← Chapters

နတ်လိပ်ဆင်းသက်လာခြင်း

Vol. 38 Ch. 556

နတ်လိပ်ဆင်းသက်လာခြင်း

Vol. 38 Ch. 556

မြေအောက်လိုဏ်ဂူ၏ ဝင်ပေါက်ဝတွင်..

အလွန်ကြီးမား၍ ကြောက်စရာကောင်းသည့် ကျားမြွေနဂါးကြီးတစ်ကောင်ကို စီးနင်းလာသော လူငယ်တစ်ယောက်က ဆူဇီမို၏ လမ်းကြောင်းရှေ့တည့်တည့်ကနေ ဖြတ်ပိတ်လိုက်၏။

ထိုအမျိုးသားက အလွန်အင်မတန်ကိုမှ ချောမောလှပလေသည်။ သူ့ထံမှ ခမ်းနားထည်ဝါသော အော်ရာက ဖြာထွက်နေသော်လည်း အဲ့ဒါက အလွန်တရာ ရှေးရိုးဆန်လေသည်။ သူ့ပုံစံကို ကြည့်ရသည်မှာ သည်ဘက်ခေတ်မျိုးဆက်နှင့်မတူဘဲ အတိတ်ကာလကနေ အချိန်ခရီးသွား၍ ရောက်လာသော လူတစ်ယောက်လိုပင်။

သူ၏ မိုးပျံမြွေနဂါးအမြုတေနယ်မြေကို ထိန်းသိမ်းထားရင်း ဆူဇီမိုသည် ရှေ့သို့ ဆက်လက် ပြေးတက်လာချိန်တွင် သူ့နောက်ရှိ လူအုပ်ကြီးမှ ထွက်ပေါ်လာသော အာမေဋိတ်သံများကို ကြားလိုက်ရ၏။

ရှေးတော်ဝင်မိသားစု.. သွမ့်မူတဲ့လား..

ရှေးတောင်ဝင်မိသားစုများနှင့် ပတ်သတ်၍ ဆူဇီမိုသည် ဘာမှ မသိပေ။

သို့သော်လည်း မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းများနှင့် အထက်တန်းလွှာကလန်များမှ အရိုက်အရာဆက်ခံသူများ၏ တုံ့ပြန်ပုံများအရ.. ထိုရှေးတော်ဝင်မိသားစုများက သန်မာတောင့်တင်းသည့် နောက်ခံများ ရှိကြမည်ကို သူပြောနိုင်လေသည်။

ဆူဇီမိုသည် အမူအယာ ကင်းမဲ့နေ၏။

အဲ့ဒါက ဘယ်သူပဲဖြစ်ဖြစ်.. သူက ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန် ထွက်ခွာဖို့ လုပ်ရပေမည်။

“ဟမ့်”

ဆူဇီမိုက သူ့ကို လျစ်လျူရှုပြီး ထွက်ပေါက်ဆီသို့ ဆက်လက်ပြေးလာသည်ကို မြင်သောအခါ ရုပ်ချောချောလူသည် မကျေမနပ်ဖြစ်သွားပြီး လှောင်ရယ်လိုက်၏။

“ငါ သွမ့်မူခန်း ရောက်လာတာတောင်.. မင်းက အခုထိ ထွက်ပြေးဖို့ စဉ်းစားနေတုန်းပဲလား”

ထိုသို့ပြောရင်း သွမ့်မူခန်းဆိုသော ရုပ်ချောချောလူသည် သူစီးလာသော သားရဲတောကောင်ကို ပုတ်လိုက်၏။

“ဂါးး”

ကျားမြွေနဂါးက သူ၏ စိတ်ဆန္ဒကို နားလည်သွားပြီး ကျယ်လောင်သော ဟိန်းဟောက်သံကိုထုတ်၍ သူ့အမြီးဖြင့် ဆူဇီမိုကို ရက်ရက်စက်စက် လွှဲရိုက်လိုက်၏။

ဘုန်း..

