← Chapters

အမျိုးသမီးသုံးယောက် မြွေတစ်ကောင် အမျိုးသားတစ်ယောက်(ခ)

Vol. 52 Ch. 801

အမျိုးသမီးသုံးယောက် မြွေတစ်ကောင် အမျိုးသားတစ်ယောက်(ခ)

Vol. 52 Ch. 801

အတွင်းစိတ်လောကထဲတွင် အရူးအမူးစွဲလမ်းခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် စိတ်ရောဂါတစ်မျိုး ပူးတွဲရှိသည်။

သူ၏ ဗလာလက်နှစ်ဖက်ပေါ်တွင် မရေမတွက်နိုင်သော သွေးအစင်းကြောင်းများနှင့် ကုတ်ခြစ်ရာများ ရှိသည်။

ထို့အပြင် သူ၏ နုနယ်သော နှာတံနှင့် ပါးစပ်သည် ဆွဲဆောင်မှုရှိသော သူ၏ မျက်နှာသေးသေးလေးပေါ်မှာ ပေါ်လွင်သည်။ သူက ဆံပင်ကို မြင်းမြှီးသဖွယ် စုချည်နှောင်ထားလေရာ သိမ်မွေ့နူးညံ့သော ခံစားမှုကို ပေးသည်။

တင့်တယ်လှပသော အသွင်သဏ္ဍာန်၊ မှင်တတ်ဖွယ်ရာ အကြည့်၊ သူ၏ လက်ပေါ်မှ ကုတ်ရာခြစ်ရာများ အစရှိသည်တို့ကို ပေါင်းစပ်မြင်လိုက်ရသည့်အခါ ဖော်ပြရန်ခက်ခဲသော ဆွဲဆောင်မှုတစ်မျိုးကို ခံစားမိသည်။

ထိုမိန်းကလေးသည် ယန်ယန်ဖြစ်သည်။

သူက အပေါ်သို့ ခုန်တတ်လိုက်လေရာ မှော်ယာဉ်ပျံနှင့် ဝင်ဆောင့်ရန် သိပ်မလိုတော့ပေ။ ရွှီချင်း၏ မှော်ယာဉ်ပျံက ရွှေအမြူတေစွမ်းအားကို ပိုင်ဆိုင်ထားပြီး ယန်ယန်၏ ကျင့်ကြံခြင်းက ပြီးပြည့်စုံသော အခြေတည်အဆင့်မှာရှိသောကြောင့် သူသည် သေချာပေါက် အပြင်းအထန် ဒဏ်ရာရသွားလိမ့်မည်။

သို့သော်လည်း သူက ယင်းကို လုံးဝဂရုမစိုက်ပေ။

ရွှီချင်းသည် ယန်ယန်၏ စိတ်အခြေအနေကို နားလည်သည်။ သို့ဖြစ်၍ သူက အကာအကွယ်အလွှာကို ဖယ်ရှားလိုက်ပြီး ယန်ယန်ကို အထဲဝင်ခွင့်ပြုလိုက်သည်။

သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်ရှိသွားသောအခါ ယန်ယန်၏ အမူအရာတွင် နောင်တရသော အရိပ်အယောင် ထွက်ပေါ်လာသည်။

သူက ဒဏ်ရာအပြင်းအထန်ရရန် မျှော်လင့်ထားဟန် ရသည်။ ထို့ကြောင့် သူက မည်သည့်ဒဏ်ရာမှမရဘဲ အကောင်းပကတိအတိုင်း ကုန်းပတ်ပေါ်သို့ ရောက်လာသည့်အခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။

သို့သော်လည်း နောက်ဖြစ်လာမည့်အရာကို တွေးမိသွားသောအခါ သူက စိတ်လှုပ်ရှားသွားပြီး ခန္ဓာကိုယ်က တုန်ယင်လာသည်။ သူက ယာဉ်ပျံခန်းထဲသို့ အလျှင်အမြန် ပြေးဝင်သွားပြီး မြေအိုးကို သူ၏ ဘေးသို့ ဝုန်းခနဲ ပစ်ချလိုက်သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ညှဉ်းပန်းနှိပ်စက်ကိရိယာအစုံလိုက်သည် တချွင်ချွင်မြည်သံဖြင့် ထွက်ပေါ်လာကြသည်။

