ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲတွေက ဘယ်မှာလဲ?
Vol. 5 Ch. 63
ယောင်ရီအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ယုဖေးတွင် အခြွေအရံအမျိုးသမီးပေါင်း ရာချီကာ ရှိနေခဲ့သော်လည်း သူ တကယ်ကြိုက်နှစ်သက်သူ တစ်ဦးမျှ မရှိခဲ့ဖူးပေ။ အကယ်၍ ယုဖေးကြိုက်နှစ်သက်သူတစ်ဦး ရှိနေခဲ့သည်ဆိုပါက ထိုသူသည် ဤအင်ပါယာထဲတွင် ထိပ်တန်းအဆင့်မြင့်လူတန်းစားထဲမှသာ ဖြစ်ပြီး အလွန် ချောမောလှပနေလိမ့်မည်။
သို့သော် ယခုအချိန်တွင် အိမ်ရှေ့စံမင်းသား ယုဖေးသည် ယဲ့မုချင်အား ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည့်အချိန်၌ပင် သူ၏ စိတ်နှလုံးထဲမှ သေချာသိရှိသွားခဲ့သည်။ ယုဖေးသည် သူ၏နှလုံးသားကို လှုံ့ဆော်နိုင်သည့် အမျိုးသမီးမျိုး ဤကမ္ဘာပေါ်တွင် လုံးဝ မရှိဟု ထင်မှတ်ထားခဲ့ရာ ထျန်းရှင်းဂိုဏ်း၏ ထိပ်တန်း အလှအပလေးဖြစ်သည့် လီထျန်းရှင်းကိုပင် မီးပြင်းဖိုကြီးတစ်ခုနှင့်ပင် တူသည်ဟု မြင်နေခဲ့သည်။
သို့သော် ယဲ့မုချင်အား တစ်ချက်ကြည့်လိုက်ရုံနှင့် ယုဖေးသည် ဤဘဝတွင်တော့ ဤအမျိုးသမီးသည် သူ့အတွက် မရှိမဖြစ်လိုအပ်ကာ သူမသည် သူ၏နှလုံးသားအား ပိုင်ဆိုင်သူ ဖြစ်သွားခဲ့လေသည်။
ယုဖေးသည် သူ၏ဖခမည်းတော်ဖြစ်သည့် ဧကရာဇ်သည်ပင် ဤအမျိုးသမီးရှေ့၌ အိန္ဒြေထိန်းနိုင်မည်ဟု မထင်ခဲ့ပေ။ မတန်မဆပြောရမည်ဆိုပါက သူ၏ ဖခင်သည် အင်အားကြီးသည့် အဖိုးကြီးတစ်ဦးဖြစ်ပေသည်။ ယောင်ရီအင်ပါယာ ဧကရာဇ်၏ မောင်းမဆောင်တွင်ရှိသည့် အမျိုးသမီးဦးရေသည် အကြီးဆုံး အင်ပါယာသုံးခုတည်းတွင် အများဆုံး အသာလွန်ဆုံးသာဖြစ်ပေသည်။
ယုဖေးသည် ယဲ့မုချင်အား ပြင်းထန်သောအကြည့်နှင့် ကြည့်နေခဲ့သည်။ ယုဖေးသည် ဤကဲ့သို့သော အမျိုးသမီးအား အရယူနိုင်မည်ဖြစ်၍ ဤကဲ့သို့သောအမျိုးသမီးသည်ပင် သူနှင့် ထိုက်တန်လေသည်!
ဟင်းလင်းပြင်ထဲ၌။
ဝမ်ဖုန်းသည် အောက်မှ ဝက်ညီနောင်အား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ခဲ့သည်။ သူသည် သူဘေး၌ရှိသည့် ယဲ့မုချင်အား ကြည့်ကာ သိမ်မွေ့စွာ ပြောခဲ့သည်။
“ နောက်ကျရင် မျက်နှာလွှားဇာလေးများ ဝတ်ချင်လား?”
“ကောင်းပါပြီ , ယောက်ျားက ဝတ်ဆိုရင် ဝတ်မှာပေါ့ရှင့်!”
