အဖြစ်အပျက် 2 ခု ဖြစ်လာခဲ့ခြင်း
Vol. 5 Ch. 59
ဤ ဂိုဏ်းကြီးများသည် အလွန် အံ့အားသင့်သွားခဲ့ပြီးနောက်တွင် တစ်ဦးကိုတစ်ဦး ကဲ့ရဲ့ရှုံ့ချနေပုံနှင့် ကြည့်လိုက်ခဲ့ကြသည်။ သူတို့သည် တော်ဝင်မင်းသား၏ဘက်၌ အချိန်အတော်အတန် ကြာကြာ ရှိနေခဲ့ကြခြင်းဖြစ်သောကြောင့် မင်းသား၏ စရိုက်အား သေသေချာချာ သိနေခဲ့ကြသည်။
အိမ်ရှေ့စံမင်းသားသာ ဂုဏ်ပုဒ်ဆုံးရှုံးသွားခဲ့မည်ဆိုပါက သေခြင်းတရားသည် ရောက်လာတော့မည်ဖြစ်ပေသည်။
“ဟ,ဒီ ရှန်ရှန့်ကျုံဂိုဏ်းက တကယ်ပဲ နတ်ဆိုးချိပ်ပိတ်ခြင်း အဆင့် ထိပ်ဆုံး အဆင့်သုံးတောင် ရသွားတယ်ပေါ့လေ?”
“မင်းသားကိုတောင် ကျော်သွားကြပြီဟ။”
“ဒီရှန်ရှန့်ကျုံဂိုဏ်းက ဘာလဲကွ? အဲ့က တပည့်တွေအားလုံးက အားကြီးကြတာပဲလား?”
“လင်းဖေးဝူ, ဒီနာမည်က မရင်းနီးနေဘူးလား?”
နတ်ဆိုးချိပ်ပိတ်ခြင်း နယ်မြေမှ ပြန်ရောက်လာကြသည့် လူငယ်မျိုးဆက်တို့သည်လည်း နတ်ဆိုးချိပ်ပိတ်ခြင်း စာရင်းအား မြင်သွားခဲ့သည့်အခါတွင် အလွန် အံ့အားသင့်သွားခဲ့ကြလေသည်။ သူတို့သည် မင်းသားကိုကြည့်လိုက်ပြီးနောက် အနောက်မှ လင်းဖေးဝူနှင့် အခြားသူတို့ကိုကြည့်လိုက်ပြန်ကာ တီးတိုးပြောဆိုနေကြသည်။
မင်းသား ယုဖေးသည် ဤသို့ဆွေးနွေးနေသည်ကို ကြားလိုက်ရသည့်အခါတွင် သူ၏မျက်နှာသည် ပို၍ပင် မှောင်နက်လာခဲ့သည်။ သူသည် စကားမပြောခဲ့ကာ လမ်းဆုံမှ ဂိုဏ်းကြီးအချို့ရှိနေခဲ့သည့် မြင့်မားသော စင်မြင့်ဘက်ကိုသာ ပျံသန်းသွား၍ မည်သည်မျှမပြောကာ ထိုင်ချလိုက်ခဲ့သည်။
ထိုဂိုဏ်းကြီး အင်အားကြီးပုဂ္ဂိုလ်တို့သည် ယခင်တွင် မစဉ်းစားမိခဲ့ကြသော်လည်း ထိုဂိုဏ်းကြီးလူငယ်မျိုးဆက်တို့ လင်းဖေးဝူအကြောင်း ပြောနေခဲ့ကြသည်ကို ကြလိုက်ရသည့်အခါတွင် သူတို့အားလုံးသည်လည်း လုံးဝ အံ့ဩသွားခဲ့ကာ သူတို့မျက်နှာပေါ်တွင် လန့်ဖြတ်သွားပုံပေါ်နေခဲ့လေသည်။
ဒီရှန်ရှန့်ကျုံဂိုဏ်းက လင်းမျိုးရိုးရဲ့ အကြွင်းအကျန်မျိုးဆက်ကို လက်ခံရဲတယ်ပေါ့လေ?
