျောက်အခေါင်းတလား ပွင့်သွားသည့်အခါတွင် ဝမ်ဖုန်းသည် အမျိုးသမီးလေးအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရခဲ့ကာ တပြိုင်နက်တည်း သူသည် မူးယစ်စေသည့် အနံ့တစ်ခုကိုပင် အနံ့ခံလိုက်ရခဲ့သည်။
ဤကဲ့သို့ တိတ်ဆိတ်နေခဲ့သည့် ခန်းမထဲတွင် သူ၏ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် အပ်တစ်ချောင်းကျသွားသည်ကိုပသ် ကြားရနိုင်သော်လည်း ဝမ်ဖုန်းသည် သူမ၏ နှလုံးခုန်သံကိုလည်းကောင်း အသက်ရှူနေသံကိုလည်းကောင်း မကြားခဲ့ရပါ။
ဤအချိန်တွင် ဝမ်ဖုန်း၏ မျက်လုံးများသည် ညိုမှိုင်းနေခဲ့သည်။ နတ်မိမယ်ကဲ့သို့သော ဤအမျိုးသမီးသည် ဆုံးပါးနေခဲ့ပါသလား? ထိုမှအပ သူမသာ မသေဆုံးသေးခဲ့ပါက သူမသည် ဤကဲ့သို့သော သလင်းကျောက် အခေါင်းတလားထဲ၌ ရှိနေခဲ့မည်မဟုတ်ပါ။ ဤအရာသည် သူမ၏ သင်္ချိုင်းဂူပင် ဖြစ်ရလေမည်။
ဝမ်ဖုန်းသည် ခေါင်းခါလိုက်ခဲ့သည်။ သူသည် ဤမြင်ကွင်းအား မြင်တွေ့လိုက်ရပြီးသည့်နောက်ပိုင်းတွင် ဤမိန်းကလေး၏ အလှတရားအား သူ၏တစ်ဘဝလုံး မေ့ပျောက်သွားမည်မဟုတ်ကြောင်း သိနေခဲ့လေသည်။ ဝမ်ဖုန်းသည် ထိုအမျိုးသမီးအား နောက်တစ်ကြိမ် ကြည့်ရှုလိုက်ခဲ့၍ သလင်းကျောက် အခေါင်းကို ပြန်ပိတ်လိုက်ရန် လုပ်ဆောင်လိုက်သည်။
သူသည် ရှေးဟောင်းနတ်ဘုရားနယ်မြေ နက်ထဲသို့ လာရောက်ခဲ့ကာ မည်သည့်ရတနာကိုမျှ မရရှိလိုက်ခဲ့သော်လည်း ဝမ်ဖုန်းသည် ဤမြင်ကွင်းသည် သူ၏ တစ်သက်လုံးတွင် အကောင်းဆုံး အမှတ်တရများမှ တစ်ခုပင် ဖြစ်ရမည်ဟု တွေးလိုက်မိပါသည်။ ဤကဲ့သို့ ခရီးထွက်လာခဲ့ရခြင်းသည် အလကားမဟုတ်ခဲ့ပါ။
ဝမ်ဖုန်းသည် သလင်းကျောက် အခေါင်းကို ပြန်ပိတ်ရန် လုပ်နေသည့်အခါတွင်ပင် သူသည် အလွန် အံ့ဩသွား၍ ရုတ်တရက် ကြောင်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ဤအချိန်တွင် မူလက မှိတ်ထားခဲ့သည့် မျက်လုံးများသည် ပွင့်သွားခဲ့ကာ ထိုမျက်လုံးများသည် လင်းလက်နေ၍ ညဘက်ကောင်းကင်ကြီးပေါ်ရှိ တောင်ပနေသော ကြယ်ကလေးများနှင့် တူနေခဲ့ကာ အမှတ်တမဲ့ကြည့်လိုက်သည်ဆိုပါက လူသူတို့ပင် မေ့မြောသွားနိုင်လောက်သည်။
သူတို့နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက်ကြည့်နေကြခဲ့ရာ ဝမ်ဖုန်းသည် အကြည့်လွှဲလိုက်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနည်းငယ် တောင့်တင်းနေခဲ့သည်။ဝမ်ဖုန်းသည် ယခုပင် နိုးကြားလာခဲ့သည့် အမျိုးသမီးအား မည်သို့ ရင်ဆိုင်ရမည်ကို မသိနေခဲ့၍ သူ၏စိတ်ထဲတွင်လည်း မည်သည့်အကြံမှ မပေါ်လာခဲ့ပါ။
“ယောက်ျား!”
