ဧကရာဇ်ဓားသမားယန်တောက်
Vol. 5 Ch. 69
သို့သော်လည်း လီဟေး သည် သူ၏နှလုံးသားကို စိုးရိမ်ထိတ်လန့်အောင် ပြုလုပ်နိုင်သော အင်မော်တယ်ပုံစံနှင့် ဤလူအိုကြီးကို မြင်ပြီးနောက်သူ၏မျက်နှာတစ်ခုလုံးသည် ပို၍သတိထားနေဟန်ဖြစ်လာသည်။
သူ ရှန်ရှန့်ကျုံဂိုဏ်းထဲ နေစဉ်အတောအတွင်းအေးအေးလူလူနေသော်လည်း သူသည် ရှန်ရှန့်ကျုံဂိုဏ်းကို အသိအမှတ်ပြုထားပြီးဖြစ်လေသည်။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ် အဆင့်သို့ ပြန်ရလာသည့်တိုင်အောင် သူသည် ရှန်ရှန့်ကျုံဂိုဏ်းကို သူ၏ကိုယ်ပိုင်ဂိုဏ်းအနေဖြင့် အမြဲလေ့လာ၍အာရုံစူးစိုက်ရလိမ့်မည်။
ထို့ကြောင့် လီဟေးသည် ရှန်ရှန့်ကျုံဂိုဏ်းကို မည်သည့်ပြဿနာမျှ မဖြစ်စေချင်ပါ။
ထိုအတွေးကိုတွေးရင်းဖြင့် လီဟေးသည် ဂိုဏ်းချုပ် ဝမ်ဖုန်းက ထိုကိစ္စနှင့် ပတ်သက်ပြီးစိုးရိမ်မှုအရိပ်အယောင် ရှိလိမ့်မည်ဟုထင်ကာ ဝမ်ဖုန်းကို တစ်ချက်ကြည့်လိုက်ရာ လီဟေးမမျှော်လင့်ထားသည့်အရာကို တွေ့လိုက်ရသည်။
သူတကယ် ရယ်မောနေတာလား?
ဂိုဏ်းချုပ်ကြီး တကယ်ဘဲ ပြုံးရွှင်နေပါလား။
အသေးစိတ်အချက်အလက်များကို မသိမမြင်ရသော ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် လူဝင်စားတစ်ယောက်အနေဖြင့် ရပ်တည်မှုကိုရင်ဆိုင်ရခြင်း အခြေအနေမှာ ဂိုဏ်းချုပ်ကြီးသည် ရယ်မောနေဆဲဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ?
ဒါဆို ဂိုဏ်းချုပ်ကြီးက ဒီလူရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို မသိသေးတာဘဲ ဖြစ်ရမယ်!
လီဟေးကတော့ အကူအညီမဲ့နေသလို ခံစားနေရပြီး ဒီအရာအပေါ် အမြင်မတူကြသလိုပင်။
"ကျန်းစန်ဖုန်းက ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်!"
လီဟေးသည် ဂိုဏ်းချုပ်ကြီးကို သူ၏အနာဂတ်တွင် အမြင် တိုးတက်လာစေရန် ကူညီသင့် မကူညီသင့် တွေးနေသောအချိန်တွင် ညင်သာသောအသံတစ်ခုရုတ်တရက်ထွက်ပေါ်လာကာ လီဟေးသည် အံ့ဩမှင်သက်သွားသည်။
နားမလည်နိုင်သော ထိုဖြစ်တည်မှုသည် ဂိုဏ်းချုပ်ကို အမှန်တကယ် ဦးညွှတ်ဂါဝရပြုလိုက်ခြင်းပင်ဖြစ်သည်။
ကျွတ်!
လီဟေးသည် သူ့လျာပင်သူကိုက်မိလုနီးပါးဖြစ်သွားပြီး ဂိုဏ်းချုပ်ကိုသာမက ရှန်ရှန့်ကျုံဂိုဏ်းကိုပါ ရုတ်တရက် အထင်သေးမိခဲ့ပေသည်။
"အရမ်း ရိုကျိုးစရာမလိုပါဘူး"
ဝမ်ဖုန်းသည် သူ၏လက်ကို ရှေ့ထုတ်လိုက်ကာ ပြုံး၍ပြောခဲ့သည်။
"ဂိုဏ်းအဆင့်ကို ဓမ္မစွမ်းအား ကာကွယ်သူ အကြီးအကဲလို့ သတ်မှတ်လိုက်ပါ၊စနစ်!"