ဤဂိုဏ်းကြီး အင်အားကြီးပုဂ္ဂိုလ်တို့သည် နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံပြီးသည်အထိ စောင့်နေခဲ့ကြရန် စီစဉ်ထားခဲ့ကြသော်လည်း ရှန်ရှန့်ကျုံဂိုဏ်းနှင့် နီးစပ်နေခဲ့ကြသည့် ဂိုဏ်းကြီးများသည် သူတို့အား ရုတ်တရက် လက်ခံလာကြကာ လင်းမျိုးရိုး၏ အကြွင်းအကျန်မျိုးဆက်သည်ပင် သူတို့အားလက်ခံလိုက်ရဲခဲ့သည်။ ဤရှန်ရှန့်ကျုံဂိုဏ်းသည် ဥက္ကာပျံကဲ့သို့ပင် ဖြစ်နေကာ တစ်ခါတည်းသာ ချက်ချင်း အောင်မြင်သွားခဲ့ပုံပေါက်နေသည်။
ထျန်းရှင်းဂိုဏ်းမှ တာအိုဝတ်ရုံဝတ်ဆင်ထားသည့် လှပတင့်တယ်သော အမျိုးသမီးသည် လီထျန်းရှင်းသည် အိမ်ရှေ့စံမင်းသား ယုဖေးနှင့် မနေခဲ့သည်ကိုတွေ့လိုက်ရကာ ထိုအစား ရှန်ရှန့်ကျုံဂိုဏ်းမှ သူများနှင့် နေခဲ့သည်ကို တွေ့လိုက်ရသည့်အခါတွင် သူမ၏မျက်နှာသည် ရုတ်တရက် မှောင်မည်းလာခဲ့သည်။
ထျန်းရှင်းဂိုဏ်းရဲ့ ဆန္ဒကို ချိုးဖောက်ပြီး ဒီထိုင်ခုံရဲ့ ဆန္ဒကိုလည်း ချိုးဖောက်လိုက်ရဲတယ်ပေါ့လေ, သေချင်နေတာပဲ!
တာအိုဝတ်ရုံဝတ်ဆင်ထားသည့် လှပတင့်တယ်သည့် အမျိုးသမီးသည် စိတ်ထဲတွင် ဟိန်းဟောက်လာခဲ့ကာ အလွန် ဒေါသထွက်နေခဲ့သည်။ သူမသည် လီထျန်းရှင်းသည် သူမပြောစကားကို နားမထောင်ရဲမည်ဟုမထင်ထားခဲ့ပါ။ မည်ကဲ့သို့ပင် နားမထောင်ရဲပါ့မည်နည်း?
လီထျန်းရှင်းသည်လည်း လှပတင့်တယ်သည့် အမျိုးသမီး ဒေါသထွက်နေပုံပေါက်သည်ကို သတိထားမိနေခဲ့သော်လည်း သူမသည် ထိုအမျိုးသမီးအား အာရုံမစိုက်နေကာ လင်းဖေးဝူနှင့် အခြားသူတို့နောက်မှသာ တိတ်တဆိတ်နှင့် ချီမိန်ချွှေရွှယ်နှင့် အခြားသူများဘက်သို့ လိုက်သွားနေခဲ့သည်။
လင်းဖေးဝူနှင့် အခြားသူတို့သည် ချီမိန်ချွှေရွှယ်တို့ဘက်သို့ ရောက်လာသည့်အခါတွင် ချီမိန်ချွှေရွှယ်သည် မျက်လုံးဖွင့်ကြည့်လိုက်သည်။ လင်းဖေးဝူနှင့် အခြားသူများဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် မုယွင်ဖေးကိုကြည့်ကာရပ်တန်းသွားခဲ့သည်။
“ဂိုဏ်းချုပ်က ရှေးဟောင်းနတ်ဘုရားနယ်မြေနက်ထဲကို ဝင်သွားပါတယ်။”
ချီမိန်ချွှေရွှယ်၏ အကြည့်ကို တွေ့လိုက်ရသည့်အခါတွင် မုယွင်ဖေးသည် နားလည်သဘောပေါက်သွားပုံနှင့် အသံနိမ့်နိမ့်နှင့် ပြောလိုက်ခဲ့လေသည်။
ချီမိန်ချွှေရွှယ်သည် ခေါင်းညိတ်လိုက်ကာ စကားမပြောဘဲ မျက်လုံးပြန်မှတ်လိုက်၍ အနားဆက်ယူနေလိုက်ခဲ့သည်။
