ဒီလိုပမွှားတွေက ဆောင်းရာသီရောက်တာနဲ့ မြေမြှုပ်သွားကြမှာ။
Vol. 5 Ch. 67
“ဒင်, လက်ရွေးစင် တာဝန်ဖြစ်တဲ့ပြဿနာရှာတဲ့ ဖေးယုဂိုဏ်း၊ ချောင်ဟိုင်ဂိုဏ်းနဲ့ စစ်ဖန့်ခန်းမတို့ ဂိုဏ်းသုံးဂိုဏ်းကို သင်ခန်းစာပေးရတာကို ပြီးမြောက်အောင်မြင်သွားခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်”
“တာဝန်ပြီးသွားတဲ့အတွက် ဆုချီးမြင့်ပါတယ် : အထူး ဆင့်ခေါ်ခွင့်တစ်ခု ၊ ကျပန်းဆင့်ခေါ်ခွင့် နှစ်ခု ၊ ကောင်းကင်ဝိဉာဉ်ဆေးလုံး!”
ချီမိန်ချွှေရွှယ်တို့ငါးယောက်သည် ဝမ်ဖုန်းဘက်သို့ လျှောက်လာခဲ့ကြချိန်တွင် ဝမ်ဖုန်း နားထဲတွင် စနစ်၏ အသိပေးချက်အသံတစ်သံအား ကြားလိုက်ခဲ့ရသည်။
ဝမ်ဖုန်းသည် ဤတစ်ချိန်တွင် ရှောင်းရှီရိလင်အား နာမည်ကြီးသွားစေခဲ့ရုံသာမက ဆုချီးမြှင့်ခြင်းပါ ရခဲ့သည် ဖြစ်သောကြောင့် ကျောက်ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်လိုက်နိုင်သကဲ့သို့ပင် ဖြစ်နေ၍ အလွန့်အလွန် ပျော်ရွှင်သွားခဲ့ပေသည်။
သို့သော် မြင့်မားသော စင်မြင့်ပေါ်မှ သေကြေနေကြသည့် အလောင်းများအားတွေ့လိုက်ရ၍ သွေးနံ့ပြင်းပြင်းအား ရှူလိုက်ရသည့်အခါတွင် ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ၏ဝမ်းဗိုက်သည် ခဏတာ လိမ့်ထလာ၍ အန်မိတော့မလိုပင် ပျို့သွားခဲ့သည်။
ဤတစ်ကြိမ်သည် ဝမ်ဖုန်းအတွက် ကြောက်စဖွယ်ကောင်းသည့်အခြေအနေအား မြင်လိုက်ရသည့် ပထမဆုံးအကြိမ်ဖြစ်၍ ပုံမှန်သကဲ့သို့ နေသားကျရန်မှာ ခက်ခဲလှပေသည်။
ယခင် သာမန်ဘဝတွင် အလောင်းမဆိုထားနှင့် ၊ လက်ကျိုးနေသည်ကိုပင် ကြည့်ရရန် အလွန်ခက်ခဲလှသောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော ရိုင်းစိုင်းကြမ်းကြုတ်သည့် လောကကြီးထဲတွင် သူတို့အရေးသာ ကြည့်နေသူများစွာရှိ၍ ရှန်ရှန့်ကျုံဂိုဏ်းကပင် ထိုသူများအား အေးစက်၍ ထိရောက်သောနည်းလမ်းများနှင့် ပြန်လည်တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက တစ်နေ့တွင် သူတို့ကိုပါ ပြန်လည်နင်းခြေသွားမည်ဖြစ်သည်။
ဝမ်ဖုန်းသည် စိတ်သက်သာရာရရန် အကြောင်းပြချက်တစ်ခုအား စဉ်းစားခဲ့ပြီး မိမိကိုယ်မိမိ ဖြည်းဖြည်းချင်း စိတ်ေဖြနေခဲ့သည်။
ဝမ်ဖုန်းသည် အပြစ်မရှိသူများအား လက်လွတ်စပယ် သတ်ဖြတ်သည့်သူမဟုတ်ပေ။ သူ အမြဲကျင့်သုံးသည့် နိယာမတစ်ခုရှိသည် : လူတွေသာ ငါ့ကို မစော်ကားရင် ငါလည်း တခြားသူတွေကို မစော်ကားဘူး။ ငါ့ကိုတစ်ယောက်ယောက်က စော်ကားခဲ့ရင်တော့ သူတို့က အဲ့တာရဲ့ အဆတစ်ရာ ပြန်ပေးဆပ်ရမယ်!
