ဗိုလ်လုပွဲ
Vol. 38 Ch. 558
ပျောက်ကွယ်သွားပြီဖြစ်သော ကမ္ဘာဦးအမြေတေနယ်မြေနှစ်ခုဖြစ်သည့် နတ်လိပ်နှင့် မိုးပျံမြွေနဂါးတို့ကို အတူတကွ ပြန်လည်တွေ့မြင်ရခြင်းက တစ်ကယ့်ကို ကြုံတောင့်ကြုံခဲမြင်ကွင်း ဖြစ်လေသည်။
ကံမကောင်းစွာနှင့် ဆူဇီမိုသည် အစောပိုင်း-ရွှေအမြုတေတစ်ယောက် ဖြစ်နေသည့်အတွက် မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားအားလုံးလိုလိုနှင့် တိုက်ခိုက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်က ကုန်ခမ်းလာကာ အားကောင်းသည့် အမြုတေနယ်မြေနှစ်ခုကို ဆက်လက်ထောက်ပံ့နိုင်ခြင်း မရှိတော့ပေ။
ထိုသို့ဆိုလျှင်တောင် သူက လုံးဝ မကြောက်ပေ။
အားလုံး၏ ရှေ့မှောက်မှာပင် လေထဲတွင် အရောင်အဝါ မှိန်ကျလာပြီဖြစ်သော ကမ္ဘာဦးသက်ရှိကြီးနှစ်ကောင်က စွမ်းအားတစ်မျိုး၏ သက်ရောက်ခြင်းခံလိုက်ရသည့်အလား ရုတ်တရက် တစ်ကောင်နှင့်တစ်ကောင် အရူးအမူး ရိုတ်ခတ်လိုက်ကြ၏။
ဝုန်း..
ချောက်ချားဖွယ်ရာ တုန်ခါလှိုင်းများက ပေါက်ကွဲထွက်ပေါ်လာ၏။
အကုန်လုံးက အသံတိတ်သွားကြ၏။
လုံးဝ ငြိမ်သက်သွားသည်တော့ မဟုတ်ပေ။ ကမ္ဘာပျက်ကပ်ဘေးက ရောက်ရှိလာသည့်အလား ကျယ်လောင်သော ပေါက်ကွဲသံကြီးများက ထွက်ပေါ်လာ၏။
ဆူဇီမိုထံသို့ ရောက်ရှိတော့မည့်ဆဲဆဲ မရေမတွက်နိုင်သောလက်နက်များနှင့် ဟာရီကိန်းနှင်းခဲဆေဘာဓါးသည် စိစိညက်ညက် ကြေမှုန့်သွားကြ၏။
သွမ့်မူခန်းနှင့် အိုးယန်ရှာယုသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား တသိမ့်သိမ့် တုန်ယင်၍ ချောက်ချားသွားကြ၏။ သူတို့နှစ်ယောက်စလုံး သွေးများကို အန်ထုတ်၍ လေထဲကနေ ပြုတ်ကျလာကြ၏။
သူတို့နှစ်ယောက်စလုံး၏ ရွှေအမြုတေနယ်မြေများက လုံးဝ ဖျက်ဆီးချေမှုန်းခံလိုက်ရလေပြီ။
ရေထဲမှာဆို နတ်လိပ်က နတ်ဘုရားသက်ရှိဖြစ်၏။
မီးနှင့်ပတ်သတ်လျှင် မိုးပျံမြွေနဂါးကလည်း နတ်ဘုရားသက်ရှိ ဖြစ်လေသည်။
ရေနှင့်မီးက ဘယ်လိုမှ သဟဇာတ မဖြစ်နိုင်ပေ။
အမြုတေနယ်မြေနှစ်ခု၏ တိုက်ခတ်ခြင်းက နတ်ဘုရားသက်ရှိနှစ်ပါးအကြားက ကြီးမားသည့် တိုက်ပွဲဖြစ်ပြီး ကြောက်စရာကောင်းလွန်းသည့် သတ်ဖြတ်ခြင်းစွမ်းအားများက ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာလေသည်။
အဲဒါက အမြုတေနယ်မြေ၏ စွမ်းအားတစ်ခုမျှသာ မဟုတ်တော့ပေ။
ပြောရမည်ဆိုလျှင် အဲ့ဒါက ဆန့်ကျင်ဘက်သဘာဝနှစ်ခုအကြားက ပဋိပက္ခပေါက်ကွဲအား ဖြစ်လေသည်။