ယဲ့မုချင်သည် ပြုံးကာ လှပသည့် မျက်လုံးလေးများသည် လခြမ်းလေးကဲ့သို့ပင် မှေးသွားကြ၍ အလွန်ချစ်စဖွယ်ကောင်းလှသည်။
ယဲ့မုချင် ရယ်မောလိုက်သည့်အခါတွင် အောက်မှ အင်အားကြီးသူများအားလုံးသည် အံ့ဩသွားခဲ့ကြသည်။ ဤအပြုံးသည် နွေဦး၌ လေအေးတိုက်သွားသကဲ့သို့ သူတို့၏ နှလုံးအား နွေးထွေးသွားစေခဲ့သည်၊ တောင်တန်းတို့နှင့် စီးဆင်းနေသည့် ရေသံများကဲ့သို့ ထိုအပြုံးသည် စိတ်ဝိဉာဉ်အား ဆေးကြောသန့်စင်ပေးလေသည်!
ထျန်းရှင်းဂိုဏ်း၏ တာအိုဝတ်ရုံဝတ်ဆင်ထားသည့် လှပတင့်တယ်သည့် အမျိုးသမီးသည် မခံချိမခံသာဖြစ်နေပုံပေါ်သည်။
နောက်ထပ် ***တစ်ယောက်ရောက်လာပြန်ပြီ။ ဒါပေမဲ့လည်း အို အဆုံးသတ်ကတော့ ****မ ထျန်းရှင်းထက်တောင် ဆိုးမယ်ထင်ပါရဲ့။
“မင်းက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား?”
လင်ထျန်းချန်းသည် သူ၏စိတ်အား တည်ငြိမ်အောင် ထိန်း၍ ဝမ်ဖုန်းကို ကြည့်ကာ တည်တည်ငြိမ်ငြိမ်နှင့် ပြောခဲ့သည်။
ဤသို့ပြောလိုက်သည့် အသံသည်နေရာ၌ရှိနေခဲ့သည့် အင်အားကြီးလူများစွာကိုလည်း တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေရာမှ နိုးကြားသွားစေခဲ့သည်။ သူတို့သည် ထိုအချိန်တွင် ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်းသည် ရှန်ရှန့်ကျုံဂိုဏ်းအား တိုက်ခိုက်ရန် ဝန်းရံထားသည်ကိုလည်း သတိရသွားခဲ့ကြသည်။
“ခင်ဗျားကရော ဘယ်သူလဲ?”
ဝမ်ဖုန်းသည် လင််ထျန်းချန်းအား ငုံ့ကြည့်၍ စိတ်မဝင်စားစွာ ပြောလိုက်လေသည်။
ဤအချိန်တွင် ဝမ်ဖုန်းသည် သူ၏လက်အား နောက်ပစ်၍ ရပ်နေခြင်းဖြစ်သည်။ ဝမ်ဖုန်းသည် ခန့်ခန့်ညားညား ဟန်နေဟန်ထားရှိမနေခဲ့သော်လည်း သူ၏ခန္ဓာကိုယ်အား မြင့်မြတ်သည့် အရှိန်အဝါဝန်းရံထားကာ ဝမ်ဖုန်းသည် အလွန့်အလွန်ကိုပင် အားကိုးရပုံပေါက်နေခဲ့သည်။
“ငါဖေးယုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ!”
လင်ထျန်းချန်းသည်လည်း နောက်သို့ လက်ပစ်၍ ရပ်ကာ ဂုဏ်ယူစွာနှင့်ပင် ပြန်လည်ဖြေကြားလိုက်ကာ သူ၏ခန္ဓာကိုယ်သည် မားမားမတ်မတ်ရှိနေခဲ့သည်။ စကားပြောနေစဉ်တွင် သူသည် ဝမ်ဖုန်းအား လုံးဝကြည့်မနေခဲ့ဘဲ ဝမ်ဖုန်းဘေးနားမှ သူကိုသာ ကြည့်နေခဲ့သည်။
“အော်, တစ်ခါမှ မကြားဖူးဘူး!”
