← Chapters

ရှုံးနိမ့်ခြင်း.. စိုးရိမ်ရေမှတ်

Vol. 38 Ch. 563

ရှုံးနိမ့်ခြင်း.. စိုးရိမ်ရေမှတ်

Vol. 38 Ch. 563

“ဘုရားရေ.. ဘာကြီးလဲဟ”

လူအုပ်ကြီးထဲမှ ထိတ်လန့်တကြား ရေရွတ်သံများက ထွက်ပေါ်လာ၏။

မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများအားလုံး တုန်လှုပ်သွားကြ၏။ သူတို့၏ လက်ရှိကျင့်ကြံမှုအဆင့်အထိ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

ပေတစ်ရာကျော်မြင့်မားသော ထိုသူက တိုက်ပွဲကွင်းအလယ်မှာ မားမားမတ်မတ် ရပ်တည်ပြီး သူ၏ ကြောက်မက်ဖွယ်ရာအော်ရာကို အဘက်ဘက်သို့ ဖြန့်ကျက်ထုတ်လိုက်၏။

ဤနတ်ဘုရားဆန်သောသက်ရှိကြီးရှေ့တွင် ရှီးဝူယာက အရေးမပါ အရာမရောက်သော ပုရွက်ဆိတ်တစ်ကောင်အလား ဖြစ်လာ၏။

သူ၏ ရှေးကျသော အမြုတေနယ်မြေကြောင့်သာ မဟုတ်လျှင် ရှီးဝူယာ၏ အော်ရာက ပြန်ဝင်စားမွန်းစတား၏ အပြတ်အသတ် ဖိနှိမ်ခြင်းကို ခံရပေတော့မည်။

“အဲ့တော့.. မင်းက တောကောင်သာပေါ့”

ရှီးဝူယာက သူ၏ ရွှေအမြုတေကို စွမ်းအားအပြည့်နှင့် လှည့်ပတ်လိုက်သောအခါ အမြုတေနယ်မြေစွမ်းအားက ရုန်းကြလာပြီး ဖန်သားနတ်ဘုရားအလင်းက ပြိုးပြိုးပြက်ပြက် တောက်ပလာ၏။

ထိုရှေးကျသောအမြုတေနယ်မြေက သက်တံအလင်းရောင်ခြည်တစ်ခုမျှသာ ဖြစ်သော်လည်း အဲ့ဒါက မည်သည့်အော်ရာနှင့်မှ မတူဘဲ အလွန်တရာကြောက်စရာကောင်းလှသည့် စွမ်းအားက သိသိသာသာ ဖြာထွက်နေ၏။

ထိုသက်တံအလင်းနှင့် ထိမိသော မည်သည့်ကျင့်ကြံသူမဆို.. သူတို့၏ အသားနှင့် အသွေးက သလင်းကျောက်ဖြစ်သွားပြီး အသက်မဲ့ရေခဲရုပ်ထုများအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

တစ်ချက် ထိလိုက်သည်နှင့် သူတို့က အပိုင်းပိုင်းကြေမွ ပြိုကျသွားပေမည်။

သက်တံအလင်းရောင်ခြည်နှင့် လွှမ်းခြုံခြင်းခံရလျှင် လက်နက်အများစုက နေရာမှာတင် ကြေမွပျက်စီးသွားပေလိမ့်မည်။

ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များတောင်မှ ထိုကံကြမ္မာကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် ဤရှေးအမြုတေနယ်မြေကို နတ်ဘုရားအလင်းဟု ခေါ်ဆိုသမုတ်ရခြင်း ဖြစ်လေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များတောင်မှ ဖန်သားနတ်ဘုရားအလင်း၏ သတ်ဖြတ်စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုကျင့်ကြံထားသည်က မဟာအရိုင်းကမ္ဘာမှ သားရဲနတ်ဆိုးဘုရင်း ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ် ဖြစ်လေသည်။

အဲ့ဒါက သူ့ကို ကျင့်ကြံရေးလောကသို့ ခြေချနိုင်ဖို့အတွက် တျဲယွဲ့ တည်ထောင်ပေးခဲ့သော အခြေခံအုတ်မြစ်ပင် ဖြစ်လေသည်။

ထိုအန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကြောင့်ပင် ဆူဇီမိုသည် လူသားဧကရာဇ်နန်းတော်အောက်မှာ များစွာသော ပြိုင်စံရှားများကို ဖိနှိမ်ပြီး ချိတ်ပိတ်ထားသူများကိုပင် ခုခံတိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