"ဒင်၊ အဆင့်သတ်မှတ်ချက်အသစ်အောင်မြင်စွာ သတ်မှတ်ပြီးသွားလို့ ဂုဏ်ယူပါတယ်၊ လက်ရှိမှာ အကြီးအကဲအစောင့်အရှောက်တွေကို ငါးယောက်အထိ ကန့်သတ်ထားပါတယ်!"
"ငါ မင်းကို မိတ်ဆက်ပေးမယ် ဒါက ငါ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲအစောင့်အရှောက်ဖြစ်တဲ့ ကျန်းစန်ဖုန်းပဲ! ငေးမှိုင်တွေးတောမနေကြနဲ့တော့!"
ဝမ်ဖုန်းသည် သူ၏နောက်တွင် ရှိနေကြသော လင်းဖေးဝူ နဲ့အခြားသူများကို ကြည့်ပြီး ပြုံးကာပြောလိုက်သည်။
ဝမ်ဖုန်း၏စကားကြောင့်လင်းဖေးဝူ နှင့်အခြားသူများသည် အထိတ်တလန့်ဖြစ်သွားသော်လည်း လီဟေးသည် ပို၍ပင် တုန်လှုပ်သွားခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်းဟာ တကယ်ကို ရှေးကျပြီး လျို့ဝှက်ဂိုဏ်းကြီးဖြစ်နိုင်မလား?
လီဟေးသည် သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းတွေးနေခဲ့သည်။
"ငါ ဓမ္မစွမ်းအားကာကွယ်သူ အကြီးအကဲကို မြင်ဖူးပြီ!"
အံ့ဩတုန်လှုပ်သွားကြပြီးနောက် လင်းဖေးဝူနှင့် အခြားသူများသည် ဥပေက္ခာမပြုကြတော့ပဲ ကျန်းစန်ဖုန်း ကို အားလုံး အရိုအသေဂါဝရပြုကြသည်။
လင်းဖေးဝူနှင့် အခြားသူများ၏ဂါဝရပြုခြင်းကို ကျန်းစန်ဖုန်းက အပြုံးဖြင့်တုံ့ပြန်ကာသူ၏လက်များကို ငြင်ငြင်သာသာ သုံးကာ သူတို့၏ ခန္ဓာကိုယ်များကို ပြန်တည့်မတ်ပေးလိုက်သည်။
ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်ပဲ! ! !
ဤစွမ်းအားကို ခံစားနေရင်း လီဟေးသည် အလွန့်အလွန်ပင် အံ့ဩတုန်လှုပ်သွားသည်။
"ယောက်ျားရေ ကြည့်ပါဦး!"
ယခုအခါ ဝမ်ဖုန်း၏ဘေးကပ်လျက်တွင်ထိုင်နေသော ယဲ့မုချင်သည် တောအုပ်အောက်ကို ညွှန်ပြခဲ့ပြီး တိုးတိုးလေးပြောခဲ့သည်။ထို ချိုသာ၍ နှစ်လိုဖွယ်ကောင်းသောအသံလေးသည် ဝမ်ဖုန်း၏ ရင်ကို တစ်ဒိန်းဒိန်းခုန်စေခဲ့သည်။
ယဲ့မုချင်၏ လက်ညှိုးညွှန်ရာကို ကြည့်ခဲ့ရာ အသက်အလတ်ပိုင်းလူငယ်တစ်ယောက်ကို တွေ့ခဲ့ရပြီး သူ၏ကျောတွင် ဟန်ဆောင်ပြုံးသလို ပြုံးဖြဲဖြဲလုပ်နေသော လူငယ်လေးတစ်ယောက်ကို ကြိုးတုပ်၍ ကျောပိုးထားသည်။
လင်းဖေးဝူနှင့် အခြားသူများသည် သနားဂရုဏာသက်စွာဖြင့် ကြည့်ခဲ့ကြသည်။ လူလတ်ပိုင်းလူတစ်ယောက်၏နောက်မှ လူငယ်လေးသည် အရူးတစ်ယောက်ဖြစ်ကြောင်း မည်သို့မြင်နိုင်ကြမည်နည်း။
"ဒီနေရာက ဘယ်နေရာလဲ!'