ယင်းတို့က အပ်များ၊ ဓားများ၊ မွေးညှပ်များနှင့် လွှများ အစရှိသည်တို့ ဖြစ်ကြသည်။

ယင်းတို့က လွန်ခဲ့သော နှစ်နှစ်ထက်ကပင် ပို၍စုံလင်သည်။ အမှန်မှာတော့ ကိရိယာအများအပြားသည် သွေးရောင်စွန်းထင်နေကြသည်။

ထိုညှဉ်းပန်းနှိပ်စက်ကိရိယာများကို ကြိမ်ဖန်များစွာ အသုံးပြုထားပြီးဖြစ်ကြောင်း ရှင်းလင်းသည်။ ကိရိယာများသည် မကျေမချမ်းဝိညာဉ်များဖြင့် ညစ်ထေးနေပြီး ယာဉ်ပျံခန်းတစ်ခုလုံးကို အန္တရာယ်အရှိန်အဝါဖြင့် ချက်ချင်း ပြည့်နှက်သွားစေသည်။

“ အကိုရွှီချင်း… စ… စရအောင် ”

ယန်ယန်၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက လက်မြှောက်လိုက်ပြီး မြေအိုးကို ရိုက်ချလိုက်သည်။

မြေအိုးက အက်ကွဲသွားသည်နှင့် မီးခိုးငွေ့များသည် အထဲမှ မြှောက်တတ်လာကြသည်။ သူတို့က မီးခိုးမျိုးနွယ်ဝင်များ ဖြစ်ကြသည်။

လက်ထောက်ဒေသအကြီးအကဲ ခေါ်ဆောင်လာသော အန္တရာယ်ကဒ်ဘေးပြီးဆုံးသွားပြီးနောက် လူသားမျိုးနွယ်သည် မီးခိုးမျိုးနွယ်ကို အပြစ်ဒဏ်ပေးခဲ့သည်။ သို့သော်လည်း အန္တရာယ်ကို ကြိုတင်အာရုံခံမိသော မီးခိုးမျိုးနွယ်ဝင်တချို့သည် ထွက်ပြေးလွတ်မြောက်သွားကြသည်။ သူတို့သည် အပြင်သို့ ထွက်သွားကြပြီး မည်သည့်အခါမှ မျိုးနွယ်ဆီသို့ ပြန်မလာကြတော့ချေ။

ထိုအထဲတွင် ကျွမ်းကျင်ပညာရှင်များနှင့် သာမန်မျိုးနွယ်ဝင်များ ရှိသည်။

မြေအိုးထဲမှ ထွက်ပေါ်လာသူများသည် သာမန်မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့သည် အရေအတွက် အလွန်များပြားသော်လည်း သူတို့ထဲမှအများစုသည် အခြေတည်အဆင့်မှာသာ ရှိကြသည်။ တချို့တလေသည် ရွှေအမြူတေကျင့်ကြံခြင်းအဆင့်မှာ ရှိကြသည်။ သို့သော်လည်း သူတို့သည် လွန်စွာမှ အားနည်းသော အခြေအနေသို့ ကျရောက်နေကြသည်။

“ အကိုရွှီချင်း ညီမအဖွားက သူတို့ကို ဖမ်းဖို့ ခေါ်သွားပေးခဲ့တာ… အကောင်းကြီးကြီးတွေကို ရှာမတွေ့ခဲ့တာတော့ နှမြောစရာပဲ… ဒီငါးပေါက်လေးတွေနဲ့ ပုစွန်တွေပဲ ရခဲ့တယ်… ဒါပေမဲ့ သူတို့က ညီမတို့ကစားဖို့အတွက် လုံလောက်ပါတယ် ”

“ အကိုထွက်သွားတော့ ညီမတစ်ယောက်တည်း ကစားရတာ အရမ်းပျင်းဖို့ကောင်းတာပဲ ”

