← Chapters

ရွှီချင်း မင်းမှာ တာအိုလက်တွဲဖော်ရှိလား(က)

Vol. 52 Ch. 789

ရွှီချင်း မင်းမှာ တာအိုလက်တွဲဖော်ရှိလား(က)

Vol. 52 Ch. 789

ရွှမ်ကျန်းပြက္ခဒိန် (၂၉၃၂)ခုနစ် ဒီဇင်ဘာလ…

ဆောင်းလေသည် နှင်းမှုန်နှင်းပွင့်လေးများကို သယ်ဆောင်လျက် မြို့တော်၏ အစွန်အဖျားများဆီသို့ တိုက်ခတ်သွားသည်။ ယင်းက သစ်ခြောက်ပင်များနှင့် ခြောက်ကပ်ကပ်လွင်ပြင်များသို့ ဖြတ်သန်းသွားနေစဉ် နှင်းမှုန်နှင်းပွင့်လေးများသည် နိမ့်ချည်မြင့်ချည် လှုပ်ခတ်သွားကြသည်။

ထိုနှင်းပွင့်လေးများသည် ရှေးခေတ်ဖုန်းဟိုင်ဒေသငယ်၏ ပြန်ရောက်ရှိလာမှုကြောင့် မြေပြင်ပေါ်မှာ ကျစ်ရစ်ခဲ့သော အက်ကွဲကြောင်းများကို အပြည့်ဖြည့်ရန် စိတ်ဆုံးဖြတ်ထားဟန် ရ၏။

ယင်းတို့က မြို့တော်၏ နှလုံးသားဆီသို့ ရောက်ရှိသွားပြီး လမ်းမများ၊ အိမ်ခေါင်မိုးများ၊ အဆောက်အဦးများပေါ်သို့ ကျဆင်းသွားလေသည်။ ထို့နောက် ယင်းတို့နှင့် အတူရောထွေးသွားပြီး မြူနှင်းဖြူအဖြစ် ပြောင်းလဲသွားသည်။ မြူနှင်းဖြူသည် လွင့်ပြယ်သွားလိုက် ပြန်စုဝေးသွားလိုက်ဖြင့် ဤလောကထဲမှာ တည်ရှိနေသည်။

လက်ထောက်ဒေသအကြီးအကဲ ခေါ်ဆောင်လာသော ကဒ်ဘေးပြီးဆုံးသွားသည်မှာ ယခုဆိုလျှင် လဝက်ရှိသွားပြီ ဖြစ်သည်။

ထိုလဝက်အတွင်းတွင် မြေပြင်ပေါ်မှ အက်ကွဲကြောင်းများကို ပြန်ဖာထေးပေးခဲ့သော လေနှင့် နှင်းတို့၏ အလုပ်လုပ်ဆောင်ပုံအတိုင်း ဒေသငယ်မြို့တော်မှ ရုံးတော်သုံးခုသည် ပြည်နယ်ဆယ်ခုမှ ဓားကိုင်ရုံးတော်ခွဲများ၊ အဓိကဂိုဏ်းတော်ကြီးများနှင့်အတူ ဖုန်းဟိုင်ဒေသငယ် ပြန်လည်နာလန်ထူရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြသည်။

အရေအတွက်များပြားသော စစ်ပြန်ဓားကိုင်များသည် ပြည်နယ်အသီးသီးဆီသို့ ထွက်ခွာသွားကြပြီး ကယ်ဆယ်ရေးအဖွဲ့ထဲသို့ ဝင်ရောက်ပူးပေါင်းခဲ့ကြသည်။ သူတို့သည် ဤပရမ်းပတာအခြေအနေကို အခွင့်ကောင်း၍ ပြဿနာရှာရန် ကြိုးစားနေကြသော မျိုးနွယ်ခြားများကို ဖိနှိပ်ခဲ့ကြသည်။

ထိုသို့ဖြင့် အန္တရာယ်ကဒ်ဘေးက သယ်ဆောင်လာသော မကောင်းသည့် လွှမ်းမိုးမှုအားလုံးသည် တဖြည်းဖြည်း လွင့်ပြယ်သွားပြီး အားလုံးသည် စတင်ပြန်ကောင်းမွန်လာသည်။