ချီမိန်ချွှေရွှယ်အား ဤကဲ့သို့မြင်လိုက်ရသည့်အခါတွင် မုယွင်ဖေးနှင့် အခြားသူတို့သည် တစ်ဦးကိုတစ်ဦး အကူအညီမဲ့ပုံနှင့် ကြည့်နေကြခဲ့သည်။ သူတို့သည် နတ်ဆိုးချိပ်ပိတ်ခြင်း အဆင့်တွင် ပထမနေရာကို ရသွားနိုင်ခဲ့သောကြောင့် ဂိုဏ်းအကြီးအကဲများ ချီးမွန်းသည်ကို ခံကြရမည်ဟုထင်နေခဲ့ကြသော်လည်း ယခုတွင်မူ သူတို့သည် အလွန်အမင်း ချဲ့တွင်တွေးထားပုံပင်ပေါက်နေခဲ့သည်။
ဝူနျာန်သည် မုယွင်ဖေးနောက်၌ ရပ်နေခဲ့ကာ သူသည် ဂိုဏ်း၏ အင်အားကြီးသူများကို ကြည့်နေခဲ့သည်။ ဤပုဂ္ဂိုလ်အား မြင်လိုက်ရသည့်အခါတွင် ဝူနျာန်သည် လုံးဝ တုန်လှုပ်သွားခဲ့ကာ သူ၏မျက်နှာ၌ အနည်းငယ် တွန့်ဆုတ်နေပုံ ပေါ်လာခဲ့သော်လည်း ပြန်လည် တောင့်မတ်လာရန်အတွက် အချိန် သိပ်မကြာခဲ့ပါ။
ထိုပုဂ္ဂိုလ်သည် သင်္ကန်းဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် ဘုန်းကြီးတစ်ပါးဖြစ်ကာ ဝူရှန်းဂိုဏ်း၏ အကြီးအကဲကြီးပင်ဖြစ်ပါသည်။
“အကြီးအကဲဗျ, ကျွန်တော် ရှန်ရှန့်ကျုံဂိုဏ်းထဲဝင်ဖို့ ဆုံးဖြတ်လိုက်ခဲ့ပါတယ်။”
အချိန်အနည်းငယ် စဉ်းစားပြီးသည့်နောက်တွင် ဝူနျာန်သည် ဝူရှန်းဂိုဏ်းအကြီးအကဲကြီးအား စိုက်ကြည့်လိုက်ကာ အသံတစ်ဆင့်ပို့ပေးလိုက်ခြင်းကို အသုံးပြု၍ ပြောလိုက်ခဲ့သည်။
ဝူနျာန်သည် အသံတစ်ဆင့်ပို့ပေးလိုက်သည့်အခါတွင် ဧကရီယင်၏ နားရွက်တို့သည် အနည်းငယ် လှုပ်ရှားသွားခဲ့ကာ သူ၏ပါးစပ်စွန်းသည် တွန့်သွားခဲ့၍ ပြုံးလိုက်ကာ ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့သည်လည်း အနည်းငယ် ရွေ့လျားသွားခဲ့ကြသော်လည်း သူတို့သည် မည်သည်မျှ မလုပ်ခဲ့ပါ။
ဝူနျာန် အသံတစ်ဆင့်ပို့ပေးလိုက်ပြီးနောက်တွင် ဝူရှန်းသည်လည်း ဝူနျာန်အား လှည့်ကြည့်လိုက်ကာ သူသည် ဒေါသထွက်နေပုံမပေါက်ကာ ကူကျင့်ဝူ သည်လည်း အသံတစ်ဆင့်ပို့ပေးလိုက်ခြင်းမှတစ်ဆင့် မေးလိုက်ခဲ့သည်။
“မင်း ဆုံးဖြတ်ပြီးသွားပြီလား?”
“ဆုံးဖြတ်ပြီးသွားပါပြီဗျ, စိတ်ထဲမှာသာ ဗုဒ္ဓကိုစဉ်းစားနေရင် ရောက်တဲ့နေရာတိုင်းမှာ ဗုဒ္ဓရှိနေမှာပါ! အကြီးအကဲတွေလည်း ကျန်းမာချမ်းသာမယ်လို့ မျှော်လင့်ပါတယ်ဗျ။”
“ဟုတ်ပြီ! အဲ့တာဆိုရင်တော့ သွားပေတော့!”
ဤအသံတစ်ဆင့်ပို့ပေးလိုက်ခြင်းကို ကြားလိုက်ရသည့်အခါတွင် ဝူနျာန်သည် အံ့အားသင့်သွား၍ မျက်ရည်ထွက်လာခဲ့သည်။ ဝူရှန်းဂိုဏ်းသည် သူ၏ပထမဆုံး အိမ်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်းသည် သူ၏ ဒုတိယအိမ်ဖြစ်ပေတော့မည်။ ဤဘဝတွင်တော့ သူသည် အိမ်နှစ်အိမ်တောင် ရှိနေခဲ့ပါသည်။
“လီထျန်းရှင်း, ဒီထိုင်ခုံစီလာခဲ့စမ်း!”