ယန်ယန်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်နေသည်။ သူက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းပင် မီးခိုးမျိုးနွယ်မှ ပုံရိပ်တစ်ခုသည် ချုပ်နှောင်ခံလိုက်ရသည်။ ၎င်းက သူ၏ လက်ဖဝါးထဲမှာ လွင့်မျောနေလျက် ရုန်းကန်နေသည်။ အရေအတွက်များပြားသော ဓားများသည် ဘေးမှ ပျံသန်းထွက်လာကြပြီး ဘေးပတ်ပတ်လည်တွင် စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်လိုက်ကြသည်။ ယင်းတို့က အသေးစား ဓားစက်ဝန်းတစ်ခုနှယ် ဖြစ်ပေါ်နေသည်။

မီးခိုးသည် အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရခြင်းမှလွဲလျှင် မည်သည့်အော်သံမှ ထွက်ပေါ်မလာခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် မီးခိုးမျိုးနွယ်ဝင်များသည် မည်မျှဖြတ်တောက်ခံရပါစေ ၎င်းတို့က ပြန်လည်ပေါင်းစုနိုင်သောကြောင့် ဖြစ်သည်။ ထိုနည်းဖြင့် ဖြတ်တောက်ခံရသော နာကျင်မှုကို အချိန်ကြာမြင့်စွာ ခံစားရလိမ့်မည့်မဟုတ်ချေ။ သို့ဖြစ်၍ နာကျင်စွာ အော်ဟစ်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲလိမ့်မည်။

သို့တိုင်အောင် မီးခိုးမျိုးနွယ်ဝင်များ၏ အပိုင်းပိုင်းဖြတ်တောက်ခံရသော မြင်ကွင်းသည် ယန်ယန်အတွက် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းပေသည်။ သူ၏ ခန္ဓာကိုယ်က ပိုပြီးတုန်ယင်လာသည်နှင့် သူက ရွှီချင်းဆီသို့ လှမ်းမကြည့်ဘဲ မနေနိုင်ပေ။

သူက စကားပြောတော့မည့်အချိန် ရွှီချင်း၏ အမူအရာက မပြောင်းလဲဘဲ ပုံမှန်အတိုင်း ဆက်ရှိနေသေးကြောင်း သတိပြုမိသွားသည်။ ယင်းက သူ့ကို တစ်ခဏကြာအောင် ဆွံ့အသွားစေသည်။ မကြာမီ သူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောသည်။

“ အကိုရွှီချင်း… အကိုက ဒီကစားနည်းကို သဘောမကျတော့ဘူးလား ”

ယန်ယန်က စကားပြောလိုက်သည်နှင့် သူ၏ မျက်ဝန်းထဲမှာ စိုးရိမ်ပူပန်မှုတို့ ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည်ပင် စတင်လွင့်ပြယ်လာပြီး ဖရိုဖရဲဖြစ်လာသည်။ သူ၏ အမူအရာက စိုးရိမ်ကြောင့်ကြလာပြီး စိတ်ပျက်အားငယ်သောပုံစံ ပေါ်လာသည်။

ရွှီချင်း၏ အဖြေကို အလွန်သူဂရုစိုက်သည်။ ထိုအဖြေက သူ၏ အတွင်းစိတ်လောကကိုလည်း သက်ရောက်မှုရှိလိမ့်မည်။

ရွှီချင်းသည် အတွေးနက်သွားသည်။ ယန်ယန်နှင့်ပတ်သက်ပြီး တစ်ခုခုလွဲမှားနေကြောင်း သူပြောနိုင်သည်။

လွန်ခဲ့သောနှစ်နှစ်က တစ်ဖက်လူသည် ပုံမှန်မဟုတ်သော်လည်း ယခုကဲ့သို့ လွန်လွန်ကျူးကျူးမဟုတ်ပေ။ သူ၏ လက်နှစ်ဖက်မှ ကုတ်ရာခြစ်ရာများသည် အသစ်ရော အဟောင်းများဖြင့် ပြည့်နှက်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာမည်မျှရှိနေမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