ဆူဇီမို၏ အမြုတေဖွဲ့တည်ခြင်းက မချောမွေ့ခဲ့ဘဲ သူ့ဒါန်ထျန်တွင်းမှာ မီးနှင့်ရေ၏ စွမ်းအားများက ထပ်တလဲလဲ ရိုက်ခတ်၍ ပြောမပြတတ်လောက်အောင် ပင်ပန်းဆင်းရဲဒုက္ခကို သူခံစားခဲ့ရလေသည်။
သူ့အသားများက စုတ်ပြဲလိုက် ပြန်စေ့လိုက်နှင့် ထပ်ဖန်တလဲလဲ ကြုံတွေ့ခဲ့ရပြီး သေလုမတတ်တောင် ဖြစ်ခဲ့ရ၏။
နောက်ဆုံးမှာတော့ မီးနှင့်ရေ၏ မတူညီသော စွမ်းအားများက ယာယီအားဖြင့် ညှိနှိုင်းပြေလည်သွားကြပြီး လိပ်နှင့်မြွေက အတူယှဉ်တွဲ နေခဲ့ကြလေသည်။
သို့သော်လည်း ထိုစွမ်းအားနှစ်ခု ရိုက်ခတ်မှုကနေ ထွက်ပေါ်လာသော စွမ်းအားကသာ တစ်ကယ့် အမှန်အကန် ကြောက်စရာကောင်းသည့်အရာဖြစ်ကြောင်းကို သူခံစားမိနေခဲ့၏။
ယခုအခိုက်အတန့်တွင် ရုတ်တရက် သူ့စိတ်အာရုံထဲမှာ ဉာဏ်ကွန့်မြူးတစ်ခုက ပေါ်လာသည့်အတွက် အခုလို လိပ်နှင့် မြွေနဂါးတို့ကို ရိုက်ခတ်စေလိုက်ခြင်း ဖြစ်လေသည်။
ဤရိုက်ခတ်မှုအပြီး၌ ကမ္ဘာဦးနတ်လိပ်နှင့် မိုးပျံမြွေနဂါးတို့၏ အမြုတေနယ်မြေများကလည်း ပျက်ပြယ်သွားလေသည်။
သို့သော်လည်း သွမ့်မူခန်းနှင့် အိုးယန်ရှာယု၏ အခြေအနေက ပိုတောင် ဆိုးသေးလေသည်။
မဟာအမြုတေနယ်မြေနှစ်ခုဖြစ်သော နွယ်မြက်သစ်ပင်လက်နက်အသွင်နှင့် ဟာရီကိန်းနှင်းခဲဆေဘာဓါးကလည်း ချက်ချင်း ပျက်ပြယ်သွားပြီး သူတို့နှစ်ယောက်သည်လည်း ပြင်းထန်သည့် တန်ပြန်ရိုက်ခတ်မှုကို ခံစားလိုက်ရ၏။
သူတို့၏ ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များက ကသောင်းကနင်း ဖြစ်ကုန်ပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို လုံးလုံးလျားလျား ဆုံးရှုံးလုနီးပါး ဖြစ်သွားရလေသည်။
“ဟေး”
ဆူဇီမိုက သရော်ရယ်၍ ရှေ့သို့တက်ပြီး အော်လိုက်၏။
“သေစမ်း”
ဖျောက်.. ဖျောက်.. ဖျောက်..
ဆူဇီမိုသည် ခြေလှမ်းအနည်းငယ်မျှနှင့် နောက်ဆုတ်သွားသော သွမ့်မူခန်းကို မီသွားပြီဖြစ်၏။ သူ၏ ကြီးမားသည့် လက်ဝါးကြီးပေါ်ရှိ အသားများက ပြန့်ကားလာပြီး အစိမ်းရောင်သွေးကြောကြီးများက ဖောင်းကြွလာကာ ရက်ရက်စက်စက် အုပ်မိုး၍ ရိုက်ချလိုက်၏။
“သွား”
သွမ့်မူခန်းသည် ထိတ်လန့်တကြား အမူအယာနှင့် သူ့ကိုယ်သူ အကောင်းဆုံး ဣန္ဒြေဆယ်၍ ဓါးပျံတစ်လက်ကို ဆင့်ခေါ်ထုတ်လိုက်၏။
ဓါးပျံက မြေတစ်ကောင်ကဲ့သို့ တောက်ပလင်းလက်လာပြီး လေထဲသို့ ပျံတက်ကာ ဝင်ရောက်လာသော လက်ဝါးကြီးကို ထိုးဖောက်လိုက်၏။
ချွမ်း.. ချွမ်း..