ဝမ်ဖုန်းသည် မျက်မှောင်ကြုံ့လိုက်ပြီး ထိုလူလတ်ပိုင်းလူရွယ်ကို သေချာစိုက်ကြည့်ကာ မေးလိုက်သည်။
"ဒီနေရာက ယောင်ရွှေမြို့ ရဲ့ အပြင်ဘက် အသူတရာနက်တဲ့ချောက်ရဲ့ တောအုပ်ဖြစ်ပါတယ်!"
လီထျန်းရှင်း သည် လျင်မြန်စွာ ပြန်ဖြေခဲ့သည်။
လီထျန်းရှင်းသည် ထျန်းရှင်းဂိုဏ်း၏ ထိပ်တန်းအကျော်အမော်တစ်ဦးဖြစ်ခဲ့ပြီး ယောင်ရီအင်ပါယာတစ်ခုလုံးအပေါ် သူ၏ သိနားလည်မှုသည် လင်းဖေးဝူနှင့်ပင် ယှဉ်၍မရနိုင်ပေ။
ဝမ်ဖုန်းသည် ခေါင်းငြိမ့်ခဲ့ပြီး သူလည်း ဤနေရာကိုသိသည်။ယောင်ရွှေ တောအုပ်နှင့် ရှင်းယောင်တောင်တန်းတို့သည် နာမည်ကျော်ကြားကြသည်။၎င်းတို့သည် ယောင်ရီအင်ပါယာ၏ အဓိကကျသော တောင်တန်းများဖြစ်သည်။
"ဒါနဲ့ ယောင်ရွှေ မြို့တော်မှာ ယောင်ရီအင်ပါယာ ယွမ်လင်းဂိုဏ်းရဲ့ ထိပ်တန်းဂိုဏ်းရှိပါတယ် ဂိုဏ်းချုပ်။ဒီအချိန်မှာတော့ ယွမ်လင်းဂိုဏ်းရဲ့သူတော်စင်များ ဆုတ်ခွာသွားသောကြောင့် ယွမ်လင်ဂိုဏ်းက နတ်ဆိုးချိတ်ပိတ်ခြင်းညီလာခံတွင် ပါဝင်ဖို့ တပည့်တွေကို မလွှတ်ခဲ့ပါဘူး။”
လီထျန်းရှင်းက ဤစကားကိုထပ်ပြောခဲ့သည်။
"ယောင်ရွှေမြို့မှာယွမ်လင်းဂိုဏ်းကလွဲပြီး အခြားအင်အားကြီးတဲ့သူရှိသေးလား"
ဝမ်ဖုန်းသည် မျက်မှောင်ကြုံ့၍မေးလိုက်သည်။
ဆန်းကြယ်အင်ပါယာအဆင့်၏အထွတ်အထိပ်ရှိပါရမီရှင်တစ်ယောက်က သူ၏ကျောတွင်အရူးတစ်ယောက်ကိုပိုးလာသည့်မြင်ကွင်းမှာ အလွန်ထူးဆန်းပေသည်။
"ယောင်ရွှေမြို့မှာ ယွမ်လင်းဂိုဏ်းအပြင် ယောင်ရီအင်ပါယာကို စောင့်ရှောက်နေတဲ့ စစ်သူကြီးတစ်ဦးလည်းရှိပါသေးတယ်"
"အိုး၊ အဲ့ဒီ့တော်ဝင်စစ်သူကြီးက ဘယ်သူလဲ"
"ယန်တောက်လို့ခေါ်တဲ့ တော်ဝင်စစ်သူကြီးက ဓားရေးမှာ တကယ့်အကျော်အမော်တစ်ဦးဖြစ်ပြီး ယောင်ရီအင်ပါယာတစ်ခုလုံးမှာ ယန်တောက် ရဲ့ဓားချက်ကို ကျော်လွန်နိုင်တဲ့သူ မရှိသေးပါဘူး! ယောင်ရီအင်ပါယာကပါ သူ့ကို ချီးမြှောက်ကာ ဘွဲ့နာမည်ပါဆုချခဲ့ပါတယ်။ နောက်ပြီး ဧကရာဇ်အတွက်ယောင်ရွှေမြို့ကို ကာကွယ်ဖို့ သူ့ကို အမိန့်ချမှတ်ထားပါတယ်"
"ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်တဲ့ ယွမ်လင်းဂိုဏ်းဟာ ဓားဧကရာဇ် ယန်တောက်ရဲ့ ကာကွယ်စောက်ရှောက်မှုကြောင့် အမြဲကောင်းမွန်နေပြီး သတိထားနေရပါတယ်"