ကျားမြွေနဂါးအမြီးပေါ်ရှိ ကြေးခွံများက အလွန်တရာ မာကြောလေသည်။

ဆူဇီမို၏ ရွှေအမြုတေနယ်ကလည်း ရွှေအမြုတေနယ်မြေပေါင်း ထောင်ကျော်နှင့် တိုက်ခိုက်ခဲ့ရပြီးနောက် ၎င်း၏ အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။

ယခု ပြင်းထန်သော တိုက်ခိုက်မှုနှင့် ထပ်မံကြုံတွေ့ရသောအခါ မိုးပျံမြွေနဂါးသည် ယိမ်းထိုးသွားပြီး သူ၏ ရောင်ဝါကလည်း မှေးမှိန်လာ၏။ အဲ့ဒါက အချိန်မရွေး ပျက်ပြယ်တော့မည့်ဆဲဆဲ ဖြစ်လာလေသည်။

ဆူဇီမိုသည် သူ့လမ်းကြောင်းကို ရပ်တန့်လိုက်၏။

ထိုစဉ်မှာပင် နန်းတော်ဝင်ပေါက်၏ အခြားတစ်ဖက်မှ စူးစူးရှရှ ဖီးနစ်အော်သံက ထွက်ပေါ်လာ၏။

နောက်ခဏ၌ ထူးခြားဆန်းကြယ်သောပုံစံနှင့် တလက်လက် တောက်ပနေသော အစိမ်းရောင်လွမ်ငှက်သည် ပျံသန်းရောက်ရှိလာ၏။ ၎င်းသည် ညှို့ယူဖမ်းစားနိုင်စွမ်းရှိပြီး ကြောက်စရာကောင်းသည့် အော်ရာတစ်မျိုးက ဖြာထွက်နေကာ ကျားမြွေနဂါးထက်ပင် ပို၍ အဆင့်မြင့်ပုံ ရလေသည်။

“အစိမ်းရောင်လွမ်”

ကျားမြွေနဂါးသည် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်အဖြစ် ပြောင်းလဲလာဖို့ အဆင့်ဆင့် ကျင့်ကြံခဲ့ရ၏။

သို့သော်လည်း အစိမ်းရောင်လွမ်သည် အစကတည်းက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင် ဖြစ်လေသည်။

အနှိုင်းမဲ့လှပသော အမျိုးသမီးလေးတစ်ယောက်က အစိမ်းရောင်လွမ်ပေါ်မှာ ထိုင်နေ၏။ သူမသည် မနှိုင်းယှဉ်သာအောင် ကြော့ရှင်းတင့်တယ်ပြီး ရေခဲတမျှ အေးစက်စက် အမူအယာနှင့် မောက်မာဟန် ရှိလေသည်။ သူမသည် လက်ရှိ ပြိုင်စံရှားအားလုံးကို မျက်လုံးထဲမှာ လုံးဝ မထည့်ထားပုံပင်။

စီးနင်းလာသော အမျိုးသမီးကို အသာထား.. မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်ကပင် လက်ရှိများစွာသော ပြိုင်စံရှားများကို အခက်တွေ့စေနိုင်လေသည်။

“အဲ့ဒါက နောက်ထပ် ရှေးတော်ဝင်မိသားစုတစ်စု.. အိုးယန်မိသားစုပဲ ဖြစ်ရမယ်”

“အဲ့ဒီနှစ်ခုက မြောက်ပိုင်းဒေသမှာ နှစ်ခုထဲရှိတဲ့ ရှေးတော်ဝင်မိသားစုနှစ်စုပဲ.. ပြောကြတာတော့ သွမ့်မူမိသားစုနဲ့ အိုးယန်မိသားစုက အရမ်းကို ရင်းနှီးကြတယ်တဲ့.. အဲ့ဒါက မမှားလောက်ဘူး”

သူ့နောက်ဘက်မှ ဆွေးနွေးသံများကို ကြားသောအခါ ဆူဇီမိုသည် အကြမ်းဖြင်းတော့ ခန့်မှန်းမိသွား၏။