သူသည် အခုမှ အတွင်းအမြုတေကို ဖွဲ့တည်ထားကာစ ဖြစ်သော်လည်း အန္တိမသားရဲနတ်ဆိုးကျင့်စဉ်၏ အချိုးအဆက အလွန်တရာကိုမှ ကြောက်စရာကောင်းလေသည်။

သူ့ကို ရှေးကျသော သားရဲဘုရင်း ခုနှစ်ပါးက ဝန်းရံထားပြီး သူ့ကို လွှမ်းခြုံနေသော သားရဲချီများကလည်း ပိုမိုသိပ်သည်းလာ၏။

သားရဲချီများက ဖန်သားနတ်ဘုရားအလင်းနှင့် ထိတွေ့ပြီးနောက် အဆက်မပြတ် ရိုက်ခတ်လိုက်ကြ၏။

ဇီ.. ဇီ..

တိုက်ပွဲမြေမှ ပွတ်တိုက်ထိခတ်သံများက ထွက်ပေါ်လာ၏။

မတူညီသော စွမ်းအားနှစ်ခုက တစ်ခုကိုတစ်ခု အလျှော့မပေးဘဲ အပြန်အလှန် တိုက်စားလိုက်ကြ၏။

လေထုထဲမှာ ကြောက်စရာကောင်းသည့် တုန်ခါလှိုင်းများက စတင်ဖြန့်ကျက်လာလေသည်။

ထာဘာဖန်၊ မုရုံဝူရွှမ်းနှင့် အခြားလူများသည် တုန်လှုပ်သွားပြီး အလောတကြီး နောက်သို့ ခုန်ဆုတ်လိုက်ကြရ၏။

တချို့ အချိန်မီ မရှောင်ရှားနိုင်သော ကျင့်ကြံသူများတချို့သည် စွမ်းအားနှစ်မျိုး ရိုက်ခတ်ခြင်းမှ ထွက်ပေါ်လာသော တုန်ခါလှိုင်းများအကြား ညှပ်ပါသွားပြီး သူတို့၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်၍ နေရာမှာတင် အသက်ပျောက်ကုန်ကြ၏။

ပြန်ဝင်စားမွန်းစတားနှစ်ကောင်ကြားက တိုက်ပွဲကြောင့် တိုက်ပွဲမြေပြင် ပတ်ချာလည်က တားမြစ်ဧရိယာတစ်ခု ဖြစ်လာ၏။

“ဂါး”

ရှေးကျသော သားရဲဘုရင် ခုနှစ်ပါးက တစ်ပြိုင်နက်တည်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြ၏။

နီးကပ်နေသော ကျင့်ကြံသူအချို့သည် ဆူညံသံများကြောင့် ငူငိုင်၍ သတိလစ်ကုန်ကြ၏။

ရှေးကျသော သားရဲဘုရင် ခုနှစ်ပါးက သူတို့၏ ကြီးမားသည့် ပါးစပ်ကြီးများကို ဖြဲ၍ ဟိန်းဟောက်လိုက်သောအခါ သားရဲချီများက တဝုန်းဝုန်းထ၍ ကြမ်းကြုတ်ပြင်းထန်လာ၏။ သူတို့၏ သွားများက စေးကပ်ကပ် တံတွေးရည်များနှင့် ပြည့်နေပြီး ရှီးဝူယာကို ကိုက်ချဖို့ ကြိုးစားလိုက်ကြ၏။

ဖောက်.. ဖောက်.. ဖောက်..

သက်တံအလင်းများက ပစ်လွင့်လာ၏။

ရှီးဝူယာ၏ ခန္ဓာကိုယ်က ဖန်သားကဲ့သို့ ကြည်လင်ပြီး အပြစ်ကင်းစင်နေ၏။ သက်တံအလင်းရောင်က လွှမ်းခြုံထားသောအခါ သူက တောက်လောင်နေသော နေတစ်စင်းလိုပင်။

အလွန်တရာ ထက်ရှသော ဓါးများလို သက်တံအလင်းများက တစ်ခုပြီးတစ်ခု ရှေ့သို့ ပစ်လွင့်လာ၏။

မရေမတွက်နိုင်သော အလင်းဓါးများက ပေါ်ထွက်လာပြီး သားရဲချီများကို ထိုးဖောက်၍ ရှေးကျသော သားရဲဘုရင်များကို လှီးဖြတ်၍ ဒဏ်ရာများကို ရစေကုန်၏။

