← Chapters

နိုးထဝိညာဉ်တွေတောင် မင်းကို မကာကွယ်နိုင်တော့ဘူး

Vol. 38 Ch. 570

နိုးထဝိညာဉ်တွေတောင် မင်းကို မကာကွယ်နိုင်တော့ဘူး

Vol. 38 Ch. 570

ဆူဇီမို၏ အစစ်အမှန်သွင်ပြင်ကို မြင်သောအခါ ဖန်သားနန်းတော်မှ မျက်နှာဖုံးနှင့်လူ၏ ပထမဆုံးတုံ့ပြန်မှုမှာ တောင့်တင်းသွားခြင်း ဖြစ်လေသည်။

ထို့နောက် သူ့မျက်လုံးထဲမှာ အဆုံးမဲ့ နာကျည်းမုန်းတီးမှုက ပြည့်နှက်လာပြီး ကြောက်စရာကောင်းစွာ ထိုးရယ်ချလိုက်၏။

“ဟီးဟီးဟီး... ဟဟဟားဟားးးး”

သူ့ရယ်သံက ခြောက်ကပ်အက်ကွဲ၍ ငရဲမှတက်လာသော ကြောက်မက်ဖွယ်ရာ တစ္ဆေတစ်ကောင်နှင့် တူနေ၏။

“လက်စသတ်တော့ အဲ့ဒါ မင်းကိုး”

မျက်နှာဖုံးနှင့်လူက အငြိုးအတေး ကြီးမားစွာနှင့် သွားစေ့ပြီး ဟိန်းဟောက်လိုက်၏။

“ဆူဇီမို.. မင်း ငါ့ကို မမှတ်မိတော့ဘူးလား”

“ဆူဇီမိုလား”

“အဲ့နာမည်ကို တစ်နေရာရာမှာ ငါကြားဖူးနေသလိုပဲ.. အဲ့ဒါက ရင်းနှီးပါတယ်”

လူအုပ်ကြီးကြားထဲမှာ အသံဗလံများက ထွက်ပေါ်လာ၏။

“ငါကြားတာ မဟာကျိုးအင်ပါယာရဲ့ နယ်မြေတွင်းမှာရှိတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းကနေ အန္တိမအခြေတည်အဆင့်ကို ရောက်အောင်ကျင့်ကြံနိုင်တဲ့ တပည့်တစ်ယောက် ပေါ်ထွက်လာခဲ့တယ်တဲ့.. သူ့နာမည်ကလဲ ဆူဇီမိုမလား”

“အိုး ဟုတ်တာပေါ့ဟ.. အဲ့ဒါ သူပဲ ငါလဲ အဲ့ဒါ ကြားဖူးတယ်”

“ငါကြားတာ အဲ့လူက ရှေးဟောင်းတိုက်ပွဲမြေမှာ အတော်လေး သောင်းကျန်းခဲ့ပြီးတော့ ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရခဲ့တယ်တဲ့.. နောက်ပြီး သူက အဆိပ်ဂိုဏ်းကို တစ်ယောက်ထဲနဲ့ အပြတ်ရှင်းပစ်လိုက်တဲ့အပြင် ဖန်သားနန်းတော်နဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ကျင့်ကြံသူတွေကိုလဲ သတ်ပစ်ခဲ့သေးတယ်တဲ့”

“တစ်ချိန်တည်းမှာပဲ နတ်ဖီးနစ်ကျွန်းရဲ့ ပြန်ဝင်စားမွန်းစတားက ရုတ်တရက် ပေါ်လာလို့သာ ရှေးဟောင်းတိုက်ပွဲမြေမှာ သူ့ရဲ့ဂုဏ်သတင်းက မှေးမှိန်သလို ဖြစ်သွားရတာ.. လက်စသတ်တော့ သူတို့နှစ်ယောက်က အတူတူပဲ ဖြစ်နေတာကိုး”

ကိစ္စများက ဤအခြေအနေ ရောက်သွားမှတော့.. ဆူဇီမိုသည် ပြန်လည် တည်ငြိမ်လာ၏။

သူသည် တစ်ခုခုကို သိရဖို့ ကြိုးစားနေသည့်အလား မျက်နှာဖုံးနှင့်လူကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်၏။

“ဘာလဲ.. မင်းက ငါ့ကို မမှတ်မိနိုင်တော့ဘူးပေါ့လေ”