ဆူဇီမို၏ အမူအယာက ပြောင်းလဲခြင်းမရှိဘဲ ရှောင်ရှားခြင်း မရှိပေ။ ရုတ်တရက် သူ့လက်ချောင်းများမှ လက်သည်းများက ဆန့်ထွက်လာပြီး ဓါးမြှောင်များကဲ့သို့ အေးစက်စက်တောက်ပကာ သွမ့်မူခန်း၏ ဓါးပျံကို ဖမ်းဆွဲလိုက်၏။
မြွေနဂါးတစ်ကောင်ဆိုလျှင်တောင် ဆူဇီမို၏ လက်ထဲကနေ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရက် ဆူဇီမို၏ လက်ဖဝါးက ပျော့ပျောင်း၍ နွားလျှာတစ်ခုကဲ့သို့ ဓါးပျံကို ရစ်ပတ်ပြီး ဆွဲခါလိုက်၏။
ခွမ်း..
သူ့လက်ကို ခါလိုက်သောအခါ ဓါးပျံကျိုးပဲ့စများက မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွား၏။
“ရှေးတော်ဝင်မိသားစုက အရိုက်အရာဆက်ခံသူတစ်ယောက်က ဒီလောက်ပဲ ရတာလား”
ဆူဇီမိုသည် လှောင်ရယ်၍ ရှေ့သို့လှမ်းပြီး ချက်ချင်းဆိုသလို သွမ့်မူခန်းရှေ့သို့ ရောက်လာ၏။
သွမ့်မူခန်း၏ မျက်နှာက သွေးဆုတ်သွားသော်လည်း လက်မလျှော့သေးပေ။ သူ့ဒါန်ထျန်တွင်းမှ တဆစ်ဆစ်နာကျင်မှုကို လျစ်လျူရှု၍ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူး လှည့်ပတ်ကာ အော်ဟစ်လိုက်၏။
“သွမ့်မူရှေးတော်ဝင်မိသားစုရဲ့ လျှို့ဝှက်ပညာရပ်က ဘာလဲဆိုတာ မင်းကို ငါပြပေးမယ်”
“သစ်ပင်နွယ်မြက် ငြိတွယ်ရစ်ပတ်”
သွမ့်မူခန်းသည် ရှေ့သို့ ညွှန်လိုက်၏။
သူ့လက်ခေါင်းထိပ်များမှ စိတ်ဝိညာဉ်စွမ်းအင်များက ရုန်းကန်ထွက်လာပြီး ရုတ်တရက် စောင်းထက်၍ ပါးလွှာရှည်လျားသော သစ်ပင်လေးများအဖြစ် ပြောင်းလဲသွားကာ ပျော့ပျောင်းသော ဓါးရှည်များကဲ့သို့ ဆူဇီမိုကို ရစ်ပတ်လိုက်ကြ၏။
အဲ့ဒါက အပင်များသာ ဖြစ်သော်လည်း သူတို့၏ အနားစောင်းထက်ရှမှုက လက်နက်များထက် အောက်မကျပေ။
သူတို့၏ ရစ်ပတ်နွယ်တက်ခြင်း ခံရလျှင် ရှေးဦးအဆက်နွယ်တောကောင်များတောင်မှ သေဆုံးရပေလိမ့်မည်။
သာမန်သားရဲတောကောင်များသည် ထိုကဲ့သို့ ရစ်ပတ်ခြင်း ခံရလျှင် ချက်ချင်းပင် အသားစင်းကော ဖြစ်သွားပေလိမ့်မည်။
အပင်များက ရူးသွပ်စွာ ကြီးထွားလာပြီး ချက်ချင်းပင် ဆူဇီကို ရစ်ပတ်လိုက်ကြ၏။
“ဂါး”
တစ်ချိန်တည်းမှာပင် ကျားမြွေနဂါးက ဟိန်းဟောက်၍ သူ၏ လက်သည်းများ သွားစွယ်များကို ဖော်ကာ ဆူဇီမိုကို ခုန်အုပ်လိုက်၏။
“သေစမ်း”
သွမ့်မူခန်း၏ ရှုံ့တွသွားပြီး သူ၏ အပင်များကို ဖျစ်ညှစ်၍ ထိန်းချုပ်ကာ ဆူဇီမိုကို တုတ်နှောင်ဖို့ ကြိုးစားလိုက်၏။
သို့သော်လည်း ထိုအပင်များက ဆူဇီမိုကို ဒဏ်ရာလုံးဝ မရစေသည်ကို တွေ့လိုက်ရပြီး သူတုန်လှုပ်သွားရ၏။ အဲ့ဒီမှာ ခြစ်ရာတစ်ခုတောင် ထင်မလာခဲ့ပေ။
စိတ်ဝိညာဉ်တိုက်ကွက်ကနေ ဆင့်ခေါ်ထားသော အပင်များကို အသာထား.. ထိပ်တန်းအဆင့်လက်နက်များပင်လျှင် ဆူဇီမို၏ အသားကို မစုတ်ဖြဲနိုင်ပေ။
“ရှက်ဖို့ကောင်းလိုက်တာကွာ.. အဲ့လောက်လေးနဲ့ လျှို့ဝှက်ပညာရပ်လို့ နာမည်တပ်ရဲသေးတယ်”
သူ့မျိုးဆက်သွေးကို လှည့်ပတ်ရင်း ဆူဇီမို၏ ကိုယ်တွင်းမှ ဆူနာမီအသံများက ထွက်ပေါ်ကာ သူ့အသားများက ပြန့်ကားလာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကြီးမားလာလေသည်။
ဖန်း.. ဖန်း.. ဖန်း..
