← Chapters

လောက၏လေးစားရဆုံးသော ဓားသမား။

Vol. 5 Ch. 64

လောက၏လေးစားရဆုံးသော ဓားသမား။

Vol. 5 Ch. 64

ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူငါးဦးနှင့် ရင်ဆိုင်ရသည်ဖြစ်ရာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ စွမ်းအားမြင့်ကျင့်ကြံသူများသည်လည်း မည်သူမျှ သတိလက်လွတ် မထီမဲ့မြင် မပြုမူရဲကြပါချေ။ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ နှစ်ဆယ်နီးပါးသည် သူတို့၏စွမ်းဆောင်နိုင်စွမ်းအားလုံးကို ထုတ်လွှတ်အသုံးပြုကြလေရာ တိုက်ကွက်များစွာတို့လည်း ထွက်ပေါ်လာခဲ့ပြီး အထက်ကောင်းကင်တွင် အရောင်အသွေးစုံလင်သော စွမ်းအင်လှိုင်းများ ဖြစ်တည်နေတော့သည်။

ထိုအထဲတွင် လင်ထျန်းချန်း၏တိုက်ကွက်များသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။ စစ်သူကြီးသုံးဦးကဲ့သို့ ဓားရောင်ခြည်တန်း၊ လက်သီး‌ထိုးချက်အလင်းနှင့် လက်ဖဝါးရိုက်ချက်တို့သည် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ နှစ်ဆယ်နီးပါးကို တိုက်ခိုက်ရာတွင် ဦးဆောင်ပေးနေခဲ့သည်။ ချီမိန်ချွှေရွှယ်တို့၏ တိုက်ကွက်နှင့်ရင်ဆိုင်ရသည်တွင် အားလုံးလွင့်စင်ထွက်သွားခဲ့၏။

ထို့ပြင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်အထက်ရှိ ကျင့်ကြံသူရှစ်ဆယ်နီးပါးခန့်သည်လည်း ခန္ဓာတစ်ခုလုံးမှ ချီစွမ်းပင်တို့ကို ဖြာထွက်စေခဲ့သည်။ သို့သော် သူတို့သည် ချီမိန်ချွှေရွှယ်၏တိုက်ကွက်ကို သူတို့ချည်းပဲ မခုခံဝံ့ကြပါချေ။ ထို့ကြောင့် ဒါဇင်ကျော်ခန့်မျှသောလူတို့ဖြင့် အုပ်စုဖွဲ့ပေါင်းစည်း၍ ချီမိန်ချွှေရွှယ်တို့ကို တိုက်ခိုက်ခဲ့သည်။

ထိုဒါဇင်ကျော်အုပ်စုထဲတွင် တော်ဝင်မင်းသားအဆင့်ကျင့်ကြံသူများစွာလည်း ပါဝင်သည်။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်အထက်ရှိ ကျင့်ကြံသူရှစ်ဆယ်နီးပါးခန့်သည် အုပ်စုခုနစ်စုအဖြစ် ခွဲလိုက်သည်။ တော်ဝင်မင်းသားအဆင့်၏ ဦးဆောင်မှုအောက်တွင် တိုက်ခိုက်ကြလေသည်။

ဘုန်း!

ချက်ချင်းပင် ချီမိန်ချွှေရွှယ်မှ ထုတ်လွှတ်လိုက်သည့်တိုက်ကွက်သည် လင်ထျန်းချန်းမှ ထုတ်လွှတ်လိုက်သည့်တိုက်ကွက်နှင့် တိုက်ရိုက်ထိခတ်သွား၏။ နားကွဲမတတ်ကျယ်လောင်လှစွာသော ပေါက်ကွဲသံသည် ရှန်းလင်းချန်ကွင်းပြင်ကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလျက် ကြောက်မက်ဖွယ်ချီစွမ်းအင်လှိုင်းလုံးကြီးသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