ဝမ်ဖုန်း အကြည့်လွှဲလိုက်သည့်အခါတွင် နူးညံ့၍ သေးငယ်သော အသံကို ရုတ်တရက် ကြားလိုက်ရခဲ့သည်။ ဝမ်ဖုန်းသည် ဤအသံအား ကြားလိုက်ရချိန် ချက်ချင်းတွင် သူသည် ဤကဲ့သို့ သာယာလှသည့် အသံသည် ဤအမျိုးသမီး ၏အသံပင်ဖြစ်ရမည်ဟု သိရှိနေခဲ့သည်။
ထိုစကားလုံးများ ပြောလိုက်ခဲ့သည်နှင့်ပင် ဝမ်ဖုန်းအား ခဏတာ ဆက်၍ ဤနေရာ၌ နေနေလိုက်စေသည်။
သူသည် ကောင်မလေးအား ကြည့်လိုက်၍ သူမ ပြုံးနေသည်ကို မြင်တွေ့လိုက်ရပါသည်။
သူမပြုံးလိုက်သည့်အခါတွင် ထိုမိန်းကလေး၏ ပါးစပ်ထောင့်စွန်းတွင် သစ်တော်သီးပုံ ပါးချိုင့်ရှိနေခဲ့၍ ထိုတောက်ပနေသည့် မျက်လုံးတို့ကို မှေးလိုက်သည့်အခါတွင် လခြမ်းလေးများနှင့် တူလေသည်။ သူမသည် အလွန် အားရကျေနပ်ပုံနှင့် ပြုံးနေခဲ့ရာတွင် အလွန် ချစ်စဖွယ်ကောင်းကာ ပျော်ရွှင်နေခဲ့လေသည်။
“ခင်ဗျား…. ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာလဲ?”
ဝမ်ဖုန်းသည် စိတ်ထဲ၌ ရှုပ်ထွေးသွားခဲ့ကာ သူသည် ရှင်းရှင်းလင်းလင်းပင် စကားမပြောနိုင်ခဲ့ပါ။
ဝမ်ဖုန်း ဤကမ္ဘာသို့ ရောက်လာခဲ့သည့်အချိန်မှစ၍ သူသည် ပထမဆုံးအကြိမ် ဤလောက် စိတ်ရှုပ်ထွေးနေကာ နားမလည်နိုင်ခဲ့ခြင်းပင်ဖြစ်လေသည်။
“ယောက်ျားလို့!”
ဤကောင်မလေးသည် ရယ်မောရသည်ကို အလွန် ကြိုက်နှစ်သက်ပုံရှိ၍ သူမသည် စကားပြောတိုင်း ပြုံးကာပြောသည်။ လီဝူ သည် အလွန် တင့်တယ်လှကာ သူမ၏ မျက်လုံးများသည် မှေးလိုက်သည့်အခါတွင် လခြမ်းလေးများနှင့် ဆင်တူသွားသည်မှာလည်း ချစ်စရာကောင်း၍ ကရုဏာသက်စေသည်။
“မင်း…. ယောက်ျားဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာ သိရဲ့လား?”
တကယ်တော့ ဝမ်ဖုန်းသည် စိတ်ထဲတွင် ကြိတ်ပျော်ရွှင်နေခဲ့သော်လည်း သူသည် ဤကဲ့သို့ နူးညံ့၍ တက်ကြွနေသည့် ကောင်မလေးအား ကြည့်နေခဲ့ကာ မေးမြန်းလိုက်ခဲ့သေးပါသည်။
သူမသည် ဤကမ္ဘာ၏ နတ်မိမယ်မလေးတစ်ယောက်နှင့် တူလှကာ မနာခံမှုအကြောင်း စကားတစ်ခွန်းမျှ အဆိုးမဆိုချင်ရလောက်အောင်ပင် လှပတင့်တယ်လှလေသည်။
“ဒါပေါ့, ယောက်ျားဆိုတာ ခင်ပွန်းပေါ့ရှင်။ တစ်ဘဝလုံးမှာ တစ်ယောက်ပဲ ရှိထားရမယ့် ခင်ပွန်းလေ"
ကောင်မလေးသည် ပြုံးကာ ပြန်ဖြေလိုက်သည်။ သူမသည် တကယ်ပင် ရယ်မောရခြင်းကို ကြိုက်နှစ်သက်သည် ပြောရမည်။ ဝမ်ဖုန်းသည်လည်း သူမ၏ ရယ်ပြုံးပုံသည် ရိုးရှင်းကာ ရ်ိုးသားလှသောကြောင့် ကြိုက်နှစ်သက်လှသည်။
“ဟုတ်တာပေါ့, တစ်ဘဝလုံးမှာ တစ်ယောက်တည်းပဲ ရှိနေနိုင်တာဆိုတော့ အခုကစပြီး ငါက မင်းခင်ပွန်းဖြစ်သွားပြီနော်!”
