← Chapters

ဖိနှိမ်ခြင်း

Vol. 38 Ch. 561

ဖိနှိမ်ခြင်း

Vol. 38 Ch. 561

လွန်ခဲ့သည့် နှစ် ၅၀ က ရှီးဝူယာသည် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာခဲ့၏။

သူပေါ်လာသည်နှင့် အကုန်လုံးအပေါ် လွှမ်းမိုးခြယ်လှယ်ပြီး ပြိုင်စံရှားများစွာကို သတ်ဖြတ်ခဲ့၏။ ရှုံးပွဲမရှိ စံချိန်နှင့်အတူ မြောက်ပိုင်းဒေသမှာ ပြိုင်ဘက်မရှိ စိုးမိုးပြီး ရွှေအမြုတေအဆင့် လူငယ်မျိုးဆက်ထဲမှာ အဆုံးမဲ့အလားအလာနှင့်အတူ အတောက်ပဆုံး ဖြစ်ခဲ့လေသည်။

နှစ် ၃၀ ကြာပြီးနောက် ရှီးဝူယာသည် အချိန်အတန်ကြာကတည်းက နာမည်ကြီး ကျော်ကြားနေခဲ့ပြီးဖြစ်သော ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ အနှိုင်းမဲ့ပြိုင်စံရှားဆိုသူကို သွားတိုက်ခိုက်ပြီး သတ်ဖြတ်ပစ်ကာ မြောက်ပိုင်းဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။

ထို့နောက် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသည် ရှီးဝူယာကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် တပည့်များစွာကို စေလွှတ်ခဲ့၏။ သို့သော်လည်း ကြိုးပမ်းသည့် အကြိမ်တိုင်းက ရှုံးနိမ့်မှုဖြင့် အဆုံးသတ်၍ ပိုလို့တောင် ကြီးမားစွာ နစ်နာဆုံးရှုံးရလေသည်။

ထိုအချိန်မှစ၍ ရှီးဝူယာကို မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ပကတိသက်ရှိဟူ၍ အားလုံးလိုလိုက အသိအမှတ်ပြု လက်ခံလာကြလေသည်။

ထိုအချိန်မှစ၍ ရှီးဝူယာသည် အပြင်ဘက်မှာ ကိုယ်ထင်ပြခဲ၏။

သို့သော်လည်း သူ့ပေါ်လာသည့်အကြိမ်တိုင်း လူတိုင်း၏ အာရုံစိုက်မှုကို ရရှိပေလိမ့်မည်။

သူ၏ ပစ်မှတ်ထားခြင်းကို ခံရသောသူတိုင်းသည် သေခြင်းတရားကနေ မလွတ်မြောက်နိုင်ပေ။

ဆယ်နှစ်ကြာပြီးနောက် ရှီးဝူယာ တစ်ဖန်ပြန်ပေါ်လာသောအခါ သူသည် အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းမှ နိုးထဝိညာဉ်တစ်ယောက်ကို အဆင့်ကျော်၍ သတ်ဖြတ်ခဲ့ပြန်လေသည်။

အဲ့ဒါက အရမ်းကို ကြောက်စရာကောင်းသော တိုက်ပွဲဖြစ်ခဲ့ပြီး မြောက်ပိုင်းဒေသတစ်ခုလုံးကို ထပ်မံတုန်လှုပ်ခဲ့စေပြန်၏။

သူသည် ရွှေအမြုတေအဆင့်တစ်ယောက်သာ ဖြစ်သော်လည်း ကျင့်ကြံသူအများစုက သူ့ကို နိုးထဝိညာဉ်အဆင့်မှ တစ်စုံတစ်ယောက်အဖြစ် သတ်မှတ်ထားကြလေသည်။

ထိုကဲ့သို့သော ဂုဏ်သတင်းများနှင့် မြောက်ပိုင်းဒေသ၏ အနှိုင်းမဲ့ပြိုင်စံရှားက ဟင်္သပဒါးသစ်သီးအတွက် လှုပ်ရှားလာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

