← Chapters

ရှန်ရှန့်ကျုံဂိုဏ်းဆိုလည်း ထိုက်တန်တယ်

Vol. 5 Ch. 61

ရှန်ရှန့်ကျုံဂိုဏ်းဆိုလည်း ထိုက်တန်တယ်

Vol. 5 Ch. 61

လင်းထျန်းချန်း သည် ယုထိုက် နှင့် အကြီးအကဲ လင်း တို့အား လျစ်လျှူရှုခဲ့လိုက်သည်။ သူသည် နေရာ၌ ရှိနေခဲ့သည့် လူတိုင်းအား ကြည့်လိုက်၍ အေးတိအေးဆက်နှင့် အော်ပြောလိုက်ခဲ့သည်။

လင်းထျန်းချန်းသည် တော်ဝင်မင်းသား ယုဖေးအား အသက်နှစ်သက်ရှူသွင်းနိုင်သည့်အချိန်ထိ ကြည့်ရှုနေခဲ့သည်။ သူ၏စိတ်ထဲတွင် အင်ပါယာတစ်ခုလုံး၌ တော်ဝင်မင်းသား ယုဖေးသည်ပင် ယဲ့ဖုန်းအား သတ်နိုင်ရန် အင်အားအလုံအလောက်ရှိနေသည်။

လင်းထျန်းချန်း၏ အသံထွက်ပေါ်လာခဲ့သည့်အခါတွင် ယုထိုက် နှင့် အကြီးအကဲ လင်းတို့သည် အစပိုင်းတွင် အံ့အားသင့်သွားခဲ့ပြီးနောက် ဒေါသထွက်သွားခဲ့ကြသည်။ သူတို့သည် ယဲ့ဖုန်းအဘယ့်ကြောင့် ဤ၌မရှိနေသည်ကို သိချင်နေခဲ့သော်လည်း ယဲ့ဖုန်းသည် အသတ်ခံလိုက်ခဲ့ရသည်တဲ့လား?

“ဘာ?”

“ ဖေးယုဂိုဏ်း ယဲ့ဖုန်းကလည်း အသတ်ခံလိုက်ရတာတဲ့လား?”

“ဒီတစ်ခါမှာတော့ နတ်ဆိုး ချိပ်ပိတ်ခြင်း ညီလာခံကြောင့် ထိပ်တန်း ပါရမီရှင်တွေ အများကြီး ဆုံးရှုံးလိုက်ရသလိုပဲ?”

“တစ်ခုခု ဖြစ်သွားတယ်ထင်ပါရဲ့!”

မြင့်မားသော စင်မြင့်ပေါ်တွင် ရှိနေသည့် ဂိုဏ်းအင်အားကြီးပုဂ္ဂိုလ် များစွာသည် အသံနိမ့်နိမ့်နှင့် ပြောဆိုနေကြကာ တစ်ဦးကိုတစ်ဦး တုန်လှုပ်ခြောက်ခြားနေပုံနှင့် ကြည့်နေခဲ့ကြသည်။ဖေးယုဂိုဏ်းသည် အလွန် နာမည်ကြီးလှရာ ဂိုဏ်း၏ ထိပ်တန်း ပါရမီရှင် ကျဆုံးသွားသည်မှာ ဂိုဏ်းအတွက် အလွန် ဆိုးရွားလွန်းနေလှသည်။

ရှန်ရှန့်ကျုံဂိုဏ်းအား ဖယ်ရှားချင်နေခဲ့ကြသည့် ရှောင်းချန်း, ထျန်းစန်း နှင့် အခြားသူတို့သည် ရပ်တံ့သွားကြသည်။ သူတို့သည် အလျင်လိုနေသည်မဟုတ်ကာ ဖေးယုဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်အား မည်သူ သတ်ဖြတ်ရဲခဲ့သည်ကို သိရှိချင်နေခဲ့ကြလေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦး၏ အမြင်တွင် ရှန်ရှန့်ကျုံဂိုဏ်းသည် ဆန္ဒရှိသလိုသာ လှည့်စားလို့ရမည့် ပိုးမွှားလေးတစ်ကောင်ပင်ဖြစ်၍ ထိုပိုးမွှားလေးသည် ပြေးလွှတ်ချင်လျှင်ပင် ပြေးနိုင်မည်မဟုတ်ပါ။

ချန်းလီသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ခဲ့သည်။ သူသည် လင်းထျန်းချန်း ၏ ယခုပြုလုပ်လိုက်သည့်အမူအရာကို သတိထားမိသွားကာ ချန်းလီသည် တော်ဝင်မင်းသား ယုဖေးအား ကြည့်လိုက်သည့်အခါတွင် တော်ဝင်‌မင်းသား ယုဖေးသည် ခေါင်းခါလိုက်သည်ကိုမြင်ရ၍ စိတ်ပေါ့ပါးသွားခဲ့သည်။