အမတ်ယောင်နှင့် သတ္တမသခင်ကြီးသည် ယခင်က တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်မှုမရှိသော်လည်း သူတို့နှစ်ယောက်စလုံးသည် ရွှီချင်းနှင့် ဆက်နွယ်မှုရှိကြသည်။ သို့ဖြစ်၍ နောက်ပိုင်းတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ပြီးနောက် သူတို့ကြားမှာ အပြန်အလှန်နားလည်မှု ရှိလာသည်။

သူတို့၏ အကျင့်စရိုက်သည် အနည်းငယ် ဆင်တူဟန် ရ၏။ သို့ဖြစ်၍ သူတို့နှစ်ယောက်သည် အဆင်ပြေချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။

နောက်ဆုံးမှာတော့ ဆောင်းလေတိုက်ခတ်ပြီးသွားသောအခါ အာရုဏ်ဦးသည် ဖုန်းဟိုင်ဒေသငယ်ပေါ်သို့ ကျရောက်လာသည်။

ရုံးတော်သုံးခုမှ လက်ထောက်ရုံးတော်သခင်များသည် ရုံးတော်သခင်များအဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရကြသည်။ သို့ဖြစ်၍ လီယွမ်ရှန်းက ဓားကိုင်ရုံးတော်သခင်ဖြစ်လာပြီး အသက်အရွယ်အကြီးဆုံး စီမံခန့်ခွဲရေးမှူးစွန်းသည်တော့ လက်ထောက်ရုံးတော်သခင်ရာထူးကို ခန့်အပ်ခံလိုက်ရသည်။

တာအိုပညာရှင်စစ်မာမှာ တခြားတာဝန်များရှိသည်။

ရွှီချင်းသည်တော့ သူ၏ နေထိုင်မှုဘဝသည် ယခင်နှင့် အများကြီး ခြားနားသွားခြင်း မရှိပေ။ လူသားဧကရာဇ်၏ ဧကရာဇ်အမိန့်တော်များမှ ဆုလာဘ်များသည်လည်း သူ့ထံသို့ ရောက်မလာသေးပေ။

သို့သော်လည်း ဆုလာဘ်များ၏ အရေးပါမှုကို သူ့ဆရာနှင့် အမတ်ယောင်ထံမှ သူနားလည်ခဲ့သည်။

ရွှေရောင်ဂုဏ်ပြုကမ္ပည်းသည် သေမိန့်လွတ်တံဆိပ်ပြားဖြစ်သည်။ မျိုးနွယ်သစ္စာဖောက်မှုကို မကျူးလွန်သရွေ့ ထိုသူသည် သေခြင်းမှ တစ်ကြိမ်လွတ်မြောက်ခွင့်ရမည်။ အဝါရောင်ဝတ်ရုံသည် တော်ဝင်မိသားစုထံမှ ပေးအပ်သော အထူးဆုလာဘ်ဖြစ်ပြီး အဆင့်အတန်းတိုးမြှင့်ပေးခြင်း၏ အမှတ်လက္ခဏာ ဖြစ်သည်။

အင်ပါယာကျောင်းတော်သို့ ဝင်ရောက်ခွင့်သည် လူသားမျိုးနွယ်၏ အင်ပါယာကျောင်းတော်တွင် ပညာသင်ကြားနိုင်ရန် အခွင့်အရေးတစ်ခုကို ထောက်ပံ့ပေးနိုင်သည်။ ကျောင်းတော်တွင် လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက် အမွေအနှစ်များနှင့် အသိပညာများကို စုစည်းထားသည်။ ယင်းက ဗလာနတ္ထိအဆင့်ကို ချိုးဖြတ်ရန် ကြီးမားသော အကူအညီကို ပေးလိမ့်မည်။

