ရွှီချင်း မင်းမှာ တာအိုလက်တွဲဖော်ရှိလား(ဂ)
Vol. 52 Ch. 791
ယောင်ဖေးဟယ်သည်တော့ နန်းတွင်းအဝတ်အစားများကိုသာ ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း အကျဉ်းချခံရခြင်းနှင့် သူ့မိသားစု၏ ကဒ်ဘေးက သူ့အား ပို၍မျက်တွင်းကျစေသည်။ သူက ရွှီချင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကလို ကြော့ရှင်းတင့်တယ်ခြင်းမရှိတော့ပေ။ ယင်းအစား သူက သေမျိုးတစ်ယောက်နှင့် ပိုပြီးဆင်တူလာသည်။
သူက ယောင်ယွင်ဟွေ့နှင့်အတူ ရွှီချင်းကို အရိုအသေပေးလိုက်သည်။
ရွှီချင်းသည် လူအုပ်ကြီးထဲမှ သက်ကြီးပိုင်းများကို ကူညီဖေးမပေးရန် အရှေ့ထွက်သွားသည်။ ထို့နောက် သူက ယောင်ယွင်ဟွေ့နှင့် တခြားလူများကို ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က ယောင်ဖေးဟယ်ဆီသို့ ကျရောက်သွားသည်။
“ အမတ်ယောင်က ကျုပ်ရဲ့ စီနီယာပါ… ခင်ဗျားတို့ အဲ့လိုလုပ်ဖို့မလိုပါဘူး ”
“ ယောင်မိသားစုက ရွှီသခင်လေးရဲ့ ကြင်နာမှုကို အမြဲအမှတ်ရနေမှာပါ ”
ယောင်ဖေးဟယ်က နူးညံ့စွာ ပြောသည်။ ထို့နောက် ဘေးပတ်ပတ်လည်မှ ယောင်မိသားစုဝင်များ၏ ရိုသေလေးစားသော အကြည့်အောက်မှာ သူနှင့် ယောင်ယွင်ဟွေ့က ရွှီချင်းကို ယောင်ဂေဟာထဲသို့ ခေါ်ဆောင်သွားသည်။
အမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်သည် သူ၏ ဘေးမှာ ရှိပြီး တခြားတစ်ယောက်သည် သူတို့၏ အနောက်မှာ ရှိသည်။
ဘေးပတ်ဝန်းကျင်သို့ စိမ့်ဝင်နေသော မွှေးရနံ့က ရွှီချင်းအား အနည်းငယ် စိတ်မသက်မသာ ခံစားရစေသည်။ သူ၏ ညာလက်ကောက်ဝတ်မှ မြွေဖြူလေးသည် တိတ်တဆိတ် ခေါင်းထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။
ထိုသို့ဖြင့် သူသည် ယောင်မိသားစု၏ အဓိကခန်းမဆောင်ဆီသို့ ရောက်ရှိလာသည်။
အမတ်ယောင်သည် ထိုနေရာတွင် မတ်တတ်ရပ်နေပြီး သူ့အား အပြုံးဖြင့် စောင့်ကြိုနေသည်။
“ နှုတ်ဆက်ပါတယ် ဒေသအကြီးအကဲ ”
ရွှီချင်းသည် မြန်မြန်သွက်သွက် လျှောက်သွားပြီး ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။
အမတ်ယောင်သည် ပြုံးလိုက်ပြီး ရွှီချင်းကို ထိုင်ခုံမှာထိုင်ရန် အချက်ပြလိုက်သည်။ သူကတော့ အဓိကထိုင်ခုံမှာ ဝင်မထိုင်ဘဲ ဘေးခုံသို့ ရွှေ့သွားသည်။
ဤသည်ကိုမြင်သောအခါ ရွှီချင်းသည် အမတ်ယောင်အပေါ် ပိုပြီးရိုသေလေးစားလာသည်။ သူသည်လည်း ဘေးခုံမှာ ဝင်ထိုင်လိုက်သည်။