ဤအချိန်၌ ဒေါသထွက်နေပုံရှိ၍ နန့်တန့်တန့်အသံနှင့် အော်လိုက်သည်ကို ကြားလိုက်ရခဲ့သောကြောင့် သူတို့ကိုယ်ပိုင်အတွေးများနှင့် အလုပ်ရှုပ်နေကြသည့် အင်အားကြီးဂိုဏ်းတို့အား ထိုအသံကို ရုတ်တရက်ကြားသွားစေခဲ့ကာ ထျန်းရှင်းဂိုဏ်းမှ တာအိုဝတ်ရုံနှင့် လှပတင့်တယ်သည့် အမျိုသမီးအား ကြည့်မိလိုက်ကြသည်။
“ကျွန်မ ရှန်ရှန့်ကျုံဂိုဏ်းထဲဝင်လိုက်ပြီ! အခုကစပြီး ကျွန်မ ထျန်းရှင်းဂိုဏ်းနဲ့ ဘာမှ မပတ်သက်တော့ဘူး!”
လီထျန်းရှင်း၏ မျက်နှာထားသည် တာအိုဝတ်ရုံနှင့် လှပတင့်တယ်သည့် အမျိုးသမီးဟိန်းဟောက်လိုက်သံကို ကြားလိုက်ရသည့်အခါတွင် တည်တည်ငြိမ်ငြိမ်ပင်ဖြစ်နေခဲ့ပါသည်။ လီထျန်းရှင်းသည် တာအိုဝတ်ရုံနှင့် လှပတင့်တယ်သည့် အမျိုးသမီးအား ကြည့်လိုက်၍ သိမ်မွေ့စွာနှင့် ပြောလိုက်ခဲ့လေသည်။
သူမ၏ အသံသည် သိမ်သိမ်မွေ့မွေ့သာဖြစ်နေခဲ့သော်လည်း ဤလမ်းဆုံမှ မြင့်မားသော စင်မြင့်ပေါ်တွင် ကျယ်ကျယ်ထွက်ပေါ်လာခဲ့ကာ ဂိုဏ်းကြီး ဂိုဏ်းချုပ်များကို အံ့အားသင့်သွားစေခဲ့ပါသည်။
ထျန်းရှင်းဂိုဏ်း၏ အလှပဆုံးကောင်မလေးအနေနှင့် လီထျန်းရှင်းသည် ယောင်ရီအင်ပါယာတစ်ဝန်း လူသိများသော်လည်း သူမသည် ထျန်းရှင်းဂိုဏ်းကို သစ္စာဖောက်၍ ရှန်ရှန့်ကျုံဂိုဏ်းထဲ ဝင်လိုက်သည်တဲ့လား?
အမယ်လေး, ဒီရှန်ရှန့်ကျုံဂိုဏ်းက အဲ့လောက်တောင် အင်အားကြီးလို့လားဟ?
ဂိုဏ်းကြီးတို့ စိတ်ခြောက်ခြားသွားခဲ့ချိန်တွက် သူတို့၏မျက်နှာများပေါ်တွင် နက်နဲလှသည့် အပြုံးများပေါ်ပေါက်လာခဲ့ကြလေသည်။ သူတို့သည် တာအိုဝတ်ရုံနှင့် လှပတင့်တယ်သည့် အမျိုးသမီးကြည့်လိုက် ရှန်ရှန့်ကျုံဂိုဏ်းအား ကြည့်လိုက်ဖြစ်နေခဲ့ကြသည်။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းသည် ပြဿနာသာ ခဏခဏရှာနေသည်ဟု ခံစားလိုက်ခဲ့ကြရသည်. .
သေချာရေတွက်ကြည့်ပါက ရှန်ရှန့်ကျုံဂိုဏ်း နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံကို တတ်ရောက်ခဲ့ခြင်းသည် ပြဿနာများစွာ တတ်စေခဲ့ပြီးပြီဖြစ်သည်။ ပထမဆုံးတစ်ခုသည် စစ်ဖန်းခန်းမထဲ၌ ဖြစ်ကာ ယခုတွင် ထျန်းရှင်းဂိုဏ်းနှင့် ပြဿနာတတ်နေပြန်ပြီ။ ထိုမှအပ ထိုဂိုဏ်းသည် လင်းမျိုးရိုး၏ အကြွင်းအကျန်မျိုးဆက်ကိုပင် လက်ခံနိုင်ရဲကြသေးလေသည်။
ချက်ချင်းဆိုသလိုပင် ဤ ဂိုဏ်းကြီးမှ အင်အားကြီးပုဂ္ဂိုလ်တို့သည် ရှန်ရှန့်ကျုံဂိုဏ်းသည် ခဏတာအောင်မြင်သွားခြင်းသာ ဟုတ်ရဲ့လားဟု နက်နက်နဲနဲတွေးတောနေမိကြပြန်သည်။
“နင် သေချင်နေလို့လား!”