ဘာပဲပြောပြော ရှီးဝူယာသည် ပြီးခဲ့သည့်ဆယ်နှစ်လုံးလုံး ကိုယ်ထင် မပြခဲ့သလို တိုက်ခိုက်ခြင်းလည်း မရှိခဲ့ပေ။

ဟင်္သပဒါးသစ်သီးအတွက် တိုက်ပွဲက မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများကို ရှားရှားပါးပါး စုဝေးလာစေခဲ့၏။

သို့သော်လည်း ရှီးဝူယာ ရောက်လာလျှင် အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်း၊ အထက်တန်းလွှာကလန်လေးခုနှင့် ရှေးတော်ဝင်မိသားနှစ်စုမှ ပြိုင်စံရှားများသည်ပင်လျှင် သူနှင့်ယှဉ်ပါက ကလေးသာသာ ဖြစ်ကုန်ကြပေလိမ့်မည်။

ရွှေအမြုတေအဆင့်မှာ ရှီးဝူယာနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သောသူ ရှိလိမ့်မည်ဟုပင် ကျင့်ကြံသူအများစုသည် မစဉ်းစားခဲ့ကြဖူးပေ။

“နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက တစ်ကယ်ကို ကြောက်ဖို့ ကောင်းတာပဲ.. သူက ပြိုင်စံရှားတွေ အများကြီးနဲ့ တိုက်ခိုက်ပြီးတာတောင် ရှီးဝူယာနဲ့ ဆက်ပြီးတိုက်ခိုက်ဖို့ ခွန်အားကျန်နေသေးတယ်ဆိုတော့..”

“ဖန်သားနန်းတော်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ အသန်မာဆုံး ခန္ဓာမီးဆေးကျင့်ကြံဂိုဏ်းဆို.. အဲ့လူက ဘယ်လိုလုပ်ပြီး ရှီးဝူယာနဲ့တောင် ယှဉ်ပြီး တိုက်ခိုက်နိုင်နေရတာလဲ”

“အဲ့ဒါလဲ သုံးစားမရပါဘူး.. ရှီးဝူယာက သူ့ခွန်အားအစစ်အမှန်ကို မထုတ်သေးလို့ပါ.. နတ်ဖီးနစ်ကျွန်း ပြန်ဝင်စားမွန်းစတားက အခုဆိုရင်တောင် တော်တော်မောနေလောက်ပြီ”

“အမှန်ပဲ.. ရှီးဝူယာက သူ့ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်တာနဲ့ အဲ့လူက အသေပဲ”

လူတိုင်း ဆွေးနွေးနေကြစဉ်.. တိုက်ပွဲမြေမှာ ပြောင်းလဲမှုတစ်ခုက ပေါ်လာ၏။

ရှီးဝူယာက အေးအေးဆေးဆေးပုံစံနှင့် ပြောလိုက်၏။

“မင်းမှာရှိတာ ဒါအကုန်ပဲလား”

ဤမျှ ပြင်းထန်စွာ တိုက်ခိုက်နေသည့်ကြားမှ အေးအေးဆေးဆေး စကားပြောနေနိုင်ခြင်းက ကျင့်ကြံသူမျာအားလုံးကို တုန်လှုပ်သွားစေ၏။

နောက်ပြီး သူတို့တိုက်ခိုက်နေကြသည်က အန္တရာယ်များလှသည်ဆိုသော အနီးကပ်တိုက်ခိုက်ခြင်း ဖြစ်၏။ အမှားတစ်ချက်က တမလွန်ဘဝသို့ ဦးတည်သွားနိုင်လေသည်။

သို့သော် အခုအခါ ရှီးဝူယာက အလွန်တရာ စိတ်လက်ပေါ့ပါးစွာ ရှိနေသလိုပင်။

“မင်းမှာရှိတာ ဒါအကုန်ပဲဆိုရင်တော့.. ငါစိတ်မကောင်းပါဘူး.. မင်းကတော့ သေရတော့မယ်”

ရှီးဝူယာက အေးစက်စွာနှင့် ဆက်ပြောလိုက်၏။

“ဘာလို့လဲဆိုတော့ ငါက ငါ့ခွန်အားရဲ့ ၅၀% ကိုပဲ သုံးရသေးလို့ပဲ”