ဆူဇီမိုကို လွှမ်းခြုံနေသော သားရဲချီများသည် သိသိသာသာ ပါးလွှာလာ၏။

နောက်ဆုံးမှာတော့ ပြန်ဝင်စားမွန်းစတားနှစ်ကောင်ကြား တိုက်ပွဲတွင် ရှီးဝူယာက အသာရရှိနေဆဲဖြစ်၏။

မည်သို့ပင်ဆိုစေ.. သူက ပကတိရွှေအမြုတေအဆင့် တစ်ယောက်သာ ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုကတော့ အစောပိုင်းအတွင်းအမြုတေအဆင့်မှာသာ ရှိသေး၏။

မြောက်ပိုင်းဒေသ၏ နံပါတ်တစ်ပကတိသက်ရှိအနေနှင့် ရှီးဝူယာသည် ပြောင်းလဲလာသော အခြေအနေကို ကောင်းကောင်း သုံးသပ်နိုင်ပြီး အခွင့်အရေးကို လက်မလွတ်စေရဘဲ တစ်ဟုန်ထိုး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်၏။

“သတ်”

ဟိန်းဟောက်လိုက်ရင်း သူ့အော်ရာက ပြင်းထန်ကြမ်းကြုတ်လာ၏။ ဖန်သားနတ်ဘုရားအလင်းက သူ့လက်ထဲတွင် တဖြည်းဖြည်း စုဆုံ၍ တလက်လက်တောက်ပနေသော ဆေဘာတစ်လက် ဖြစ်လာ၏။

“သတ်ဖြတ်လိုက်စမ်း”

ရွှစ်..

ရှီးဝူယာ၏ ဟိန်းဟောက်သံနှင့်အတူ ဖန်သားဆေဘာက သားရဲချီများကို ဖြိုခွင်း၍ ဆူဇီမိုထံသို့ တိုးဝင်လာကာ ကျွဲရိုင်းသားရဲဘုရင်၏ ဦးခေါင်းကို လှီးဖြတ်ချလိုက်၏။

ထိုသို့ဖြင့် သားရဲချီများ၏ တစ်စိတ်တစ်ပိုင်းက ပျက်ပြယ်သွားလေသည်။

“နောက်တစ်ခေါက်”

ရှီးဝူယာသည် စီးပိုးခြယ်လှယ်လွန်းသော အော်ရာနှင့်အတူ အော်ဟစ်လိုက်၏။

“ရွှစ်..”

ကျောက်တုံးဝက်ဝံသားရဲဘုရင်၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်ကျ၍ ပျက်ပြယ်သွား၏။

သားရဲချီများက နောက်တစ်ဖန် ပါးလွှာကျသွားလေသည်။

“သတ်ဖြတ်.. သတ်ဖြတ်.. သတ်ဖြတ်.. သတ်ဖြတ်..”

ရှီးဝူယာသည် သတ်ဖြတ်ခြင်း ခုတ်ချက်ငါးချက်ကို ဆက်တိုက်ထုတ်ဖော်လိုက်သည့်အတွက် ကျန်ရှိနေသော သားရဲဘုရင် ငါးပါးသည် ခြေလက်များ ပြတ်သတ်ထွက်၍ ဆိုးဆိုးရွားရွားပုံစံနှင့် ဖန်သားဆေဘာခုတ်ချက်အောက်မှာ သေဆုံးကုန်ကြ၏။

တစ်ခဏအတွင်းမှာပင် ဆူဇီမို၏ ဘေးပတ်လည်မှာ ဝန်းရံနေကြသော သားရဲဘုရင် ခုနှစ်ပါးစလုံးက ဖန်သားနတ်ဘုရားအလင်းကြောင့် အကုန် ပျက်ပြယ်ကုန်လေသည်။

အခုဆို သားရဲချီက ပါးပါးလေးသာ ကျန်ရှိတော့လေသည်။

သားရဲချီများ၏ ကာကွယ်မှု မရှိတော့ဘူးဆိုလျှင် ဆူဇီမို၏ ခန္ဓာကိုယ်က ဘယ်လိုပင် သန်မာပါစေ.. သူသည် ဖန်သားနတ်ဘုရားအလင်း၏ စွမ်းအားကို သေချာပေါက် ခုခံနိုင်တော့မည် မဟုတ်ပေ။