လီထျန်းရှင်းပြောလိုက်ခဲ့သည်ကို ကြားလိုက်ရသည့်အခါတွင် ဝတ်ရုံနှင့် လှပတင့်တယ်သည့် အမျိုးသမီး၏ မျက်နှာသည် အလွန်အမင်း ဒေါသထွက်လာပုံပေါက်ကာ သူမသည် ဟိမ်းဟောက်လိုက်၍ ထိုအမျိုးသမီး၏ သိမ်မွေ့လှသည့် ခန္ဓာကိုယ်သည် ပြင်းထန်သည့် လူသတ်ချင်စိတ်များ ဖုံးလွှမ်းနေပုံပေါ်နေသည်။
လီထျန်းရှင်းက ဘယ်လိုလုပ်ပြီး ဂိုဏ်းကို သစ္စာဖောက်ရဲရတာလဲ! !
သူပဲ မတွေ့ချင်ဘူးဆိုတဲ့ ရှန်ရှန့်ကျုံဂိုဏ်းထဲ ဘာလို ဝင်သွားတာပါလိမ့်?
ဒီတိုင်း အဲ့တစ်ယောက်က သေချင်နေတာ၊ သေချင်နေတာ!
တာအိုဝတ်ရုံနှင့် လှပတင့်တယ်သည့် အမျိုးသမီးသည် လီထျန်းရှင်းအား မျက်စိထောင့်ထောက်၍ စိုက်ကြည့်နေခဲ့သည်။ သူမသည် ဂိုဏ်းချုပ်ကြီးသာ ဤသတင်းကို ကြားလိုက်ရသည့်အခါတွင် မည်မျှပင် ဒေါသထွက်သွားခဲ့မည်ကို တွေးကြည့်လိုက်စရာပင် မလိုပါ။ ဒီ ကောင်မစုတ် ထျန်းရှင်းသာ သေသွားမည်သာမက သူမ၏ မိသားစုတစ်ခုလုံးပင် သေဆုံးသွားကြရလိမ့်မည်ဖြစ်နေသည်။
ဤအချိန်တွင် ချီမိန်ချွှေရွှယ်သည် မျက်စိဖွင့်လိုက်ကာ ထျန်းရှင်းဂိုဏ်းမှ တာအိုဝတ်ရုံနှင့်လှပတင့်တယ်သည့် အမျိုးသမီးအား စိတ်မဝင်စားသည့်ပုံနှင့် ကြည့်လိုက်သည်။ ထိုသို့ကြည့်လိုက်ပုံသည် ခေါင်းမှ ခြေအဆုံး ရေအေးများနှင့် လောင်းချလိုက်သကဲ့သို့ပင် အေးတိအေးစက်နှင့် ကြည့်လိုက်ပုံဖြစ်သောကြောင့် တာအိုဝတ်ရုံနှင့် လှပတင့်တယ်သည်း အမျိုးသမီးကို ရှက်ကိုးရှက်ကန်းဖြစ်သွားစေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် တုန်လှုပ်လာကာ ဒေါသကို မနည်းထိန်းနေခဲ့လိုက်သည် ။
သူမသည် ရှက်သွေးဖြာသွားသော်လည်း ငြိမ်နေခဲ့လိုက်ပါသည်။သူမသည် ချီမိန်ချွှေရွှယ်၏ ဓားနှင့် ချောင်ဟိုင်ဂိုဏ်းမှအကြီးအကဲ အဖြစ်အပျက်ကို မြင်ယောင်နေဆဲဖြစ်ခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင် စစ်သူကြီး ချန်းလီ၏ မျက်နှာသည် တည်ငြိမ်နေခဲ့သော်လည်း သူသည် စိတ်ရှုပ်ထွေးနေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် လင်းမျိုးရိုး၏ အကြွင်းအကျန် မျိုးဆက်ဖြစ်သူ လင်းဖေးဝူအားလက်ခံခဲ့သည်ဆိုပါက သူသည် တိုက်ရိုက် ပြစ်ဒဏ်ပေးခံရမည်ဖြစ်နေသည်။
သို့သော်လည်း ချီမိန်ချွှေရွယ်၏ ဓားသည် ချန်းလီအား အလွန် မနာလိုနေစေခဲ့သည်။ သူသည် ချီမိန်ချွှေရွှယ်အား တိုက်နိုင်ပါ့မည်လားကို သေသေချာချာမသိနေခဲ့ပါ။ ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်ရှိကျွမ်းကျင်သူတစ်ယောက်ပင် ထိုသူအား မတိုက်လိုက်နိုင်ခဲ့ပါက အင်ပါယာပေါ်သို့ ဒုက္ခအကြီးအကျယ် ရှိလာနိုင်ပါသည်။