လူအုပ်ကြီးသည် တုန်လှုပ်သွားကြ၏။

သူတို့နှစ်ယောက်စလုံးက နောက်တစ်ဖန် ထိတွေ့ရိုက်ခတ်လိုက်ကြ၏။

ရုတ်တရက် ဆူဇီမိုက အေးစက်စွာ ရယ်မောပြီး မပြောင်းလဲသော အမူအယာဖြင့် ပြောလိုက်၏။

“အဲ့တော့ ဘာဖြစ်လဲ.. ငါဆို ၃၀% ပဲ သုံးရသေးတယ်”

သူ၏ သရုပ်မှန်ကို ထုတ်ဖော်မိမည် စိုးသောကြောင့် မထုတ်ဖော်ရသော လှုပ်ရှားကွက်များစွာ သူ့မှာ ရှိသေး၏။ သူက ထိုစကားကို တမင်ချဲ့ကား၍ ပြောဆိုနေခြင်း မဟုတ်ပေ။

သို့သော်လည်း ဘေးကနေ စောင့်ကြည့်နေကြသူများကတော့ သူ့စကားကို ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

“ဟဲဟဲ”

ရှီးဝူယာက ခပ်ပေါ့ပေါ့ ရယ်မောလိုက်၏။

“မင်းက တော်တောင် လျှာစောင်းထက်တာပဲ.. နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားမှာ ရှိတာက ဒါအကုန်ပေါ့လေ”

သူ့စကား မဆုံးသေးခင်မှာပင် ရှီးဝူယာသည် သူ့သိုလှောင်အိတ်ကိုပုတ်၍ ရှည်လျားသေးသွယ်သော ကျောက်စိမ်းပေတံတစ်ချောင်းကို ဆွဲထုတ်လိုက်၏။ အဲ့ဒါက ကမ္ဘာပေါ်ရှိ အခြားဘယ်အရာနှင့်မှ မတူဘဲ လျှို့ဝှက်ဆန်းကြယ်သောအလင်းဖြင့် တလက်လက် တောက်ပနေ၏။

ဤအခြေအနေထိ သူတို့နှစ်ယောက်သည် လက်ဗလာဖြင့်သာ တိုက်ခိုက်ခဲ့ကြ၏။

သို့သော် နောက်ဆုံးမှာတော့ ရှီးဝူယာက လက်နက်တစ်ခုကို ထုတ်လာလေပြီ။

“မင်းကို သတ်ဖို့အတွက် ငါက လက်နက်တစ်ခုကိုတောင် ထုတ်သုံးရတယ်ဆိုတော့ မင်းဂုဏ်ယူသင့်တယ်” ရှီးဝူယာက ဝင့်ကြွားစွာနှင့် ပြောလိုက်၏။

ရွှစ်..

ကျောက်စိမ်းပေတံက ဓါးတစ်လက်ကဲ့သို့ လေထုကို ဖြတ်သန်းလာပြီး ကြောက်စရာကောင်းသည့် လေခွင်းသံက ထွက်ပေါ်လာလေသည်။

ဆူဇီမိုသည် သူ့မျက်လုံးကို မှေးကျဉ်းလိုက်၏။

ထိုကျောက်စိမ်းပေတံက ရိုးရှင်းပုံမရပေ။

သူ၏ အာရုံခံသတိစိတ်က သတိပေးလာ၏။

ဆူဇီမိုသည် တွေဝေခြင်းမရှိ နောက်သို့ခုန်ဆုတ်လိုက်၏။

ကျောက်စိမ်းပေတံသည် သူ့မျက်နှာဘေးကနေ ကပ်ထွက်သွားပြီး သူ့ပါးပြင်က စပ်ဖျဉ်းဖျဉ်း ပူလောင်မှုကို ခံစားလိုက်ရ၏။