လီထျန်းရှင်းက လေးစားအားကျသည့်မျက်ဝန်းတစ်စုံဖြင့်ပြောခဲ့သည်။
လီထျန်းရှင်းသည် အင်ပါယာနှင့် အကျွမ်းတဝင်မရှိသော်ငြားလည်း အချို့လူများသည် လေးစားမှုနှင့်တကယ်ထိုက်တန်ကြပြီး လီထျန်းရှင်းလေးစားရသည့်လူထဲတွင် ဤဓားဧကရာဇ်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။
လီထျန်းရှင်း၏ အသံတိတ်သွားသောအခါ နောက်တွင်ရှိသော ရှောင်းရှီရိလင်သည် မျက်မှောင်ကြုံ့လိုက်ကာ သူ၏လက်တွင်ဓားကို တင်းတင်းကြပ်ကြပ်ကိုင်ထားခဲ့သည်။
"ဒီလူမှာ ကလေးရှိလား"
ဝမ်ဖုန်းက သက်လတ်ပိုင်းလူကိုကြည့်ပြီး မေးလိုက်ပြန်သည်။
"သားတစ်ယောက်တော့ ရှိပေမဲ့ ဘယ်သူကမှ ဓားဧကရာဇ်ယန်တောက်ရဲ့သားကို မမြင်ဖူးကြပါဘူး"
လီထျန်းရှင်းသည် အလျင်အမြန် ဖြေကြားခဲ့သည်။
ဝမ်ဖုန်းက အတည်ပြုပြီးနောက် ခေါင်းကို တငြိမ့်ငြိမ့်လုပ်ကာ
"သွား အောက်ကိုဆင်းပြီး တစ်ချက်သွားကြည့်စမ်း"
ထိုစကားကိုကြားလိုက်ရပြီးနောက် လီထျန်းရှင်းနှင့် အခြားသူများက အံ့ဩသွားကြကာ
" သက်လတ်ပိုင်းလူကြီးနဲ့ အရူးတစ်ယောက်ကို ဘာတွေသွားကြည့်စရာများလိုလို့လဲ" ဟုတွေးနေကြသည်။
လီထျန်ရှင်းနှင့် အခြားသူများသည် အရူးကို သနားဂရုဏာသက်မိကြသော်လည်း သက်လတ်ပိုင်းလူရွယ်ကို ကူညီရန် မရည်ရွယ်ခဲ့ကြပေ။ကျင့်ကြံခြင်းကမ္ဘာမှ ရေသည် နက်၍ တစ်ခါတစ်ရံတွင် အခြားသူများအပေါ် ကြင်နာမှုထားခြင်းသည် မိမိအတွက် မလိုမုန်းတီးမှုဖြစ်လာလိမ့်မည်။
ကျန်းစန်ဖုန်းသည် ညင်သာစွာ ပြုံးလိုက်ပြီး သူ၏မျက်လုံးများတွင် အဓိပ္ပာယ်များနှင့် ပြည့်နေလေသည်။
ဝမ်ဖုန်း၏ဦးဆောင်မှုအောက်တွင်ရှိသော အုပ်စုသည် ရေအသူတရာနက်သောချောက်၏ တောအုပ်ကို သွားရောက်ခဲ့ကာ တစ်ခဏအတွင်းပင် သက်လတ်ပိုင်းလူရွယ်၏အရှေ့သို့ ရောက်သွားကြသည်။
ဝမ်ဖုန်းနှင့် အခြားသူများကိုတွေ့သောအခါ ထိုသက်လတ်ပိုင်းလူကြီးက ရပ်လိုက်သည်။သူ၏နောက်တွင်ပိုးထားသော လူငယ်လေးက ပြုံးရယ်နေဆဲဖြစ်ပြီး လူကြီး၏ပုခုံးပေါ်တွင် ချည်ထားသော ကြိုးများသည် စိုရွှဲနေလေပြီ။
သို့ရာတွင် လူကြီးက ဝမ်ဖုန်းတို့ကို သဘောကျဟန်မတူပေ။ သူသည် သူ့နောက်ရှိလူငယ်လေး၏လက်ကို ပုတ်လိုက်ပြီး မကြောက်ရန်အချက်ပြလိုက်သည်။သူ၏မျက်လုံးများသည်လည်း ဝမ်ဖုန်းတို့ကို ခပ်တန်းတန်းအကြည့်ဖြင့်ကြည့်လိုက်သည်။