“စစ်သူကြီး ချန်း ၊ ပွဲလည်း ပြီးသွားပြီဆိုတော့ နတ်ဆိုး ချိပ်ပိတ်ခြင်း ညီလာခံ အဆင့်တွေကို ကြေညာဖို့ အချိန်ရောက်ပြီမလား?”
ဝမ်ဖုန်းသည် ချန်းလီအား ကြည့်၍ အနည်းငယ်ပြုံးကာ ပြောလိုက်ခဲ့သည်။
ဝမ်ဖုန်းပြောလိုက်ခဲ့သည်မှာ လူတိုင်းအား စိတ်ဝင်စားသွားစေခဲ့သည်။ သူတို့သည် ဝမ်ဖုန်းအားကြည့်လိုက် ချန်းလီအား ကြည့်လိုက် ဖြင့် တိတ်တဆိတ် ခေါင်းညိတ်နေခဲ့ကြသည်။
ယောင်ရီအင်ပါယာ၏ ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်းသည် ဤတစ်ခါ နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံတွင် ချက်ချင်း ကျဆုံးသွားခဲ့မည်ဟုမည်သူကထင်ထားခဲ့ပါမည်နည်း? ထိုဂိုဏ်းများ ပျက်စီးပင် ပျက်စီးသွားနိုင်ပေသည်။
နေရာ၌ ရှိနေခဲ့ကြသည့် အင်အားကြီးပုဂ္ဂိုလ်ကြီးတို့သည် ဤအချိန်တွင် စိတ်ထဲ၌ ဝမ်ဖုန်း၏ မျက်နှာအား လုံးဝ သေသေချာချာ မှတ်ထားခဲ့ကြသည်။ ဤသူသည် သူတို့မှ မစော်ကားသင့်သော သူတစ်ဦးပင်ဖြစ်ပေသည်။
ချန်းလီသည် ဝမ်ဖုန်းအား လေးလေးနက်နက်နှင့် ကြည့်လိုက်ခဲ့ရာ စိတ်ထဲတွင် ဧကရာဇ်မင်းကြီးသည် အလွန်ထိတ်လန့်သွားပြီး အအိပ်အစားခက်သွားနိုင်သည်ဟု တွေးနေမိခဲ့လေသည် ။
“နတ်ဆိုး ချိပ်ပိတ်ခြင်း ညီလာခံရဲ့ အနိုင်ရသူကတော့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ လီဟေးဖြစ်ကြောင်း ကြေညာလိုက်ပါတယ်! ရှန်ရှန့်ကျုံဂိုဏ်းက မုယွင်ဖေးက ဒုတိယဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ လင်းဖေးဝုက တတိယပဲဖြစ်ပါတယ်! ဧကရာဇ်မင်းကြီးကို တွေ့ဖို့အတွက်ကတော့ သုံးရက်နေရင် ယောင်ရီ တော်ဝင်မြို့တော်ကို သွားရမှာဖြစ်ပါတယ်! နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံရဲ့ ဆုတွေကိုတော့ မင်းကြီးကိုယ်တိုင်က ချီးမြှင့်ပေးမှာပဲဖြစ်ပါတယ်!”
ချန်းလီ၏ မျက်လုံးထဲတွင် ရှင်းမပြနိုင်သော အကြည့်တစ်မျိုးရှိနေခဲ့ပြီး သူသည် ဝမ်ဖုန်း၏အနောက်မှ လီဟေးတို့ သုံးယောက်အား ကြည့်ကာ ပြောခဲ့ပေသည်။
ချန်းလီ၏ စကားကိုဆို ဂိုဏ်းအများစုသည် အနည်းငယ်မျှပင် ငြင်းဆိုစရာမရှိခဲ့ပေ။ သူတို့သည် ဝမ်ဖုန်းနှင့် အခြားသူတို့အား နောက်ဆုံးတွင် လောကကြီးထဲ၌ ထွန်းလင်းေတာ့မည်ဖြစ်သည့် လင်းလက်သော နေမင်းကြီး က တဖြည်းဖြည်းချင်း ထွက်ပေါ်လာသကဲ့သို့ပင် ကြည့်ခဲ့ကြသည်။
“လူကိုယ်တိုင် သွားစရာမလိုပါဘူး၊ သူက ရှန်ရှန့်ကျုံဂိုဏ်း တပည့်တွေနဲ့ ကိုယ်တိုင် တွေ့ဖို့လည်း မထိုက်တန်ဘူး!”