ထို့အပြင် အင်ပါယာကျောင်းတော်မှ ကျောင်းသားအသုတ်တစ်ခုစီတွင် အကဲဖြတ်စစ်ဆေးခြင်းများ၌ ပထမနေရာကို ရရှိသူသည် သူတော်စင်နယ်မြေ၏ စမ်းသပ်ခံရပြီး ရွေးချယ်ခံရနိုင်သည့် အခွင့်အရေးတစ်ခုကို ရရှိလိမ့်မည်။ သူတို့က သူတော်စင်နယ်မြေ၏ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သည်နှင့် သူတော်စင်နယ်မြေ၏ ခေါ်ယူစုဆောင်းခံရလိမ့်မည်။

သူတော်စင်နယ်မြေသည် ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်မှ အစွမ်းကြီးမားပြီး ဂုဏ်သတင်းကြီးမားသော မြင့်မြတ်နယ်မြေဖြစ်သည်။

ရွှမ်ကျန်းပြက္ခဒိန်၏ နှစ်သုံးထောင်နီးပါးအတွင်း မည်သည့်ကျောင်းသားမှ စမ်းသပ်မှုကို မအောင်မြင်ခဲ့ပေ။

လူသားမျိုးနွယ်၏ ပထမအဆင့်တိုက်ပွဲကုသိုလ်သည်တော့ မြင့်မားသော ဂုဏ်ဒြပ်ဖြစ်သည်။ ထိုသို့တိုက်ပွဲကုသိုလ်ကို အသက်ရှင်လျက် ပိုင်ဆိုင်ထားသည့်သူသည် အယောက်တစ်ရာမပြည့်ပေ။

သို့သော် ထိုဆုလာဘ်များသည် ရွှီချင်းအတွက် မလွဲမသေလိုအပ်သော အရာများမဟုတ်ပေ။ သူ၏ နေထိုင်မှုဘဝသည် ပုံမှန်အတိုင်း ဆက်လက်သွားနေသည်။ တစ်ခုတည်းသော ပြောင်းလဲသွားမှုမှာ သူ၏ နေအိမ်ဖြစ်သည်။

ယခု သူသည် အတိတ်တွင် သူအသုံးပြုခဲ့ဖူးသော ဓားကိုင်ရုံးတော်မှ သံတော်ဆင့်ခန်းမဆောင်ထဲမှာ နေထိုင်သည်။

အမတ်ယောင်နှင့် သတ္တမသခင်ကြီး၏ အကြံပေးမှုအောက်မှာ ရွှီချင်းသည် အတွင်းရေးမှူးဌာနကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်းက ဖုန်းဟိုင်ဒေသငယ်၏ အလွန်ထူးခြားသော ဌာနတစ်ခု ဖြစ်လာခဲ့သည်။ အတွင်းရေးမှူးဌာနသည် ရုံးတော်တစ်ခုတည်းမှာ လှုပ်ရှားဆောင်ရွက်ခြင်းမဟုတ်တော့ပေ။ ယင်းအစား ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးသို့ ဖြန့်ကြက်ဆောင်ရွက်လာသည်။

သူ၏ အဆင့်အတန်းသည် ထူးခြားသည်။

ဖုန်းဟိုင်ဒေသငယ်တွင် ရွှီချင်း၏ သရုပ်သည် သံတော်ဆင့်အဖြစ်သာ ဆက်လက်ရှိနေသည်။

သူ၏ တာဝန်သည် အမတ်ယောင်နှင့် သတ္တမသခင်ကြီးကို ဒေသငယ်အား အဆင်ပြေချောမွေ့စွာ စီမံအုပ်ချုပ်နိုင်စေရန် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးရှိ သတင်းအချက်အလက်များကို စုဆောင်းတင်ပြပြီး ကူညီပေးရမည် ဖြစ်သည်။

အတွင်းရေးမှူးဌာနမှ အဖွဲ့ဝင်များသည် ယခင်ကထက် ပိုမိုများပြားလာသည်။ ဓားကိုင်ရုံးတော်အပြင် တခြားရုံးတော်နှစ်ခုသည်လည်း အတွင်းရေးမှူးဌာနခွဲများကို တည်ထောင်ခဲ့ကြသည်။ အမှန်တော့ ခုန်းရှန်းလုံ၏ အကြံပေးမှုအောက်မှာ ဖုန်းဟိုင်ဒေသငယ်၏ ပြည်နယ်အသီးသီးတွင်လည်း သူတို့ပြည်နယ်၏ ဓားကိုင်ရုံးတော်ခွဲများနှင့် အတူပူးပေါင်းဆောင်ရွက်နိုင်ရန် အတွင်းရေးမှူးဌာနခွဲများကို တည်ထောင်ခဲ့ကြသည်။

