← Chapters

မျက်လုံးက ပန်းနဲ့အတူ… နှလုံးသားက ကြယ်တွေပေါ်မှာ(ခ)

Vol. 52 Ch. 797

မျက်လုံးက ပန်းနဲ့အတူ… နှလုံးသားက ကြယ်တွေပေါ်မှာ(ခ)

Vol. 52 Ch. 797

“ ဘာကြောင့်လဲဆိုတော့ တစ္ဆေအင်ပါယာ ကျဆုံးသွားတဲ့နှစ်မှာ ကလေးငယ်တစ်ယောက်က ထိုက်စီရှန်းမုန့်ဂိုဏ်းထဲမှာ မွေးဖွားလာခဲ့တယ်… သူက ကောင်းကင်နဲ့မြေပြင်က တစ္ဆေအင်ပါယာရဲ့ သွေးမျိုးစက်ပေါင်းစည်းမှုကနေ မွေးဖွားလာခဲ့တာ… အဲ့ဒီနောက်တော့ သူက ထိုက်စီရှန်းမုန့်ဂိုဏ်းကို မြင့်တတ်လာအောင် ဦးဆောင်ပေးခဲ့တယ်… နောက်ပိုင်းမှာ သူက ကျဆုံးသွားခဲ့ပေမဲ့ သူ့ရဲ့သွေးမျိုးစက်က ကျန်နေခဲ့တယ် ”

“ အဲ့ဒီသွေးမျိုးစက်ပိုင်ရှင်က တစ္ဆေအင်ပါယာရဲ့ နောင်သားမျိုးဆက်ဖြစ်ပြီး ထိုက်စီရှန်းမုန့်ဂိုဏ်းက မျိုးဆက်တစ်ဆက်စီက ခေါင်းဆောင်တွေလို့ သတ်မှတ်ခံကြရတယ် ”

“ ဒါပေမဲ့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကုန်လွန်လာတဲ့အခါ သွေးမျိုးစက်က တဖြည်းဖြည်း နည်းပါးလာပြီး သူ့ရဲ့ဂုဏ်သတင်းကျော်ကြားမှုက ပျောက်ကွယ်လာတယ်… ဒါပေမဲ့ တစ်ခါတစ်လေတော့ အားကောင်းတဲ့ သွေးမျိုးစက်က ပေါ်ထွက်လာနေတုန်းပဲ… မင်းရဲ့ တတိယစီနီယာအကိုက လက်ရှိမျိုးဆက်ထဲမှာ တစ္ဆေအင်ပါယာရဲ့ သွေးမျိုးစက်ကို ပိုင်ဆိုင်ထားတဲ့ တစ်ယောက်တည်းသောလူပဲ ”

“ တတိယတပည့်က လွန်ခဲ့တဲ့နှစ်သုံးဆယ်မှာ မွေးဖွားလာခဲ့တယ်… သူ့ရဲ့သွေးမျိုးစက်က တဖြည်းဖြည်း သိပ်သည်းလာတာနဲ့ ဆယ်ကျော်သက်အရွယ်ကို သူရောက်တဲ့အခါ ထိုက်စီရှန်းမုန့်ဂိုဏ်းက တစ်စုံတစ်ယောက်က သူ့ကို ရတနာအဖြစ် သန့်စင်ချင်တယ်… ဒါပေမဲ့ သူ့ရဲ့ ထောက်ခံအားပေးသူတွေရဲ့ အကူအညီကြောင့် သူက လွတ်မြောက်သွားခဲ့ပြီး ငါ့တပည့်ဖြစ်လာခဲ့တယ် ”

“ ဒါပေမဲ့ လက်စားချေချင်တဲ့ သူ့ရဲ့ဆန္ဒက အရမ်းပြင်းပြတယ်… သူက အချိန်ကြာကြာမစောင့်နိုင်ဘူး… ဒါကြောင့် သူက နှစ်တွေအကြာကြီး အစီအစဉ်ချပြီးနောက် ထိုက်စီရှန်းမုန့်ဂိုဏ်းဆီပြန်သွားဖို့ ပြင်ဆင်ခဲ့တယ် ”