စင်မြင့်အစွန်းရှိ စွမ်းအားမြင့်ကျင့်ကြံသူများသည်လည်း မျက်နှာအမူအရာ အကြီးအကျယ်ပြောင်းလဲသွားခဲ့ကာ ထိုချီစွမ်းအင်လှိုင်းလုံးကိုခုခံရန် အလျင်အမြန် ချီစွမ်းအင်များစုစည်းကာကွယ်လိုက်ရ၏။

ချန်းလီသည်ပင် မျက်လုံးမှေးကျဉ်းသွားရလျက် လက်ကိုဆန့်ထုတ်ဝှေ့ယမ်း၍ အိမ်ရှေ့မင်းသားယုဖေးနှင့် အနီးရှိလူများကိုကာကွယ်ရန် အကာအကွယ်တစ်ခုဖန်တီးလိုက်ရလေသည်။

ကွင်းပြင်ထဲရှိကျင့်ကြံသူများစွာတို့မှာ ထွက်ပြေးကြကုန်သည်။ ထိုမျှကြောက်မက်ဖွယ်စွမ်းအင်လှိုင်းဖြင့် ထိခတ်မိပါလျှင် ဒဏ်ရာအပြင်းအထန်ရရှိမည်ဖြစ်သည်။ စင်မြင့်ထက်ရှိစွမ်းအားမြင့်ကျင့်ကြံသူများသည် မိမိတို့၏လူများကို ကာကွယ်ပေးပြီးသည်နှင့် ပေါက်ကွဲမှု၏အလယ်နေရာသို့ အကြည့်ပြန်ပို့လိုက်ကြသည်။ ဤသည်မှာ အင်ပါယာကြီးသုံးခုတွင် အများဆုံးသောစွမ်းအားမြင့်ကျင့်ကြံသူ အရေအတွက်ဖြင့် တိုက်ခိုက်သည့် အသေအကျေတိုက်ပွဲဖြစ်သည်။

ဝမ်ဖုန်းသည် ထိုအချိန်တွင် စင်မြင့်ထက်တွင်ရောက်ရှိနေပြီးဖြစ်ပြီး လင်းဖေးဝူနှင့်အခြားသူများကို ထိုပြင်းထန်လှသည့်တိုက်ခိုက်မှုမှ ကာကွယ်ပေးနေခဲ့သည်။ ဝမ်ဖုန်း၏ဘေးတွင် ယဲ့မုချင်ရပ်နေခဲ့ပြီး နောက်ဘက်တွင် ချုံဖုန်းရပ်နေခဲ့သည်။

ဝမ်ဖုန်းသည် ချုံဖုန်းကိုလည်း ရှေ့ထွက်တိုက်ခွင့်မပြုခဲ့ပေ။ လက်တစ်ဖက်ကို သိမ်းဆည်းထားနိုင်ပါလျှင် ပိုမိုကောင်းမွန်သည့် အကျိုးသက်ရောက်မှုရရှိနိုင်ပါ၏။

ဝမ်ဖုန်း၏နောက်တွင်ရပ်နေသည့် ချုံဖုန်းသည်လည်း တိုက်ပွဲကို သေချာစူးစိုက်ကြည့်နေခဲ့သည်။ ချီမိန်ချွှေရွှယ်နှင့် ယဲ့ကူချန်တို့၏ ဓားရောင်ခြည်ထွက်ပေါ်လာချိန်တွင် ချုံဖုန်း၏မျက်လုံးများမှာ တောက်‌ေတာက်ပပလင်းလက်သွားခဲ့ကာ တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုနှစ်ဦးမှာ ဓားရေးအရာတွင် မိမိထက် များစွာသာလွန်သည်ကို သိရှိခဲ့ပေသည်။

ဂိုဏ်းချုပ်သည် သူ့ကိုမလိမ်ခဲ့ပေ။ ရှန်ရှန့်ကျုံဂိုဏ်းတွင် ပိုမိုစွမ်းအားကြီးမားသည့် ဓားသမားများ အမှန်တကယ်ရှိနေပေသည်။