ကျောက်စိမ်းပေတံပေါ်တွင် တဖျတ်ဖျတ်တလက်လက် အလင်းများက တစ်ခုပြီးတစ်ခု ပေါ်လာ၏။

စိတ်ဝိညာဉ်အင်းကွက်ခြောက်ခု.. မူလစိတ်ဝိညာဉ်လက်နက်။

လူအုပ်ကြီးသည် ပင့်သက်ကို ရှိုက်လိုက်ကြ၏။

မူလစိတ်ဝိညာဉ်လက်နက်များက အရမ်းကို ရှားပါးလွန်းလေသည်။

အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်း၊ အထက်တန်းလွှာကလန်လေးခုနှင့် ရှေးတော်ဝင်မိသားစုများပင်လျှင် သူတို့၏ အရိုက်အရာဆက်ခံသူများကို ထိုကဲ့သို့သောလက်နက်မျိုး မပေးအပ်နိုင်ကြပေ။

ထိုကျောက်စိမ်းပေတံက ပေါ့ပါးပုံရသော်လည်း ဖျက်ဆီးလို့မရနိုင်သည့် မူလစိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်လေသည်။

ဆူဇီမိုသည် အချိန်မီရှောင်လိုက်နိုင်တာ ကံကောင်း၏။ သူသာ အဲ့ဒါကို လက်ဗလာနှင့် တုံ့ပြန်တိုက်ခိုက်မိလျှင် သူ့လက်က ကျိုးကြေမွသွားပေလိမ့်မည်။

မူလစိတ်ဝိညာဉ်လက်နက်ကို ထုတ်သုံးလာပြီးနောက် ရှီးဝူယာသည် ချက်ချင်းအသာစီးရကာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းအပြည့်နှင့် ရှေ့တက်ပြီး သူ့ကျောက်စိမ်းပေတံကို ဝေ့ရမ်း၍ ခုတ်ပိုင်းချနေ၏။

ကျောက်စိမ်းပေတံမှ သက်တံရောင်အလင်းတန်းတစ်ခုက ဆန့်တန်းထွက်လာပြီး ဆူဇီမို၏ ဦးခေါင်းထက်သို့ ချက်ချင်း ရောက်ရှိလာ၏။

ဆူဇီမိုသည် မူလစိတ်ဝိညာဉ်လက်နက်များ၏ အံ့မခန်းစွမ်းအားကို တွေ့ကြုံခဲ့ဖူးတာကြောင့် ထိုတိုက်ခိုက်မှုကို ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။

သူသည် သိုလှောင်အိတ်ထဲကနေ ဆေဘာရှည်တစ်လက်ကို ဆွဲထုတ်လိုက်၏။

“ဇီ”

ဆေဘာသွားက အနည်းငယ် တုန်ယင်နေပြီး စိတ်ဝိညာဉ်အင်းကွက်လေးခုက တောက်ပလာ၏။ အဲ့ဒါက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုပင် ဖြစ်လေသည်။

ဆူဇီမိုသည် ကျောက်စိမ်းပေတံကနေ ထွက်လာသော သက်တံအလင်းကို လက်ပြန်ခုတ်ချလိုက်၏။

ရွှစ်..

ဒီရေသံက တလိပ်လိပ်တက်လာ၏။

တန်ပြန်စီးကြောင်း..

ချွမ်း..

ကျောက်စိမ်းပေတံနှင့် ဆေဘာက ရိုက်ခတ်မိသွားပြီး တဖျတ်ဖျတ်တလက်လက် မြူများက လေထဲမှာ ဖွားကနဲ တက်လာ၏။

“ကြေမွစမ်း”

ရှီးဝူယာက အေးစက်စက် ငေါက်ငမ်း၍ သူ့သွေးချီကို တွန်းတင်လိုက်သောအခါ ကျောက်စိမ်းပေတံပေါ်ရှိ သက်တံအလင်းက ပိုမိုတောက်ပလာ၏။

ခွမ်း..

ကျွတ်ဆတ်ဆတ်အသံတစ်သံက ထွက်ပေါ်လာ၏။

ချက်ချင်းပင် ဆေဘာသွားပေါ်၌ အက်ကွဲကြောင်းများက ပေါ်လာ၏။

ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်က ပျက်ဆီးသွားလေပြီ။

ဆူဇီမိုသည် နောက်သို့ ထပ်ဆုတ်လိုက်ရ၏။

ဝှစ်.. ဝှစ်.. ဝှစ်..