“ဂိုဏ်းချုပ် လင်း, ရှင့်ဂိုဏ်းက ထိပ်တန်း ပါရမီရှင်ကို သတ်ဖို့တော့ ဘယ်သူမှ သတ္တိမရှိပါဘူးရှင်။ ရှန်ရှန့်ကျုံဂိုဏ်းက လွဲလို့ပေါ့နော်။” ထျန်းရှင်းဂိုဏ်း၏ တာအိုဝတ်ရုံဝတ်ဆင်ထားသည့်လှပတင့်တယ်သည့် အမျိုးသမီးသည် နန့်တန့်တန့်နှင့် ပြောလိုက်ခဲ့သည်။

ချီမိန်ချွှေရွှယ်သည် ထျန်းရှင်းဂိုဏ်း၏ တာအိုဝတ်ရုံချုံ လှပတင့်တယ်သည့် အမျိုးသမီးအား တစ်ချက်ကြည့်လိုက်ရာ လက်ထဲတွင်ကိုင်ထားသည့် ဓားကို ကြစ်ကြစ်ဆုတ်ထားကာ ထိုအမျိုးသမီးသည် ခုန်ဆွခုန်ဆွဖြစ်နေပုံပေါ်နေသည်။

“ရှန်ရှန့်ကျုံဂိုဏ်းတဲ့လား?”

လင်းထျန်းချန်းသည် မျက်မှောင်ကြုတ်လိုက်ခဲ့သည်။ သူသည် ရှန်ရှန့်ကျုံဂိုဏ်းအကြောင်း တစ်ခါမျှပင် မကြားဖူးပါ။

ဘေးတွင်ရှိနေသည့် အကြီးအကဲလင်းသည် အရှေ့သို့ လျင်မြန်စွာတိုးလိုက်၍ လင်းထျန်းချန်း၏ နားထဲသို့ တီးတိုးပြောပြလိုက်သည်။

“ဂိုဏ်းချုပ်လင်းကတော့ မသိသေးဘူးပေါ့လေ။ ဒီ ရှန်ရှန့်ကျုံဂိုဏ်းက ချောင်ဟိုက်ဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်ကို သတ်လိုက်တဲ့အပြင် စစ်ဖန်းခန်းမကိုလည်း စော်ကားလိုက်သေးတာလေရှင့်။”

တာအိုဝတ်ရုံဝတ်ဆင်ထားသည့် လှပတင့်တယ်သည့် အမျိုးသမီးသည် ထပ်၍ပြောလိုက်ခဲ့ပြန်သည်။

သူမပြောလိုက်သည်တို့သည် ချောင်ဟိုင်ဂိုဏ်း၏ ဂိုဏ်းချုပ် ထျန်းစန်းနှင့် စစ်ဖန်းခန်းမ၏ သခင်လေး ရှောင်းချန်း တို့အား တစ်ချိန်တည်းတွင် မျက်မှောင်ကြုတ်သွားကြစေသည်။ ဒီမိန်းမကြီးကတော့လေ….

ထိုအမျိုးသမီးပြောလိုက်ခဲ့သည်မှာ တကယ်ပင် အမှန်ဖြစ်သော်လည်း မကျတ်သေးသည့် အနာကို စွလိုက်သကဲ့သို့ပင် ဖြစ်နေသည်။

“ငါ့တပည့်လေး ယဲ့ဖုန်းကို မင်းက သတ်လိုက်တာကွ!”

လင်းထျန်းချန်းသည် ချီမိန်ချွှေရွှယ်နှင့် အခြားသူတို့အား ကြည့်လိုက်ရာ သူ၏မျက်လုံးတွက် အေးတိအေးဆက်နိုင်သည့် အလင်းတန်းတစ်ခုပေါ်ပေါက်နေကာ သူသည် အေးဆက်စွာနှင့် ကဲ့ရဲ့လိုက်ခဲ့ရာ စိတ်ထဲ၌ လှိုင်းတစ်လှိုင်းပေါ်ပေါက်လာခဲ့သည်။ သူသည် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံတွင် အင်အားကြီးသူတစ်ဦး ပေါ်ပေါက်လာလိမ့်မည်ဟု မထင်ခဲ့ပါ။