အချိန်ခဏကြာပြီးနောက်တွင် ကြောက်မက်ဖွယ်စွမ်းအား၏သက်ရောက်မှုသည် တဖြေးဖြေးပျောက်ကွယ်သွားခဲ့ကာ ကွင်းပြင်ထဲရှိမြင်ကွင်းကို ရှင်းလင်းစွာမြင်ခဲ့ရပြီဖြစ်သည်။

ကွင်းပြင်ရှိမြင်ကွင်းကို မြင်တွေ့လိုက်ရသည်တွင် နေရာရှိဂိုဏ်းကြီးများ၏မျက်လုံးအိမ်များမှာ မှေးကျုံ့သွားခဲ့ရပြီး နှလုံးအိမ်မှာ အလွန်အမင်းတုန်လှုပ်သွားရလေသည်။

ချီမိန်ချွှေရွှယ်တို့ငါးဦးမှာ လေပေါ်တွင်ရပ်တည်နေဆဲဖြစ်ပြီး အနည်းငယ်သော်မျှ ဒဏ်ရာရသွားခဲ့ခြင်းမရှိချေ။

လင်ထျန်းချန်းတို့ဂိုဏ်းချုပ်သုံးဦးသည်လည်း ဒဏ်ရာမရခဲ့ပါ။ သို့သော် သူတို့နောက်ရှိ စွမ်းအားမြင့်ကျင့်ကြံသူသုံးဦးနှင့် ကျင့်ကြံသူနှစ်ဆယ်နီးပါးသည်တော့ မြေပြင်ထက်တွင်လဲကျလျက် နာကျင်စွာမြည်တမ်းနေကြပေသည်။ ကျန်ကျင့်ကြံသူများသည်လည်း အမျိုးမျိုးသော ထိခိုက်ဒဏ်ရာများ ရရှိကြကုန်သည်။

ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများသာလျှင် ဒဏ်ရာမရဘဲ ကျန်ရှိနေကြသည်။ သို့သော် သူတို့၏မျက်နှာသည်လည်း အနည်းငယ်ဖြူဖျော့နေကြလေသည်။

လင်ထျန်းချန်းတို့သုံးဦးသည် လေးနက်သည့်မျက်နှာအမူအရာတို့ဖြင့် တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားသည် သူတို့စိတ်ကူးမှန်းဆနိုင်သည်ထက် ကျော်လွန်နေလေရာ သတိလက်လွတ်ဖြစ်သွားခဲ့ရသည်။

“ငါနဲ့ကျန်တဲ့သုံးယောက် တစ်ယောက်ကိုထိန်းမယ်။ မင်းတို့တွေ တစ်ဖွဲ့ကိုဆယ်ယောက်စီ နှစ်ဖွဲ့ခွဲလိုက်ကြ.. တစ်ဖွဲ့ကိုတစ်ယောက်နှုန်း ရင်ဆိုင်တိုက်မယ်။ ကျန်တဲ့သူတွေက ဘေးကနေ သူတို့ကိုထောက်ကူပေးမယ်”

ချီမိန်ချွှေရွှယ်၏အင်အားသည် လင်ထျန်းချန်းတို့အား ကနဦးတွင် အနည်းငယ်ထိတ်ပျာသွားစေခဲ့သော်ငြား လင်ထျန်းချန်းတို့သည်လည်း ဂိုဏ်းချုပ်များဖြစ်ကြရာ ရင်ဆိုင်တိုက်ခိုက်မှုအပြီးတွင် အလျင်အမြန် ပြန်လည်တုံ့ပြန်နိုင်စွမ်းရှိကြပေသည်။

ဂိုဏ်းကြီးသုံးဦးထဲတွင် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သည် သူတို့သုံးဦးတည်းသာ ရှိကြသော်ငြား ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများစွာ ရှိနေသေးပေသည်။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ဖြစ်သော်ငြား ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ ဆယ်ဦး၊ဆယ့်နှစ်ဦးခန့်ဖြင့် အနိုင်ယူနိုင်ပေသည်။ အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်အထက်ကျင့်ကြံသူများစွာ၏ ဝန်းရံတိုက်ခိုက်ခြင်းသည်လည်း သေဆုံးခြင်းဟူသောအဆုံးသတ်ကို ရရှိစေနိုင်လိမ့်မည်ဖြစ်သည်။

လင်ထျန်းချန်းတို့သည် သူတို့ရင်ဆိုင်နေသည်မှာ သာမန်ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူများ မဟုတ်ကြဟု မတွေးထားခဲ့မိခြင်းသာဖြစ်ပါ၏။

“ဟုတ်ကဲ့!”

ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများသည် တုံ့ဆိုင်းမှုမရှိ အုပ်စုနှစ်စုအဖြစ် အလျင်အမြန်ခွဲလိုက်ကြပြီး တစ်ဖွဲ့ကို ချောင်ဟိုင်ဂိုဏ်းအကြီးအကဲချုပ်မှ ဦးဆောင်ပြီး ကျန်တစ်ဖွဲ့ကို စစ်ဖန်းခန်းမ၏အကြီးအကဲချုပ်မှ ဦးဆောင်ခဲ့ကြသည်။ ထိုအကြီးအကဲတို့၏နောက်တွင် အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်အထက်ကျင့်ကြံသူများ အယောက်သုံးဆယ်ခန့်သည် အသီးသီးနေရာယူကြလေသည်။

ထိုအချိန်တွင် ဂိုဏ်းကြီးသုံးဂိုဏ်း၏အင်အားသည် ချီမိန်ချွှေရွှယ်တို့ထက် အင်အားမနည်းတော့ဘဲ အနည်းငယ်ပိုသာသွား၏။

“ဒါက တကယ်ကို ခွေးအချင်းချင်းကိုက်တဲ့ ပွဲကြီးပွဲကောင်းအစစ်ပဲ! မဆိုးဘူး မဆိုးဘူး”

မြင်ကွင်းကိုကြည့်ရင်းဖြင့် စစ်သူကြီးချန်းလီ၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့လျက် ခပ်သာသာတီးတိုးရေရွတ်၏။

ချန်းလီသည် ရှန်ရှန့်ကျုံဂိုဏ်းမှ ပြသခဲ့သည့်အင်အားကြောင့် အမှန်တကယ် အံ့ဩသွားခဲ့ပါ၏။ သို့သော် ဂိုဏ်းကြီးသုံးဂိုဏ်း၏တုံ့ပြန်မှုကို မြင်လိုက်ရသည်တွင် သူ၏စိတ်နှလုံးထဲရှိ အလေးတုံးကြီးမှာ ကျသွားခဲ့ရလေသည်။

လင်ထျန်းချန်းသည် ဖေးယုဂိုဏ်းချုပ်ဖြစ်ရန် ထိုက်တန်ပါ၏။ ဤအခြေအနေအောက်တွင် ဤသို့သောစီမံခန့်ခွဲမှုမျိုး ပြုလုပ်နိုင်သည်ဖြစ်ရာ ရေစီးကြောင်းကိုပြောင်းလဲပစ်နိုင်လေသည်။

ချန်းလီသည်ပင် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူဆယ်ဦးနှင့် အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်အထက်ကျင့်ကြံသူသုံးဆယ်၏ လက်နက်လူသူဖြင့်ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပါလျှင် လွတ်မြောက်ရန် မစွမ်းနိုင်လောက်သည်ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်း၏ ထိုဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူများသည် အဘယ်သို့များ ဟန့်တားခုခံနိုင်ပါမည်နည်း။

ဤတိုက်ပွဲ၌ ရှန်ရှန့်ကျုံဂိုဏ်းမှ အနိုင်ရရှိသည်ဖြစ်စေ၊ ဂိုဏ်းကြီးသုံးဂိုဏ်းမှ အနိုင်ရရှိသည်ဖြစ်စေ ဆုံးရှုံးမှုကြီးမားများပြားလိမ့်မည်ဖြစ်ပြီး ဧကရာဇ်အတွက်တော့ဖြင့် ထိခိုက်ကုန်ကျမှုမရှိဘဲ အကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်သည်။