ဝမ်ဖုန်းသည် ပခုံးတွန့်လိုက်၍ အေးဆေးတည်ငြိမ်စွာ ပြောခဲ့သည်။
“ရေတွင်းအောက်ခြေကဖားက ရေတွင်းအောက်ခြေက ဖားပဲပေါ့, အဲ့တော့လည်း ဖေးယုဂိုဏ်းတို့ ဘာတို့တော့ ဒီဂိုဏ်းချုက်လည်း သိမနေဘူးလေ!”
ဝမ်ဖုန်းပြောလိုက်သည့် စကားသည် လင်ထျန်းချန်းအား ဒေါသထွက်သွားပုံပေါက်သွားစေသော်လည်း သူသည် ဝမ်ဖုန်းဘေးမှ လှပသည့် အမျိုးသမီးလေးအား ကြည့်လိုက်သည့်အခါတွင် ဒေါသအား ထိန်းထားလိုက်၍ အထင်သေးစွာနှင့် ပြောလိုက်ခဲ့သည်။
ဒေါသထွက်ခြင်းသည် ဖေးယုဂိုဏ်း၏ အပြုအမူအား အနည်းနှင့်အများ ကျဆင်းသွားစေကာ ဤကဲ့သို့ လှပသည့် အမျိုးသမီးလေးအရှေ့တွင်တော့ အပြုအမူကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်မှ ရပေမည်။
“ခင်ဗျားက ဒီဂိုဏ်းချုပ်ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးချင်တယ်လို့ ပြောလိုက်တာလား?”
ဝမ်ဖုန်းသည် လင်ထျန်းချန်းအား တစ်ချက်ကြည့်၍ မျက်မှောင်ကြုတ်ကာ အေးတိအေးစက်နှင့် ပြောခဲ့သည်။
“ဖျက်ဆီးချင်တယ်ဆိုရင်ရော ဘာဖြစ်လဲ?”
လင်းထျန်းချန်းသည် ခနဲ့ကာ မတ်တပ်ထရပ်လိုက်၍ ဂုဏ်ယူစွာ ပြောခဲ့သည်။
သူ၏အရှေ့တွင် ဂိုဏ်းချုပ်ငယ်လေးသည် သူ၏ဂိုဏ်းဟု ခေါ်ရဲပေသည်။ တကယ့်ကိုပဲ တောင်တန်းထဲမှာ အုပ်ချုပ်မယ့် ကျားမရှိတော့ မျောက်က သခင်ဖြစ်သွားတာပေါ့! မဟုတ်သေးဘူး, ဒီ **** ရှန်ရှန့်ကျုံဂိုဏ်းကိုတော့ မျောက်လို့တောင် ခေါ်လို့မရဘူး, အများဆုံးတော့ ပုရွက်ဆိတ်သာသာပဲကွ။
“ခင်ဗျားတို့ကရော?”