ယောင်ယွင်ဟွေ့နှင့် ယောင်ဖေးဟယ်သည်တော့ သူတို့နှစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျ လက်ဖက်ရည်ငှဲ့ပေးသည်။
ရွှီချင်းအတွက် လက်ဖက်ရည်ငှဲ့ပေးသူသည် ယောင်ယွင်ဟွေ့ဖြစ်သည်။
သူက ရွှီချင်း၏ အရှေ့မှ ခွက်ထဲသို့ လက်ဖက်ရည်ငှဲ့ပေးနေရင်း သူ့ကို ကြည့်လိုက်သည်။ သူ၏ အမူအရာက အနည်းငယ် မိန်းမောတွေဝေနေလေရာ အတိတ်မှ မှတ်ဉာဏ်များက သူ၏ မျက်စိရှေ့မှာ တဖန်ပေါ်ထွက်လာဟန် ရသည်။
နှစ်နှစ်မပြည့်ခင်အချိန်လေးအတွင်းမှာ အသစ်ဝင်ရောက်လာသော ဓားကိုင်က ဤအမြင့်ထိ အမှန်တကယ် ရောက်ရှိသွားလိမ့်မည်ဟု တစ်ခါမှ သူမျှော်လင့်မထားခဲ့ပေ။
ထိုသို့မိန်းမောတွေဝေနေခြင်းက လက်ဖက်ရည်ကို ခွက်အပြည့်လျှံကျသွားစေပြီး စားပွဲခုံပေါ်သို့ ပျံ့နှံ့သွားစေသည်။ ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး ယောင်ယွင်ဟွေ့ကို ကြည့်လိုက်သည်။
သို့မှသာ ယောင်ယွင်ဟွေ့သည် သတိပြန်ဝင်လာပြီး အလျှင်အမြန် ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွားသည်။
ယောင်ဖေးဟယ်သည်လည်း မိန်းမောနေသည်။
သူ၏ နှလုံးသားထဲမှ စိတ်ရှုပ်ထွေးမှု၏ အရင်းအမြစ်သည် ယောင်ယွင်ဟွေ့နှင့် ခြားနားသော်လည်း ယင်းက လွန်စွာမှ နက်ရှိုင်း၏။ ရွှီချင်းကို ပထမဆုံးအကြိမ် သူမြင်တွေ့ခဲ့စဉ်က သူ၏ အချစ်ဆုံးသူငယ်ချင်း ကျစ်ရွှမ်းက ရွှီချင်းအား သူတို့နှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တုန်းက ရွှီချင်းကို အများကြီး သူအလေးမထားခဲ့ပေ။ မည်သို့ဖြစ်စေ အတိတ်တွင် ရွှီချင်းသည် သာမန်ဓားကိုင်တစ်ဦးမျှသာ ဖြစ်၏။ သူ့မှာ ဧကရာဇ်၏ အသိအမှတ်ပြုမှုရှိထားလျှင်ပင် သူက မကြီးထွားသေးပေ။
သူကတော့ အမတ်ယောင်၏ ညီမဖြစ်ပြီး နန်းမြို့တော်တွင် နေရာတစ်နေရာ ရှိသည်။
အတိတ်တွင် သူက ရွှီချင်းကို စကားပြန်ပြောခြင်းမှာ ကျစ်ရွှမ်းကို အလေးထားသောကြောင့် ဖြစ်သည်။ ကျစ်ရွှမ်း၏ အနာဂတ်သည် အကန့်အသတ်မဲ့လိမ့်မည်ဟု သူယုံကြည်သည်။ သူ၏ အရည်အချင်းဖြင့်ဆိုလျှင် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် အလွယ်တကူ ရပ်တည်နိုင်ပြီး မည်သူမှ သူ့အား အနည်းငယ်လေးပင် မလေးမစားလုပ်ဝံ့ကြမည် မဟုတ်ချေ။
သို့သော် နောက်ဖြစ်လာသည့်အရာသည် သူ၏ အကဲဖြတ်မှုကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ ဤတစ်ကြိမ် ရွှီချင်းကို သူပြန်တွေ့သည့်အခါ တစ်ဖက်လူသည် ဖုန်းဟိုင်ဒေသငယ်၏ နောင်တတ်မည့် ဒေသအကြီးအကဲအဖြစ် ပြည်သူလူထု၏ အသိအမှတ်ပြုခြင်းခံထားရသည်။ ရွှီချင်းကြောင့် သူ့အကို၏ အမည်းစက်သည် ပယ်ဖျက်သွားပြီး သူတို့တစ်မိသားစုလုံးသည် သေဘေးမှ လွတ်မြောက်သွားခဲ့ကြသည်။