ဝမ်ဖုန်းသည် လက်ခါလိုက်၍ ချန်းလီအား တစ်ချက်ကြည့်ကာ ခပ်တည်တည် ပြောလိုက်ခဲ့သည်။
ထိုသို့ပြောလိုက်ခြင်းသည် နေရာ၌ရှိနေခဲ့သည့် အင်အားကြီးပုဂ္ဂိုလ်ကြီးများစွာအား အံ့အားသင့်သွားစေခဲ့ပြန်သည်!
ဘယ်လိုလုပ် ပြောရဲတာလဲဟ?
ဒီကောင်ကတော့ ယောင်ရီအင်ပါယာ ဧကရာဇ်ကို ရန်စနေတာလားကွ?
အဲ့လောက်တောင် ကိုယ့်ကိုကိုယ် အထင်ကြီးနေတာလား?
နေရာ၌ ရှိနေခဲ့သည့် ဂိုဏ်းများစွာတို့သည် ဝမ်ဖုန်းအား ကြောင်တောင်တောင်နှင့် ကြည့်နေခဲ့ကြသည်။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားသည် တကယ်ပင် ကြီးမားလှသည်ကို လက်ခံ၏။ ဤအင်ပါယာကြီးတစ်ခုလုံးအတွင်း၌ ပို၍ အင်အားကြီးသည့် ဂိုဏ်းလည်း ရှိမနေတော့ပေ!
သို့သော် ဤသို့ဖြစ်နေသည်မှာ ရှန်ရှန့်ကျုံဂိုဏ်းသည် ယောင်ရီအင်ပါယာနှင့် ယှဉ်တိုက်နိုင်မည်ဟု ဆိုလိုခဲ့ခြင်းမဟုတ်နိုင်ခဲ့ပေ။
ယောင်ရီအင်ပါယာ၏ အခြေခံသည် မည်မျှပင် နက်နဲသည်ကို မည်သူမျှပင်မသိကြသော်လည်း ဂိုဏ်းကြီးအားလုံးသည် ယောင်ရီအင်ပါယာအတွင်း၌ ဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်ရှိသော အင်အားကြီးပုဂ္ဂိုလ် ဆယ်ယောက်ထက်မနည်းရှိကြောင်း သိရှိထားကြပေသည်!
ထို့အပြင် စစ်သည်တော်များ ထောင်ပေါင်း ရာချီ၍ ရှိနေခဲ့သေးကာ ထို စစ်သည်တော်အရေအတွက်သည်ပင် အဖွဲ့အစည်းကြီးတစ်ခုအား ကြောက်ရွံ့သွားစေနိုင်ပေသည်။
သူတို့၏ အဖွဲ့အစည်းကြီးသည် အင်အားကြီးပုံပေါ်ခဲ့ကြသော်လည်း အင်ပါယာကြီးတစ်ခုလုံးအား ကြည့်လိုက်ပါက သူတို့သည် ပုရွက်ဆိတ်များနှင့် ဆင်များကဲ့သို့ပင် ခြားနားနေကြ၍ နှိုင်းယှဉ်စရာပင်မရှိခဲ့ပေ။
ဝမ်ဖုန်းသည် အဘယ့်ကြောင့်ပင် ယောင်ရီ အင်ပါယာ ဧကရာဇ်အား တွေ့ရန် တိုက်ရိုက် ငြင်းဆိုခဲ့ပါသနည်း? ဤအရာသည် လွင့်သွားခြင်းပင် မဟုတ်တော့ကာ မာနကြီးခြင်းပင်ဖြစ်ပေသည်။
သူတို့ကဲ့သို့သော ဂိုဏ်းကြီးများအတွက်ပင် ယောင်ရီအင်ပါယာ ဧကရာဇ်အား တွေ့ရှိရခြင်းသည် ဂုဏ်ယူစရာ ကိစ္စရပ်တစ်ခုဖြစ်၍ ဂိုဏ်းတစ်ခုလုံးသည် သုံးရက်လုံးလုံး အောင်ပွဲခံနေခဲ့မည်ဖြစ်ပေသည်။
သို့သော် ဝမ်ဖုန်းသည် သူတို့မှ အောင်မြင်မှုအခွင့်အရေးတစ်ခုအနေနှင့် သတ်မှတ်ထားသည့်အရာတစ်ခုအား ကဲ့ရဲ့ခဲ့ပေသည်။
ဤအရာသည် သူတို့အား အံ့အားသင့်သွားစေခဲ့ရုံသာမက ဝမ်ဖုန်းအား ရွံရှာသွားစေခဲ့သည်။
“တော်တော် အလေးမထားတာပဲ!”