ဝမ်ဖုန်းသည် လင်ထျန်းချန်းအား ဖြတ်ကျော်၍ ထျန်းစန်း နှင့် ရှောင်းချန်းတို့အား ကြည့်ကာ မေးခဲ့သည်။
"ကျားကိုကိုက်တဲ့ ခြင်က ကျားရိုက်တာတော့ခံရမှာပဲ။ ကျားရဲ့ အာဏာကိုတော့ လာပြီး စော်ကားလို့မရဘူးကွ!” ရှောင်ချန်း ၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာခဲ့ကာ သူသည် ရယ်ခဲ့သည်။
“ခြင်မှာ အကောင်ငယ်ရေမဲ့လည်း တစ်ခါတစ်လေတော့ ဖြည်းဖြည်းချင်း အရသာခံကြည့်ရတာတော့ မဆိုးဘူးလေ!” ထျန်းစန်း သည်လည်း ပြုံးကာ ပြောခဲ့သည်။
ဝမ်ဖုန်းနှင့် အခြားသူတို့ကြားမှ စကားပြောနေပုံသည် သူငယ်ချင်းများကြား စကားပြောနေကြသလို ဖြစ်သော်လည်း နေရာ၌ရှိနေခဲ့ကြသူတို့သည် ကျောချမ်းဖွယ် ခံစားချက်က တဖြည်းဖြည်း ပျံ့နှံ့နေသည်ကို ခံစားခဲ့ရသည်။
ထိုဂိုဏ်းကြီး၏ အင်အားကြီးပုဂ္ဂိုလ်တို့သည် ဝမ်ဖုန်းအား ကရုဏာသက်သည့်ဟန်နှင့် ကြည့်နေခဲ့ကြကာ ထိုဂိုဏ်းကြီး၏တပည့်များသည်ထို နတ်မိမယ်လေးတော့ သနားပါသည်ဟုသာ တွေးနေခဲ့ကြပေသည်။
“ဒီလူ က တကယ်တော့ ကျော်ကြားတာကို မကြိုက်ဘူးလေ။ လူသားတစ်ယောက်အနေနဲ့တော့ ဒီလူ က အမြဲတမ်း တိတ်တဆိတ်ပဲနေခဲ့တာ။ ဒါပေနဲ့လည်း ခင်းဗျားတို့က ကျွန်တော့်ကို ဖိအားလာပေးနေတော့လည်း ဒီလူက လုပ်ပေးရတော့မှာပေါ့ဗျာ!”
ဝမ်ဖုန်းသည် ခေါင်းခါ၍ အကူအညီမဲ့ပုံနှင့် သက်ပြင်းချခဲ့သည်။
ဝမ်ဖုန်း၏စကားတို့အား နေရာ၌ရှိနေကြသည့်သူများအားလုံး ကြားလိုက်သည့်အခါတွင် အနည်းဆုံး လူတစ်ဝက်က မျက်စောင်းထိုးခဲ့ကြသည်။
မင်းက တိတ်တဆိတ်နေတယ်ပေါ့လေ?
ဘယ်သူကများ ချင်းယွမ် စံအိမ်ကို စခဲ့တာပါလိမ့်?
စစ်ဖန့်ခန်းမမှာ အကြီးအကဲ ကွေ့ရှုန်း ရဲ့ လက်ကို ဓားတစ်ချောင်းတည်းနဲ့ ခုတ်လိုက်ခဲ့တာပါလိမ့်?
ချောင်ဟိုင်ဂိုဏ်းက ဖုန်းမော့ကို ဘယ်သူများ သတ်လိုက်တာပါလိမ့်?
ဖေးယုဂိုဏ်းက ယဲ့ဖုန်းကိုလည်း ဘယ်သူများ သတ်လိုက်ခဲ့တာပါလိမ့်?
အသေးစိတ်ပြောရလျှင် ဝမ်ဖုန်းသည် ဤရှန်လင်မြို့တော်သို့ လာခဲ့ရာ ရက်အနည်းငယ်အတွင်း၌ပင် သူသည် ထိပ်တန်း ဂိုဏ်းသုံးဂိုဏ်းအား စော်ကားခဲ့ပြီးပြီဖြစ်သည်။ ယောင်ရီအင်ပါယာအတွင်းတွင် ဤကဲ့သို့ ပြဿနာများအား ဆက်တိုက်ရှာနိုင်သည့်သူမှာ ဝမ်ဖုန်းမှလွဲ၍ နောက်တစ်ဦး မရှိတော့ပေ။
လင်ထျန်းချန်းတို့သုံးဦးသည် ဝမ်ဖုန်း ပြောသည်ကို ကြားလိုက်ရသည့်အခါတွင် သူတို့သည် ခေါင်းခါ၍ ရယ်နေခဲ့ကြသည်။
ဒီလူက တကယ့်ကိုမှ အိမ်မက်ပဲမက်နေတာပဲကွ။ ဒီလို ဂိုဏ်းချုပ်မျိုးနဲ့တော့ ရှန်ရှန့်ကျုံဂိုဏ်းက လူတွေအားလုံးက ရူးနေတာ မဆန်းပါဘူး။
“ ဒီဂိုဏ်းချုပ်ရဲ့ ဂိုဏ်းအကြီးအကဲတွေ ဘယ်ရောက်နေကြလဲ!”