သို့သော်လည်း သူ့ဖေးယုဂိုဏ်း၏ ထိပ်တန်းပါရမီရှင်ကို သတ်ဖြတ်ရဲပါက မည်မျှပင် အင်အားကြီးနေသည်ဖြစ်စေ ထိုသူ သေဆုံးရမည်ပင်ဖြစ်သည်။

………………

တစ်ချိန်တည်း၌ ဝမ်ဖုန်းသည် ယဲ့မုချင်နှင့် ချုံဖုန်း တို့အား ရှေးဟောင်းနတ်ဘုရားနယ်မြေမှ ခေါ်ထုတ်လာသည့်အချိန်တွင် သူ၏စိတ်ထဲသို့ စနစ်၏ အေးတိအေးစက်အသံ ပေါ်ပေါက်လာခဲ့သည်။

“ဒင်, လက်ရွေးစင် တာဝန်ကို ပေါ်ပေါက်လာစေလို့ ဂုဏ်ယူပါတယ် : ဂိုဏ်းကြီးသုံးခုဖြစ်တဲ့ ဖေးယုဂိုဏ်း၊ ချောင်ဟိုက်ဂိုဏ်း နဲ့ စစ်ဖန်းခန်းမတို့ လာပြီးပြဿနာရှာတာကို ဖြေရှင်းပေးရမှာပါ။”

“ ဒီတာဝန်ကို အောင်မြင်သွားရင်တော့ : ထူးကဲ ဆင့်ခေါ်ခြင်းတစ်ခု၊ ကျပန်း ဆင့်ခေါ်ခြင်း နှစ်ခု၊ ကောင်းကင်ဘုံ စိတ်ဝိဉာဉ် ဆေးလုံး တို့ရမှာပါ!”

ဝမ်ဖုန်း၏ မျက်လုံးများသည် တည်ငြိမ်သွားခဲ့ကာ ဤတစ်ကြိမ်တွင်တော့ သူ၏ ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားစင်စစ်ကို အင်ပါယာကြီး တွေ့မြင်နိုင်ပါစေ!”

သို့သော် ချီမိန်ချွှေရွှယ်နှင့် အခြားသူတို့သည် အင်အားကြီးကြသော်လည်း ဤ ထိပ်တန်းဂိုဏ်းကြီး သုံးခုကိုတော့ ချီမိန်ချွှေရွှယ်နှင့် အခြားသူတို့ ခံနိုင်ပါ့မလား မသိထား‌ပါ။

ဝမ်ဖုန်းသည် ရှန်လင်မြို့တွင် ဤအချိန်၌ မည်သို့ဖြစ်နေသည်ကို မသိခဲ့သော်လည်း ဤတစ်ခါတွင် ဝမ်ဖုန်းသည် တကယ်ပင် အားလုံးကို အံ့အားသင့်သွားစေချင်နေသည်။ သို့သော် သူ၏ လက်ရှိ အင်အားသည် မလုံလောက်နေခဲ့ပါ။

“စနစ်ရေ, စနစ်အဆင့်ကို မြှင့်တင်ဖို့အတွက် ဂိုဏ်းတန်ဖိုး ၁၀,၀၀၀ သုံးလိုက်ပါ!”

ဝမ်ဖုန်းသည် ခဏတာ စဉ်းစားလိုက်ကာ စိတ်ထဲမှ ပြောလိုက်ခဲ့သည်။

မူလကဆိုလျှင် ဝမ်ဖုန်းသည် တပည့်များအားလုံးကို ခေါ်ပြီးမှသာ ဂိုဏ်းအဆင့်ကို မြှင့်တင်ချင်နေခဲ့သော်လည်း ယခုတွင် သူသည် မစောင့်နိုင်တော့သောကြောင့် စနစ်အဆင့်ကို မြှင့်တင်ပြီးမှသာ ဂိုဏ်းအဆင့်အား မြှင့်တင်နိုင်မည်ဖြစ်သည်။

“ဒင်, စနစ်ကို ဒုတိယအဆင့်ထိ မြှင့်တင်လိုက်ပြီး ပေါင်းစပ်ခြင်း စက်အားရရှိလိုက်သောကြောင့် ဂုဏ်ယူပါတယ်။ စနစ်ဟာ ကျပန်းဆင့်ခေါ်ခြင်း အခွင့်အရေးငါးမျိုးကို ပေါင်းစပ်လိုက်ပြီး အဆင့်မြင့် ဆင့်ခေါ်ခြင်း အခွင့်အရေးကို ရသွားနိုင်စေမှာပါ။ အဆင့်မြင့် ဆင့်ခေါ်ခြင်းအခွင့်အရေးတွေနဲ့ ဆင့်ခေါ်ထားတဲ့ အင်အားကြီးပုဂ္ဂိုလ်တွေဟာ ဆန်းကြယ်အဓိပတိအဆင့်ထိရောက်နိုင်မယ့် နောက်ဆုံးအဆင့် ကျင့်ကြံမှုအဆင့်ရှိနေမှာပါ!”