“ဘယ်လိုတောင် ရူးနေတာလဲ? ဒီ ရှန်ရှန့်ကျုံဂိုဏ်းချုပ်က ထိပ်တန်းဂိုဏ်း သုံးဂိုဏ်းကို တိုက်လိုက်နိုင်တာနဲ့ပဲ ကမ္ဘာကြီးပေါ်မှာ ဘယ်သူမှ သူ့ကိုမတိုက်နိုင်တော့ဘူးများ ထင်သွားတာလားဟ? ရယ်ချင်စရာကြီး!”
“ဒီလိုမျိုး ယောင်ရီအင်ပါယာ ဧကရာဇ်ကိုတောင် ရန်စရဲတယ်ဆိုရင်တော့ ဒီရှန်ရှန့်ကျုံဂိုဏ်းက ကြာကြာခံမှာကိုမဟုတ်ဘူး။”
“ယောင်ရီ အင်ပါယာနဲ့တော့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ? အရှိကို အရှိအတိုင်းသာ မမြင်ရင်တော့ သမိုင်းမှာ ဖုန်မှုန့်လောက်လေးတောင် ကျန်ခဲ့မှာ မဟုတ်ဘူးကွ!”
နေရာ၌ရှိနေကြသည့် အင်အားကြီးဂိုဏ်းများစွာသည် တီးတိုးပြောနေခဲ့ကြကာ ဝမ်ဖုန်းအား ကဲ့ရဲ့ဝေဖန်မည့်သူများစွာ ရှိနေခဲ့ပေသည်။
“ရဲတင်းလွန်းလိုက်တာ!”
စစ်သူကြီး ချန်းလီ၏ဘေး၌ ရပ်နေခဲ့ကြသည့် တော်ဝင် စစ်သည်တော်များစွာသည် ဒေါသထွက်၍ အတူတကွ အော်လိုက်ကြသည်။ ဤအချိန်၌ပင် သတ်ဖြတ်ချင်ပုံ အရှိန်အဝါသည် မြင့်မားသော စင်မြင့်ကြီးတစ်ခုလုံးအား ပြည့်နှက်သွားစေခဲ့သည်။
တော်ဝင် စစ်သည်တော်များ အားလုံးသည် ဝမ်ဖုန်းအား စိတ်တိုစွာ စိုက်ကြည့်နေခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လူသတ်ချင်စိတ်တို့နှင့် ဖုံးလွှမ်းနေခဲ့သည်။ သူတို့၏အမြင်တွင် ယောင်ရီ အင်ပါယာဧကရာဇ်သည် သူတို့၏ အရှင်သခင်ဖြစ်၍ မည်ကဲ့သို့သော စော်ကားမှုမျိုးကိုမျှ ခံနိုင်မည်မဟုတ်ပေ။
“ဂိုဏ်းချုပ်ဝမ်, ခင်ဗျားပါးစပ်က ထွက်လာတာတွေက ကပ်ဘေးတွေတောင် ဖြစ်သွားနိုင်တယ်နော်။ အင်အားလေး နည်းနည်းရှိနေတာနဲ့ပဲ ဥပဒေကို ချိုးဖောက်လို့ ရမယ်မထင်နေနဲ့ကွ!”
စစ်သူကြီး ချန်းလီသည် မျက်လုံး အနည်းငယ်မှေးကျဉ်းကာ သူ၏ခန္ဓာကိုယ်မှ အေးစက်သည့် အရှိန်အဝါ ထွက်ပေါ်လာခဲ့ပြီး ပြောခဲ့သည်။
သူ၏အနောက်၌ရှိသည့် တော်ဝင်မင်းသား ယုဖေးသည်လည်း ဝမ်ဖုန်းအား စိတ်မဝင်စားပုံဖြင့် ကြည့်နေခဲ့သည်။ သူ၏နက်ရှိုင်းသည့်အကြည့်တွင် အံ့အားသင့်ဖွယ် လူသတ်ချင်စိတ်အား တွေ့နိုင်ပေသည်။
သူ ကြိုက်နှစ်သက်သည့် ဒယ်စောက်သည်လည်း ဝမ်ဖုန်းဘက်၌ ဖြစ်ကာ သူ ချစ်ခင်မိသွားသည့် အမျိုးသမီးသည်လည်း ဝမ်ဖုန်းဘေး၌ ရှိနေပေသည်။
“ဒီဂိုဏ်းချုပ်က အမှန်တိုင်းပြောလိုက်ရုံပါဗျ။ တွေ့စရာမှမလိုတာ! ရတနာတွေအတွက်ကတော့ ဒီဂိုဏ်းချုပ်ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းမှာ ဘာမှမလိုအပ်နေဘူး။ ပြီးတော့ ရှန့်ကျုံဂိုဏ်းက လိုချင်တဲ့ ရတနာလည်း ခင်ဗျားတို့ ရှာနိုင်မှာမဟုတ်ဘူးဗျ! ဒါပါပဲ!”