“ သူက သေရမှာကို မကြောက်ဘူး… သူက လူသားမျိုးနွယ်မှာ မွေးဖွားလာခဲ့ပေမဲ့ သူက လူသားစင်စစ်မဟုတ်ဘူး… သူ့ရဲ့ သွေးမျိုးစက်စွမ်းအားက သေဆုံးသွားခဲ့တဲ့ ဘယ်နောင်သားမျိုးဆက်ကိုမဆို ပြန်ရှင်သန်လာနိုင်စေတယ်… အဲ့ဒါက သူ့ရဲ့အသိစိတ်ကို အပြည့်အဝနိုးထလာဖို့ ခက်ခဲစေတာတောင်မှပေါ့… ဒါကြောင့် မင်းရဲ့တတိယစီနီယာအကိုက တားမြစ်ပင်လယ်ထဲမှာ နှစ်တွေအကြာကြီး ပျော်ပါးမွေ့လျော်နေခဲ့ပြီး မျိုးဆက်အမြောက်အများကို မွေးထုတ်နေခဲ့တာပေါ့… သူကိုယ်တိုင်တောင် အရေအတွက် အတိအကျကို မသိဘူးလို့ ငါသံသယရှိတယ် ”

“ သူ့ရဲ့ရည်ရွယ်ချက်က သူ့ရဲ့ဘိုးဘေးအားလုံးကို ပြန်ရှင်သန်လာဖို့ အခွင့်အရေးတစ်ခု ပေးချင်တာပဲ… ပြီးတော့ သူက အဲ့ဒါကို ထိုက်စီရှန်းမုန့်ဂိုဏ်းကို ဖြုတ်ချဖို့ အင်အားစုဆောင်းရာမှာ အသုံးပြုဖို့လည်း ရည်ရွယ်ထားတယ်… တစ်နေ့နေ့မှာ ဘိုးဘေးတချို့ကတောင် သူ့ပေါ်မှာ ပြန်ရှင်သန်လာနိုင်ခြေရှိတယ်… သူ့ဦးထုပ်ပေါ်က ‘တားမြစ်ခြင်း’ဆိုတဲ့ အမှတ်အသားက အဲ့ဒီရည်ရွယ်ချက်ကြောင့်ပဲ… ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံခြင်းက အကန့်အသတ်ရှိတာကြောင့် အဲ့ဒါက ပြန်ရှင်သန်လာမယ့် ဘိုးဘေးတွေကို သူဖိနှိပ်နိုင်အောင် ကူညီပေးနိုင်မလားဆိုတာ မသေချာသေးဘူး ”

“ ထိုက်စီရှန်းမုန့်ဂိုဏ်းက အဲ့ဒါတွေအားလုံးကို သိတယ်… ဒါပေမဲ့ ငါ့တပည့်က နေအိမ်အကျယ်ချုပ်ကျခံနေရချိန် သူတို့က တာအိုလက်တွဲဖော်တွေကို သူ့ဆီ ဆက်ပြီးစေလွှတ်နေတုန်းပဲ… ဖြစ်နိုင်တာ သူတို့က သွေးမျိုးစက်သန့်စင်ဖို့နဲ့ အခြေအနေကို ပြောင်းလဲပစ်ဖို့ တခြားနည်းလမ်းတွေကို ရှာနေတာဖြစ်မယ်… ဒါပေမဲ့ အခြေခံသဘောအရဆို အဲ့ဒါက သစ္စာဖောက်တာနဲ့ မရိုးသားမှုရဲ့ အပြုအမူပဲ… တကယ်လို့ သူသာ ငါ့တပည့်မဟုတ်ရင် ငါဂရုစိုက်နေမှာမဟုတ်ဘူး… ဒါပေမဲ့ သူက ငါ့တပည့်ဖြစ်နေပြီးမှတော့ အခြေအနေက ခြားနားသွားပြီ ”

“ နှစ်ဖက်ပြန်လည်သင့်မြတ်နိုင်မယ့်နည်းလမ်းကို ထိုက်စီရှန်းမုန့်ဂိုဏ်းကိုယ်တိုင်က သတ်မှတ်ဖို့လိုတယ်… ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း သိထားရမယ်… ငါ့တပည့်က ငါ့ကို အရိုအသေပေးထားပြီးပြီ… ဒါကြောင့် ငါသူ့ကို ကာကွယ်ပေးရမယ်… သူ့ကို ဘယ်သူပဲ ထိခိုက်အောင်လုပ်ပါစေ အဲ့ဒီဂိုဏ်းတစ်ခုလုံး မျိုးနွယ်တစ်ခုလုံးကို ငါအမြတ်ဖြတ်သုတ်သင်ပစ်မယ် ”