ထိုကိစ္စကို ခုန်းရှန်းလုံက ကိုင်တွယ်ခဲ့သည်။

သူက အတွင်းရေးမှူးဌာနဆီသို့ ဒဏ်ရာများမှ ပြန်သက်သာလာသော ရှန်းဟယ်နှင့်အတူ ဝင်ရောက်ခဲ့သေးသည်။

အပြင်လူဖြစ်သော ခုန်းရှန်းလုံဆီမှာ ထိုသို့ကြီးမားသော အခွင့်အာဏာရှိနေသည်ကိုမြင်သောအခါ ခေါင်းဆောင်သည် မနာလိုဖြစ်သွားသည်။

ထို့ကြောင့် သူက လျှို့ဝှက်ဌာနကို ပြည်နယ်အသီးသီးနှင့် ဂိုဏ်းများတွင် တိုးချဲ့ရန် ရွှီချင်းကို တိုက်တွန်းပြောဆိုသည်။

လျှို့ဝှက်ဌာန၏ ဦးဆောင်သူကိုတော့ ခေါင်းဆောင်က သူ့ကိုယ်သူ အကြံပြုထောက်ခံသည်။ ထို့အပြင် သူက လွန်စွာမှ စိတ်အားထက်သန်နေပြီး ဒေသငယ်မြို့တော်မှ ဝမ်းသာပျော်ရွှင်စွာ ထွက်ခွာသွားသည်။

သူက မထွက်သွားခင် ရွှီချင်း၏ ပခုံးကို ပုတ်လိုက်သည်။ သူ၏ မျက်နှာမှာတော့ ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေသည်။

“ ဂျူနီယာညီလေး အဖိုးကြီးက လက်ထောက်ဒေသအကြီးအကဲဖြစ်လာပြီး ငါတို့အတွက် ဒီမိသားစုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတယ်… မိသားစုရဲ့ အကိုအကြီးဆုံးအနေနဲ့ ငါက အချောင်ခိုနေလို့ ဘယ်ဖြစ်မလဲ… လျှို့ဝှက်ဌာနကို ငါကိုင်တွယ်လိုက်ပါမယ် ”

ခေါင်းဆောင်၏ မျက်နှာပေါ်မှ ဖုံးဖိမထားနိုင်သော စိတ်လှုပ်ရှားမှုကို ရွှီချင်း မြင်သွားသည်။ ပြည်ထဲရေးရုံးတော်မှ လီရှစ်ထောင်နှင့်ပတ်သက်ပြီး အပြောင်းအရွှေ့အမိန့်တော်ကို ပြန်သတိရသွားသောအခါ သူက ဘေးဘီသို့ စစ်ဆေးကြည့်လိုက်သည်။

“ မင်းက ဘာကိုရှာနေတာလဲ ”

ခေါင်းဆောင်သည် အံ့ဩသွားသည်။ သူက ရည်မှန်းချက်ကြီးကြီးထားရှိနေစဉ် ရွှီချင်းက ဘေးဘီကို လှည့်ပတ်ကြည့်နေလေရာ သူ့အား စိတ်မသက်မသာ ခံစားရစေသည်။

“ လီရှစ်ထောင်ကို ရှာနေတာ ”

ရွှီချင်းသည် ရိုးရိုးသားသား ပြောသည်။

“ မင်းရဲ့မရီးက ငါ့နောက်လိုက်ဖို့ မရမက တောင်းဆိုနေတော့တာပဲ… အဲ့ဒီအတွက် စိတ်ညစ်ရပေမဲ့ ငါတတ်နိုင်တာဘာမှမရှိဘူး ”