ဝမ်ဖုန်း၏စိတ်ထဲ၌ ထွက်ပေါ်လာသည့် အေးတိအေးဆက်အသံသည် သူ့အား အံ့ဩသွားစေခဲ့ကာ သူသည် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။ ဆန်းကြယ်အဓိပတိအဆင့်ရှိသည့် အင်အားကြီးပုဂ္ဂိုလ်ကိုသာ ဆင့်ခေါ်လိုက်နိုင်ပြီဆိုပါက ဤ အင်ပါယာကြီးသုံးခုသည် အင်အားကြီးသော်လည်း ဝမ်ဖုန်းသည်ပါ အင်အားကြီးလာမည်ဖြစ်၍ အင်ပါယာတို့အကိုပင် ကျော်၍ ဂိုဏ်းသည် အထွတ်အထိပ်သို့ ရောက်နိုင်မည်ဖြစ်နေသည်!

သို့သော် ယခုအချိန်တွင် ဝမ်ဖုန်းထံ၌ ကျပန်း ဆင့်ခေါ်ခြင်းအခွင့်အရေးနှစ်ခုသာ ရှိနေခဲ့သည်။ ထိုသို့သာမဟုတ်ပါက ပေါင်းစပ်မှုအား သုံး၍ အဆင့်မြင့် ဆင့်ခေါ်ခြင်း အခွင့်အရးရနိုင်ကာ ဆန်းကြယ်အင်ပါယာအဆင့်ရှိ အင်အားကြီးသူများအား ဆင့်ခေါ်နိုင်ရာ ဤဒေသရှိ ဂိုဏ်းကြီးသုံးခုမှာ မည်သည်ပင်ဖြစ်တော့မည်နည်း?

“ဒင်, ဂိုဏ်းအဆင့်ကို မြှင့်တင်ဖို့အတွက် ဂိုဏ်းတန်ဖိုး ၅၀,၀၀၀ ကိုအသုံးပြုလို့ရတာကြောင့် ဂုဏ်ယူပါတယ်။ ဆက်မြှင့်တင်ချင်ပါသလား?”

သောက်ကျိုးနည်း, စနစ်ဟာ ပိုပိုပြီးတောင် ယုတ်မာလာပါလား!

ဝမ်ဖုန်း၏ ပါးစပ်ထောင့်စွန်းလေးများသည် ပြင်းပြင်းထန်ထန် လှုပ်ခါလာကာ သူသည် အလွန်နာကျင်လာခဲ့သည်။ အချိန်အနည်းငယ်အတွင်းပင် ဝမ်ဖုန်းသည် အလွန်အမင်း နာကျင်လာလေပြီ။

“အဆင့်မြင့်ဖို့ လုပ်မယ်။”

အသားများနာကျင်နေသော်လည်း ဝမ်ဖုန်းသည် တိတ်တဆိတ်ပြောလိုက်သေးပေသည်။

အင်အားသည် အခြေခံပင်ဖြစ်သည်။ အင်အားပိုကြီးလေလေ ဂိုဏ်းတန်ဖိုး ပိုများများရရှိနိုင်လေဖြစ်သည်။

“ ဒင်, ဂိုဏ်းအဆင့်ကို ဒုတိယအဆင့်ထိ မြှင့်တင်ပေးလိုက်နိုင်လို့ ဂုဏ်ပြုပါတယ်။ ဂိုဏ်းအကြီးအကဲဦးရေဟာ ဆယ်ယောက်ထိ တိုးသွားပြီး ဂိုဏ်းတပည့်တွေကလည်း ၁၀၀ထက် ကျော်သွားပါပြီ။ ဒါမှမက သင်တွက် အထူးနေရာဖွင့်လှစ်ပါပြီ။ အထူးနေရာ အရေအတွက်ကတော့ ငါးနေရာပဲဖြစ်ပါတယ်!”