မျက်နှာဖုံးနှင့်လူက ရယ်မောလိုက်၏။ အစကတည်းက ရုပ်ဆိုးနေသော သူ့မျက်နှာက ပို၍ ကြောက်စရာကောင်းလာ၏။

“ဖေးချွန်ယွီလား”

ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

ရှေးဟောင်းတိုက်ပွဲမြေမှာ သူ့ကို မှတ်မိနိုင်သည့် ဖန်သားနန်းတော်မှ ကျင့်ကြံသူများအားလုံးက သေသွားကြလေပြီ။

အဲ့ဒီမှာ လူတစ်ယောက်သာလျှင် သေသလား၊ ရှင်သလားမသိ သူ့လက်ကနေ လွတ်ထွက်သွားခဲ့၏။ အဲ့လူက.. ဖေးချွန်ယွီ။

“ဒါပေါ့.. ငါပဲလေ”

ဖေးချွန်ယွီက အံကိုကြိတ်ပြီး မုန်းတီးစွာ ပြောလိုက်၏။

“အဲ့ဒါတွေ အကုန်လုံးက မင်းကြောင့်.. ငါ အခုအခြေအနေကို ရောက်သွားရတာပဲ.. ကံကောင်းထောက်မစွာနဲ့ ကောင်းကင်ဘုံက ငါ့ကို သနားသွားလို့ထင်တယ်.. နောက်ဆုံး မင်းကို ငါပြန်ရှာတွေ့ပြီ”

ရှေးဟောင်းတိုက်ပွဲမြေ၏ မြူခိုးတောင်ကြားမှာတုန်းက သူသည် စွန့်စွန့်စားစားနှင့် တိမ်လွှာကျားသစ်၏ ဝမ်းဗိုက်တွင်းမှာ ဝင်ပုန်းပြီး အသက်ရှင်နိုင်အောင် ကြိုးစားရုန်းကန်ခဲ့ရ၏။

တစ်ချိန်တည်းမှာပင် တိမ်လွှာကျားသစ်၏ အားကောင်းသည့် အစာခြေရည်များက သူ့ကို တိုက်စားပြီး သူ၏ ရုပ်ရည်သွင်ပြင်က အခုလို အရုပ်ဆိုးစွာ ပျက်စီးသွားခဲ့ရလေသည်။

ဤနှစ်များအတောအတွင်း သူသည် အိပ်မက်ဆိုးများမက်၍ တုန်လှုပ်ချောက်ချားစွာ ချွေးများစိုရွှဲ၍ တဆတ်ဆတ် တုန်ယင်ပြီး နိုးထလာခဲ့ရသော အချိန်များက မရေမတွက်နိုင်အောင်ပင်။

အဲ့ဒီ နူးနူးညံ့ညံ့နှင့် စာပေသမားတစ်ယောက်လို ချောမောသည့်မျက်နှာက သူ့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာလေသည်။

သူသည် အဲ့ဒီအရိပ်ဆိုးကြီးကို မည်သို့မှ ဖျောက်ဖျက်လို့ မရနိုင်ပေ။

“ဆူဇီမိုမို.. ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက အဆင့်တူချင်းမှာ မင်းက သူမတူအောင်ကို ပြိုင်ဘက်ကင်း လွှမ်းမိုးစီးပိုးနိုင်လွန်းလှပါပေတယ်.. အခုလို အဆုံးသတ်ရမယ့် နေ့မျိုးကို ရောက်လာလိမ့်မယ်လို့တော့ မင်းတစ်ခါမှ မစဉ်းစားခဲ့မိဘူးမလား.. ဟဟ”

ဖေးချွန်ယွီက အေးစက်စွာဖြင့် ခြိမ်းခြောက်လိုက်၏။

“ငါခံစားခဲ့ရတာထက် မင်းကို အဆတစ်ရာ ပြန်ခံစားရစေမယ်လို့ ငါ ကြိမ်ဖန်များစွာ ကျိန်ဆိုခဲ့တယ်.. မင်းကို သေတာထက် ဆိုးတဲ့ဘဝမျိုးရောက်အောင် ငါလုပ်ပြမယ်.. ငါမင်းကို ဒီအတိုင်း သေခွင့်မပေးနိုင်ဘူး.. နေ့နေ့ညည မရပ်မနားဘဲနဲ့ ညှင်ပန်းနှိပ်စက်ပြမယ်”