ဝမ်ဖုန်းသည် ဟင်းလင်းပြင်ထဲတွင် သူ၏လက်များအား နောက်ပစ်၍ ရပ်နေခဲ့ကာ သိမ့်မွေ့စွာနှင့် ကြိမ်းဝါးလိုက်သည့်အခါတွင် သူ၏အသံသည် လမ်းဆုံတစ်ခုလုံးအား လွှမ်းခြုံသွားခဲ့သည်။
“ချီမိန်ချွှေရွှယ် ဒီမှာပါ!”
“ယဲ့ကူချန် ဒီမှာပါ!”
“ကျုံးယုယန် ဒီမှာပါ!”
“ ရှောင်းရှီရိလင် ဒီမှာပါ!”
“ ဝူရှန်း ဘုန်းကြီး ဒီမှာပါ!”
ဝမ်ဖုန်းအသံ ထွက်ပေါ်လာခဲ့သည့်အချိန်တွင် အသံငါးသံသည်လည်း ထွက်ပေါ်လာခဲ့ပြီး ဝမ်ဖုန်းအရှေ့သို့ လူငါးယောက် ရောက်ရှိလာကာ ဝမ်ဖုန်းအား လေးစားစွာ ဦးညွတ်ခဲ့ကြသည်။
ဤအချိန်တွင် ချီမိန်ချွှေရွှယ်နှင့် အခြားသူတို့သည် မည်သည်ကိုမျှ ဖုံးကွယ်မထားတော့ပေ။ ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့် ကျင့်ကြံမှုသည် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။ ကြောက်မက်ဖွယ် အင်အားငါးမျိုးသည် ရှောင်လင်မြို့ လမ်းဆုံတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ လမ်းဆုံတစ်ခုလုံးတွင် မမြင်နိုင်သည့် တောင်တန်းကြီးတစ်ခု ရှိနေသကဲ့သို့ပင်ဖြစ်နေသည်။ အောက်သို့ ဖိနှိပ်နေခဲ့၍ ကြောက်စရာ ဖိအားသည်လည်း ပျံ့နှံ့နေခဲ့သည်။
တိတ်ဆိတ်!
လုံးဝ တိတ်ဆိတ်နေသည်!
လင်ထျန်းချန်းသည် အံ့ဩသွားခဲ့သည်!
ထျန်းစန်းသည်လည်း အံ့ဩသွားခဲ့သည်!
ရှောင်းချန်းသည်လည်း အံ့ဩသွားခဲ့သည်!
ချန်းလီ၏ အပြုံးသည် ရပ်တန့်သွားကာ ထျန်းရှင်းဂိုဏ်းမှ တာအိုဝတ်ရုံ ဝတ်ဆင်ထားသော လှပတင့်တယ်သည့် အမျိုးသမီးမှ ကဲ့ရဲ့နေသည်လည်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
နေရာ၌ရှိနေသူတိုင်း၏ စိတ်ထဲတွင် မည်သည်မှ တွေးမနေနိုင်ခဲ့ဘဲ ကြောက်စရာကောင်းသည့် ဖိအားကြီးသည် သူတို့၏ ခန္ဓာကိုယ်များအား အတင်းအကြပ် တုန်လှုပ်နေခဲ့စေသည်။ ထိုသူတို့သည် ရွှံ့ဗွက်အိုင်ထဲသို့ နစ်နေသကဲ့သို့ လွယ်လွယ်ကူကူ လှုပ်ရှား၍မရ ဖြစ်နေခဲ့သည်။
“ရှေးဟောင်း ဂိုဏ်း!!!”
“ ချင်းယွမ်စံအိမ်ကတော့ ရှန်ရှန့်ကျုံဂိုဏ်းနဲ့ တည့်အောင် နေဖို့ လုပ်ရမယ်!”