သွမ့်မူခန်းက အပြုံးနှင့် လှည့်ပြီး ပြောလိုက်၏။

“ရှာယု.. နင်ဘာလို့ ကိုယ်တိုင် လိုက်လာရတာလဲ.. နင့်ကို ငါပြောထားတယ်လေ.. ဟင်္သပဒါးသစ်သီးကို နင့်အတွက် သေချာပေါက် ငါယူလာပေးမယ်လို့”

“မလိုပါဘူး”

အိုးယန်ရှာယုက အသိအမှတ်မပြုသည့်ပုံဖြင့် တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

သွမ့်မူခန်းက ဆက်ပြောလိုက်၏။

“ရှာယု.. ဒီဟင်္သပဒါးသစ်သီးတစ်လုံးကို မပြောနဲ့.. နင် အလိုရှိတာက ကောင်းကင်က ကြယ်တွေဆိုရင်တောင် ငါရအောင် ခူးပေးဦးမှာပဲ”

အိုးယန်ရှာယုက မျက်ခုံးကို တင်းနေအောင် တွန့်လိုက်၏။

သွမ့်မူခန်းအကြောင်း သူမ ကောင်းကောင်း သိလေသည်။

သူသည် ထိုစကားကိုပင် အခြားသော ကျင့်ကြံသူမိန်းကလေးများအား အနည်းဆုံး အခါတစ်ရာလောက် ပြောပြီးလောက်လေပြီ။

“သခင်လေး.. အဲ့ဒါက နတ်ဖီးကျွန်းရဲ့ ပြန်ဝင်စွာမွန်းစတားဖြစ်မယ် ထင်တယ်”

ထိုအချိန်တွင် သွမ့်မူခန်းနောက်ကနေ လိုက်လာသော ကျင့်ကြံသူတစ်ယောက်က ရှေ့တက်လာပြီး တည်တံ့စွာနှင့် တင်ပြလိုက်၏။

“နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတား ဟက်လား.. ဘယ်ပြန်ဝင်စားမွန်းစတားလဲ”

သွမ့်မူသည် ခဏမျှ ကြောင်အသွား၏။

“လူသားဧကရာဇ်နန်းတော်အောက်မှာတုန်းက အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက ပြိုင်စံရှားတွေကို ဖိနှိမ်ခဲ့တဲ့ တစ်ယောက်လေ”

“ဪ.. သူကိုး”

သွမ့်မူခန်းသည် ခဏမျှ တောင့်တင်းသွားပြီးနောက် အပြုံးတစ်ပွင့်ကို ထုတ်ဖော်ကာ ခေါင်းညိတ်လိုက်၏။

“အဲ့ဒါကြောင့်ကိုး”

နတ်ဖီးကျွန်းက ပြန်ဝင်စားမွန်းစတားဟူသော အသံကို ကြားချိန်တွင် အိုးယန်ရှာယု၏ မျက်လုံးထဲမှာလည်း အံ့အားသင့်မှုက ပေါ်လာ၏။

ထို့နောက် သူမသည် စူးစမ်းချင်စိတ်ဖြင့် ဆူဇီမိုကို လှည့်ကြည့်လိုက်၏။

တိုက်ပွဲမြေပြင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သွမ့်မူခန်းသည် နောက်ဆုံး ဆူဇီမိုကိုကြည့်ကာ ဟက်ကနဲ ရယ်လိုက်၏။

“ကမ္ဘာဦးမိုးပျံမြွေနဂါးက ပျောက်ဆုံးသွားတာ နှစ်ပေါင်း အတော်ကြာခဲ့ပြီပဲ.. ဘယ်သူကများ အဲ့ဒါကို ဒီအဆင့်ထိ ကျင့်ကြံထားနိုင်ပါလိမ့်လို့ ငါသိချင်နေတာ.. ဘယ်ဆိုးလို့လဲ မင်းမှာလဲ နောက်ခံတချို့တော့ ရှိသားပဲ”

“စကားများမနေနဲ့ လမ်းဖယ်လိုက်”