ဤသို့ကြားလိုက်ရသည့်အခါတွင် ဝမ်ဖုန်း၏ မျက်လုံးများသည် ရုတ်တရက် တောက်ပသွားခဲ့သည်။ ဂိုဏ်းတန်ဖိုး ၅၀,၀၀၀ သုံးလိုက်ခြင်းသည် အလွန်ထိုက်တန်သွားပုံရှိသည်။

အကြီးအကဲ ဆယ်ဦးသာရှိနေပါက ရာထူးနောက်တစ်ခု ပြုလုပ်နိုင်ပေမည်။ အားလုံး စုစည်းလိုက်ပါက သူသည် စနစ်အား တတိယအဆင့်ထိ မြှင့်တင်နိုင်မည်ဖြစ်သည်။ ထိုသို့မပြုလုပ်ခင် အင်အားကြီးသူ ဆယ်ဦးအား ဆင့်ခေါ်လိုက်နိုင်မည်ဖြစ်သည်။

“ဒင်, စနစ်ကို တတိယအဆင့်အထိ မြှင့်တင်ဖို့တော့ ၁၀၀,၀၀၀ ဂိုဏ်းတန်ဖိုးလိုပါတယ်။ ဆက်ကြိုးစားနေပေးပါ!”

ဤအချိန်တွင် သူ၏စိတ်ထဲ၌ အေးစက်နေသည့် အသံထွက်ပေါ်လာပြန်ကာ ရေအေးဇလုံတစ်ခုကဲ့သို့ပင် ဝမ်ဖုန်းအား လုံးဝ အေးစက်သွားစေသည်။

စနစ်ပြောစကားအရဆိုလျှင် စနစ်အား မြှင့်တင်ရန် ဂိုဏ်းမှတ် ၁၀၀,၀၀၀ လိုအပ်၍ ဂိုဏ်းအဆင့်မြှင့်တင်ရန် ဂိုဏ်းမှတ် အနည်းဆုံး ၅၀၀,၀၀၀ လိုအပ်မည်ဖြစ်သည်။

သောက်ကျိုးနည်း, ဘယ်လောက်တောင် ထပ်စုရဦးမှာလဲဟ?

“စနစ်ရေ, ကျပန်း ဆင့်ခေါ်ခြင်း အခွင့်အရေးနှစ်ခု သုံးလိုက်!”

ထို့နောက်တွင် ဝမ်ဖုန်းသည် တွန့်ဆုတ်နေခြင်းမရှိကာ ချက်ချင်းပြောလိုက်ခဲ့သည်။

ဝမ်ဖုန်း ဆင့်ခေါ်နေသည့် တစ်ချိန်တည်းတွင် သူသည် ကြီးမားလှသည့် အကောင်ကြီးအား မှိန်မှိန်ဝါးဝါးမြင်လိုက်ရပြီဖြစ်ကာ ဝမ်ဖုန်း၏ မျက်လုံးများသည် အနည်းငယ် အေးဆက်သည့်အကြည့်များ ရှိလာခဲ့သည်။ ချီမိန်ချွှေရွှယ်နဲ့ အခြားသူတွေတော့ အဆင်ပြေနေမှ ကောင်းမယ်, မဟုတ်ရင်တော့လေ….

“ဒင်, ဝူရှန်းဘုန်းကြီးကို ဆင့်ခေါ်လိုက်နိုင်လို့ ဂုဏ်ယူပါတယ်။ သူရဲ့ ပင်ကိုအရည်အချင်းအချက်အလက်တွေများ ကြည့်ချင်ပါသလား?”

“ဒင်, ရှောင်းရှီရိလင် ကို ခေါ်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်၊ သူရဲ့ ပင်ကိုအရည်အချင်း ဇယားအချက်အလက်တွေများ ကြည့်ချင်ပါသလား?”

“ကြည့်မယ်!”

ဝမ်ဖုန်းသည် လုံးဝတွန့်ဆုတ်သွားခြင်းမရှိကာ စိတ်ထဲမှ ပြောလိုက်ခဲ့လေသည်။

“ဒင်, ဝူရှန်း ဘုန်းကြီး ပင်ကိုအရည်အချင်း ဇယားအချက်အလက်တွေကတော့:

အမည်: ဝူရှန်းဂိုဏ်း ဘုန်းကြီး

ကျင့်ကြံမှုအဆင့်: ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်

ဆန်းကြယ် စွမ်းရည်: မစဉ်းစားရသော ပုံစံ ဆယ်မျိုး

ရွှယ်ပိုင် : ဝူရှန်းဂိုဏ်း ဇန်ပတီးလုံးများ!”

“ဒင်, ရှောင်းရှီရိလင် ရဲ့ အရည်အချင်း ဇယား အချက်အလက်တွေကတော့:

အမည် : ရှောင်းရှီရိလင်

ကျင့်ကြံမှုအဆင့် : ဆန်းကြယ်အင်ပါယာ

အဆင့်၏ နောက်ဆုံး အဆင့်

ဆန်းကြယ် စွမ်းရည် : သမင်ဖြတ် ဓားနည်းစနစ်

ရွှယ်ပိုင် : သမင်ဓားဖြတ်ခြင်း!”