မြင့်မားသော စင်မြင့်၏ အစွန်း၌ရှိနေသည့် အကြီးအကဲ ချင်ရှန်းသည် သူ၏ မုတ်ဆိတ်မွှေးအား ပွတ်သပ်နေခဲ့သည်။
သို့သော် အကြီးအကဲ ကျူးချင်သည် ဤအချိန်တွင် ပြန်မဖြေကြားခဲ့ပေ။ သူမသည် မှုန်ကုပ်ကုပ်ဖြင့် ဟင်းလင်းပြင်ထဲမှ လူငါးဦးကိုသာ စိုက်ကြည့်နေခဲ့သည်။ သူမ၏ ချယ်ရီသီးကဲ့သို့ နီရဲနေသည့် နှုတ်ခမ်းသည် အနည်းငယ် ဟနေခဲ့ကာ အလွန် အံ့အားသင့်နေခဲ့သောကြောင့် သူမ၏ ရင်ဘတ်ထဲတွင်လည်း တုန်လှုပ်ခြောက်ခြားနေခဲ့သည်။
“ဒါက….ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?”
လင်ထျန်းချန်း၏မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အနေဖြင့် ကြောက်ရွံ့ပုံပေါ်နေခဲ့သည်။
ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် မှာရှိနေတဲ့ အင်အားကြီးပုဂ္ဂိုလ် ငါးဦးတောင်တဲ့လား၊ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲဟ?
ဘယ်ကနေ ဘယ်လိုဖြစ်လာလဲတောင် မသိတဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုလုပ်ပြီး ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ် ငါးဦးတောင်ရှိနေနိုင်တာလဲ?
လင်ထျန်းချန်း ပြောလိုက်သည့်အခါမှ လူတိုင်းသည် ထုံထိုင်းနေခြင်းမှ နိုးကြားသွားခဲ့သည်။သူတို့အားလုံး သတိပြန်ရလာခဲ့သည့်အခါတွင် အသက်ကိုပြင်းပြင်းရှူခဲ့ကြသည်။
“ဟာ!”
“အိမ်မက်မက်နေတာများလား?”
“ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ်ငါးဦးတောင်ပဲ ၊ ဒီရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုလုပ် ဒီလောက် အင်အားကြီးနေနိုင်တာလဲဟ?”
“အမယ်လေး ဒီ အင်ပါယာကြီးတစ်ခုလုံးထဲမှာတော့ ဆန်းကြယ်အင်ပါယာအထွတ်အထိပ် အဆင့် အင်အားကြီးပုဂ္ဂိုလ် ဒီလောက်များများရှိနေတဲ့ ဂိုဏ်းမရှိဘူးထင်တယ်, ဟုတ်တယ်မလား?”
“ကြောက်စရာကြီး! ငါက ဒီရှန်ရှန့်ကျုံဂိုဏ်းကို ဂိုဏ်းကြီးသုံးဂိုဏ်းက လွယ်လွယ်လေးနဲ့ပဲ ဖျက်ဆီးလိုက်နိုင်မယ်ထင်နေတာ, ဒါပေနဲ့ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ အင်အားက ရုတ်တရက်ကြီး ပေါ်လာမယ် မထင်ထားခဲ့ဘူး?”
နေရာ၌ ရှိနေသည့် လူတိုင်းသည် သူတို့ဘေးမှ လူများနှင့် ယခင်တွင် ရှန်ရှန့်ကျုံဂိုဏ်းအား မည်မျှပင် မုန်းတီးခဲ့၍ ယခုတွင် မည်မျှပင် အံ့အားသင့်နေခဲ့ကြောင်း ပြောနေခဲ့ကြသည်။
ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်အင်အားကြီးပုဂ္ဂိုလ်ငါးဦး!
ဂိုဏ်းကြီးသုံးဂိုဏ်းကတောင်မှ ဒီလိုရန်သူကို တော်တော်တိုက်ယူရပေမည်!
