← Chapters

မနေ့ညက ညနေလေညင်း… ယနေ့ညက ကြယ်မြစ်(က)

Vol. 52 Ch. 792

မနေ့ညက ညနေလေညင်း… ယနေ့ညက ကြယ်မြစ်(က)

Vol. 52 Ch. 792

ရွှီချင်း၏ မျက်လုံးသည် မှေးကျဉ်းသွားသည်။

ထိုသက်စောင့်မီးအိမ်ကို သူမှတ်မိသည်။ ယင်းသည် ငရဲဝိညာဉ်သွေးအတောင်ပံသက်စောင့်မီးအိမ် ဖြစ်သည်။

အတိတ်တုန်းက ကောင်းကင်နက်မျိုးနွယ်ဝင်အဖြစ် သူရုပ်ဖျက်ခဲ့စဉ်က ငရဲဝိညာဉ်သွေးအတောင်ပံသက်စောင့်မီးအိမ်ကို သန့်စင်ရေလှိုင်းမျိုးနွယ်ထံမှ သူရရှိခဲ့ပြီး ယင်းကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ခဲ့သည်။ ယခု ယင်းက သူ၏ တာအိုနတ်သူငယ်များအနက် တစ်ကောင်ဖြစ်တည်လာသည်။

သို့သော်လည်း သူရရှိခဲ့သည်မှာ ဘယ်ဘက်အတောင်ပံတစ်ခုသာ ဖြစ်သည်။

ယင်း၏ အဓိကစွမ်းရည်မှာ အလျင်ကိုတိုးမြှင့်ပေးခြင်း ဖြစ်သည်။

သူအရှေ့မှ သက်စောင့်မီးအိမ်သည်တော့ ညာဘက်အတောင်ပံဖြစ်သည်။

ရွှီချင်းသည် အတွေးနက်သွားပြီး ခေါင်းမော့လိုက်ကာ အမတ်ယောင်ကို ကြည့်လိုက်သည်။

အမတ်ယောင်၏ အကြည့်သည် နက်ရှိုင်းပြီး သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိသည်။ သူက မည်သည့်စကားမှ ဆက်မပြောဘဲ စားပွဲခုံပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ယခင်တုန်းက ဒေသအကြီးအကဲဖြစ်စေ သို့မဟုတ် ရုံးတော်သခင်ဖြစ်စေ ထိုလူများသည် သာမန်မဟုတ်ကြောင်း ရှင်းလင်းစွာ သူနားလည်ထားသည်။ ဖုန်းဟိုင်ဒေသငယ်၏ ခေါင်းဆောင်ငါးယောက်ထဲမှ တစ်ယောက်အပါအဝင်ဖြစ်သော အမတ်ယောင်သည်လည်း ထို့အတူပင်။

မည်သို့ဖြစ်စေ အမျိုးမျိုးသော မျိုးနွယ်ခြားများနှင့် မိတ်ဆွေဖြစ်လာပြီး သူတို့၏ ယုံကြည်မှုကို ရရှိရန်သည် မည်သူမဆိုလုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။

ပေါက်ကွဲရန် အခွင့်အရေးတစ်ခုမရမီ အဆုံးထိ သည်းခံစောင့်ဆိုင်းခြင်းသည် လူတိုင်းလုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။

တစ်ဖက်လူသည် မျိုးနွယ်ခြားများအပေါ် မကောင်းသောစိတ်ဆန္ဒရှိသော အဖွဲ့ဝင်အားလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ရန် ဝန်မလေးကြောင်းကိုတော့ ထည့်ပြောနေရန်မလိုပေ။

‘ အရင်တစ်ခေါက်က စင်မြင့်ပေါ်က တိုက်ပွဲမှာ ငါထုတ်ဖော်ခဲ့တဲ့ သက်စောင့်မီးအိမ်တွေရဲ့ ရောင်ခြည်စက်ဝန်းတွေက အမှားဖြစ်လာတာပဲ… ’

ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ ထိုသို့ဖြစ်လာမည်ကို သူသိသည်။ သို့သော်လည်း ထိုအချိန်တုန်းက ယင်းကို ဖုန်းကွယ်ရန် သူမတတ်နိုင်ခဲ့ပေ။

ဖြစ်နိုင်သည်မှာ အမတ်ယောင်က ထိုအချက်ကို သတိထားမိသွားပြီး သန့်စင်ရေလှိုင်းမျိုးနွယ်မှ သူ၏ သရုပ်ဖျက်မှုကို ရှာတွေ့သွားဟန် ရသည်။ ထို့နောက် သူက အဆက်အသွယ်များကို အသုံးပြုပြီး သူ့အတွက် ဤသက်စောင့်မီးအိမ်ကို ရယူခဲ့သည်။

ရွှီချင်း၏ အတွေးနက်နေသော အမူအရာကို သတိထားမိသောအခါ အမတ်ယောင်သည် ပြုံးလိုက်သည်။

ရွှီချင်းက ယင်းကို အများကြီး ပိုတွေးနိုင်လိမ့်မည်ဟု သူမျှော်လင့်သည်။ သို့မှသာ သူ၏ စိတ်နေသဘောထားက မြန်မြန်ဆန်ဆန် ရင့်ကျက်လာနိုင်မည် ဖြစ်သည်။

အချိန်ကျတော့မည်ဖြစ်ကြောင်း မြင်သောအခါ အမတ်ယောင်သည် သူ၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကို စားပွဲခုံပေါ်သို့ ပြန်ချလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး တခြားသဲလွန်စတွေရှိပေမဲ့ သူတို့ရဲ့ ဆုံးရှုံးမှုတွေက အတော်လေး ကြီးမားတုန်းပဲ… ဥပမာပြောရရင် အင်မော်တယ်အူခွေသစ်ပင်ရဲ့ အနီးနားက တိုင်းပြည်တွေ ပြီးတော့ သေဆုံးသွားခဲ့ကြတဲ့ ဝတ်ရုံနက်အစောင့်အရှောက်တချို့တွေပေါ့ ”

ထိုနေရာသို့ရောက်သည့်အခါ အမတ်ယောင်သည် တစ်ခဏမျှ ရပ်တန့်သွားသည်။ သူ၏ အကြည့်က ရွှီချင်း၏ မျက်လုံးပေါ်သို့ ကျရောက်သွားပြီး နူးညံ့စွာ ဆက်ပြောသည်။

“ တချို့က အရင်က သေဆုံးသွားခဲ့ကြပြီး တချို့က ဒီလဝက်အတွင်းမှာ သေဆုံးသွားခဲ့ကြတယ်…. ကောင်းကင်လေနန်းတော်ရဲ့ လှုပ်ရှားမှုကတော့ မှတ်တမ်းအများစု ပျောက်ဆုံးသွားခဲ့တယ်… ကောင်းကင်လေပြည့်အရှင်က ဒီကိစ္စနဲ့ပတ်သက်ပြီး အတော်လေး နောင်တရနေတယ် ”

ရွှီချင်း၏ အကြည့်သည် တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။

“ ရွှီချင်း လက်ရှိမင်းရဲ့သရုပ်ကြောင့် တချို့ကိစ္စတွေကို မင်းသိထားဖို့ အရည်အချင်းပြည့်မီတယ်… အတိတ်မှာ ဒေသအကြီးအကဲ၊ ညီအကိုလျှန်ရှို့နဲ့ ငါ့မှာ အစီအစဉ်တစ်ခု ရှိခဲ့တယ်… အဲ့ဒါက ငါ့ကို သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ယုံကြည်မှုကို ရယူစေပြီး ကောင်းကင်လေပြည့်အရှင်နဲ့ အဆက်အသွယ်လုပ်ခိုင်းတာပဲ… ပြီးသွားရင် သူ့ကို ပုန်ကန်ဖို့ သွေးထိုးပေးပြီး လူသားမျိုးနွယ်ဘက်ကို ပြန်ရောက်လာစေမယ် ”