ဆူဇီမို၏ လေသံက တည်ငြိမ်နေသော်လည်း အေးစက်မှုက ဖြာထွက်နေ၏။

ရှေးတော်ဝင်မိသားစုနှစ်စုမှ အရိုက်အရာဆက်ခံသူများနှင့် ရင်ဆိုင်နေရတာတောင် ဆူဇီမိုထံမှ စိတ်ခံစားချက် တစ်စုံတစ်ရာပြောင်းလဲမှုကို မည်သည့်ပြိုင်စံရှားမှ မမြင်တွေ့ရပေ။

သူက သူ့သွေးချီနှင့် စိတ်ဝိညာဉ်ချီကို အကောင်းဆုံး ကြိုးစား၍ ပြန်လည်အားဖြည့်နေခြင်း ဖြစ်လေသည်။

“ငါ့ကို ပြောတာလား.. လမ်းဖယ်ပေးဖို့ဆိုတာ”

သွမ့်မူခန်းသည် ခဏမျှ ကြောင်အသွားပြီးနောက် ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသလို.. ခေါင်းကိုမော့၍ ဟားတိုက်ရယ်ချလိုက်၏။

“ဟဟဟားဟား.. စိတ်ဝင်စားစရာပဲဟေ့.. မင်းက တစ်ကယ့်ကို အရိုင်းဆန်တာပဲ”

ရယ်နေရင်းနှင့် သူ့အမူအယာက တဖြည်းဖြည်း တင်းမာလာပြီးနောက် အေးစက်စွာဖြင့် ပြောလိုက်၏။

“ကမ္ဘာဦးမိုးပျံမြွေနဂါးက ပျောက်ဆုံးသွားတာ ကြာခဲ့ပြီပဲ.. အခုချိန်မှာ အဲ့ဒါက ဘယ်လောက်သန်မာလဲ ဘယ်သူက သိမှာလဲ.. ဒါပေမယ့် ငါ့ရွှေအမြုတေနယ်မြေကတော့ ပြီးခဲ့တဲ့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၃၄ ဝင်ထားတယ်ကွ”

လက်ရှိပြိုင်စံရှားများသည် ထိတ်လန့်သွားကြ၏။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က ၁၀၈ နေရာစာသာ ရှိ၏။ ရှေ့သို့ရောက်လေ သူတို့၏ အမြုတေနယ်မြေကလည်း ပို၍ သန်မာလေဖြစ်၏။

ထိပ်ဆုံး ၃၆နေရာတွင် နေရာယူထားနိုင်သည့် ရွှေအမြုတေနယ်မြေများအားလုံးသည် ရှေးကျသော မျိုးဆက်များနှင့် ကြောက်စရာကောင်းသည့် အမြုတေနယ်မြေများ ဖြစ်ကြလေသည်။

သွမ့်မူခန်းက အေးစက်စွာနှင့် ဆက်ပြောလိုက်၏။

“မင်းက အစောပိုင်း ရွှေအမြုတေအဆင့်ပဲ ရှိသေးတယ်ဆိုတာကိုလဲ မေ့မနေနဲ့ဦး.. မင်းခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်က ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာမို့လဲ.. မင်းရဲ့ သုံးစားမရတဲ့ အမြုတေနယ်မြေက ငါ့ဆီက ရိုက်ချက်ဘယ်နှစ်ချက်ကို တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

“ရွှေအမြုတေနယ်မြေ.. နွယ်မြက်သစ်ပင် အသင်္ချေလက်နက်အသွင်”

သွမ့်မူခန်းက သူ၏ ရွှေအမြုတေကို လှည့်ပတ်လိုက်သောအခါ နန်းတော်ဝန်းကျင်ရှိ ပေါက်ပင်ရိုင်းများသည် အသိစိတ်ဝင်လာသည်ဟု ထင်ရပြီး မြောက်များလှစွာသော လက်နက်များအဖြစ် ပြောင်းလဲကုန်ကြလေသည်။

ရွှစ်.. ရွှစ်.. ရွှစ်..