အားကြီးသော ရိုက်ခတ်မှုကြောင့် ကျိုးပဲ့သွားသော ဆေဘာ၏ အစအနများက သူ့ဆီသို့ အလင်းစက်များအသွင် ပျံသန်းဝင်ရောက်လာ၏။

ဆူဇီမို၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။

သူတို့နှစ်ယောက်က နီးကပ်လွန်းနေ၏။

ဆေဘာနှင့် ကျောက်စိမ်းပေတံ ထိတွေ့မိခြင်းမှာပင် ဆေဘာကျိုးပဲ့စများက သူ့ထံသို့ ပျံသန်းလာပြီး သူ့မှာ ရှောင်ဖို့ အချိန်မရတော့ပေ။

ရုတ်တရက် ဆူဇီမို၏ ခန္ဓာကိုယ်မှ တဖျောက်ဖျောက် မြည်သံများက ထွက်ပေါ်လာ၏။

အားလုံး၏ အကြည့်အောက်မှာပင် မြင့်မားတုတ်ခိုင်သော ခန္ဓာကိုယ်ကြီးက ကျုံ့ဝင်သွားပြီး ဘောလုံးတစ်လုံးလို လေထဲမှာ လည်ပတ်သွား၏။

ဆေဘာအစအနများက ဆူဇီမိုနှင့် ထိတွေ့သောအခါ ထိုးဖောက်ရမည့်အစား သတ္တုချင်းထိခတ်သံများက ထွက်ပေါ်လာ၏။

နောက်ခဏ၌ ဆူဇီမိုသည် ဗလတောင့်တောင့်လူအဖြစ်သို့ ပြန်လည်ပြောင်းလဲသွား၏။

သူ၏ အင်္ကျီပေါ်တွင် စုတ်ပြဲရာများကို တွေ့ရသော်လည်း သွေးရောင်ကို လုံးဝ မမြင်ရပေ။

သူ့အင်္ကျီအောက်မှ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းကို တွေ့မြင်နိုင်လေသည်။

ရှီးဝူယာ၏ မျက်လုံးက ဝင်းလက်သွားပြီး သဘောပေါက်နားလည်သွား၏။

“မဆိုးဘူး.. လက်စသတ်တော့ မင်းက ခုခံရေးကိုယ်ကျပ်ချပ်ဝတ်တစ်စုံကို ဝတ်ဆင်ထားတာကိုး”

သူ့အကြည့်က စူးရှသည့်အတွက် ဆူဇီမို၏ ကိုယ်ကျပ်ချပ်ဝတ်က အတော်လေး အဆင့်မြင့်မည်ဖြစ်ကြောင်း ပြောနိုင်လေသည်။ အဲ့ဒါက ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခု ဖြစ်ဖို့များ၏။

“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲကွာ ငါကလဲ ငါ့အတွက် သင့်တော်မယ့် ခုခံရေးစိတ်ဝိညာဉ်လက်နက်တစ်ခုကို ရှာနေတာနဲ့ အတော်ပဲ”

ရှီးဝူယာက ရယ်မောလိုက်၏။

“မင်းဘယ်လောက်ကြာကြာ တောင့်ခံနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့”

ထိုသို့ပြောပြီးသည်နှင့် ရှီးဝူယာ၏ သွေးချီက ပေါက်ကွဲထွက်လာပြီး သူ့ပုံရိပ်က တဖျပ်ဖျပ်လှုပ်ရှားသွား၏။ သူ၏ ကျောက်စိမ်းပေတံကို ဝေ့ရမ်းရင်း ဆူဇီမို၏ ဦးခေါင်းပေါ်သို့ သက်တံအလင်းများကို တဖွဲ့ဖွဲ့ကျရောက်လွှမ်းခြုံလာစေ၏။

ရှီးဝူယာသည် သူ၏ မူလစိတ်ဝိညာဉ်လက်နက်နှင့်အတူ ဆူဇီမိုကို အပြတ်အသတ် ဖိနှိမ်လာလေသည်။

All Chapters