အမတ်ယောင်၏ ပြောစကားကို ကြားသောအခါ ရွှီချင်း၏ နှလုံးသားသည် တုန်လှုပ်သွားသည်။

မြောက်ဘက်စစ်မြေပြင်တွင် သန့်စင်ရေလှိုင်းမျိုးနွယ်၏ စစ်တပ်ကို ဦးဆောင်လာသူသည် ကောင်းကင်လေပြည့်အရှင်နှင့် လမြူခိုးပြည့်အရှင်ဖြစ်ကြောင်း သူပြန်အမှတ်ရသွားသည်။ ဤသည်မှာ အမတ်ယောင်က ဒဏ်ရာအပြင်းအထန် ရရှိသွားပြီးနောက် သေဘေးမှလွတ်မြောက်သွားခဲ့သော အကြောင်းအရင်းများအနက် တစ်ခုလည်းဖြစ်ပေသည်။

“ ငါက အစီအစဉ်ကို ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြီးမြောက်အောင် ဆောင်ရွက်ပြီးနေပြီ… ငါသာ နောက်ထပ် အချိန်ဆယ်နှစ်ရမယ်ဆိုရင်… ဒါပေမဲ့ ကံမကောင်းစွာဘဲ အစီအစဉ်က မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး… အရင်က မြောက်ဘက်စစ်မြေပြင်မှာ လမြူခိုးပြည့်အရှင်က စစ်သည်အင်အားအလုံးအရင်းနဲ့ ရောက်လာတယ်… ငါတို့ရဲ့ လူသားစစ်တပ်ထဲမှာတောင် ရန်သူ့စစ်သည်တော်တွေ ရောနှောရှိနေတဲ့ပုံပဲ… ”

အေးစက်စက် အလင်းတန်းသည် အမတ်ယောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ညီအကိုဟမ့်ရှင်းနဲ့ ရုန်ယုရဲ့ သေဆုံးမှုက ထင်သလောက် မရိုးရှင်းဘူး… ကောင်းကင်လေပြည့်အရှင်က ခွန်အားထိမ်ချန်ထားတာကြောင့် ငါက သေဘေးကနေ ကပ်သီးကလေး လွတ်မြောက်သွားခဲ့တယ်… အဲ့ဒီနောက်တော့ သတ္တမမင်းသားရောက်လာပြီး အားလုံးကို ဖြေရှင်းသွားခဲ့တယ်… သူက တိုက်တိုက်ဆိုင်ဆိုင် ငါ့ရှေ့မှာ ထွက်ပေါ်လာပြီး ငါ့ကို ကယ်တင်သွားခဲ့တယ်… ငါ သူတို့ကြားက ပတ်သက်မှုကို နားမလည်တာမဟုတ်ဘူး… ဒါပေမဲ့ သူ့လက်အောက်မှာ ဝင်ပုန်းနေဖို့ကလွဲပြီး ငါ့မှာ တခြားရွေးချယ်စရာမရှိဘူး ”

ရွှီချင်းသည် တိတ်ဆိတ်သွားပြီး အနီးနားမှ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။ သူက လက်ဖက်ရည်ခွက်ထဲသို့ ကြည့်လိုက်လေရာ ရေမျက်နှာပြင်ပေါ်မှ လှိုင်းအတွန့်အတွန့်များကို မြင်သွားသည်။

အမတ်ယောင်သည် ရွှီချင်းကို ကြည့်လိုက်ပြီး ထပ်မံပြောသည်။

“ ရွှီချင်း ငါဘာလို့ ဒီအကြောင်းတွေ ပြောပြနေတာလဲဆိုတော့ အခြေအနေကို ရှင်းရှင်းလင်းလင်း မင်းမြင်နိုင်လာအောင်ပဲ… လက်ရှိမင်းက သာမန်ဓားကိုင်လေး မဟုတ်တော့ဘူး ”