ကျိုးပြတ်သံများနှင့်အတူ အပင်များက ပြတ်သတ်ထွက်သွားပြီး ဆူဇီမိုသည် လွတ်ထွက်လာ၏။
တစ်ချိန်တည်းမှာပင် ကျားမြွေနဂါးက ရောက်ချလာပြီဖြစ်ပြီး သူ၏ ကြီးမားသည့် ပါးစပ်ကြီးကို ဖြဲ၍ ညှီစို့စို့ အာပုတ်သံနှင့်အတူ ဆူဇီမို၏ ဦးခေါင်းကို ကိုက်ချဖို့ လုပ်လာ၏။
ဆူဇီမို၏ အကြည့်က အေးစက်သွားပြီး သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ကျားမြွေနဂါး၏ အပေါ်နှုတ်ခမ်းနှင့် အောက်မေးရိုးကို ဖမ်းဆွဲလိုက်၏။
လက်နှစ်ဖက်စလုံးသို့ ခွန်အားကို ပို့လွှတ်လိုက်၏။
ဗြီး..
ခဏတာ ရုန်းကန်ပြီးနောက် သွေးပျက်စရာ အသံကြီးက ထွက်ပေါ်ကာ လေထဲသို့ သွေးများက ဖွားကနဲ ပန်းထွက်လာ၏။
ဆူဇီမိုသည် ကျားမြွေနဂါးကို ပါးစပ်ကနေ ကိုင်ပြီး နှစ်ခြမ်း ဆွဲဖြဲလိုက်သောကြောင့် ၎င်း၏ အသွေးသားစများနှင့် ကိုယ်တွင်းအင်္ဂါများက စက်ဆုပ်ရွံရှာဖွယ်ရာ မြေပြင်ပေါ်မှာ ပြန့်ကျဲကျသွား၏။
လူအုပ်ကြီးသည် တုန်လှုပ်ချောက်ချားသွားကြ၏။
လူတစ်ယော်ကက ကျားမြွေနဂါးကို နှစ်ခြမ်းဆွဲဖြဲဖို့အတွက် ဘယ်လောက်တောင် သန်မာဖို့ လိုအပ်ပါမည်နည်း..
ယခုအခါ သွမ့်မူခန်းပင်လျှင် သွေးပျက်ထိတ်လန့်သွားပြီဖြစ်၏။
ဆူဇီမိုသည် သွေးများဖြင့် စိုရွှဲနေပြီး ငရဲမှ လွတ်မြောက်လာသော မိစ္ဆာနတ်ဆိုးတစ်ကောင်လို ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းလာ၏။ တစ်ခဏအတွင်း သူသည် သတ်လိုဖြတ်လိုအော်ရာနှင့်အတူ ရောက်ချလာ၏။
သွမ့်မူခန်းသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး နှစ်ခါမစဉ်းစားဘဲ ကာကွယ်ရေးအဆောင်တစ်ခုကို ချိုးဖျက်လိုက်၏။ သူ့ပတ်လည်တွင် အလင်းလွှာအကာအရံတစ်ခုက ပေါ်လာပြီးနောက် လှည့်ထွက်ကာ ပြေးလေလေသည်။
ဤအချိန်တွင် သွမ့်မူခန်းသည် မည်သည့်ဂုဏ်သိက္ခာမာန်မာနမှ မရှိတော့ဘဲ ဆိုးဆိုးရွားရွား ရိုက်နှက်ခံရသော ခွေးတစ်ကောင်လို အမြီးကုပ်ပြီး ပြေးလေတော့သည်။
ဘုန်း..