ချန်းလီနှင့် အင်ပါယာ၏ စစ်သည်တော်မြောက်များစွာ၏ ဒေါသထွက်နေကာ သူ့အား သတ်ချင်မှုကို ရင်ဆိုင်ရသည့်အခါတွင်ပင် ဝမ်ဖုန်းသည် ခပ်တည်တည်ပင် ပြောခဲ့သေးသည်။ သူ၏ ပုံမှန်ကဲ့သို့သော မျက်နှာထားသည် ချန်းလီအား သူ၏စိတ်ထဲမှ လူသတ်ချင်စိတ်ကို ထိန်းချုပ်ထားရန် ခက်ခဲနေစေပေသည်။
“မင်း…….!”
ချန်းလီ၏ဘေးမှ စစ်သည်တော်သည် ဝမ်ဖုန်း၏ ကိုယ်နေဟန်ထားကို တွေ့သွားခဲ့ရာ သူ၏မျက်လုံးများ နီရဲသွားခဲ့၍ ဒေါသနှင့် စကားပြောတော့မည် ပြင်သည့်အခါတွင် ချန်းလီသည် သူ့အား တားဆီးလိုက်ခဲ့လေသည်။
ချန်းလီသည်လည်း ဤအချိန်တွင် သူ၏စိတ်ထဲ၌ လူသတ်ချင်စိတ်ပြင်းထန်စွာ ရှိနေခဲ့သော်လည်း သူသည် ဤအချိန်၌ ရှန်လင်မြို့မှ တော်ဝင် အင်အားနှင့်ဆိုလျှင် သူသည် ဝမ်ဖုန်းနှင့် အခြားသူတို့အား တားဆီးနိုင်မည်မဟုတ်ကာ ဝမ်ဖုန်းနှင့် အခြားသူများသည် သူ့ကိုပင် သတ်ဖြတ်သွားနိုင်ပေသည်။
“ဂိုဏ်းချုပ် ဝမ် ကတော့ အရမ်း မာနမကြီးနေစမ်းပါနဲ့။ အသက်ငယ်ငယ်လေးနဲ့ သေသွားဖို့က လွယ်တယ်ဗျ!”
ချန်းလီသည် မျက်လုံးမှေးလိုက်ကာ အေးတိအေးစက်နှင့် ပြောခဲ့သည်။
“ဒါက မာနကြီးတာတဲ့လားဗျာ? အဲ့တာဆိုရင်တော့ ဒီဂိုဏ်းက ဘယ်လောက်မာနကြီးလဲဆိုတာကို တကယ်မတွေ့ဖူးသေးဘူးပဲ။ ခင်ဗျား သေလောက်အောင်ကို လန့်သွားဦးမယ်!”
ဝမ်ဖုန်းသည် ခေါင်းခါ၍ ရယ်နေခဲ့သည်။
ချန်းလီသည် စကားမပြောနေခဲ့သော်လည်း သူသည် ဝမ်ဖုန်းအား ခံစားချက်လုံးဝမရှိကာ လူသေကောင်တစ်ဦးအား ကြည့်နေရသကဲ့သို့ပင် ကြည့်နေခဲ့သည်။
“ဒင်, ပထမဆုံး ရန်လိုသည့်တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ် : နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံမှာ ပထမရပြီး ဂိုဏ်းက တပည့်တွေက နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံ အဆင့်မှာ ထိပ်တန်းနေရာတွေ ရနိုင်ခဲ့ပါတယ်!”
“တာဝန် ပြီးမြောက်ခြင်း: တစ်ရာရာခိုင်နှုန်း!”