ဝမ်ဖုန်း၏အရှေ့၌ ပေါ်ပေါက်လာသည့် ဇယားအားကြည့်လိုက်သည့်အခါတွင် သူသည် အလွန်အမင်း‌ ပျော်ရွှင်သွားခဲ့ပါသည်။ ဤနှစ်ဦးသာ အဖွဲ့ဝင်ဖြစ်လာပါက ဤအကြိမ်တွင် ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်းသည်လည်း သူ့အား လှည့်စား၍ ရှန်ရှန့်ကျုံဂိုဏ်းအား ပြဿနာရှာရဲတော့မည်မဟုတ်ပါ!

“စနစ်ရေ, ဂိုဏ်းအမှတ် ၂၀,၀၀၀ ကိုသုံးပြီး ထီအခွင့်အရေး ၂၀ယူလိုက်ပြီး ချက်ချင်းပဲ ထီဆွဲလိုက်တော့!”

ဝမ်ဖုန်းသည် စိတ်ထဲတွင် ထပ်ပြောလိုက်ပြန်သည်။

ချီမိန်ချွှေရွှယ်နှင့် အခြားသူတို့သည် အနီးကပ်တိုက်ခိုက်ရာတွင် အလွန် ကြောက်စရာကောင်းသည့် အင်အားများ ရှိနေကြသော်လည်း သူတို့၏ ကျင့်ကြံမှုအားသည် အနည်းငယ် နည်းနေသည်။ သူတို့၏ဂိုဏ်းသည် ကမ္ဘာကြီးအား အံ့အားသင့်သွားစေချင်သောကြောင့် ဤသို့ အင်အားကြီးပုဂ္ဂိုလ်ကို ရလိုက်သည်မှာ အလွန် ကံကောင်းလှ၍ ယောင်ရီအင်ပါယာအနှံ့ သူတို့ရှန်ရှန့်ကျုံဂိုဏ်း၏ အမည်အား လူသိများသွားစေနိုင်သည်။

“ဒင်, ဝူရှန်းဂိုဏ်းဘုန်းကြီးရဲ့ ကျင့်ကြံမှုအား ဆယ်ပုံတစ်ပုံရသွားလို့ ဂုဏ်ယူပါတယ်!”

“ဒင်, ရှောင်းရှီရိလင်ရဲ့ ကျင့်ကြံမှုအား ဆယ်ပုံ တစ်ပုံရသွားလို့ ဂုဏ်ယူပါတယ်!”

"ဒင်…..!”

ဝမ်ဖုန်း၏ စကားသံတိတ်သွားသည့်အခါတွင် စနစ်၏ အေးတိအေးဆက်အသံများသဘ် သူ၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့ရာ သူ၏မျက်လုံးသည် အနည်းငယ် တောက်ပသွား၍ သူ့ကိုယ်သူ့ ချက်ချင်းပင် ပြောလိုက်ခဲ့သည်။

“စနစ်ရေ, ဒီ ကျင့်ကြံမှုအားတွေကို ချီမိန်ချွှေရွှယ်၊ ယဲ့ကူချန် နဲ့ ကျူးယုယန်၊ ဧကရီယင်ကို ချက်ချင်း ပေးလိုက်ပါ!”

ဤသို့ ရယူလိုက်သည့် ကျင့်ကြံမှုအားတို့နှင့်ဆိုလျှင် ချီမိန်ချွှေရွှယ် နှင့် အခြားသုံးယောက်တို့သည် ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်လောက်မည်။ထိုသို့ဖြစ်လာပါက ဝမ်ဖုန်းသည် ဂိုဏ်းထဲ၌ ဆန်းကြယ်အင်ပါယာအဆင့်၏ အထွတ်အထိပ်ရှိသူ ငါးယောက်ရှိ၍ ဆန်းကြာ်အင်ပါယာအဆင့်၏ နောက်ဆုံးအဆင့်ရှိသူ အင်အားကြီးပုဂ္ဂိုလ်တစ်ဦးရှိနေမည်ဖြစ်သည်။ ဤမျှသော အင်အားဖြင့်ဆိုလျှင် ထိပ်တန်း ဂိုဏ်းကြီးသုံးခုအား နှိမ်နင်းရန် လုံလောက်သည်ထက်ကို ပိုနေဦးမည်။

ဟမ်!