ဆူဇီမိုသည် သွမ့်မူခန်းကို အမီလိုက်ပြီး ကြီးမားသည့် ချိတ်စည်းကြီးတစ်ခုအသွင် ပြောင်းလဲလာသော သူ၏ လက်သီးကြီးဖြင့် ထိုသူ၏ ဦးခေါင်းကို ပြင်းထန်စွာ ထိုးနှက်ချလိုက်၏။
တလက်လက် တောက်ပနေသော အကာအရံအလင်းလွှာက သိသိသာသာ အရောင်မှိန်ကျသွား၏။
ဘုန်း..
နောက်ထပ် ထိုးနှက်ချက်တစ်ချက် ကျဆင်းလာပြန်၏။
အကာအရံအလင်းလွှာက ထိုထိုးချက်ကို ခုခံနိုင်လိုက်သော်လည်း ယိမ်းထိုးထွက်သွား၏။
သို့သော်လည်း ကြီးမားသည့် ရိုက်ခတ်မှုကြောင့် သွမ့်မူခန်းသည် ဟန်ချက်ပျက်သွားပြီး ဒယီးဒယိုင်ဖြင့် မြေပြင်ပေါ်သို့ ဟပ်ထိုးလဲကျလုမတတ် ဖြစ်သွားရ၏။
ဆူဇီမို လျှင်မြန်စွာဖြင့် ထပ်ကြပ်မကွာ အမီလိုက်ပြီး သူ၏ လက်သီးထိုးချက်များက သွမ့်မူခန်းပေါ်သို့ မိုးပေါက်များပမာ တဖွားဖွား ကျဆင်းလာလေသည်။
ဘုန်း.. ဘုန်း.. ဘုန်း..
အကာအရံအလင်းလွှာက ပြင်းထန်စွာ တုန်ခါလာပြီး နောက်ဆုံးမှာတော့ ကျွတ်ဆတ်ဆတ်အသံက ထွက်ပေါ်လာ၏။
ဝုန်း..
အလင်းလွှာအပေါ်တွင် အက်ကွဲကြောင်းတစ်ခုက ပေါ်လာ၏။
အကာအရံအလွှာပေါ်ရှိ အလင်းရောင်က လုံးဝ မှိန်ကျသွား၏။
ကြေမွပျက်ဆီးသွားလေပြီ။
အဲ့ဒါသည် ဂိုဏ်းကနေ သူ့ကို ပေးအပ်ထားသော ရွှေအမြုတေအများစု၏ စွမ်းအားပြည့်တိုက်ခိုက်မှုများကို ခုခံနိုင်သည်ဆိုသော အသက်ကယ်အဆောင်ဖြစ်လေသည်။
သွမ့်မူခန်းသည် မျက်နှာက ကြောက်အားလန့်အားနှင့် ဖြူဆုတ်သွား၏။
ဘုန်း..
နောက်ထပ်ထိုးနှက်ချက်က ကျဆင်းလာ၏။
သွမ့်မူခန်း၏ ခန္ဓာကိုယ်က ကျိုးကြေမွသွားပြီး နေရာမှာတင် တန်းသေသွားလေတော့သည်။
ထာဘာဖန်နှင့် အခြားသူများသည် သူတို့၏ ခန္ဓာကိုယ်များက အေးစက်တောင့်တင်းလာသည်ဟု ခံစားလိုက်ရ၏။
အဲ့ဒါက အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်း၏။
ရှေးတော်ဝင်မိသားစုတစ်စုမှ ပြိုင်စံရှားသည် လွန်မင်းစွာ စီးပိုးခြင်းကို ခံရပြီး ထိုးနှက်ချက်များ တဖွားဖွားကျရောက်ခံ၍ တစ်ဖက်သတ် အနိုင်ကျင့်ခံရကာ အသတ်ခံလိုက်ရလေသည်။
တစ်ဖက်တွင်တော့..
အခြေအနေမကောင်းတော့တာကို သတိထားမိလိုက်သည့်အတွက် အိုးယန်ရှာယုသည် သူမ၏ အစိမ်းရောင်လွမ်ပေါ်မှာ စီးနင်းကာ အဝေးသို့ ထွက်ပြေးသွားပြီ ဖြစ်လေသည်။
ဆူဇီမို၏ အကြည့်က ရွေ့လျားသွား၏။ နောက်ကနေ သူပြေးလိုက်မလို့ ဟန်ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။
ရွှေရောင်ဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရုပ်ရည်ချောမောလှပသည့် အမျိုးသားတစ်ယောက်က ပျံသန်းလာ၏။ သူ့မျက်နှာက ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး သူ့အကြည့်က ဖန်သားကဲ့သို့ ကြည်လင်နက်ရှိုင်းနေ၏။