“တာဝန်ပြီးမြောက်ခြင်း ဆုကို ရယူလိုက်ပါ: ကျပန်း ဆင့်ခေါ်ခွင့် အခွင့်အရေး ငါးကြိမ် ! တာဝန်ခန်းမကို ဂိုဏ်းထဲမှာ ဖွင့်လှစ်လိုက်ပါ (တာဝန် ခန်းမသည် ဂိုဏ်း၏ တပည့်များ တိုက်ခိုက်ရန် ရန်လိုသည့်အကောင်များကို လွှတ်ပေးသည့် နေရာဖြစ်သည်။ ရန်လိုသည့်တာဝန်အား သင်ရွေးချယ်နိုင်ကာ တပည့်များ ရွေးချယ်ရန်လည်း တာဝန်ခန်းမထဲတွင် ပြသထားမည်ဖြစ်ပါသည်)!”
“ဒီတစ်ခါတော့ စုစုပေါင်း ထိပ်တန်းပါရမီရှင် နှစ်ယောက်ရခဲ့ပြီး မျိုးဆက်လူငယ် ကံကောင်းမှုရခဲ့ပြီး ဂိုဏ်းမှတ် ၃၀,၀၀၀ ချီးမြှင့်လိုက်ပါတယ်! ထိပ်တန်း မျိုးဆက်လူငယ် နှစ်ဦးကို သတ်နိုင်ခဲ့ပြီး စုစုပေါင်း သာမန် မျိုးဆက်လူငယ် ဆယ်ဦးကို သတ်နိုင်ခဲ့ပါတယ်၊ မျိုးဆက်လူငယ် ကံကောင်းမှုကို ရရှိပြီး ဂိုဏ်းမှတ် ၄၀,၀၀၀ ချီးမြှင့်လိုက်ပါတယ်!”
တာဝန်ပြီးမြောက်ကြောင်း အသိပေးချက်သံကို သူ၏နားထဲတွင် ကြားလိုက်ရသည့်အခါတွင် ဝမ်ဖုန်း၏ ပါးစပ်ထောင့်စွန်းသည် လှုပ်ခါသွားခဲ့သည်။ ဤတာဝန်ကြောင့်သာမဟုတ်ပါက ယောင်ရီအင်ပါယာ၏ ဧကရာဇ်အား ဤကဲ့သို့ ရန်စလိုက်ခဲ့မည်မဟုတ်ပေ!
သို့သော် ယခုတွင် ဝမ်ဖုန်းသည် ဤကဲ့သို့သော တာဝန်များစွာ ရှိနေခဲ့လျှင် ကောင်းမည်ဟု တွေးနေခဲ့မိသည်။ လူများအား မုန်းတီးတက်အောင်လုပ်ခြင်းပိုင်းတွင် ဝမ်ဖုန်းသည် ဤလောကထဲ၌ သူ့ထက် မုန်းတီးနိုင်သူ မရှိနေနိုင်သည်ဟု ထင်မြင်ခဲ့သည်။
“အားလုံးပဲ တာ့တာ!”
ဝမ်ဖုန်းသည် ပြုံး၍ အင်အားကြီးဂိုဏ်းများစွာနှင့် စစ်သူကြီးချန်းလီအား ဦးညွတ်လိုက်ပြီးနောက်တွင် လက်ခါပြလိုက်ခဲ့ပေသည်။
“သွားကြရအောင်!”
“ဟုတ်ကဲ့!”
လင်းဖေးဝူနှင့် အခြားသူတို့သည် ဝမ်ဖုန်းနောက် မြန်မြန်ဆန်ဆန် လိုက်ပါသွားခဲ့ကြ၏။ ချီမိန်ချွှေရွှယ်နှင့် အခြားသူတို့လည်းအလားတူထွက်လာခဲ့သည်။
ခြေလှမ်းအနည်းငယ် လျှောက်လိုက်ခဲ့ပြီးနောက်တွင် ဝမ်ဖုန်းသည် တစ်ခုခုကို မှတ်မိသွားခဲ့ပုံပေါက်ကာ လှည့်၍ ဂိုဏ်းကြီးများစွာကို ကြည့်ပြီး ပြုံးကာပြောခဲ့သည်။
“ ခင်ဗျားတို့ရဲ့ အခုဂိုဏ်းကို မကြိုက်တာ ၊ မကျေနပ်တာတွေ နှိပ်စက်ညှင်းပန်းခံခဲ့ရတာတို့ ရှိရင် ဒီဂိုဏ်းချုပ် ရဲ့ဂိုဏ်းထဲ ဝင်လို့ရတယ်နော်!”