“ဘယ်ဖက်ကိုရွေးမလဲ”

ချန်းလီ စိတ်တွင်း၌ပြုံးပျော်နေစဉ်တွင် ကွင်းပြင်ထဲတွင် အရေးမထားဟန် အသံတစ်ခုထွက်ပေါ်လာခဲ့ရာ ချန်းလီသည် အချိန်ခဏမျှ ကြောင်အသွားခဲ့သည်။ ထို့နောက် အသံလာရာသို့ကြည့်လိုက်သည်။

နေရာရှိဂိုဏ်းကြီးများ၊ ကျင့်ကြံသူများသည်လည်း ခဏမျှ မင်သက်ကြောင်အသွားခဲ့လျက် မော့ကြည့်လိုက်ရာ အသံပိုင်ရှင်မှာ ချီမိန်ချွှေရွှယ်ဖြစ်သည်ကို သိလိုက်ရသည်။

ထိုအချိန်တွင် ချီမိန်ချွှေရွှယ်သည် လက်တစ်ဖက်တွင် ဓားကိုကိုင်ဆောင်ထားလျက် ဘေးရှိယဲ့ကူချန်အား ကြည့်နေ၏။ ထိုစကားသည် ယဲ့ကူချန်အား ပြောခြင်းဖြစ်သည်မှာ သိသာလှပါ၏။

အဲဒါဘာကိုဆိုလိုတာပါလိမ့်?

ချန်းလီသာမက နေရာရှိကျင့်ကြံသူအားလုံးမှာ ရှုပ်ထွေးနေကြလေသည်။

“ဒါဆိုလည်း သူ!”

ယဲ့ကူချန်သည် ကြုံရာကျပန်းညွှန်ပြလိုက်ရင်းဖြင့် စိတ်မပါလက်မပါဖြင့် ပြောလေသည်။ ယဲ့ကူချန် ညွှန်ပြခဲ့သည့်ထိုလူမှာ ချောင်ဟိုင်ဂိုဏ်းချုပ်ထျန်းစန်းဖြစ်သည်။

ဘာတုန်းဟ? ? ?

ယဲ့ကူချန်၏ညွှန်ပြမှုသည် နေရာရှိကျင့်ကြံသူများကို လှုပ်ရှားတုံ့ပြန်မှုဖြစ်ပေါ်စေခဲ့လျက် အားလုံးမှာ ရုတ်ချည်းရှုပ်ထွေးသွားကြပြန်သည်။

၎င်းမှာ ပြိုင်ဘက်ရွေးချယ်ခြင်းပေလော သို့မဟုတ် ပြိုင်ပွဲကောင်းကို ရွေးချယ်ခြင်းပေလော။ သူတို့၏ထိုအရေးမထားဟန်အမူအရာမှာ ပုရွက်ဆိတ်တစ်အုပ်ကို ရင်ဆိုင်နေသည့်အလား ဖော်ပြနေပေသည်။

ချီမိန်ချွှေရွှယ်သည် ဧကရီယင်ကိုကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ ပကတိအတိုင်းရှင်းလင်းခိုင်မာနေ၏။

“ခစ်ခစ်.. ဒီမိန်းကလေးက သူတို့ကိုရွေးလိုက်ပါမယ်”

ဧကရီယင်သည် ဖေးယုဂိုဏ်းအကြီးအကဲဦးဆောင်သည့် စွမ်းအားမြင့်ကျင့်ကြံသူအုပ်စုကို ညွှန်ပြလျက် နူးညံ့စွာပြုံးရယ်လေသည်။

ကောင်းကင်နတ်ဆိုးလမ်းစဉ်၌ အရေအတွက်သည် အနည်းငယ်သော်မျှ သက်ရောက်မှုမရှိပေ။

“ငါသူ့ကိုရွေးတယ်”