သူသည် ယဲ့မုချင်ကို မြင်ပြီးသည့်အခါ အနည်းငယ်သာထိတ်လန့်တော့သည်။ထို့နောက်သူ၏ သူ၏ခေတ်ဟောင်းအသွင်အပြင်ကို ပြန်မှတ်မိသွားခဲ့သည်။
"မိတ်ဆွေ၊ တွေ့ဆုံမှုကတော့ ကံကြမ္မာပဲ ငါတို့စကားပြောလို့ရမလား" ဝမ်ဖုန်းသည် ပြုံးပြီး ထိုလူလတ်ပိုင်းလူကြီးကို ကြည့်ကာပြောလိုက်သည်။
"တောက် ကမတူဘူး။ တစ်ယောက်နဲ့တစ်ယောက် မပူးပေါင်းဘူး"
ထိုလူကြီးက ပြန်ပြောခဲ့ပြီး အချိန်အတော်ကြာ မည်သူ့ကိုမျှ စကားမပြောပဲနေခဲ့သောကြောင့်
သူ၏အသံသည်အက်ကွဲနေလေသည်။
ဤစကားကို ကြားသည့်အခါဝမ်ဖုန်း က ခေါင်းခါပြီး ပြုံး၍ပြောသည်။
"ကမ္ဘာပေါ်မှာ နည်းလမ်းပေါင်း ထောင်နဲ့ချီရှိပြီး မတူတဲ့ လမ်းကြောင်းတွေက ပန်းတိုင်တစ်ခုထဲကို ဦးတည်နေတယ်!ပူးပေါင်းကြံစည်မှုမှာလည်း မထင်မှတ်ထားတဲ့ ပူးပေါင်းကြံစည်မှုတွေလည်း ရှိတယ်၊ ဒါက အံ့ဩဖွယ်ရာတစ်ခုလည်းဖြစ်နိုင်ပါတယ်!"
ထိုလူကြီးသည် ဝမ်ဖုန်းကို သေချာစိုက်ကြည့်ကာ စကားလည်းမပြောပဲ ထွက်လည်းမသွားပေ။
ဝမ်ဖုန်းနောက်ရှိ လင်းဖေးဝူနှင့် အခြားသူများသည် တိတ်တဆိတ်ရပ်နေကြပြီး ထိုလူကြီးကိုတစ်လှည့် ဝမ်ဖုန်းကိုတစ်လှည့်ကြည့်ခဲ့ကြသည်။ ဝမ်ဖုန်းသည် ဤလူကြီးကို အဘယ်ကြောင့်အလွန်စိတ်ဝင်စားနေရသည်ကို သူတို့ နားမလည်နိုင်ကြပေ။
" ကိုယ့်လူက ဧကရာဇ်ဓားသမားယန်တောက်ကို သိမလား မသိဘူး။ အဲ့ဒီလူမှ ဘယ်သူမှမမြင်ဖူးတဲ့ သားတစ်ယောက် ရှိတယ်လို့ပြောကြတယ်"
ဝမ်ဖုန်းက သတ်လတ်ပိုင်းလူကြီး၏အမြင်ကို ဥပေက္ခာပြုလိုက်ပြီး ရယ်မောလိုက်ပြန်သည်။
ဝမ်ဖုန်း၏ရယ်သံတိတ်သွားသောအခါ ထိုလူကြီးသည် မျက်မှောင်ကြုံ့လိုက်သည်။
ဤအချိန်တွင် လင်းဖေးဝူနှင့် အခြားသူများသည် အခြေအနေ တင်းမာသွားပြီဟု ခံစားလိုက်ရပြီး ထိတ်လန့်သွားကြသည်။သို့သော် ဤခံစားချက်သည် သူတို့အထင်မှားသွားသည့်အတွက်ကြောင့်ဖြစ်ခဲ့ပြီး ခဏမျှသာကြာလိုက်သည်။
လီဟေး၊ ရှောင်းရှီရိလင် နှင့် ဝူရှန်း တို့ကသာ ထိုလူကြီးကို အဓိပ္ပာယ်ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ခဲ့သည်။
ကျန်းစန်ဖုန်းကတော့ ဝမ်ဖုန်း၏ဘေးတွင် တည်တည်ငြိမ်ငြိမ်ပဲ ရပ်ကြည့်နေလေသည်။
"မသိဘူး"