သတ္တမသခင်ကြီးသည် တည်ငြိမ်စွာ ပြောသည်။ ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ နှလုံးသည် တုန်ယင်သွားသည်။ တတိယစီနီယာအကို၏ စွမ်းရည်သည် ဆန်းကြယ်မိစ္ဆာမျိုးနွယ်၏ ကယ်ပါးကောင်သက်ရှိများနှင့် ဆင်တူသည်။ သို့သော်လည်း ယင်းက ပိုပြီးနတ်ဆိုးဆန်သည်။

အဆောက်အဦးအပြင်ဘက်တွင် ရပ်နေသော တာအိုပညာရှင်စစ်မာသည် ဤအကြောင်းကိုကြားသောအခါ မအံ့ဩဘဲမနေပေ။ ထိုက်စီရှန်းမုန့်ဂိုဏ်း၏ ယခင်ဘိုးဘေးဟောင်းအနေဖြင့် သူသည် ကိစ္စများစွာကို သိထားသည်။ သို့ဖြစ်၍ အချိန်တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက ခေါင်းလှည့်လိုက်ပြီး အဆောက်အဦးဘက်သို့ အရိုအသေပေးလိုက်သည်။

“ လက်ထောက်ဒေသအကြီးအကဲ ဒါက ကျွန်တော့်ဂျူနီယာညီလေးရဲ့ အမှားပါ… အရှင်စိတ်ကျေနပ်မယ့် ရှင်းပြချက်မျိုးရအောင် ကျွန်တော် သူ့ကို ပြောလိုက်ပါ့မယ် ”

သတ္တမသခင်ကြီးသည် မည်သည့်စကားမှ ပြန်မပြောချေ။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူ၏ ရှုထောင့်မှဆိုလျှင် ဤကိစ္စနှင့်ပတ်သက်ပြီး အများကြီး ပြောခြင်းသည် သူ့အတွက် မကောင်းပေ။

ထိုသို့ဖြင့် မဟာအတောင်ပံသည် ဝှီးခနဲ ဆက်လက်ပျံသန်းသွားနေရာ တစ်ရက်ကြာပြီးနောက် မဟာကံကြမ္မာဆိုးကုန်တောင်ကို ဖြတ်ကျော်သွားသည်။ ထို့နောက် ၎င်းသည် အင်မော်တယ်ကြွယ်ဝမြစ်ကြီး၏ မြစ်လက်တက်နောက်သို့လိုက်၍ တားမြစ်ပင်လယ်ဆီသို့ တဖြည်းဖြည်း ချည်းကပ်သွားနေသည်။ မကြာမီ ၎င်းက ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ခေါင်းလောင်းသံသည် နှစ်ဆယ့်တစ်ကြိမ်မြည်ဟိန်းသွားပြီး ကောင်းကင်ကို လှုပ်ခါသွားစေသည်။ ဤသည်မှာ အမြင့်မားဆုံး ဓလေ့ထုံးတမ်းဖြစ်ပြီး ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မှ မြင့်မြတ်သော ရိုသေလေးစားမှုကို ရည်ညွှန်းသည်။

ခေါင်းလောင်းသံမြည်ဟိန်းသွားသည်နှင့် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင်နှင့် ဂိုဏ်းအသီးသီးမှ ဘိုးဘေးများသည် သူတို့ကို ကြိုဆိုနှုတ်ဆက်ရန် ဂိုဏ်းအပြင်သို့ ထွက်လာကြသည်။

ဘိုးဘေးရွှယ်လျန့်ကျစ်နှင့် နတ်မိမယ်ကျစ်ရွှမ်းသည် သူတို့ထဲမှာ ပါရှိသည်။

ဘိုးဘေးရွှယ်လျန့်ကျစ်၏ အမူအရာသည် ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်နေပြီး နတ်မိမယ်ကျစ်ရွှမ်း၏ မျက်နှာသည် သိမ်မွေ့နူးညံ့မှုဖြင့် ပြည့်နှက်နေသည်။