ရှောင်းရှီရိလင်သည် သမင်ဖြတ်ဓားကိုင်ဆောင်လျက် လင်ထျန်းချန်းကိုညွှန်ပြလျက် ပြောခဲ့သည်။

ဓားရေးလောကတွင် သူ့မကို ကျော်လွှားနိုင်သူမရှိနိုင်ပေ။

“ဒီသနားဖွယ်ဘုန်းတော်ကြီးက သူနဲ့ပက်သတ်ဆက်နွယ်မှုရှိနေပါတယ်”

ဘုန်းတော်ကြီးဝူရှန်းမှ စစ်ဖန်းခန်းမအရှင်သခင်ရှောင်းချန်ကိုညွှန်ပြလျက် ရှင်းလင်းပြတ်သားစွာပြောခဲ့သည်။

ထိုအချိန်တွင် နေရာရှိကျင့်ကြံသူများသည် ပြိုင်ဘက်ကို ဟင်းရွက်ကန်စွန်းရွေးချယ်သည့်အလား ရွေးချယ်နေသည့် ချီမိန်ချွှေရွှယ်တို့အုပ်စုကိုကြည့်လျက် အံ့ဩမင်သက်ကုန်ကြလေသည်။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူများဖြစ်လျှင်သော်မှ ထိုမျှထိ မောက်မာထောင်လွှားရန် လိုအပ်ပါ၏လော။

“သေချင်နေတာပဲ!”

ချီမိန်ချွှေရွှယ်တို့၏အပြုအမူကို မြင်တွေ့နေရသည်တွင် လင်ထျန်းချန်းတို့သုံးဦးသည်လည်း ဒေါသထွက်လာခဲ့၍ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ချီစွမ်းအင်များသည် အချွန်အထက်တစ်ပုံတစ်ပင်ဖြင့် တစ်ဖန်ဖြာထွက်လာခဲ့ပြန်ကာ ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ စင်မြင့်ကြီးမှာ သုံးပိုင်းပိုင်းသွားခဲ့သည်။ သူတို့သုံးဦးမှာ အမြှောက်ဆန်တို့ပစ်လွှတ်လိုက်သည့်အလား ပြင်းထန်စွာတိုက်ခိုက်ကြလေသည်။

လင်ထျန်းချန်းတို့သုံးဦးမှ ကြမ်းတမ်းခက်ထန်စွာပြုမူလာသည်ဖြစ်ရာ ယဲ့ကူချန်၊ ဘုန်းတော်ကြီးဝူရှန်းနှင့် ရှောင်းရှိရိလင်တို့သည် တုံ့ဆိုင်းမှုမရှိ ထိုသုံးဦးဆီသို့ တိုက်ရိုက်ပျံသွားတော့သည်။

“ငှက်မွေးဓားပျံသိုင်း!”

လင်ထျန်းချန်းသည် ဓားရိုးကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ အသံနိမ့်ဟိန်းဟောက်သံပြုလိုက်သည်။ သူ၏ခန္ဓာကိုယ်တွင်းရှိချီစွမ်းအင်များကို ဓားသို့စီးဆင်းစေလျက် လေးနက်ပြင်းထန်သည့်အရှိန်အဝါကို ထွက်ပေါ်စေခဲ့သည်။ သူ၏လက်သွေးကြောများလည်း ထောင်တက်လျက် ဓားကိုပင့်မြှောက်ကာ ဦးခေါင်းကိုဖြတ်ရန် ရှောင်းရှီရိလင်ထံသို့ ရုတ်ချည်းဦးတည်သွားခဲ့သည်။

အဝေးနေရာမှစွမ်းအားမြင့်ကျင့်ကြံသူများမှာ ရုတ်ချည်းထိတ်ပျာသွားလျက် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြလေသည်။ သူတို့၏မြင်ကွင်းထဲတွင် အလင်းတစ်စလင်းလက်သွားကာ သုံးလက်မအရှည်ရှိစစ်သုံးဓားရှည်၏အရှိန်အဝါသည် ကောင်းကင်သို့တစ်ဟုန်တိုးဆန်တက်ဖြာထွက်သွားပေသည်။

“ဆုတ်ဖြဲပစ်-”

လေဟာနယ်၌ ထိုဓားအရှိန်အဝါဖြတ်သွားသည့်နေရာတိုင်းတွင် မည်းနက်စွာသောအက်ကွဲကြောင်းကြီး ကျန်ရစ်ခဲ့‌ေပသည်။

“ရှူး!”