ထိုလူကြီးက အေးစက်စက်ပြန်ပြောကာ ဝမ်ဖုန်းနှင့်လည်း စကားဆက်ပြောချင်ဟန်မပေါ်ပေ။သူ၏ကျောတွင်ရှိသော အရူးလူငယ်လေးနှင့်အတူ လှည့်ထွက်သွားရန်ပြင်လိုက်သည်။
" ဆရာကြီးယန်တောက်ရဲ့သားက အရူးတစ်ယောက်ဖြစ်နေမယ်လို့ ငါမမျှော်လင့်ခဲ့မိဘူး"
ထိုအချိန်တွင် ဝမ်ဖုန်း၏စကားသံနှင့် ရယ်မောသံ ထွက်ပေါ်လာခဲ့ကာ ထိူလူကြီး၏ ထွက်ခွှာမှုကို ရုတ်တရက် ရပ်တန့်သွားစေခဲ့သည်။ သူသည် ဝမ်ဖုန်းကို အေးစက်စက်နှင့် ဒေါသတကြီး လှည့်ကြည့်လိုက်သည်။ အလွန်ပင် စိတ်တိုသွားပုံရသည်။
လင်းဖေးဝူနှင့် အခြားသူများသည် ထိုအခြေအနေကို အလွန်ကြောက်ရွံ့သွားကြပြီး မသိစိတ်ကြောင့်ပင် သူတို့အကျီစများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိလိုက်ကြသည်။
တစ်ချိန်ထဲမှာပင် လင်းဖေးဝူနှင့် အခြားသူများသည် အံ့ဩသွားကြပြီး ထိုလူကြီးကိုကြည့်ခဲ့ကြသည်။ဤကဲ့သို့ ရိုးသားပါးနပ်သော သက်လတ်ပိုင်းလူကြီးသည် ဓားဧကရာဇ် ယန်တောက် ဖြစ်လိမ့်မည်ဟု မတွေးမိခဲ့ကြပေ။
"ဒီမယ် လူငယ် မင်း ပါးစပ်က ပြဿနာတွေကိုသယ်လာတတ်တယ်နော်"
ယန်တောက်သည် ဝမ်ဖုန်းကို စိုက်ကြည့်ပြီး အေးစက်စက်ပြောခဲ့သည်။
"ဒီဂိုဏ်းချုပ်က မင်းလို ဓားဧကရာဇ်အတွက် သနားညှာတာမှုပေးတာပါ လှောင်ပြောင်တာမဟုတ်ရပါဘူး"
ဝမ်ဖုန်းက သူ၏အပြုံးကို ရပ်တန့်လိုက်ပြီး ခက်ထန်စွာပြောလိုက်သည်။
"ဒီအင်ပါယာက ဘယ်သူ့ရဲ့ သနားညှာတာမှုမှ မလိုအပ်ဘူးကွ၊ ငါ့သားက ရူးနေပေမဲ့ သူကငါ့သားဘဲ"
ယန်တောက်သည် ဝမ်ဖုန်းအား စိုက်ကြည့်ကာ ဒေါသတကြီးပြောလိုက်သည်။
စကားဆုံးသွားသောအခါ ယန်တောက်သည် ဝမ်နှင့် စကားဆက်မပြောတော့ဘဲ သူ့သားကို ပိုးကာ လှည့်ထွက်ခဲ့သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ထွက်ပေါ်လာသော အသံကြောင့် သူတုံ့ဆိုင်းသွားခဲ့ပြန်သည်။
"မင်း ရေအသူတရာနက်ချောက်ရဲ့တောအုပ်ကိုလာတယ်ဆိုတော့ မင်းသားရဲ့ ကောင်းကင်စိတ်ဝိညာဉ်ပျောက်ဆုံးတာကို ကုသဖို့အတွက် စိတ်ဝိညာဉ်ပန်းတွေကိုလာရှာတာဘဲ ဖြစ်ရမယ် ဟုတ်တယ်မလား"
ဝမ်ဖုန်း က ခန့်မှန်းပြီးပြောလိုက်သည်။
ထိုအချိန်တွင် ယန်တောက်သည် ရုတ်တရက်ပြန်လှည့်လာကာ သူ့တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်နေခဲ့သည်။သူသည် ဝမ်ဖုန်းကို ကြည့်ကာ လေးလေးနက်နက် မေးခဲ့သည်။