အင်ပါယာကြီးသုံးခု၏ နယ်မြေအတွင်းတွင် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ရှိနေရုံနှင့် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဟု သတ်မှတ်ရန် လုံလောက်ပြီဖြစ်သည်။ ဂိုဏ်းကြီး အနည်းငယ်တွင်သာ ဆန်းကြယ်အင်ပါယာအဆင့်အထွတ်အထိပ်ရှိ အင်အားကြီးပုဂ္ဂိုလ်နှစ်ဦး ရှိနေနိုင်သည်။
မည်သူကမှ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် အင်အားကြီးပုဂ္ဂိုလ်ငါးဦးရှိနေသည့် ဂိုဏ်းက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးပင်မတွေးရဲကြပေ။
“သတ်ကြစမ်း!"
ဝမ်ဖုန်းသည် လက်နောက်ပစ်၍ ရပ်နေခဲ့သည်။သူသည် လူအုပ်ကြီးအား နတ်ဘုရားတစ်ပါးကဲ့သို့သာ ငုံ့ကြည့်၍ လူအုပ်ကြီး အံ့ဩသွားသည်ကို လျစ်လျှူရှုကာ အသံတိုးတိုးဖြင့်ပြောခဲ့သည်။
ဝုန်း!
ဝမ်ဖုန်း၏အသံ တိတ်သွားသည့်အခါတွင် ချီမိန်ချွှေရွှယ်တို့ ငါးဦးထံမှ ရုတ်တရက် အေးတိအေးစက်နိုင်သည့် လူသတ်ချင်စိတ်တို့ ထွက်ပေါ်လာခဲ့သည်။ ဤအချိန်တွင် စင်မြင့်တစ်ခုလုံး၏ အပူချိန်သည် ကျဆင်းသွားခဲ့ပြီး ထိုနေရာ၌ရှိနေသူတိုင်းအား အေးစက်ကာတုန်လှုပ်သွားစေ၍ လူတိုင်းသည် အလွန့်အလွန် ကြောက်ရွံ့နေခဲ့ကြသည်။
ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့်သည် သူတို့လက်ထဲမှ ဓားများကို ဖြည်းဖြည်းချင်း ထုတ်လာခဲ့ကြသည်။
တစ်လက်မ….
နှစ်လက်မ!
သူတို့သည် ဓားက တစ်လက်မဆွဲထုတ်လိုက်လေလေ ထိုဓားတို့သည် ပို၍ အားကြီးလာလေလေဖြစ်၍ ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့၏ ဓားတို့ကို အဆုံးထိ ဆွဲထုတ်လိုက်သည့်အခါတွင် အေးတိအေးစက်နိုင်သည့် ဓားချီသည် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့နေခဲ့ပြီးဖြစ်သည်။
ကျူးယုယန်သည် ယင်ဟိုဓားအား ဆွဲထုတ်လိုက်ကာ ရှောင်းရှီရိလင်သည်သူ၏ သမင်ဖြတ်ဓားကို ဆွဲထုတ်၍ ဝူရှန်းဘုန်းကြီးသည် ဝူရှန်း ဇန်ပုတီးစေ့တို့အား ထုတ်ခဲ့သည်။
သက်တန့်ငါးစင့်နှင့်တူသည့် ထိုသူငါးဦးတို့သည် တစ်ချိန်တည်းတွင် ဆင်းသက်လာခဲ့ကြ၍ ချက်ချင်းဆိုသလိုပင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ အင်အားကြီးပုဂ္ဂိုလ်တို့ဘက်သို့ ပြေးထွက်သွားခဲ့ကြသည်။ ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့ထံမှ ဓားချီများစွာ ပျံ့နှံ့လာခဲ့ကာ ဂိုဏ်းကြီးသုံးဂိုဏ်းမှ အင်အားကြီးပုဂ္ဂိုလ်တို့ဘက်သို့ ကျဆင်းလာခဲ့သည်။
ရှောင်းရှီရိလင်သည် ဓားချီများစွာကို ဝှေ့ယမ်းလိုက်ကာ ထိုဓားချီတစ်ခုချင်းစီသည် ဟင်းလင်းပြင်အား စုတ်ပြဲစေခဲ့သည်!