ကွင်းပြင်ထဲရှိစွမ်းအားမြင့်ပုဂ္ဂိုလ်များအားလုံးမှာ အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။

လင်ထျန်းချန်းသည် ဖေးယုဂိုဏ်းချုပ်ဖြစ်ရန် ထိုက်တန်သူဖြစ်သည့်အပြင် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကျင့်ကြံသူအဖြစ်လည်း ထိုက်တန်ပါ၏။ သူ၏ဤတိုက်ကွက်သည် ဆန်းကြယ်အင်ပါယာအစောပိုင်းအဆင့် သာမန်ကျင့်ကြံသူတစ်ဦးကို အလွယ်တကူသတ်ပစ်နိုင်စွမ်းရှိ‌ေပသည်။

အားလုံးသည် ရှောင်းရှီရိလင်ကို ကြည့်လိုက်ကြသည်။

လင်ထျန်းချန်း၏ ထိုမျှပြင်းထန်လှသောတိုက်ကွက်ကို ရင်ဆိုင်ရသည်ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲမှာ မည်သို့များ ရင်ဆိုင်ခုခံနိုင်ပါမည်နည်း။

ထိုအချိန်တွင် ရှောင်းရှီရိလင်သည် သမင်ဖြတ်ဓားကို စိတ်အေးလက်အေးဖြင့် ဖြေးညင်းစွာဆွဲထုတ်နေခဲ့သည်ကြောင့် ကြည့်ရှုနေသူများမှာ အံဩသွားခဲ့ကြရသည်။ ရှောင်းရှီရိလင်သည် စိုးစဉ်းသော်မျှ စိတ်မလှုပ်ရှားပေ။ ဓားကို တစ်လက်မချင်းစီ ‌ဖြေးဖြေးချင်း ဆွဲထုတ်နေလေသည်။

ယခင်က ထိုဓားကို တမူထူးခြားသောခေတ်နောက်ကျဟန်ဓားအိမ်တွင် ထည့်ထားခဲ့သည်ဖြစ်ရာ အားလုံးမှာ ဓား၏အစွန်းထိပ်ဖျားကို မခံစားမိခဲ့ပေ။ သို့သော် ရှောင်းရှီရိလင်မှ တစ်လက်မချင်းစီ ဆွဲထုတ်နေသည်တွင် နေရာရှိလူအားလုံးမှာ အံ့အားသင့်ကုန်ကြသည်။ ချန်းလီသည်ပင် မျက်လုံးအိမ်တွင် အံ့အားမှုများပြည့်လျှံတောက်ပသွားရ၏။

တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုဓားသည် ပြိုင်ဘက်ကင်းရတနာ ဓားကောင်းတစ်လက်ဖြစ်သည်ကို သိနိုင်ပေသည်။

ဓားသည် လက်ကိုင်ဓားရိုးနှင့် နှစ်လက်မအရှည်သာကွာဝေး၏။ ဓား၏အလင်းသည် ကျောက်သလင်းကဲ့သို့ ကြည်စင်တောက်ပသည်။ ‌ဆောင်း‌ဦးနှင်းရေရှိခဲ့ပါလျှင် ဓားသည် အပြာနုရောင်ဖြစ်ပေလိမ့်မည်။ ဓား၏ထိုအပြာနုရောင်သည် ထင်ရှားပေါ်လွင်လွန်းသော အပြာနုရောင်မဟုတ်ဘဲ ဆွဲထုတ်လိုက်သည့်အခါတွင် ကြောက်မက်ဖွယ်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ ထုတ်လွှတ်နေပေသည်။

“ချွင်!”