“ ဒီဂိုဏ်းချုပ် ဘာမှတော့မပြောရဲပါဘူး။ ဒါပေမဲ့လေ ဒီဂိုဏ်းချုပ်ရဲ့ ဂိုဏ်းကတော့ ဂိုဏ်းထဲဝင်ရင် ဘယ်သူမှ အနှိင်ကျင့်မှာ မဟုတ်ဘူးဗျ!”
အသံ တိတ်သွားခဲ့သည့်အခါတွင် ဝမ်ဖုန်းသည် လူတိုင်းအား မတုံ့ပြန်စေနိုင်ခဲ့ကြသောကြောင့် သူသည် ချီမိန်ချွှေရွှယ်နှင့်အခြားသူတို့အား ချက်ချင်း လေထဲသို့ ခေါ်ဆောင်သွားခဲ့ကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
“ဒီတစ်ယောက်က တော်တော်အရှက်မရှိတာပဲ!”
“ဒါကတော့ ဆိုးလွန်းပါတယ်ကွာ!”
“ဒါကတော့ ရယ်စရာကြီးပါကွာ, ယောင်ရီအင်ပါယာ ဧကရာဇ်ကို ရန်စရဲသေးတယ်တဲ့။ ဒီ ရှန်ရှန့်ကျုံဂိုဏ်းက တည်ရှိနေနိုင်ဦးမလားတောင် ပြောလို့မရဘူး၊ မင်းက ဘယ်လိုလုပ်ပြီး ဒီလိုပြောရဲတာလဲ?”
နေရာ၌ ရှိနေခဲ့ကြသည့် အင်အားကြီးဂိုဏ်း များစွာသည် ချက်ချင်း အော်ဟစ်ခဲ့ကြကာ သူတို့၏ မျက်နှာတိုင်းသည်ဒေါသထွက်နေပုံပေါက်နေခဲ့ကြလေသည်။ သူတို့၏ အရှေ့တည့်တည့်တွင် သူတို့၏ ဂိုဏ်းတို့အား ဝင်ရောက်စွက်ဖက်ခဲ့သည်က ဝမ်ဖုန်းနှင့် အခြားသူတို့သာမဟုတ်ပါက ထိုသူတို့သည် ဝမ်ဖုန်းတို့အား ရိုက်လိုက်ခဲ့ကြမည်ဖြစ်ပေသည်။
သို့သော် ဒေါသထွက်နေခဲ့ကြသည့် အင်အားကြီးပုဂ္ဂိုလ်တို့ နားလည်သဘောမပေါက်ခဲ့သည်မှာ ဝမ်ဖုန်း၏ စကားများအား ကြားလိုက်ခဲ့ပြီးနောက်တွင် သူတို့၏ ဂိုဏ်းများထဲမှ တပည့်များစွာတို့၏ မျက်နှာများက ဝင်းလက်တောက်ပလာခဲ့သည်ပင် ဖြစ်သည်။
ဟမ်!
အင်အားကြီးပုဂ္ဂိုလ်များစွာ ဒေါသထွက်နေခဲ့ကြသည့်အခါတွင် လေထုကြီး ကွဲအက်သွားခဲ့သည့်အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အဖြူရောင် ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်တစ်ဦးဆင်းသက်လာခဲ့သည်။
ထိုသူသည် သွေးမထွက်ကာ သတ်ဖြတ်နိုင်သည့် ချီမိန်ချွှေရွှယ်ပင်ဖြစ်သည်!
အင်အားကြီးပုဂ္ဂိုလ်များစွာတို့သည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့ကြသည်။
“ဂိုဏ်းချုပ်က အမှိုက်တွေ ရှင်းရမယ်လို့ပြောခဲ့တယ်နော်။ မမေ့နေနဲ့ဦး!”