ရေတွက်လို့မရသော လက်နက်များသည် ကြီးမားသော အားအင်ဖြင့် တိုက်ခိုက်လိုက်ကြ၏။

တစ်ကယ်တော့ သွမ့်မူခန်း၏ ရွှေအမြုတေနယ်မြေကို စိမ်းလန်းစိုပြေသော ပတ်ဝန်းကျင်တွင် ထုတ်ဖော်ပါက ယခုထက်များစွာပို၍ ကြောက်စရာကောင်းမည် ဖြစ်လေသည်။

သောင်းချီသည့် လက်နက်ပေါင်းသည် ကောင်းကင်တစ်ခွင် အုပ်မိုး၍ ပေါ်ပေါက်လာ၏။

မဟာချွမ်အပျက်အစီးက ကျက်တီးနယ်မြေတစ်ခု ဖြစ်၏။ သို့သော်လည်း နန်းတော်ထဲတွင် ဆေးပင်များစွာ ရှိသည့်အတွက် ပေါင်းပင်များကလည်း ပေါက်ရောက်နေကြ၏။

ပေါင်းပင်များက သိပ်ပြီး မသန်မာလှသော်လည်း အဲ့ဒါက လေထဲမှာ လက်နက်ပေါင်း များစွာအဖြစ် ပြောင်းလဲသွားသေး၏။

ဆူဇီမိုသည် လက်သီးကို ဆုပ်လိုက်၏။

သူ၏ အထွတ်အထိပ် အခြေအနေမှာသာဆိုလျှင် သူက အစောပိုင်း ရွှေအမြုတေတစ်ယောက်ပင် ဖြစ်လင့်ကစား သူ၏ ကမ္ဘာဦးမိုးပျံမြွေနဂါးက နွယ်မြက်သစ်ပင်အသင်္ချေလက်နက်အသွင်ကို လှဲချနိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိလေသည်။

သို့သော်လည်း သူက အားအင်များစွာကို သုံးစွဲခဲ့ပြီးလေပြီ။

ယခုအခါ ကမ္ဘာဦးမိုးပျံမြွေနဂါးသည် များပြားလှစွာသော ရွှေအမြုတေနယ်မြေများနှင့် ထိတွေ့ရိုက်ခတ်ခဲ့ပြီးနောက် ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိလာပြီဖြစ်ပြီး နွယ်မြက်သစ်ပင်လက်နက်အသွင်ကို ခုခံနိုင်တော့မည် မဟုတ်ပေ။

ထိုသို့ တွေးရင်း ဆူဇီမိုက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။

ဝုန်း..

ကျယ်လောင်သော အသံကြီးက ထွက်ပေါ်လာ၏။

ဆူဇီမို၏ ဦးခေါင်းထက်ရှိ မိုးကောင်းကင်က အက်ကွဲသွားပြီး ဥက္ကာခဲများနှင့် ကသောင်းကနင်းစီးကြောင်းများက အဆက်မပြတ် ကျဆင်းလာကာ ကမ္ဘာပျက်ကပ်အသွင် ဖြစ်လာ၏။

“အဲ့ဒါက ဘာ-ဘာလဲဟ”

ပြိုင်စံရှားများအားလုံး ငူငိုင်သွားကြ၏။

ဆူဇီမို၏ နောက်ရှိ ကမ္ဘာဦးမြွေနဂါးက အခုထိ မပျက်ပြယ်သေးတာကို.. ဘာလို့ နောက်ထပ် အမြုတေနယ်မြေတစ်ခုက ပေါ်လာနိုင်ရမှာလဲ..

ဟုတ်ပါ့မလား..

“မဖြစ်နိုင်တာ”

နောက်ဆုံးမှာတော့ သွမ့်မူခန်းသည် ရှေးတော်ဝင်မိသားစုမှ အရိုက်အရာဆက်ခံသူတစ်ယောက် ဖြစ်သည့်အတွက် အဲ့ဒါကို ချက်ချင်းအာရုံခံမိသွားပြီး မယုံကြည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။

“နှစ်ထပ်ကွမ်း အမြုတေနယ်မြေလား”

ဝုန်း..