တခြားဂိုဏ်းများမှ ဘိုးဘေးအများစုသည်လည်း တူညီသော အမူအရာများ ရှိကြသည်။ တိမ်ပျံဓားဂိုဏ်း၏ ဘိုးဘေးတစ်ယောက်တည်းသာ မျက်နှာသုန်မှုန်နေသည်။

ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင်သည်တော့ သူ၏ အမူအရာသည် သိမ်မွေ့နူးညံ့သည်။ သူက ပျော်ရွှင်နေခြင်းလော သို့မဟုတ် ဒေါသထွက်နေခြင်းလော မည်သူမှ သေချာမပြောနိုင်ပေ။ မဟာအတောင်ပံပေါ်ထွက်လာသည့်အခါမှသာ သူက မိန်းမောခြင်းနှင့် စိတ်ရှုပ်ထွေးသော အမူအရာကို ထုတ်ဖော်ပြသည်။ သို့သော်လည်း သူက မြန်မြန်ဆန်ဆန် ပုံမှန်ပြန်ဖြစ်သွားပြီး မဟာအတောင်ပံကို ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

တခြားလူများသည်လည်း ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ကြသည်။

ဂိုဏ်းရှစ်ဂိုဏ်း၏ အဓိကမြို့တော်သည် မီးအိမ်များနှင့် တံခွန်များဖြင့် အလှဆင်ခံထားရသည်။ မရေမတွက်နိုင်သော တပည့်များသည် ကောင်းကင်ပေါ်သို့ စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။ သူတို့ထဲမှာ ချီယွဲ့ထုံဂိုဏ်းမှ တပည့်များသည် လွန်စွာမှ ဂုဏ်ယူဝင့်ကြွားနေကြပြီး စိတ်ဓာတ်တတ်ကြွနေကြသည်။

“ လက်ထောက်ဒေသအကြီးအကဲနဲ့ သံတော်ဆင့်ရွှီကို ကြိုဆိုနှုတ်ဆက်ပါတယ် ”

ဂိုဏ်းရှစ်ဂိုဏ်းမှ အသံများက ကောင်းကင်ယံထိ ပျံ့လွင့်သွားသောအခါ ဘိုးဘေးရွှယ်လျန့်ကျစ်၏ ရယ်မောသံသည် ပိုပြီးကျယ်လောင်လာသည်။

သတ္တမသခင်ကြီးသည် တတိယတပည့်၏ ကိစ္စကို ဘေးချိတ်ထားလိုက်ပြီး ပြုံးလိုက်သည်။ သူက ရွှီချင်းနှင့်အတူ မဟာအတောင်ပံပေါ်မှ ထွက်လျှောက်လာပြီး ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ဆီသို့ ဦးတည်သွားလိုက်သည်။

သူ့အရှေ့မှ ရင်းနှီးကျွမ်းဝင်သော မျက်နှာများကိုကြည့်နေစဉ် အထူးသဖြင့် နတ်မိမယ်ကျစ်ရွှမ်းကို သူမြင်သွားသည့်အခါ ရွှီချင်း၏ နှလုံးသားသည် အနည်းငယ် လှိုင်းထသွားသည်။ သူက အင်မော်တယ်တားမြစ်နယ်မြေထဲမှ သက်စောင့်မီးအိမ်ကို ပြန်တွေးမိသွားသည်။

နတ်မိမယ်ကျစ်ရွှမ်းသည်လည်း ရွှီချင်းကို ကြည့်နေသည်။ ရွှီချင်း၏ ပုံမှန်မဟုတ်သော အမူအရာကို မြင်သောအခါ သူ၏ မျက်နှာပေါ်မှ အပြုံးသည် ပိုပြီးသိမ်မွေ့လာသည်။

သူတို့နီးကပ်လာသည်နှင့် သတ္တမသခင်ကြီးသည် ရွှီချင်းကို ဘိုးဘေးရွှယ်လျန့်ကျစ်အား နှုတ်ဆက်ရန် အရင်ဦးဆုံး ခေါ်ဆောင်သွားသည်။

ဘိုးဘေးရွှယ်လျန့်ကျစ်၏ မျက်နှာသည် နီမြန်းနေသည်။ ဤအခိုက်အတန့်က သူ့ဘဝတစ်လျှောက်မှာ အထင်ပေါ်ဆုံးအချိန် ဖြစ်သည့်အလားပင်။ သူ၏ ရယ်သံက အလွန်ကျယ်လောင်လေရာ အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။