“ အသုံးပြုရမယ့် စစ်တုရင်ရုပ်တချို့နဲ့ သရုပ်တချို့ရှိတယ်… လောလောဆယ်မှာ သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ပြန်ရောက်လာရေးအတွက် ကောင်းကင်လေပြည့်အရှင်က သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ ဘိုးဘေးကိုယ်စား သတ္တမမင်းသားနဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးနေတယ်လို့ ငါကြားတယ်… အဲ့ဒီထဲမှာ နယ်မြေတချို့ကို ခွဲဝေပေးတာလည်း ပါတယ် ”

“ ဒေသငယ်တချို့ကို လွှဲပြောင်းပေးရလိမ့်မယ်… ပြီးတော့ ငါ့ဖုန်းဟိုင်ဒေသငယ်ကလည်း နယ်မြေချဲ့ထွင်ဖို့ လိုအပ်နေတယ်… ”

“ သန့်စင်ရေလှိုင်းမျိုးနွယ်က ကောင်းကင်နက်မျိုးနွယ်နဲ့ သူတို့ကြားက ဆက်ဆံရေးကို ဖြတ်တောက်လိုက်တယ်ဆိုပေမဲ့ ဒီနှစ်တွေမှာ သူတို့နဲ့ အဆက်အသွယ်လုပ်ဖူးတဲ့ ငါ့အတွေ့အကြုံအရရယ် သန့်စင်ရေလှိုင်းမျိုးနွယ်ရဲ့ သဘာဝအရရယ် သူတို့က တစ်ဖက်တည်းကို မျက်လုံးစုံမှိတ် ရွေးချယ်မှာမဟုတ်ဘူးလို့ ငါယုံတယ်… သူတို့က ကောင်းကင်နက်မျိုးနွယ်နဲ့ လျှို့ဝှက်ဆက်သွယ်တာတွေ လုပ်နေဦးလိမ့်မယ် ”

“ ဥပမာ ဒီတစ်ကြိမ် ကောင်းကင်လေတိုင်းပြည်က ကိုယ်စားလှယ်တွေထဲမှာ ကောင်းကင်နက်မျိုးနွယ်က ရာထူးမြင့်အဖွဲ့ဝင်ဟောင်းတချို့ ပါရှိတယ်… သူတို့ထဲက တစ်ယောက်က ကောင်းကင်နက်နတ်ဘုရားသားတော်ရဲ့ ကိုယ်တိုင်ကိုယ်ကျ အလေးပေးခံရတဲ့သူလို့ ငါကြားတယ် ”

ရွှီချင်းကို ကြည့်နေသော အမတ်ယောင်၏ အကြည့်သည် ရှင်းလင်းကြည်လင်သည်။

သူ့အတွက် တခြားလူများကို ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောသည်မှာ ရှားပါး၏။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ဆက်ရှိနေသော်လည်း အမှန်မှာတော့ စိတ်ထဲမှာ အမြန်အဆန် တွေးတောနေခြင်း ဖြစ်သည်။ ဤကိစ္စအတော်များများကို တွေ့ကြုံပြီးနောက် သူသည် အမတ်ယောင်ကို အတိုင်းအတာတစ်ခုထိ ယုံကြည်လာသည်။ ထို့အပြင် တစ်ဖက်လူက သူ့အား ထိုမျှထိ ပြောပြနေသောကြောင့် သူ့အနေဖြင့် ဖုံးကွယ်ရန် အကြောင်းအရင်းမရှိပေ။

သို့ဖြစ်၍ တစ်ခဏကြာ တွေးတောပြီးနောက် ရွှီချင်းသည် လက်ဖက်ရည်ခွက်ကို အောက်ပြန်ချလိုက်ပြီး ခရမ်းလအရှိန်အဝါ၏ အငွေ့အသက်ကို ထုတ်လွှတ်နေသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ကာ အမတ်ယောင်ထံသို့ ကမ်းပေးလိုက်သည်။