ဤအချိန်တွင် ဝမ်ဖုန်းနှင့် အခြားသူများရှေ့မှ ဟင်းလင်း‌ပြင်ကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါလာသောကြောင့် ချုံဖုန်း သည် ခန္ဓာကိုယ်ကို ကြစ်ထားလိုက်၍ သူသည် ဟင်းလင်းပြင်ကြီး တုန်ခါနေသည့်နေရာကိုသာ ဂရုတစိုက်ကြည့်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ခါနေခဲ့သည် လင်း၏ စွမ်းအင်သည် တက်လိုက်ကျလိုက်ဖြစ်နေခဲ့သည်။

“ကိုယ့်လူ‌ မကြောက်နေပါနဲ့!” ဝမ်ဖုန်းသည် ပါးစပ်ထောင့်စွန်းနားတွင် တုန်တုန်ယင်ယင်နှင့် ပြောလိုက်ကာ လက်ခါပြလိုက်သည်။

ယဲ့မုချင်၏ သိချင်ဇောတတ်နေသည့် အကြည့်အောက်တွင် ဟင်းလင်းပြင်ထဲတွင် အပ်ကြားရာတစ်ခုသည် ချက်ချင်း ကွဲပွင့်သွားကာ ထိုအထဲမှ လူနှစ်ဦးထွက်ပေါ်လာခဲ့သည်။

တစ်ဦးသည် အနီရောင် သင်္ကန်းဝတ်ဆင်ထားကာ ဖြူဖွေးနေသည့် မုတ်ဆိတ်မွှေးနှင့် မျက်ခုံးဖြူနှစ်ခုရှိသူဖြစ်သည်။ သူသည် အိုမင်းနေပုံပေါ်သော်လည်း သူ၏အသားအရေသည် မွေးကင်းစကလေးတစ်ယောက်ကဲ့သို့ နူးညံ့ကာ သူ၏မျက်လုံးတို့သည် သန့်စင်၍ တည်ငြိမ်နေသော်လည်း သူသည် များစွာသော အသိဉာဏ်ဗဟုသုတများအား ဖုံးကွယ်ထားပုံ ပေါ်နေသည်။

အခြားတစ်‌ေယာက်သည် ကျယ်ပြောသည့် ကြက်သွေးနီရောင် ဝတ်ရုံအား ချုံထား၍ အသက်ရှိနေသည်ဟုပင်ထင်ရသည့် နဂါးတစ်ကောင်အား သူ၏ ရင်ဘက်‌တွင် ပန်းထိုးထားကာ သူ၏ အလွန်မည်းနက်သည့် ဆံပင်ကို ဖျည်ချထား၍ သူမခန္ဓာကိုယ်သည် အရပ်ရှည်ကာ သန်မာထွားကြိုင်းပုံပေါ်သည်!

“မင်္ဂလာပါ, ဂိုဏ်းချုပ်ကြီး!”

ဝူရှန်း ဘုန်းကြီးနှင့် ရှောင်းရှီရိလင်တို့သည် တစ်ချိန်တည်းတွင် ဝမ်ဖုန်းအား ဦးညွတ်လိုက်၍ နှုတ်ဆက်လိုက်ခဲ့ကြသည်။

ဤအချိန်တွင် ဝမ်ဖုန်းအနောက်တွင် ရပ်နေခဲ့သည့် ချုံဖုန်းသည် ဝူရှန်းဘုန်းကြီးနှင့် ရှောင်းရှီရိလင်တို့အား စိုက်ကြည့်နေခဲ့သည်။ သူသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုနှစ်ဦးသည် ထိပ်တန်းပုဂ္ဂိုလ် များဖြစ်ကြ၍ သူ့ထက် အားမနည်းသည်ကို သိရှိလိုက်သည်။

မူလတွင် ဓားနားသာကပ်နေခဲ့သည့် ချုံဖုန်းသည် ရုတ်တရက် ရှန်ရှန့်ကျုံဂိုဏ်းအား သိချင်လာခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် မည်သို့သော ဂိုဏ်းပါမည်နည်း?

“အရမ်းကြီးလည်း ယဉ်မကျေးနေပါနဲ့!” ဝမ်ဖုန်းသည် သူ၏လက်အား ခါလိုက်၍ ‌ပြုံးလိုက်ခဲ့သည်။

ထို့နောက်တွင် ထပ်မံ နှောင့်နှေးကြန့်ကြာခြင်း မရှိတော့ကာ သူသည် လူအုပ်ကြီးအား ရှန်လင်မြို့ဘက်သို့ ရှိန်နှင်းကာ ဦးဆောင်လာခဲ့လေသည်။