ဝမ်ဖုန်းသည် ခေါင်းညိတ်ကာ ပြောခဲ့လိုက်သည်။ သူ၏ စိတ်ထဲတွင် အပြစ်တစ်ခုလုပ်လိုက်ခဲ့သလို ခံစားလိုက်ရကာ ဝမ်ဖုန်းသည် ဤသို့ပြုလုပ်လိုက်ခြင်းသည် လူခိုးခေါ်မှုမြောက်ပါသလားကိုလည်း မသိနေခဲ့ပါ။ အင်း မဟုတ်လောက်ပါဘူးလေ၊ ငါ့ကို ယောက်ျားလို့ လာခေါ်ပြီး ငါကလည်း သဘောတူလိုက်တာရုံပဲလေနော်။
ဝမ်ဖုန်းပြောလိုက်သည်တို့ကို ကြားလိုက်ရသည့်အခါတွင် ကောင်မလေးသည် ထပ်၍ ရယ်မောလိုက်ကာ မေးမြန်းလိုက်ခဲ့သည်။
“ကျွန်မနာမည်က 'ယဲ့မူချင်း’ ပါရှင့်, ယောက်ျား နာမည်ကရော?”
“ဝမ်ဖုန်းပါ!”
ကောင်မလေးသည် ရယ်ပြုံးသည့်အခါတွင် တကယ်ပင် အလွန် လှပလေသည်။ ဝမ်ဖုန်းသည် ကောင်မလေး၏ အပြုံးကို ကြည့်လိုက်လေလေ စိတ်ထဲတွင် အပြစ်ကျူးလွန်ခဲ့သလို မခံစားရတော့လေလေဖြစ်နေသည်။
“ မူချင်း , မင်း ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ?”
ဝမ်ဖုန်းသည် အရှက်မရှိသည့်ပုံနှင့် မေးလိုက်ခဲ့သည်။ရင်းနီးကျွမ်းဝင်မှူဆိုသည်မှာ နာမည်လေးတစ်ခုနှင့် စတင်ရမည်ပင်ဖြစ်သောကြောင့် ဝမ်ဖုန်းသည် နာမည်အတိုက်ကောက်သုံး၍ မေးလိုက်ခဲ့သည်။
“ကျွန်မလည်း မသိဘူး။"
ယဲ့မူချင်းသည် တည့်တည့်မတ်လိုက်၍ သူမ၏ ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ ပြန်ပြုံးလိုက်၍ ပြောလိုက်ခဲ့သည်။
ဝမ်ဖုန်းသည် ဆက်၍ မမေးမြန်းခဲ့ပါ။ သူသည် သူ့အရှေ့မှ ကောင်မလေးကို ကြည့်လိုက်၍ ပြုံးသာပြုံးခဲ့သည်။ ဝမ်ဖုန်းသည်လည်း အဘယ်ကြောင့်ဆိုသည်ကို မသိသော်လည်း သူတို့နှစ်ဦးသည် ဟိုးအရင်ကတည်းကပင် တစ်ဦးနှင့်တစ်ဦး သိရှိရင်းနီးနေခဲ့ကြသကဲ့သို့ပင် ဖြစ်နေခဲ့လေသည်။
သို့သော်လည်း ဝမ်ဖုန်းသည် ဤကောင်မလေးအား သူ လုံးဝမမြင်ဖူးသည်ကိုလည်း လုံးဝသေချာသည်ဟု ထင်မြင်နေခဲ့သည်။ယဲ့မူချင်းကဲ့သို့သော ကောင်မလေးအား ကြည့်မိခဲ့ဖူးသူသည်လည်း သူမအား သတိမရဘဲ မေ့နေရန်မှာ လုံးဝ မဖြစ်နိုင်ပါ။
အရေးကြီးဆုံးအချက်သည် ဝမ်ဖုန်းသည် ဤကောင်မလေးက သာမန်သေမျိုးတစ်ယောက် ဖြစ်နေသကဲ့သို့ပင် သူမထံမှ ဆန်းကြယ်စွမ်းအင်အတက်အကျရှိနေမှု လုံးဝ မခံစားလိုက်ရခြင်းသာဖြစ်ပါသည်။
သို့သော် ကောင်မလေးသည် ရှေးဟောင်းနတ်ဘုရားနယ်မြေအတွင်း၌ ရှိနေ၍ ဤကြေးနီခန်းမကြီးထဲရှိ သလင်းကျောက် အခေါင်းတလားထဲ၌ လဲလျောင်းနေခဲ့သည်ပင်ဖြစ်သောကြောင့် သူမသည် မည်ကဲ့သို့ပင် သာမန်လူတစ်ဦး ဖြစ်နိုင်နေပါ့မည်နည်း?