ထိုစကားသံများကို ကြားသောအခါ များစွာသော ပြိုင်စံရှားများသည် ကြက်သီးမွေးညင်းများ ထလာကြ၏။

ထိုစကားလုံးများက လွန်မင်းစွာ မုန်းတီးမှုမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

ဆူဇီမိုသည် ဘာစကားမှ မပြောဘဲ သူ၏ သက်လုံအားကိုသာ တိတ်တဆိတ် အားဖြည့်နေ၏။

ဖေးချွန်ယွီ၏ စကားကို ကြားသောအခါ ဆူဇီမိုက နှုတ်ခမ်းက လှောင်ပြောင်သလို တွန့်ကွေးသွား၏။

သူသည် ဖေးချွန်ယွီကို သနားစရာကောင်းသည့် သတ္တဝါတစ်ကောင်လို ကြည့်လိုက်၏။

ထိုအကြည့်က ဖေးချွန်ယွီ၏အနာကို ထပ်မံထိုးဆွလိုက်သလို ဖြစ်သွား၏။

“ဆူ..ဇီမို”

ဖေးချွန်ယွီသည် ခြိမ်းမောင်းဖွယ်ရာပုံစံနှင့် ဟိန်းဟောက်ပြီး သူ့လက်သီးနှစ်ဖက်ကို တဖျောက်ဖျောက်မြည်အောင် တင်းကျပ်စွာ ဆုပ်လိုက်၏။

“မင်း သိပ်လဲ ဇောင်းကြွမနေနဲ့ဦး.. ငါက မင်းကိုပဲ နှိပ်စက်မှာ မဟုတ်ဘူး.. မင်းရဲ့ ဆွေမျိုးတွေကိုလဲ ဖမ်းဆီးပြီး မင်းရှေ့မှာတင် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ပြမယ်”

“အဲ့ဒီနာကျင်မှုကို မင်းကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရအောင် ငါလုပ်ပြမယ်”

ပြိုင်စံရှားများအားလုံးသည် တုန်လှုပ်သွားကြ၏။

ဖေးချွန်ယွီက ရူးသွပ်သွားလေပြီ။

သူသည် ဆူဇီမိုကို သတ်နိုင်မှသာလျှင် သူ့စိတ်ထဲမှ မိစ္ဆာစိတ်ကို ဖယ်ထုတ်နိုင်ပေလိမ့်မည်။

မဟုတ်ပါက သူ့ရင်ထဲမှ မိစ္ဆာနတ်ဆိုးကြောင့် သူက သေချာပေါက် သေရပေလိမ့်မည်။

ထိုစကားကို ကြားသောအခါ ဆူဇီမို၏ အမူအယာက ရုတ်တရက် ပြောင်းလဲ အေးစက်လာ၏။

သူ့မှာ ဆွေမျိုးရင်းချာ သိပ်ပြီး မရှိပေ။

ဆူဟုန်ဖြစ်စေ၊ ရှောင်းနင်ဖြစ်စေ.. နှစ်ယောက်စလုံးက သူလုံးဝ အထိမခံနိုင်သည့် သူ၏ ပျော့ကွက် ဖြစ်လေသည်။

ဆူဇီမိုက မှင်သေသေဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဖေးချွန်ယွီ.. အဲ့တုန်းက မင်းထွက်ပြေးနိုင်ခဲ့တာ တော်တော်ကံကောင်းသွားတယ် မှတ်ပါ.. ဒီနေ့တော့ မရတော့ဘူး.. မင်း သေချာပေါက် သေရလိမ့်မယ်”

“ဟဟ ဟားဟားးး”

ဖေးချွန်ယွီက ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား ဟားတိုက်ရယ်မောလိုက်၏။

“ဘာကြောင့်လဲ.. မင်းကြောင့်လား.. အခုမင်းရဲ့ သက်လုံအားနဲ့ စိတ်ဝိညာဉ်စွမ်းအင်က ခမ်းခြောက်နေတာကို မပြောနဲ့ဦး.. မင်းရဲ့ အထွတ်အထိပ် အခြေအနေမှာ ရှိနေရင်တောင် မင်းက ဘာလုပ်နိုင်ဦးမှာမို့လဲ”

ဖေးချွန်ယွီက အနီးနားရှိ များစွာသော နိုးထဝိညာဉ်များကို လက်ညိုးထိုးပြီး ပြောလိုက်၏။