ယခုအခါ အခြေအနေက အတော်လေးကို ရှင်းလင်းလာ၏။

“အာ.. နောက်ဆုံးမှာတော့ သူက အရေးနိမ့်နေတုန်းပါပဲ”

မူတန်ချင်းက သက်ပြင်းချလိုက်၏။

“တစ်ကယ်တော့ နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက ပြန်ဝင်စားတွေ အများကြီးနဲ့တိုက်ခိုက်ပြီး သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို မဖြုန်းပစ်ခဲ့ဘူးဆိုရင် နိုင်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ်”

“နောက်ပြီး သူတို့နှစ်ယောက်က ကျင့်ကြံမှုအဆင့်လဲ ကွာနေသေးတာကိုး”

ပိုင်ယုဟန်က ခေါင်းညိတ်လိုက်၏။

“သူသာ နောက်ပိုင်းရွှေအမြုတေအဆင့်လောက် ရောက်ထားရင် ဘယ်သူနိုင်မလဲ ပြောရခက်တယ်”

“နှစ်ထပ်ကွမ်းအမြုတေနယ်မြေ.. ဒါတင်မကသေးဘူး နှစ်ခုစလုံးက ပျောက်ဆုံးနေတဲ့ ကမ္ဘာဦးအမြုတေနယ်မြေတွေ.. သူ့လိုမျိုးလူတစ်ယောက်က ဒီလိုနဲ့ပဲ သေရတော့မှာပါလား”

“နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက ထျန်ဟွမ်ကုန်းမြေတိုက်ပေါ် ခြေချလာပြီး ဟင်္သပဒါးသစ်သီးကို လာလုရဲမှတော့ လူတိုင်းရဲ့ ပစ်မှတ်ထားခံရတာ ဘာမှ မဆန်းဘူး”

“အမှန်ပဲ.. သူက သားရဲလေ.. သူသေလဲ ဘာမှ မဖြစ်ဘူး”

ဆူဇီမိုသည် မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများစွာကို သတ်ဖြတ်ခဲ့သည့်အတွက် ဂိုဏ်းကြီးများ၊ အဖွဲ့အစည်းများကြီးများနှင့် နက်ရှိုင်းသော အငြိုးအတေးများ ရှိသွားလေပြီ။

မည်သူမှ သူ့ဘက်မှာ မျှော်လင့်ချက် မထားချင်ကြပေ။

“ဟဟ ဟားဟား”

အခြေအနေက ဟန်ကျလာပြီကို တွေ့သောအခါ ရှီးဝူယာက ခေါင်းကိုမော့၍ ရယ်မောပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။

“နောက်ဆုံးတော့ တောကောင်က တောကောင်ပါပဲကွာ.. မင်းက လူသားဧကရာဇ်နန်းတော်အောက်မှာ ပြိုင်စံရှားတွေကို ဖိနှိမ်နိုင်တာနဲ့ပဲ.. ငါနဲ့ ယှဉ်ပြိုင်နိုင်ပြီလို့ ထင်နေတယ်ပေါ့လေ”

ရှီးဝူယာသည် ရှေ့သို့ ခြေတစ်လှမ်းတက်ပြီး သူ့ဆေဘာဖြင့် ခုတ်ပိုင်းချလိုက်၏။

ဆူဇီမိုသည် အံကိုကြိတ်၍ သူ့အတွင်းအမြုတေကို အရူးအမူး လှည့်ပတ်လိုက်၏။ သူ့ဘေးပတ်လည်တွင် ကျန်ရှိနေသေးသော သားရဲချီများက ဒိုင်းကာတစ်ခုအဖြစ် စုဖွဲ့သွားလေသည်။

“ဘုန်း..”

ဒိုင်းကာက ပေါက်ကွဲထွက်သွား၏။

ဆူဇီမိုသည် ခပ်သဲ့သဲ့ ညည်းညူလိုက်၏။

အမြုတေနယ်မြေ၏ စွမ်းအားများက သူ့ကို တိုက်စားလာပြီး သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီး၏ အပေါ်ယံလွှာက ပေါက်ကွဲသွားကာ ပြတ်ရှရာများ ဆက်တိုက်ပေါ်လာသဖြင့် သွေးများ ပန်းထွက်လာသည်မှာ အလွန်ကိုကြောက်စရာ ကောင်းလေသည်။

“မင်းထပ်ပြီး မတောင့်ခံနိုင်တော့ပါဘူးကွာ”