ဤကိစ္စအချက်တိုင်းသည် ထူးဆန်းနေခဲ့သော်လည်း ဝမ်ဖုန်းသည် ထိုအရာများအကြောင်း မစဉ်းစားနေခဲ့ကာ ဆက်လက်၍လည်း မရှာဖွေ့ခဲ့ချင်ပါ။ ယခုအချိန်တွင် ကောင်မလေးသည် ဝမ်ဖုန်း၏ ဇနီးပင်ဖြစ်သည် သူသည် ကောင်မလေး၏ ခင်ပွန်းပင်ဖြစ်နေ၍ ဤမျှနှင့် လုံလောက်လေပြီ။
ဤကဲ့သို့သော တရုတ်စကားပုံတစ်ခုရှိနေခဲ့သည် : ပျိုနီပန်းပင် တစ်ပင်အောက်တွင် ဆုံးပါးသွားခဲ့လျှင်ပင် သရဲတစေဖြစ်လာရသည်ဆိုရင်တောင်မှ ကြည်နူးဖွယ်ရာ ကောင်းလှသည်။
ဝမ်ဖုန်းသည် ယခင်ကဆိုလျှင် ဤစာကြောင်း၏အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့သော်လည်း ယခုမှသာ နားလည်သဘောပေါက်သွားခဲ့ပေသည်။ ထိုမှအပ ဝမ်ဖုန်းသည် ဤကောင်မလေးသည် သူ့အား လုံးဝ အန္တရာယ်မပေးဟု သေချာပေါက် ယုံကြည်နေခဲ့သည်။ ဤကဲ့သို့ ခံစားနေရခြင်းကို ရှင်းပြ၍မရနိုင်သော်လည်း သူ၏ နှလုံးသားထဲမှ နက်ရှိုင်းစွာ ခံစားနေရခြင်းဖြစ်ပါသည်။
“ယောက်ျားရေ, ကျွန်မကို ဆွဲထုတ်ပေးဦးလေ!”
ဝမ်ဖုန်းသည် တွေးတောနေသည့်အချိန်တွင် ယဲ့မူချင်း သည် ဝမ်ဖုန်းအား တက်ကြွစွာနှင့် ကြည့်နေလိုက်ခဲ့ကာ သူမ၏ ဖြူဖွေးလှသည့် လက်သွယ်လေးများကို ဆန့်ထုတ်လိုက်ကာ ထိုလက်များကို ခါလိုက်ခဲ့သည်။
ဝမ်ဖုန်းသည် ကောင်မလေး၏ လက်ဖဝါးအား ကိုင်တွယ်ရန် လက်ဆန့်ထုတ်လိုက်ကာ သူမအား နူးညံ့စွာနှင့် ဆွဲ မ လိုက်သည့်အခါတွင် ထိလိုက်သည်နှင့် နူးညံ့၍ နွေးထွေးနေသည်ကို ခံစားလိုက်ခဲ့ရသည်။ လက်ကိုင်တွဲရခြင်းသည်ပင် ဝမ်းသာစရာအရာတစ်ခုဖြစ်နေခဲ့သည်။
ကောင်မလေး၏ မျက်နှာသည် ရုတ်တရက် ရှက်သွေးဖြာလာခဲ့ကာ ထို ပါး၏ ပန်းသွေးရောင်သည် အလွန် လှပ၍ ကောင်မလေး၏ ရှက်ကိုးရှက်ကမ်းဖြစ်နေပုံလေးသည် ကရုဏာသက်စေလေသည်။
ကောင်မလေးသည် သူမ၏ လက်များ ပြန်ရုတ်သိမ်းလိုက်သည့်အခါတွင် ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်ကြည့်လိုက်၏။ ကောင်မလေး၏ လက်နှစ်ဖက်နောက်၌ သင်္ကေတတစ်ခုကို ရေးထွင်းထားသည်ကို တွေ့လိုက်ရခဲ့သည်။
(ကျိန်စာသင်္ကေတလို့ထင်တာပဲ)
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဝမ်ဖုန်းသည် သူ၏ဦးခေါင်းသည် ပေါက်ကွဲသွားတော့မည်ဟု ချက်ချင်း ခံစားလိုက်ရသည်။ သူ၏နဖူးပေါ်တွင် ဇောချွေးများ ပြန်လာခဲ့သည်။ သူသည် မြန်မြန်ဆန်ဆန်ပင် အကြည့်လွှဲလိုက်သော်လည်း ကြောက်ရွံ့မှုကို ခံစားနေခဲ့ရဆဲပင်ဖြစ်သည်။
“ယောက်ျား, ကြည့်မနေနဲ့တော့။”
ဝမ်ဖုန်း ပုံမှန်မဟုတ်တော့ပုံကို တွေ့လိုက်ရသည့်အခါတွင် ကောင်မလေးသည် သူမ၏လက်အား ဆန့်ထုတ်လိုက်၍ ဝမ်ဖုန်း၏ နဖူးပေါ်မှာ ဇောချွေးပြန်နေသည်တို့ကို သုတ်ပေးလိုက်ခဲ့သည်။ ဤတစ်ခါတွင် သူမသည် အလွန် တည်ငြိမ်စွာနှင့် စကားပြောလိုက်ခဲ့ရာ ပြုံးလည်းမပြုံးနေခဲ့ပါ။
“ချင်းအာ က ဒါ ဘာလဲဆိုတာ သိလား!"