ရှောင်းရှီရိလင်သည် သမင်ဖြတ်ဓားကို ရုတ်ချည်းဆွဲထုတ်လိုက်သည်။ သူ့တွင် တခြားလှုပ်ရှားမှုမရှိသောကြောင့် ဤသို့ဆွဲထုတ်ခြင်းဖြစ်ပါ၏။ ထို့နောက် ဓား၏အပြာနုရောင်အလင်းသည် အပြာရောင်သက်တံကဲ့သို့ လင်းလက်ဖြာထွက်လာခဲ့သည်။

မိုးပြာရောင်ဓားရောင်ခြည်နှင့်အတူ ဖော်ပြ၍မရနိုင်လောက်အောင် အလွန်အမင်းထူးခြားလှသော နတ်ဆိုးမိစ္ဆာစွမ်းအင်လည်း အတူတကွ ဆင်းသက်လာခဲ့ပေသည်။

ဓားရောင်ခြည်မှာနီးကပ်လွန်းသောကြောင့် အားလုံးမှာ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ခက်ခက်ခဲခဲမြင်လိုက်ရချိန်တွင် ‌ပြင်းထန်လှသည့်ဓားစွမ်းအင်သည် သူတို့အား ထိခတ်သွားပြီးခဲ့လေပြီ။

“ဘန်း!”

ကျယ်လောင်သည့်ပေါက်ကွဲမှုနှင့်အတူ ဓားစွမ်းအင်ကို တိုက်ရိုက်ဖြတ်တောက်လိုက်၏။

မိုးပြာရောင်သက်တံကဲ့သို့ဓား‌ေရာင်ခြည်သည် လင်ထျန်းချန်းကို ဆက်လက်ခုတ်ပိုင်းနေခြင်းနှင့်အတူ လေဟာပြင်တွင် အနက်ရောင်အမြီးကဲ့သို့ အက်ကွဲကြောင်းကြီးကို ဖြစ်‌တည်စေခဲ့သည်။

“မကောင်းတော့ဘူး!”

လင်ထျန်းချန်းသည် ရုတ်ချည်းတုန်လှုပ်ချောက်ချားသွားလျက် မသိစိတ်ဖြင့်အလိုအလျောက် ဓားကိုရင်အုံထက်သို့ကန့်လန့်ဖြတ်ကာ၍ တစ်ပြိုင်နက်တည်းပင် ခန္ဓာကိုယ်တစ်ခုလုံးမှစွမ်းအင်များကို ဖြာထွက်စေခဲ့သည်။

ဘုန်း!

ဓားရောင်ခြည်သည် ဓားကြီးကိုဦးတည်ခုတ်ပိုင်းလိုက်ရာ ရွှေသားချင်းပြင်းထန်စွာထိခတ်သည်ကဲ့သို့ စူးရှသည့်အသံကြီး ထွက်ပေါ်လာခဲ့လေသည်။

ဘုန်း!

လင်ထျန်းချန်းသည် နောက်ဘက်တွင် တွန်းကန်ပေးနေသည့်အင်အားကြီး ရှိနေသည့်အလား နဖူးတွင်ချွေးစေးများစို့လျက် ‌စင်မြင့်ထက်သို့ အားဖြင့်ခြေလှမ်းလိုက်ရာ ထိုစင်မြင့်တွင် ချိုင့်နက်ကြီးတစ်ခုဖြစ်သွားခဲ့၏။ လင်ထျန်းချန်း တစ်လှမ်းနောက်ဆုတ်လိုက်တိုင်းတွင် ကြီးမားသည့်ချိုင့်နက်ကြီးများ ဖြစ်ကျန်ခဲ့လေသည်။

ဆယ်လှမ်းတိတိ ‌နောက်ဆုတ်ပြီးနောက်တွင် လင်ထျန်းချန်းမှာ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းထားရန် ခက်ခဲလာခဲ့တော့သည်။

All Chapters