"မင်းဘယ်လိုသိတာလဲ ၊မင်းကို ဘယ်အဖွဲ့ကလူတွေလွှတ်လိုက်တာလဲ ငါ့ကိုပြောစမ်း။"
ယန်တောက်၏ ခန္ဓာမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားများနှင့် ရင်ဆိုင်လိုက်ရသောအခါ ဝမ်ဖုန်း၏လက်များသည် ဖြေးဖြေးချင်း ယိမ်းယိုင်သွားသည်။ဆန်းကြယ်အင်ပါယာအဆင့်ရှိ ပါရမီရှင်ကို တုန်ခါသွားစေနိုင်သော ဤစွမ်းအားသည် ပျောက်ဆုံးနေခဲ့သည်မှာကြာလေပြီ။
ဤဖြစ်ရပ်သည် ယန်တောက်၏ မျက်လုံးများကို သိသိသာသာ နည်းပါးသွားစေခဲ့သည်။သူသည် ဤစွမ်းအားကို ထပ်မထုတ်တော့သော်လည်း ဝမ်ဖုန်းကို စိုက်ကြည့်နေဆဲဖြစ်သည်။
"ဒါပေါ့ ဒီဂိုဏ်းချုပ်က ခန့်မှန်းလိုက်တာ မှန်တာဘဲ၊ ဒီကမ္ဘာမှာ ဘယ်သူမှ ဒီဂိုဏ်းချုပ်ကို အမိန့်ပေးလို့မရဘူး"
ဝမ်ဖုန်းသည် လက်နောက်ပစ်၍ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
တကယ်တမ်းကျ ဝမ်ဖုန်းသည် သူကြုံတွေ့လိုက်ရသည်မှာ မည်သို့မျှ ထူးခြားသည့်အရာမဟုတ်ပေ။ယန်တောက်၏သားသည် တကယ့်ပါရမီရှင် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့်ဖြစ်သည်။
"ဒင် ကောင်းကင်စိတ်ဝိညာဉ်ပျောက်ဆုံးနေပြီး မနာခံတတ်ပဲ စိတ်ကြီးဝင်နေသူတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီ။ သူဟာ သူ့သားရဲ့ ကောင်းကင်စိတ်ဝိညာဉ်ကို ပြန်ကုသနိုင်မယ်ဆိုရင် ဒီလူက ကောင်းကင်ကိုဆန့်ကျင်ပြီး ချက်ချင်းမကောင်းဆိုးဝါးဖြစ်လာနိုင်ပါတယ်။ သာမန်လူတွေထက် စွမ်းအားရဲ့သဘောတရားကို ပိုပြီးနားလည်တဲ့အတွက်ကြောင့် ကျင့်ကြံစဉ်က ပိုပြီးအဆင်ပြေချောမွေ့လိမ့်မယ် (တိမ်ပေါ်ပြေးကျင့်စဉ်၊ ရေကိုစီးခြင်းကျင့်စဥ်စတာတွေကိုပေါ့)"
ယဲ့မုချင်၏ စကားသံ မထွက်လာခင် ဝမ်ဖုန်းသည် စနစ်မှ အေးစက်စက်အသံတစ်ခုကြားလိုက်ရပြီး ထိုအသံကြောင့် ယန်တောက်နှင့် သူ့၏သားဖြစ်ကြောင်းသိသွား၍ ပို၍ပင်စိတ်ဝင်စားသွားခဲ့သည်။
ကောင်းကင်ကိုဆန့်ကျင်သော မကောင်းဆိုးဝါးဖြစ်လိမ့်မည်ဟု စနစ်မှ တွက်ချက်လိုက်သော ယန်တောက်၏သားသည် ပေါ့သေးသေးတော့မဟုတ်ပေ။အကယ်၍သူသာကောင်းကင်စိတ်ဝိညာဉ် ပြန်ကောင်းသွားမည်ဆိုလျှင် ကောင်းကင်သို့ပါ ပျံတက်နိုင်မည်မှာအသေအချာပင်။