ခေါင်းဆောင်သည် တဟားဟား အော်ရယ်လိုက်ပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ ယင်းအစား သူက ရွှီချင်းကို ပခုံးဖက်လိုက်ပြီး ကိုယ်ကိုအရှေ့သို့ကိုင်း၍ တိုးသက်စွာ ပြောသည်။

“ ချင်းလေး ငါမင်းကို ပြောပြမယ်… အခု ငါက အချစ်ရေးကိစ္စတွေကို အာရုံမစိုက်တော့ဘူး… ငါ့မှာ လုပ်စရာနှစ်ခုရှိတယ်… တစ်ခုက လျှို့ဝှက်ဌာနအတွက် အခြားတစ်ခုကတော့…. မကြာခင် ကိစ္စကြီးတစ်ခုကို လုပ်တော့ဖို့ ငါစဉ်းစားနေတယ် ”

“ တကယ်လို့ အဲ့ဒီကိစ္စကြီးမှာသာ အောင်မြင်သွားရင် ငါတို့ညီအကိုတွေ အံ့ဩစရာကောင်းလာလိမ့်မယ်… ဒါကြောင့် ငါအပြင်ထွက်ပြီး လဝတ်ပြုဒေသကြီးအကြောင်း သွားစုံစမ်းတော့မယ်… မကြာခင် ငါပြန်လာခဲ့မယ် ”

“ လဝတ်ပြုဒေသကြီးလား ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ ယခု ‘ လ ’ဟူသော စကားလုံးသည် သူ့အတွက် အလွန်သတိထားရမည့်အရာ ဖြစ်လာသည်။

ခေါင်းဆောင်သည် လက်ညှိုးကို ပါးစပ်နားကပ်လိုက်ပြီး တိုးတိုးပြောရန် ရွှီချင်းကို အချက်ပေးလိုက်သည်။ ထို့နောက် သူက တိုးသက်စွာ ဆက်ပြောသည်။

“ ငါပြန်လာတဲ့အခါ မင်းကို အသေးစိတ်ပြောပြမယ်… အတိုချုပ်ပြောရရင် ဂျူနီယာညီလေး ခရီးထွက်ဖို့ မင်းကြိုပြင်ဆင်ထားရမယ်… ဒီတစ်ကြိမ်တော့ စီနီယာအကိုကြီးက မင်းကို လုံးဝရှယ်မိုက်တဲ့ ကိစ္စကြီးလုပ်ဖို့ ခေါ်သွားမယ် ”

ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး ရွှီချင်းနှင့် ရင်းနှီးကျွမ်းဝင်သော ရူးသွပ်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက သီချင်းလေးညည်းလိုက်ပြီး လူအများအပြားနှင့် ခမ်းနားထည်ဝါစွာ ထွက်ခွာသွားသည်။

ရွှီချင်းသည် ဓားကိုင်ရုံးတော်၏ အစွန်အဖျားရှိ အစိမ်းရောင်ကျောက်တုံးစင်ပေါ်မှာ မတ်တတ်ရပ်နေသည်။ သူက ခေါင်းဆောင်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောသည်။

“ ထွက်လာခဲ့ ”

ရွှီချင်း၏ စကားဆုံးသည်နှင့် မနီးမဝေးမှ ခန်းမဆောင်တစ်ခုတွင် နင်ယန်၏ ဦးခေါင်းက ဆတ်ခနဲ ထွက်ပေါ်လာသည်။ သူက ကိုးရိုးကားရား ရယ်မောလိုက်ပြီး ရွှီချင်း၏ ဘေးသို့ အလျှင်အမြန် ပြေးလာသည်။

သူက ခေါင်းဆောင်ကို ကြောက်ရွံ့ပြီး ဖမ်းခေါ်ခံရမည်ကို စိုးရိမ်သည်။ ပုန်းအောင်းခြင်းသည် အသုံးမဝင်နိုင်ကြောင်း သူသိသည်။ သို့ဖြစ်၍ ဤအတောအတွင်း သူက ရွှီချင်းဆီသို့ မကြာမကြာ လာရောက်ပြီး အကူအညီတောင်းခံလေ့ ရှိသည်။

All Chapters