ရှီးဝူယာ၏ အမူအယာက စိတ်လှုပ်ရှားတက်ကြွလာပြီး သူ့မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်မှုက တောက်ပလာကာ ရှေ့သို့ ထပ်ပြီး ခုန်တက်လိုက်၏။

ဆူဇီမိုသည် သူ့ညာလက်ကို မြှောက်၍ နတ်ဖီးနစ်အရိုးဖြင့် ပင့်တင်ခုခံလိုက်၏။

“ချွမ်း”

သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။

နတ်ဖီးနစ်အရိုးကြောင့် ဖန်သားနတ်ဘုရားအလင်းက ကြေမွမသွားသော်လည်း သက်တံအလင်းများက အဘက်ဘက်သို့ လွင့်ပျံထွက်သွား၏။ ဆူဇီမို၏ လက်ပေါ်ရှိ အသားများက သလင်းကျောက်များအဖြစ် ပြောင်းလဲသွား၏။

ဆူဇီမို၏ မျက်နှာက သွေးဆုတ်သွားပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။

နတ်ဖီးနစ်အရိုးက မပျက်စီးနိုင်သော်လည်း အရာရာကို စွမ်းဆောင်နိုင်နေတာတော့ မဟုတ်ပေ။

သူသည် နတ်ဖီးနစ်အရိုးကို မထိန်းချုပ်နိုင်သေးပေ။

သူလုပ်နိုင်သည်မှာ ပကတိခွန်အားသက်သက်ဖြင့် ပစ်ထိုးခြင်းမျှသာ..

“သေလိုက်တော့”

ရှီးဝူယာက နောက်တစ်ဖန် ဟိန်းဟောက်လာ၏။

ဖန်သားဆေဘာက အသက်ဓါတ်အားလုံးကို နုတ်ယူတော့မည့်အလား ကောင်းကင်ထက်ကနေ ကျဆင်းလာ၏။

“ငါက ဒီလိုနဲ့ပဲ သေရတော့မှာလား”

အံ့မခန်းစွမ်းအား၏ ဖိနှိမ်မှုအောက်တွင် ဆူဇီမို၏ သွင်ပြင်က တွန့်လိမ်လာပြီး သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာကနေ ဟိန်းဟောက်လိုက်၏။

“ငါ လက်မခံနိုင်ဘူး”

အပေါ်ယံမှာ ကြည့်လျှင်တော့ အဲ့ဒါက ပြိုင်စံရှားနှစ်ယောက်ကြားက တိုက်ပွဲပင်။

သို့သော်လည်း တစ်ကယ်တမ်းမှာတော့ အဲ့ဒါက အင်မော်တယ်နှင့် သားရဲများကြားက အားပြိုင်မှုနှင့် ပိုတူလေသည်။

ထပ်ပြီးပြောရလျှင် အဲ့ဒါက ရှေးကျသော ထိပ်သီးဂိုဏ်းကြီးများနှင့် တျဲယွဲ့၏ အမွေအနှစ်ကြားက တိုက်ပွဲနှင့် ပိုတူလေသည်။

အဲ့ဒီမှာ တျဲယွဲ့သည် ဆူဇီမိုကို ကိုယ်တိုင် ထုတ်မပြောခဲ့သော အရာများ သေချာပေါက် ရှီလေသည်။

သို့သော်လည်း သူမ၏ ပြုမူပုံများမှတစ်ဆင့်.. သူမက သူမ၏ အလိုဆန္ဒကို ဖော်ပြခဲ့ပြီးလေပြီ။

ကံကြမ္မာက မင်းကို အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ ခွင့်မပြုမှတော့ မင်းအတွက် ကံကြမ္မာကို ငါ ပြောင်းလဲပေးမယ်..

ရောင်ဝါလင်းလက်တိမ်နန်းတော်က မင်းကို မလိုချင်မှတော့.. ဒီကမ္ဘာမှာရှိတဲ့ ထိပ်သီးဂိုဏ်းကြီးတွေရဲ့ အရိုက်အရာဆက်ခံသူတွေအားလုံးထက် ပိုသန်မာနိုင်တဲ့ ပညာရပ်ကို မင်းကို ငါသင်ပေးခဲ့မယ်..

အဲ့ဒါက တျဲယွဲ့၏ မာန်မာနပင်..

အခုတော့ အဲ့ဒါက ဆူဇီမို၏ မာန်မာနလည်း ဖြစ်လေသည်။

All Chapters