ဧကရီ ယင်သည် ဓားအား ကိုင်မလိုက်၍ ပန်းပွင့်ပုံဓားသိုင်းအချို့ ပြုလုပ်လိုက်ရာ အနက်ရောင် စွမ်းအင်အမျှင်များသည် ဤပန်းပွင့်နှင့်တူသည့် ဓားသွားစွမ်းအင်အား ရစ်ပတ်လိုက်ကာ တဖြည်းဖြည်းချင်း အလွန် နှေးကွေးလှသည့်
အရှိန်နှင့်ကျဆင်းနေသည်ဖြစ်သော်လည်း အနီးကပ်ကြည့်လိုက်ပါက ဝန်းရံထားသည့် ဓားစွမ်းအင်ကို တွေ့နိုင်ပေသည်။ ဟင်းလင်းပြင်သည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဝူရှန်း ဘုန်းကြီးသည် အကွက်ပိုများ မရှိသောကြောင့် သူသည် ဝူရုန်း ဇန်ပတီးစေ့များကိုယူ၍ သုံးခဲ့သည်။ ဝူရှန်း ဇန်ပတီးစေ့သည် ရုတ်တရက် ဂိုဏ်းကြီး သုံးဂိုဏ်းဘက်သို့ ရုတ်တရက် လှည့်ထွက်သွားခဲ့ကာ ပတီးစေ့တစ်ခုချင်းသည် ရွှေရောင် အလင်းရောင်များနှင့် တောက်ပနေ၍ ခဏတာအတွက် မြန်မြန်ဆန်ဆန် လှည့်ပတ်နေသည့် ဝူရှန်းဇန်ပတီးစေ့သည် ပျောက်သွားခဲ့၍ ရွှေရောင် စက်ဝန်းတစ်ခုသာ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်။
“အတူတူ တောင့်ခံထားကြ!”
လင်ထျန်းချန်း၏ မျက်နှာထားသည် လုံးဝ ပြောင်းလဲသွားခဲ့ကာ သူသည် အခြားအေကြာင်းအရာများကို မတွေးနေနိုင်ဘဲ အော်ပြောလိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် အင်အား ထွက်ပေါ်လာခဲ့လေသည်။
လင်ထျန်းချန်းသည် သူ၏ ဘယ်ဘက်လက်အား လှည့်လိုက်ရာ သူ၏လက်ထဲတွင် ဓားကြီးတစ်လက် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဝုန်း!”
ဓားကြီးသည် မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့ရာ စင်မြင့်ကြီးတစ်ခုလုံးသည် တုန်ခါသွားခဲ့သည်။
သူသည် ဓားကြီးအား တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားခဲ့၍ အင်အားကြီးသည့် ချီစွမ်းအင်သည် ပျံ့နှံ့သွားခဲ့ကာ ဓားကြီးပေါ်တွင် ရှိနေ၍ ချက်ချင်းဆိုသလိုပင် အလွန် ထူထပ်လှသည့် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
တုန့်ဆိုင်းနေခြင်းလုံးဝမရှိဘဲ လင်ထျန်းချန်းသည် ဓားနှင့် ခုတ်လိုက်ရာ ကြောက်စရာကောင်းသည့် လခြမ်းနှင့်တူသည့် ကြီးမားလှသော ဓားကြီးသည် ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး လင်ထျန်းချန်း၏ အရှေ့မှ မြင့်မားသော စင်မြင့်ပေါ်သို့ အက်ကွဲရာကြီးတစ်ခု ဖြစ်ေပါ်ခဲ့သည်။
တစ်ချိန်တည်းတွင် ထျန်းစန်းနှင့် ရှောင်းချန်းတို့သည်လည်း တုံ့ပြန်လာခဲ့ကြပြီး သူတို့သည်လည်း သူတို့၏ကိုယ်ပိုင် အင်အားကြီး တိုက်ကွက်များကို ထုတ်သုံးလာခဲ့ကြသည်။ ဤအချိန်တွင် ဂိုဏ်းကြီး သုံးဂိုဏ်းမှ အင်အားကြီးပုဂ္ဂိုလ်တို့သည် ရုန်းရင်းဆန်ခတ်ဖြစ်လာခဲ့သည်။