လက်နက်ပေါင်းရာချီက ဆူဇီမို၏ နောက်ဘက်ရှိ ရွှေအမြုတေနယ်မြေကို လာရောက်ရိုက်ခတ်လိုက်ကြ၏။

ဆူဇီမို၏ ရွှေအမြုတေနယ်မြေက ယိမ်းထိုးသွားသော်လည်း လက်နက်ပေါင်းရာချီသည်လည်း ဆန့်ကျင်ဘက်သို့ ပြန်ကန်ထွက်ကုန်၏။

တစ်ခုခုတော့ လွဲမှားနေပြီဆိုတာ အာရုံခံမိလိုက်ပြီး သွမ့်မူခန်းသည် အလောတကြီး လှမ်းပြောလိုက်၏။

“ရှာယု.. အတူပူးပေါင်းလိုက်ရအောင်”

သွမ့်မူခန်း မပြောသေးခင်မှာပင် အိုးယန်ရှာယုက တစ်ခုခုကို သတိထားမိလိုက်ပြီး သူမ၏ ရွှေအမြုတေကို လှည့်ပတ်ထားပြီဖြစ်၏။

“ရွှေအမြုတေနယ်မြေ.. ဟာရီကိန်းနှင်းခဲဆေဘာဓါး”

အေးစက်သောအော်ရာတစ်ခုက ဖြာထွက်လာ၏။

ရုတ်တရက်.. မြေအောက်နန်းတော်ရှိ အပူချိန်က ထိုးကျသွားလေသည်။

ဆေဘာနှင့် ဓါးများ ရောပြွမ်းနေသော လေရိုင်းများက တဟူးဟူး အရူးအမူး တိုက်ခတ်လာ၏။

တစ်ကယ်တော့ ဆူဇီမို၏နောက်ရှိ ကသောင်းကနင်း စီးကြောင်းများပေါ်တွင် နှင်းခဲလွှာများက စတင်ပေါ်လာနေပြီဖြစ်၏။ အစက ဗြောင်းဆန်နေသော လေဟာနယ်စီးကြောင်းများသည် စတင်၍ အေးခဲလာ၏။

ကောင်းကင်ရွေ့လျားဂိုဏ်းနှင့် အမှောင်တစ္ဆေဂိုဏ်းမှ ပြိုင်စံရှားများသည် ပေါ်လာသော အခွင့်အရေးကို အရဖမ်း၍ သူတို့၏ ကျန်ရှိနေသေးသော ရွှေအမြုတေနယ်မြေများဖြင့် ရှေ့သို့ ထိုးတက်ကာ ဆူဇီမိုကို သတ်ဖြတ်နိုင်ဖို့ ကြိုးပမ်းလိုက်ကြ၏။

ဘုန်း.. ဘုန်း.. ဝုန်း..

ကျယ်လောင်သော မြည်ဟည်းသံများက ထွက်ပေါ်လာ၏။

ကျယ်ပြန့်သော မြေပြင်ပေါ်သို့ ဧရာမသတ္တဝါကြီးတစ်ကောင်က ရုတ်တရက် ဆင်းသက်လာ၏။ သူက ပြိုကျလာသော ကောင်းကင်ကို သူ၏ အခွံမာကြီးဖြင့် ထမ်းပိုးလိုက်၏။ ကောင်းကင်ထောက်တိုင်များနှင့်တူသော သူ၏ ခြေလေးချောင်းသည် ကသောင်းကနင်းစီးကြောင်းပေါ်ရှိ အေးခဲနေသော နှင်းခဲလွှာကို ဖိနင်းခြေမွပစ်လိုက်၏။

ကမ္ဘာဦးနတ်လိပ်ကြီးက ရောက်ရှိလာပြီးနောက် သူ၏ ခေါင်းကိုမော့၍ ကျယ်လောင်စွာ ဟိန်းဟောက်ိလိုက်၏။

ထိုအသံက ကြီးမားလှစွာသော ဒေါမာန်အဟုန်ဖြင့် ပြည့်နှက်နေ၏။

All Chapters