ဝမ်ဖုန်းသည် သူ၏ အရှေ့မှ မိန်းကလေးအား ကြည့်၍ သူသည် အရှက်မရှိစွာနှင့် မေးလိုက်ခဲ့ရာ နှလုံးသားသည် တည်ငြိမ်နေသော်လည်း သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့လေသည်။
“ လမ်းစဉ် နှစ်မျိုးရှိတယ်လေ။ ဘယ်ဘက်က လမ်းစဉ်က ပြီးနေပြီး ညာဘက်က တစ်ခုကတော့ အစပိုင်းပဲရှိသေးတာ!”
ယဲ့မူချင်း သည် သူမ၏ ဖြူဖွေးလှသည့် လက်အား ခါလှုပ်လိုက်၍ သိမ်မွေ့စွာပြောခဲ့လိုက်လေသည်။
“လမျးစဥျတဲ့လား?”
ဝမ်ဖုန်းသည် အနည်းငယ် ကြောင်သွားခဲ့သည်။ ဓားနှင့်များ ဆင်တူနေနိုင်ခဲ့ပါသလား? သို့်မဟုတ် ကျင့်ကြံမှု နည်းလမ်းတစ်ခုပင်ဖြစ်နေပါသလား?
“ဟုတ်တယ်လေ, အရမ်း ကောင်းတာလေ။ နောက်ကျရင်တော့ ချင်းအာ က ယောက်ျားကို ကာကွယ်ပေးမှာပါနော်!”
ယဲ့မူချင်း သည် ဂုဏ်ယူဝင့်ကြွားစွာနှင့် ပြောလိုက်ခဲ့သည်။ သူသည် မားမားမတ်မတ်ရပ်နေခဲ့ကာ တင့်တယ်လှ၍ တတ်ကြွနေသောကြောင့် ဝမ်ဖုန်း၏ အသက်ရှူနှုန်းအား မတည်မငြိမ်ဖြစ်နေစေခဲ့သည်။
“ဟုတ်ပါပြီဗျာ!"
ဝမ်ဖုန်းသည် ပြုံးကာ ခေါင်းညိတ်လိုက်ခဲ့သည်။ ဤသို့ ရှေးဟောင်းနတ်ဘုရားနယ်မြေ သို့ လာခဲ့သည့် ခရီးတွင် သူ့ဘဝ၏ အရေးကြီးဆုံး၊ အဖိုးအတန်ဆုံး ရတနားအား ရရှိလိုက်ခဲ့လေပြီ။ ထိုအရာသည် သူ၏ဘဝတွင် မည်သို့မျှပင် လက်မလျှော့နိုင်သည့် ရတနာတစ်ပါးပင်ဖြစ်နေသည်။
ဝမ်ဖုန်းသည် သူ၏ဘေးမှ ကောင်မလေးအား ကြည့်လိုက်ကာ သိမ်မွေ့စွာနှင့် ပြောလိုက်ခဲ့လေသည်။
“အနာဂတ်မှာလေ မင်း ယောက်ျား ဘယ်သွားသွား မင်းက လိုက်လာနိုင်မှာလား?”
“အင်း, ဟုတ်တယ်လေ။ ယောက်ျား ဘယ်သွားသွား မိန်းမက လိုက်မှာပေါ့ရှင့်။”