ဤအကြောင်းကြောင့်လည်း နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံပြီးဆုံးကြောင်းနှင့် ဤပွဲတွင် ရှန်ရှန့်ကျုံဂိုဏ်းမှ တပည့်များ အနိုင်ရသွားခဲ့ကြောင်းကို ကြေညာလိုက်ရန် တွန့်ဆုတ်နေခြင်းဖြစ်ပါသည်။
သေချာစဉ်းစားပြီးသည့်နောက်တွင် စစ်သူကြီး ချန်းလီသည် အရှင်မင်းကြီး၏ သတင်းအား စောင့်ရန် ဆုံးဖြတ်လိုက်ခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်း အနိုင်ရသွားသည့်အခါတွင် စစ်သူကြီးသည် သတင်း ပြန်ကြားလိုက်ပြီးဖြစ်ပါသည်။ သူ စဉ်းစားကြည့်လိုက်မိလျှင် သတင်းပြန်ပါးလာတော့မည်ပင်ဖြစ်နေသည်။
ချန်းလီသည် အင်အားကြီး ဂိုဏ်းများစွာ၏ မျက်နှာထားများကို တစ်ချက်ကြည့်လိုက်ခဲ့ကာ ဤရှန်ရှန့်ကျုံဂိုဏ်းသည် အလွန် ထူးမြတ်နေကြောင်းကို ရုတ်တရက် စိတ်ထဲတွင် သိရှိသွားခဲ့သည်။
မင်းကြီး မကြိုက်ရုံသာမက ဤအင်အားကြီး ဂိုဏ်းကြီးတို့သည်လည်း ကြိုက်နှစ်သက်မည့်ပုံမပေါ်ပါ။ ရှန်ရှန့်ကျုံဂိုဏ်းသည် ဂိုဏ်းကြီးများစွာကို စော်ကားခဲ့သည်ဟု တွေးနေခဲ့ရာ ချန်းလီ၏ စိတ်ထဲတွင် အရမ်းပေါ့ပါးသွားခဲ့လေသည်။
“စစ်သူကြီးဗျ, မင်းကြီးရဲ့ အမိန့်တော်ပါ။”
ဤအချိန်တွင် ချန်းလီဘေးမှရပ်နေခဲ့သည့် စစ်သည်တော်သည် အံ့အားသင့်သွားကာ ချန်းလီ နားရွက်နားကပ်ကာ မြန်မြန်ဆန်ဆန် တီးတိုးပြောခဲ့သည်။
ထိုသို့ကြားလိုက်ရသည့်အခါတွင် ချန်းလီ၏ မျက်နှာထားသည် အေးဆက်သွားခဲ့၍ အသံနိမ့်နိမ့်နှင့် ပြောလိုက်ခဲ့သည်။
“ပြောစေ!”
“မင်း သူတို့ကို သတ်နိုင်ရင် သတ်လိုက်! မသတ်နိုင်ရင်တော့ ဖြည်းဖြည်းချင်း အချိန်ဆွဲနေလိုက်။”
ဤဆန္ဒအား ကြားလိုက်ရသည့်အခါတွင် ချန်းလီသည် ချက်ချင်း နားလည်သဘောပေါက်သွားခဲ့သည်။ သူသည် ရှန်ရှန့်ကျုံဂိုဏ်းမှ သူများအား နက်နက်နဲနဲ ကြည့်လိုက်ခဲ့သည်။ ဥက္ကာခဲကြွေသည်မှာ လှပသွားခဲ့သော်လည်း ခဏတာသာဖြစ်ပေါ်သည်ပင်ဖြစ်သည်!
သူသည် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ ပြီးဆုံးကြောင်းကို ကြေညာတော့မည်အချိန်တွင် စစ်သူကြီး ချန်းလီသည် မျက်မှောင်ကြုတ်လိုက်၍ အဝေးမှ ဟင်းလင်းပြင်ဘက်သို့ ကြည့်လိုက်ခဲ့သည်။
နေရာ၌ရှိနေခဲ့ကြသည့် အင်အားကြီးပုဂ္ဂိုလ်တို့သည်လည်း ထိုအရာအား ခံစားလိုက်ကြရပုံရှိကာ တစ်ဦးပြီးတစ်ဦး ထိုဘက်သို့ လှည့်ကြည့်လိုက်ခဲ့ကြသည်။
ဗုံး!