ချီမိန်ချွှေရွှယ်သည် စိတ်မဝင်စားစွာနှင့် ပြောခဲ့၍ ခန္ဓာကိုယ်တစ်ဝက်သာ ကျန်တော့ကာ ဖြူဖက်ဖြူရော်ဖြစ်နေသည့် ထျန်းစန်းအား သတ်ဖြတ်ခဲ့သည်။ ထို့နောက်တွင် သူသည် သူ၏လက်ချောင်းများအား အတူစုလိုက်ခဲ့ကာ ဓားတစ်ချောင်းပုံဖော်ခဲ့ပြီး လင်ထျန်းချန်းနှင့် ထျန်းစန်းအား ဓားကွက် နောက်တစ်ကွက်ပြခဲ့ပြန်သည်။
ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းချုပ်တို့သည် လုံးဝ အေးစက်နေခဲ့ကြသည်။
ထို့နောက်တွင် ချီမိန်ချွှေရွှယ်သည် လှမ်းဆွဲ၍ ဂိုဏ်းကြီး သုံးဂိုဏ်း၏ ဂိုဏ်းချုပ်တို့၏ သိုလှောင်လက်စွပ်များအား ယူလိုက်ခဲ့ကာ သူ၏ ခန္ဓာကိုယ်သည် လွင့်ပါးသွားခဲ့ကာ လုံးလုံး ပျောက်ဆုံးသွားခဲ့ပေသည်။
ဤမြင်ကွင်းသည် နေရာ၌ရှိနေသည့် အင်အားကြီး ဂိုဏ်းတို့အား တစ်ဖိန့်ဖိန့်တုန်သွားစေခဲ့သည်။ ဤရှန်ရှန့်ကျုံဂိုဏ်းသည်သာ အင်မော်တယ်ဖြစ်ခဲ့မည်ဆိုလျှင် သူတို့သည် မစားနိုင်မသောက်နိုင်မအိပ်နိုင် ဖြစ်သွားခဲ့ကြမည်ဖြစ်ပေသည်!
ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်း၏ ဂိုဏ်းချုပ်များသည် ဤနေရာမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ထိုအကြောင်းစဉ်းစားလိုက်ခဲ့သည့်အခါတွင် သူတို့၏ စိတ်ထဲမှ အကြောက်တရားတို့သည် ပို၍ပင် ကြီးထွားလာခဲ့ပေသည်။
“စစ်သူကြီး ချန်း ဒီစောက်ရူးတွေကို ဒီလိုပဲ လွှတ်ပေးလိုက်တော့မှာလား?”
အင်ပါယာ၏ မင်းသားဖြစ်သည့် ယုဖေးသည် သူ၏ေဘး၌ရှိသည့် ချန်းလီအား ပြောခဲ့ပြီး သူ၏ အသံသည် အလွန် မကျေနပ်ဖြစ်နေခဲ့သည်။
သူ၏ နှလုံးသားထဲမှ ချစ်မြတ်နိုးရသည့် အမျိုးသမီးအား အခြားယောက်ျားနောက်သို့ ပါသွားသည်အား အကူအညီမဲ့စွာ ကြည့်နေရသည်မှာ အင်ပါယာ၏ အိမ်ရှေ့စံမင်းသားဖြစ်သည့် ယုဖေးကို မုန်းတီးမှုနှင့် ဒေါသထွက်နေစေခဲ့သည်။
သူသည် ဂုဏ်သရေရှိသော ယောင်ရီအင်ပါယာ၏ အိမ်ရှေ့စံမင်းသားတစ်ဖြစ်၍ တော်ဝင်အဆင့်အတန်းတစ်ခုရှိသူဖြစ်ကာ ထိုသို့သောသူတစ်ဦးသည် သာမန်လူပေါင်း တစ်သောင်းနှင့်ပင် ညီမျှနေခဲ့သော်လည်း အမျိုးသမီးတစ်ဦးကိုပင် မဆွဲဆောင်နိုင်ခဲ့ဘူးတဲ့လား? ဤကဲ့သို့ မင်းသားသည် မည်သည့်နေရာတွင် အသုံးကျနိုင်ပါ့မည်နည်း?
“ အချိန်တွေ အကြာကြီးရှိသေးပါတယ် တော်ဝင်မင်းသားရယ်! ဒီလို ပမွှားတွေက ဆောင်းရာသီရောက်လာရင် မြေမြုပ်သွားခဲ့ကြမှာပဲဗျ။”
ချန်းလီသည် မျက်လုံး မှေးကာ လေးနက်သော အဓိပ္ပာယ်နှင့် ပြောလိုက်ခဲ့သည်။
ဤသို့ ကြားလိုက်ခဲ့သည့်အခါတွင် အင်ပါယာ၏ အိမ်ရှေ့စံမင်းသား ဖြစ်သည့် ယုဖေးမျက်နှာပေါ်၌ မှုန်မှိုင်းသည့် အပြုံးပေါ်လာခဲ့ပေသည်။ သူသည် စောင့်မနေနိုင်ခဲ့သော်လည်း ဤပမွှားလေးများအား အချိန်အနည်းငယ်ကြာ ဆက်လက်အသက်ရှင်ခွင့်ပေးလိုက်ပါမည်ဟု စဉ်းစားမိခဲ့သည်။