ဤအခိုက်အတန့်မှာ သူက အတိတ်ကို ပြန်သတိရသွားသည်။ လက်စသတ်တော့ အတိတ်တွင် ကျစ်ရွှမ်း၏ ဘေးမှာ ရပ်နေခဲ့သော ရွှီချင်းသည် အစကတည်းက သစ်ပင်ကြီး ဖြစ်သည်။ သူက ယင်းကို သတိမပြုနိုင်ခဲ့ခြင်းသာ ဖြစ်သည်။
သို့ဖြစ်၍ ယခုအချိန်မှာ သူက မည်သို့ကြောင့် မမိန်းမောဘဲနေမည်နည်း။
ထိုသို့မိန်းမောတွေဝေပြီး စိတ်ရှုပ်ထွေးနေစဉ် သူက ကျစ်ရွှမ်းကိုပင် အနည်းငယ် မနာလိုဖြစ်လာသည်။
အမတ်ယောင်သည်လည်း သူ့ညီမနှင့် သူ့သမီး၏ အမူအရာကို သတိပြုမိသွားသည်။ သူက အနည်းငယ် အံ့ဩသွားသလို သူ၏ အမူအရာက ထူးထူးဆန်းဆန်းမဖြစ်သွားဘဲ မနေပေ။ သူက ရွှီချင်းကို ကြည့်လိုက်ပြီး သူ၏ သမီးကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က သူ့ညီမဆီသို့ ကျရောက်သွားသည်။
သူက ချောင်းဟန့်လိုက်သည်။
ယောင်ယွင်ဟွေ့နှင့် ယောင်ဖေးဟယ်သည် ချက်ချင်း ခေါင်းငုံ့လိုက်ကြပြီး အခန်းထဲမှ ထွက်သွားကြသည်။
ဤအခိုက်အတန့်မှာ အဓိကခန်းမဆောင်ထဲ၌ အမတ်ယောင်နှင့် ရွှီချင်းနှစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
အမတ်ယောင်သည် ရွှီချင်းကို ကြည့်သည်။
ရွှီချင်း၏ အမူအရာသည် အမြဲတမ်း အေးဆေးတည်ငြိမ်သည်။ သူက အမတ်ယောင်ကို ကြည့်လိုက်သည်။
အချိန်တစ်ခဏကြာပြီးနောက် အမတ်ယောင်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“ ရွှီချင်း မင်းမှာ တာအိုလက်တွဲဖော်မရှိသေးဘူးမလား ”
ရွှီချင်းသည် အံ့ဩသွားသည်။ သူက ဘာမှပြန်မပြောနိုင်ခင် သူ၏ လက်ကောက်ဝတ်မှ မြွေဖြူလေးသည် ချက်ချင်း ခေါင်းတိုးထွက်လာပြီး အမတ်ယောင်ကို မရင်းနှီးသောအကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ ဂလူး ဂလူး ”
အမတ်ယောင်၏ အကြည့်သည် မြွေဖြူလေးပေါ်သို့ ကျရောက်သွားပြီး သူက ပြုံးလိုက်သည်။ သူက ထိုအကြောင်းကို ဆက်မပြောတော့ပေ။ ယင်းအစား သူက ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး ရွှီချင်း၏ အရှေ့သို့ တွန်းပို့လိုက်သည်။
ယင်းသည် အတောင်ပံပုံသဏ္ဍာန်ရှိသော သွေးနီရောင်သက်စောင့်မီးအိမ်ဖြစ်သည်။
“ ဒီသက်စောင့်မီးအိမ်က မင်းအတွက် ”
အမတ်ယောင်သည် လေးနက်သော အဓိပ္ပာယ်ဖြင့် ဖြည်းညင်းစွာ ပြောသည်။