“ မူယဲ့ ”

အမတ်ယောင်သည် ကျောက်စိမ်းပြားကို လှမ်းယူပြီးနောက် တိုးသက်စွာ ပြန်မပြောမီ တစ်ခဏကြာ တွေးတောလိုက်သည်။

“ ရွှီချင်း မင်းက သန့်စင်ရေလှိုင်းမျိုးနွယ်မှာ ကောင်းကင်နက်နတ်သားတော်အဖြစ် ဟန်ဆောင်ခဲ့တယ်ဆိုတာ ငါခန့်မှန်းမိတယ်… ဒါပေမဲ့ ငါသိထားတာတွေက အကြမ်းဖျဉ်းလောက်ပဲ အသေးစိတ် ရှင်းရှင်းလင်းလင်း မဟုတ်ဘူး… ဒီတော့ အဲ့ဒီမူယဲ့က ယုံကြည်လို့ရလား ”

“ သူက ငါသေဆိုသေ ရှင်ဆိုရှင်ပဲ ”

ရွှီချင်းသည် နူးညံ့စွာ ပြောသည်။

ဤသည်ကို အမတ်ယောင်ကြားသောအခါ သူက ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကောင်းကင်အလွန်မှ အလင်းရောင်အကြောင်း ပြောပြသည်။

“ သူ့နာမည်အတိုင်းပဲ အဲ့ဒီအလင်းက ဝမ်ကူးကုန်းမြေအပြင်ဘက် ဟင်းလင်းပြင်ထဲက ထူးဆန်းတဲ့ ရောင်ခြည်တန်းတစ်ခုပဲ… အဲ့ဒါရဲ့ မူလဇစ်မြစ်က မသိရဘူး ပြီးတော့ အရမ်းရှားပါးတယ်… ဝမ်ကူးကုန်းမြေဆီကို ကျဆင်းလာဖူးတဲ့ အရေအတွက်က ပိုလို့တောင် နည်းသေးတယ်… အဲ့ဒါကို ထိန်းသိမ်းထားဖို့က အရမ်းခက်ခဲတယ် ”

“ အဲ့ဒါက နတ်ဘုရားမျက်နှာပျက်ကြီး ရောက်မလာခင်က ဖြစ်မယ်… နတ်ဘုရားမျက်နှာပျက်ကြီး ရောက်လာပြီးတဲ့နောက် အဲ့ဒီအလင်းရောင်က လုံးလုံး ပျောက်ကွယ်သွားခဲ့တယ် ”

“ အဲ့ဒါက သက်စောင့်မီးအိမ်တွေကို အရည်ပျော်စေနိုင်တယ်… ဒါပေမဲ့ ပေးဆပ်ရမယ့် တန်ကြေးက အရမ်းမြင့်တယ်… အဲ့ဒါက တစ်စုံတစ်ယောက်ရဲ့ အသက်ဓာတ်ကို ကုန်ဆုံးစေလိမ့်မယ် ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ နှလုံးသားထဲမှ အနည်းငယ် နောင်တရမိသည်။

ကောင်းကင်အလွန်မှ အလင်းရောင်ကို ရယူလိုခြင်းသည် ကောက်ရိုးပုံထဲမှ အပ်ပျောက်ရှာရသလို အလွန်တရာ ခက်ခဲကြောင်း သူနားလည်သည်။ ယင်းက မဖြစ်နိုင်လုနီးပါးပင်။ ထို့ကြောင့် ပျော်ရွှင်ဖွယ် စကားတချို့ကို ပြောပြီးနောက် ရွှီချင်းသည် ထွက်မသွားခင် ကောင်းမွန်စွာ နှုတ်ဆက်ခဲ့သည်။

All Chapters