ထို့နောက် သတ္တမသခင်ကြီးသည် လူတိုင်းနှင့် အပြန်အလှန် နှုတ်ဆက်လိုက်သည်။

ဤတစ်ကြိမ်မှာတော့ ရွှီချင်းသည် ထွက်မသွားပေ။ သူ၏ သရုပ်သည် တာအိုကလေးငယ် မဟုတ်တော့ပေ။ ဖုန်းဟိုင်ဒေသငယ်၏ အနာဂတ်ဒေသအကြီးအကဲအနေဖြင့် သူသည် သတ္တမသခင်ကြီးနှင့် အတူရှိရပေမည်။ အဘယ့်ကြောင့်ဆိုသော် အနာဂတ်မှာ သူသည် ဤသို့အခြေအနေမျိုးနှင့် မကြာခဏ ရင်ဆိုင်ရလာမည်ဖြစ်သောကြောင့် ဖြစ်သည်။

ထိုသို့ဖြင့် ကြိုဆိုနှုတ်ဆက်ခြင်းအခမ်းအနားသည် နှစ်နာရီကျော် ကြာမြင့်သွားပြီးနောက် အဆုံးသတ်သွားခဲ့သည်။ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင်၏ ရိုသေလေးစားသော အကြည့်အောက်မှာ သတ္တမသခင်ကြီးနှင့် ရွှီချင်းသည် ဘိုးဘေးရွှယ်လျန့်ကျစ်နောက်သို့လိုက်၍ ချီယွဲ့ထုံဂိုဏ်းသို့ ပြန်သွားကြသည်။

ဒေသငယ်မြို့တော်မှ ဓားကိုင်များသည်တော့ ဂိုဏ်းကို စောင့်ကြပ်နေကြသည်။

ငှက်ကြီးချင်းချင်းသည် ကောင်းကင်ပေါ်မှ တိမ်တိုက်များထဲတွင် လဲလျောင်းနေပြီး နန်းဟွမ်ကုန်းမြေဆီသို့ ကြည့်နေသည်။

“ အကိုကြီးနဲ့တွေ့ဖို့ ငါသွားသင့်လား ”

မြေပြင်ပေါ်တွင် နတ်မိမယ်ကျစ်ရွှမ်းသည် ထွက်ခွာသွားကြသော ရွှီချင်းနှင့် တခြားလူများကို ကြည့်လိုက်သည်။ သူတို့မှာ လုပ်စရာအများအပြားရှိကြောင်း သူသိသည်။ ယခုအချိန်က သူသွားရောက်ရန် သင့်လျော်သောအချိန် မဟုတ်ပေ။

သူက စိတ်ချမ်းမြေ့စွာဖြင့် ရွှမ်ယုံဂိုဏ်းဆီသို့ပြန်ရန် ဟန်ပြင်လိုက်စဉ် သူ၏ အကြည့်သည် ဘေးမှ မဟာမိတ်ခေါင်းဆောင်ထံသို့ ကျရောက်သွားသည်။ သူ၏ မျက်လုံးထဲမှ စိတ်ရှုပ်ထွေးမှုကိုမြင်သောအခါ သူက တခစ်ခစ်ရယ်မောလိုက်ပြီး သက်တံ့အသွင်သို့ ပြောင်းလဲသွားကာ ထွက်ခွာသွားသည်။

သူက မည်သည့်စကားမှ မပြောခဲ့သော်လည်း ထိုရယ်သံထဲမှာ အဓိပ္ပာယ်အားလုံး ပါဝင်သည်။

နတ်မိမယ်ကျစ်ရွှမ်း၏ ရယ်သံက သူ၏ နားထဲသို့ ပျံ့လွင့်လာသောအခါ မဟာမိတ်ခေါင်းဆောင်သည် နှုတ်ဆိတ်သွားသည်။ ယင်းက အလွန်နားစူးသောကြောင့် သူဖိနှိပ်ထားသော ခံစားချက်အရှုပ်အထွေးများကို တဖန်ပြန်ထွက်ပေါ်လာစေသည်။

အချိန်အတော်ကြာပြီးနောက် သူက မျက်လုံးပိတ်လိုက်သည်။ သူမျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သိမ်မွေ့မှုက ပြန်လည်ထွက်ပေါ်လာသည်။

All Chapters