“ဒီနေရာမှာ နိုးထဝိညာဉ်စီနီယာတွေ အများကြီး ရှိနေတာတောင် မင်းက မိုက်မဲချင်နေတုန်းလား”

“ပြန်ဝင်စားမွန်းစတားဟုတ်လား.. နိုးထဝိညာဉ်တွေရဲ့ မျက်လုံးထဲမှာတော့ မင်းက အချိန်မရွေး ဖိသတ်ခံရနိုင်တဲ့ ပုရွက်ဆိတ်ထက်တစ်ကောင်ထက် မပိုဘူးကွ”

ဆူဇီမိုက ပြုံးလိုက်၏။ သူ့ခေါင်းကို ငုံ့ပြီး သူ့လက်ချောင်းလေးများကို လှည့်ကာ အေးအေးဆေးဆေးပုံစံနှင့် ပြောလိုက်၏။

“ဒီနေရာမှာ နိုးထဝိညာဉ်တွေ ရှိနေတာနဲ့ပဲ မင်းကို ငါ မသတ်နိုင်တော့ဘူးလို့ ထင်နေတယ်ပေါ့လေ”

“မိုက်ရိုင်းလိုက်တာ”

ဖန်သားနန်းတော်မှ အဖိုးအိုက ရုတ်တရက် ဟိန်းဟောက်လိုက်၏။

ထိုအသံက မိုးကြိုးပစ်ချလိုက်သလို မြည်ဟည်းလာ၏။

များစွာသော ရွှေအမြုတေများသည် တသိမ့်သိမ့်တုန်ယင်ကာ ခြေလက်များက ပျော့ခွေ၍ လဲကျသွားကြ၏။

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားခြင်း မရှိဘဲ သူ့ခန္ဓာကိုယ်က အနည်းငယ်မျှသာ ယိမ်းသွား၏။

ဖန်သားနန်းတော်မှ အဖိုးအို ထုတ်လွှတ်လိုက်သော အသံက အားကောင်းသော်လည်း ဆူဇီမို၏ စိတ်အာရုံအပေါ် သက်ရောက်ဖို့ မလုံလောက်ပေ။

မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားထက်ဝက်ကျော်လောက်က ဆူဇီမို၏ လက်တွင်းမှာ သေခဲ့ကြရ၏။

ဤအချိန်၌ များစွာသော နိုးထဝိညာဉ်များသည် ဆူဇီမိုကို စောင့်ကြည့်နေကြ၏။

လူတိုင်း၏ မျက်စိအောက်မှာ ဖေးချွန်ယွီကို သူသတ်ဖို့ဆိုတာ တစ်ကယ့်ကို ရယ်စရာကောင်းလေသည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ.. ဖေးချွန်ယွီက သေကိုသေရပေမည်။

ဆူဇီမိုသည် ထိုအချက်ကို ရှင်းလင်းစွာ သိထား၏။

ဖေးချွန်ယွီကိုသာ ဒီနေ့ အသက်ရှင်ခွင့်ပေးလိုက်လျှင် ဆူဟုန်နှင့် ရှောင်းနင်တို့က တွေးကြည့်လို့ မရလောက်အောင် ဒုက္ခသုက္ခ ရောက်တော့မည် ဖြစ်လေသည်။

အခြားသူများသာဆိုလျှင် ဤမျှ အချိန်တိုတိုလေး အနားယူရခြင်းက ဘာမှ သိပ်ပြီး သိသာလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုအတွက်တော့ အဲ့ဒါက သူ့ဒဏ်ရာများကို အနည်ထိုင်စေပြီး သက်လုံအားအချို့ကို ပြန်လည်အားဖြည့်ဖို့ လုံလောက်လေသည်။

“ဖေးချွန်ယွီ.. ငါမင်းကို နောက်ဆုံးအချက်တစ်ချက် ပြောပြလိုက်မယ်”

ဆူဇီမိုက အေးစက်စက် သတ်ဖြတ်လိုအကြည့်နှင့် ပြောလိုက်၏။

“လူတစ်ယောက်ကို ငါသတ်ချင်တယ်ဆို.. နိုးထဝိညာဉ်တွေ အနားမှာ ရှိနေရင်တောင် သူ့ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးကွ”

သူ့လက်ဖဝါးဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်သောအခါ တလက်လက် တောက်ပနေသော ရွှေရောင်ချိတ်စည်းကြီးက သူ့လက်ထဲမှာ ပေါ်လာ၏။

မူလစိတ်ဝိညာဉ်လက်နက်.. ရစ်ခွေနဂါးချိတ်စည်း!