ဤအချိန်တွင် ကြောက်စရာကောင်းလှသည့် စွမ်းအင်လှိုင်းကြီးတစ်ခုသည် လမ်းဆုံတစ်ခုလုံးအား မုန်တိုင်းတိုက်သွားသကဲ့သို့ တုန်လှုပ်လွှမ်းမိုးသွားခဲ့ကာ ဂိုဏ်းကြီးမှ ပုဂ္ဂိုလ်တို့၏မျက်နှာထားများကို ပြောင်းလဲသွားစေခဲ့ကာ သူတို့၏ ဂိုဏ်းမှ တပည့်များကို မြန်မြန်ဆန်ဆန် ကာကွယ်လိုက်ကြသည်။
ချန်းလီသည် မျက်လုံးကို အနည်းငယ် ကြုံ့သွားခဲ့သည်။ သူ၏ ဤသို့လာနေကြသည့် အင်အားကြီးပုဂ္ဂိုလ်တို့နှင့် အလွန် ရင်းနီးနေကာ စိတ်ထဲတွင် မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းနေလိုက်နိုင်သည်။
“စစ်ဖန်းစံအိမ်ရဲ့ သခင်!!”
“အဲ့တာက…. ချောင်ဟိုင် ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး!”
ရှောင်လင်မြို့ လမ်းဆုံပေါ်သို့ အင်အားကြီး ပုဂ္ဂိုလ်များစွာ ဆင်းသက်လာကြသည့်အခါတွင် နေရာ၌ ရှိနေခဲ့ကြသည့် ဂိုဏ်းကြီး ပုဂ္ဂိုလ်တို့သည် ရုတ်တရက် အနည်းငယ် အံ့ဩသွားခဲ့ကြကာ အသံနိမ့်နိမ့်နှင့် အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့ကြပြီးနောက်တွင် သူတို့သည် ချီမိန်ချွှေရွှယ်နှင့် အခြားသူတို့အား ကြည့်လိုက်ကြလေသည်။
ကွင်းပြင်ထဲတွင် စစ်ဖန်းခန်းမနှင့် ချောင်ဟိုက် ဂိုဏ်းတို့အား ဤကဲ့သို့ပင် ကြီးမားလှသည့် တိုက်ပွဲကြီးဖြစ်ရန် လုပ်ဆောင်လိုက်နိုင်သူသည် ဤဂိုဏ်းနှစ်ခုအား စော်ကားခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်းသာ ရှိနေသည်။
ထို့နောက်၌ ဤဂိုဏ်းကြီးမှ ပုဂ္ဂိုလ်တို့သည် စိတ်ပေါ့ပါးသွားကာ သူတို့၏ မျက်နှာများပေါ်တွင် အပြုံးများပေါ်လာခဲ့ကြသည်။ ဤတစ်ကြိမ်တွင် ရှန်ရှန့်ကျုံဂိုဏ်း နိုင်ပါ့ဦးမည်လား?
မနိုင်နိုင်လောက်တော့ပါ!
တာအိုဝတ်ရုံနှင့် လှပတင့်တယ်သည့် အမျိုးသမီးသည်လည်း အားရကျေနပ်နေပုံပေါ်နေခဲ့ပါသည်။ သူမသည် ချီမိန်ချွှေရွှယ်နှင့် အခြားသူတို့၏ ကံကြမ္မာကို သိရှိထားပြီးပုံပင် ပေါ်နေခဲ့လေသည်။
လီထျန်းရှင်းအလောင်းကိုများ ယူသွားသင့်လားမသိဘူး? ယူသွားတာကောင်းပါတယ်လေ, သူ့မိသားစုတွေ၊ ဆရာနဲ့ တပည့်လေးတွေနဲ့အတူ မြှုပ်လိုက်လို့ရတာပေါ့။
တာအိုဝတ်ရုံနှင့် လှပတင့်တယ်သည့် အမျိုးသမီးသည် သူမစိတ်ထဲတွင် ကြိတ်ကာ ကဲ့ရဲ့နေချိန်တွင် စစ်ဖန်းစံအိမ်နှင့် ချောင်ဟိုက် ဂိုဏ်းမှ အင်အားကြီးပုဂ္ဂိုလ်အများအပြားသည် တစ်ဦးပြီးတစ်ဦး မြင့်မားသော စင်မြင့်ပေါ်သို့ ကျရောက်လာခဲ့ကြသည်။
စစ်ဖန်းခန်းမမှ ကြီးထွားသန်မာပုံရှိသည့် အညိုရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ်လူကြီးမှ ဦးဆောင်ထားကာ သူ၏မျက်လုံးတို့သည် ပြင်းပြင်းထန်ထန် တောက်ပနေ၍ ဒေါသထွက်ကာ မာနကြီးနေပုံတော့ မပေါ်နေသည့် တင့်တယ်မှုမျိုးရှိနေခဲ့သည်။
ဤသူသည် စစ်ဖန်းစံအိမ်၏ သခင်လေး ရှောင်ချန်းပင် ဖြစ်နေသည်!