…………

တစ်ချိန်တည်း၌ လင်းထျန်းချန်း၏ မေးခွန်းများအား ရင်ဆိုင်နေရသည့်အခါတွင် ချီမိန်ချွှေရွှယ်သည် မျက်လုံးများဖွင့်လိုက်ကာ လင်းထျန်းချန်းအား မထူးမဆန်းနှင့် ကြည့်နေခဲ့သည်။ချီမိန်ချွှေရွှယ်သည် ပြန်လည်ဖြေကြားတော့မည်လုပ်နေသော်လည်း သူသည် အံ့အားသင့်သွားခဲ့ကာ လျင်လျင်မြန်မြန်ပင် သူ၏ခန္ဓာကိုယ်မှ အင်အားကို စုရုံးပြင်ဆင်လိုက်ကာ ဖိနှိမ့်လိုက်မှုတောင် ဖြစ်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် အသက်ရှူသွင်းလိုက်သည်။

သူ၏အနောက်ရှိ ဧကရီယင်၊ ကျူးယုယန် နှင့် ယဲ့ကူချန်အတွက်လည်း ထိုကဲ့သို့ဖြစ်သွားခဲ့သည်။

ချီမိန်ချွှေရွှယ်နှင့် အခြားသူများမှာ သူတို့၏ခန္ဓာကိုယ်မှ ပြင်းပြင်းထန်ထန်ထွက်ပေါ်လာသည့် အင်အားကို ထုတ်ယူလွတ်လိုက်၏။ ဤအချိန်၌ အသံတစ်သံထွက်ပေါ်လာခဲ့သည်။

“ဟုတ်ရင်ရော ဘာဖြစ်မှာလဲကွ မဟုတ်ရင်ရော လာဖြစ်မှာလဲ?”

“ဟားဟားဟားဟား!”

ချီမိန်ချွှေရွှယ်၏ ရိုးရှင်းလှသည့် စကားအား ကြားလိုက်ရသည့်အခါတွင် လင်းထျန်းချန်းသည် ဒေါသထွက်၍ ရယ်လိုက်ခဲ့သည်။ နှစ်အတော်အတန်ကြာသွားခဲ့ပြီဖြစ်သည်။ သူသည် ဖေးယုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာခဲ့ကတည်းက မည်သူမျှ လင်းထျန်းချန်းအား ဤသို့ စကားမပြောရဲတော့ပါ။

“ဂိုဏ်းချုပ် ထျန်း နဲ့ ဂိုဏ်းချုပ် ရှောင်း လည်း ဒီရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ချင်ကြတာလားဗျ?”

လင်းထျန်းချန်း သည် ချီမိန်ချွှေရွှယ်အား ထပ်မကြည့်တော့ကာ ထိုအစား ထျန်းစန်းနှင့် ရှောင်းချန်း တို့အား ကြည့်ကာ ပြောလိုက်ခဲ့သည်။

“ဒါမှ သဘာဝကျမှာပေါ့ဗျာ, မဟုတ်ဘူးလား ဂိုဏ်းချုပ် လင်း? အဲ့လူက အတည်မပြုရသေးဘူးဆိုပေမဲ့လည်း ငြင်းနေတာလည်းမဟုတ်ဘူးလေနော်။ ပြီးတော့ နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံမှာ ထျန်းရှင်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပြောသလိုပဲ ဖေးယုဂိုဏ်းက တပည့်တွေကို သတ်ဖြတ်ရဲတဲ့ တစ်ဦးတည်းသောသူတွေက ဒီ မာနကြီးနေတဲ့ ရှန်ရှန့်ကျုံဂိုဏ်းပဲလေဗျာ!”

ရှောင်းချန်း သည် လင်းထျန်းချန်းအား ကြည့်လိုက်၍ ပြောလိုက်ခဲ့သည်။

“ရှန်ရှန့်ကျုံဂိုဏ်းကလည်းတစ်ခုပဲရှိတာဆိုတော့ ကျွန်တော်တို့ ဂိုဏ်းကြီးသုံးဂိုဏ်းကို ပေါင်းပြီး လုပ်ဆောင်ကြရအောင်လား?”

လင်းထျန်းချန်းသည် အေးတိအေးဆက်နှင့် ပြောလိုက်ကာ သူ၏မျက်လုံးပေါ်တွင် မကျေနပ်သည့် ပုံပေါ်နေခဲ့သည်။ ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်းသည် ရှန်ရှန့်ကျုံဂိုဏ်းအား ဖျက်ဆီးရန် ပူးပေါင်းလုပ်ဆောင်ခဲ့ကြလေပြီ။ ဤသို့ ပူးပေါင်းခြင်းသည် လွန်ခဲ့သည့် နှစ်ပေါင်းရာချီအတွင်း၌ တစ်ခါမျှပင် မပေါ်ပေါက်ခဲ့ပါ။

All Chapters