အချိန်ခဏအတွင်းမှာပင် ဆူဇီမိုသည် စိတ်ဝိညာဉ်စွမ်းအင်အချို့ကို ပြန်လည်စုဆောင်းထားပြီး ဖြစ်၏။

သူ့ဒါန်ထျန်ကို လှည့်ပတ်လိုက်သောအခါ စိတ်ဝိညာဉ်စွမ်းအင်များက ရစ်ခွေနဂါးချိတ်စည်းထဲသို့ စီးဝင်သွား၏။

“သွား”

ဆူဇီမိုက သူ့လက်ကို လွှဲရမ်းလိုက်သောအခါ ရစ်ခွေနဂါးချိတ်စည်းက စိတ်ဝိညာဉ်အင်းကွက် ခြောက်ခုဖြင့် တလက်လက် တောက်ပလာပြီး ဖေးချွန်ယွီပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားလေသည်။

အဲ့ဒါက ခြစ်ခြစ်တောက် ပူပြင်းသော နေတစ်စင်းလို ကြောက်စရာကောင်းနေ၏။

ဖေးချွန်ယွီ၏ အမူအယာက ရုတ်ချည်း ပြောင်းလဲသွား၏။

နိုးထဝိညာဉ်များ၏ အကြည့်အောက်မှာပင် ဆူဇီမိုက ပြတ်သားစွာနှင့် သူ့ကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူထင်မှတ်မထားမိပေ။

အဲ့ဒါထက် စောစောကတင် ဆူဇီမိုက ခြေကုန်လက်ပန်းကျ အားအင်ကုန်ခမ်းနေခဲ့ပြီးဖြစ်၏။

ဒီလောက် အချိန်ခဏလေးနဲ့တောင် သူက ဒီလောက်အတိုင်းအတာထိ ပြန်လည်အားဖြည့်နိုင်တယ်ဆိုတော့...

သူ့ရဲ့ ဆဲလ်အသစ်ပြန်လည်မွေးဖွားနှုန်းနှင့် ပြန်လည်အားဖြည့်နိုင်စွမ်းက ဘယ်လောက်ထိတောင် သန်မာနေတာပါလိမ့်...

“တော်တော် သတ္တိကောင်းနေတယ်ပေါ့”

ဖန်သားနန်းတော်မှ အဖိုးအိုက ဟိန်းဟောက်၍ သူ့အင်္ကျီလက်စကို ဝေ့ရမ်းလိုက်၏။

“ရွှစ်..”

ချက်ချင်းပင် အင်္ကျီလက်စက လေထဲမှာ ပေးနှစ်ဆယ်ကျော်သုံးဆယ်လောက်ထိ ရှည်ထွက်လာကာ ကောင်းကင်ထက်ကနေ အုပ်မိုး၍ ကျဆင်းလာ၏။

ချိတ်စည်းကြီးက နေတစ်စင်းလို ပူပြင်းတောက်လောင်နေသော်လည်း ဖန်သားနန်းတော်မှ အဖိုးအို၏ အင်္ကျီလက်စကိုတော့ မလောင်ကျွမ်းနိုင်ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ဆူဇီမိုက အစောပိုင်း ရွှေအမြုတေတစ်ယောက်သာ ဖြစ်လေသည်။ သူက နိုးထဝိညာဉ်များနှင့် သေချာပေါက် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ဖေးချွန်ယွီက မော့ကြည့်လိုက်၏။ အင်္ကျီလက်စက ချိတ်စည်းကြီးအား ရစ်ပတ်လိုက်သည်ကို မြင်သောအခါမှသာ သူသည် စိတ်သက်သာရာ ရသွား၏။

သူ့ဂိုဏ်းမှ စီနီယာကြောင့်သာ မဟုတ်လျှင် စောစောက ချိတ်စည်းကြီးက သူ့ကို အမှန်တစ်ကယ်ပင် သတ်ဖြတ်နိုင်လောက်လေသည်။

ထိုအချိန်မှာပင် ဖေးချွန်ယွီသည် အန္တရာယ်တစ်ခုခုကို လာနေသည်ကို အာရုံခံမိလိုက်သလို သူ့ရင်ထဲမှာ တလျှပ်လျှပ်နှင့် သူ့နှလုံးက တဒိတ်ဒိတ် ခုန်လာလေတော့သည်။

All Chapters