ချောင်ဟိုင်ဂိုဏ်းကိုအား အပြာရောင် တာအိုဝတ်ရုံချုံထားသည့် ဝဝတုတ်တုတ်နှင့်သူတစ်ဦးသည် ဦးဆောင်နေခဲ့သည်။ သူ၏မျက်လုံးများကို မှေးထားခဲ့ကာ အေးတိအေးဆက်နိုင်သည့် အလင်းတန်းရှိနေသည့်ပုံပင် ပေါက်နေခဲ့သည်။ ချန်းလီသည် အမှတ်တမဲ့ကြည့်လိုက်ရုံနှင့်ပင် ထိုလူသည် သူ၏အပြုံးအောက်တွင်ဓားနှင့်ထိုးရန် စောင့်နေသည်ကို ဖုံးလွှမ်းထားကြောင်း သိလိုက်နိုင်ခဲ့သည်။
သူတို့၏ အနောက်တွင် စစ်ဖန်းခန်းမနှင့် ချောင်ဟိုင်ဂိုဏ်းမှ အင်အားကြီးပုဂ္ဂိုလ်များစွာ ရှိနေခဲ့လေသည်။
ဤတစ်ခါတွင် ဤသို့ စုစည်းလိုက်ရခြင်းသည် ဂိုဏ်းတစ်ခုတည်းကြောင့်သာ ဖြစ်၍ ထိုဂိုဏ်းသည် ရှန်ရှန့်ကျုံဂိုဏ်းသာ ဖြစ်ပေသည်!
ယခင်အချိန်တွင် မည်သူမျှ ထိုဂိုဏ်းအား မသိနေခဲ့ကြသော်လည်း ထိုသူမျအကြောင်း ကြားလိုက်ရသည်နှင့်ချက်ချင်း အံ့အားသင့်သွားခဲ့ကြသည်။
“အဖေ, ဒီကောင်လေးကို သားကိုယ်တိုင်သတ်ပစ်ချင်တယ်!”
စစ်ဖန်းစံအိမ်မှ အင်အားကြီးလူများစွာနှင့်အတူ စစ်ဖန်းစံအိမ်၏ သခင်ရောက်လာသည့်အခါတွင်ရှန်လင်မြို့၏ တစ်နေရာရာမှ လူနှစ်ဦးသည် ပျံထွက်လာခဲ့သည်။ ထိုသူနှစ်ဦးသည် ရှောင်းချန်ဖုန်းနှင့် သူ၏ဘေးမှသူသည် စစ်ဖန်းစံအိမ်၏ အကြီးအကဲ ကွေ့ရှုန်းတို့ဖြစ်ပါသည်။
ရှောင်းချန်ဖုန်းသည် ရှောင်းချန်းအရှေ့၌ ထွက်ပေါ်လာကာ ဒေါသထွက်နေသည့်ပုံနှင့် အော်လိုက်ခဲ့သော်လည်း မျက်နှာထားတွင် အလွန်အမင်း မှောင်မည်းသည့် လူသတ်ချင်ပုံပေါက်နေရုံသာမက သူသည် စိတ်ထဲတွင် ကဲ့ရဲ့နေခဲ့သေးပေသည်။
သူ၏ဖခင်သည် စစ်ဖန်းစံအိမ်နှင့် ချောင်ဟိုက်ဂိုဏ်းမှ အင်အားကြီးပုဂ္ဂိုလ်များအားလုံးနှင့် လာခဲ့ပြီဖြစ်သောကြောင့် ရှန်ရှန့်ကျုံဂိုဏ်းတို့သည် သေကြေကျရှုံးကြရတော့မည်!
မဟုတ်သေးပါဘူး, ရှန်ရှန့်ကျုံဂိုဏ်းက ကောင်မလေးတွေနဲ့ ပျော်မှဖြစ်မယ်။