သူ၏ မျက်လုံးအနက်ပိုင်းထဲမှ မွန်းကျပ်မှုသည် ရေနစ်မသေဆုံးမီ တစ်စုံတစ်ယောက်၏ အကူအညီအော်တောင်းသံနှင့် တူညီသည်။

သူ၏ ရောဂါသည် ပိုပြီးဆိုးဝါးလာဟန် ရ၏။

ယင်းက သူ့ကိုယ်သူ ညှဉ်းပန်းခြင်းသော်လည်းကောင်း တခြားသူများကို ညှဉ်းပန်းခြင်းသော်လည်းကောင်း နာကျင်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားမှသာ သူသည် လွတ်လပ်စွာ အသက်ရှူနိုင်မည်ဖြစ်ပြီး ပျော်ရွှင်သော ခံစားမှုကို ရှာတွေ့နိုင်မည် ဖြစ်သည်။

အပြင်လူများ မကြားနိုင်ဘဲ သူတစ်ဦးတည်းသာ ကြားနိုင်သော အဖွားအိုတစ်ယောက်၏ အသံက သူ၏ နားထဲသို့ ပျံ့လွင့်လာသောအခါ နက်နဲသော အလင်းတန်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

‘ ရွှီချင်း ဒီအဖွားကြီးရဲ့ တစ်ဦးတည်းသော မြေးမလေးကို ကျေးဇူးပြုပြီး ကူညီပေးပါ… သူ့ခန္ဓာကိုယ်ထဲမှာ ဒြပ်နှောမရှိတာကြောင့် ငယ်ငယ်လေးကတည်းက အတွင်းမိစ္ဆာတွေရဲ့ ပူးကပ်ခံခဲ့ရတယ်… အဲ့ဒီကတည်းက သူ့ရဲ့ အကျင့်စရိုက်က ရက်စက်ကြမ်းကြုတ်လာပြီး ကြမ်းတမ်းလာတယ်… သူ့ကို မကြာခဏ ငါသန့်စင်ပေးပေမဲ့ သူ့ရဲ့သဘာဝနဲ့ တစ်သားတည်းဖြစ်နေတဲ့ မကောင်းတဲ့ အတွေးတွေကို ဖျောက်ဖျက်ပစ်ဖို့ မဖြစ်နိုင်ဘူး ”

‘ အထူးသဖြင့် ရွှေအမြူတေအဆင့်ကို တတ်လှမ်းဖို့ ကျရှုံးသွားခဲ့တဲ့နောက်မှာ သူ့ရဲ့ စိတ်အခြေအနေက ပြိုလဲပျက်စီးလုနီးပါး ဖြစ်နေပြီ… သူ့ရဲ့ ရုပ်ခန္ဓာကိုယ်ကို ငါကာကွယ်ပေးနိုင်ခဲ့ပေမဲ့ သူ့ရဲ့ နှလုံးသားထဲက အရှုပ်အထွေးက လက်ခံနိုင်တဲ့ အကန့်အသတ်ကို ရောက်ရှိသွားခဲ့တယ်… တကယ်လို့ သူသာ တခြားလူတွေနဲ့ သူ့ကိုယ်သူ ညှဉ်းပန်းမနှိပ်စက်ဘူးဆိုရင် ပိုပြီးအထီးကျန်လာလိမ့်မယ်… အဲ့ဒီအတွက် ငါတတ်နိုင်တာ ဘာမှမရှိဘူး… သူက မင်းတစ်ယောက်တည်းကိုပဲ အသိအမှတ်ပြုတယ် ”

ယင်းသည် ယန်ယန်၏ အဖွား ဆရာသခင်တုံးယို၏ အသံဖြစ်သည်။ အသံထဲမှာ ခါးသီးမှုဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ယန်ယန်ကို ကြည့်လိုက်သည်။ ယန်ယန်၏ မျက်လုံးထဲမှ စိတ်ပျက်အားငယ်မှုနှင့် တဖြည်းဖြည်း အားနည်းလာနေသော အရှိန်အဝါကိုလည်း သူသတိပြုမိသည်။ သူ၏ စိတ်ထဲမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး ဖိနှိပ်ထားသော ခံစားချက်များက သူ့အပေါ် အတော်လေး လွှမ်းမိုးထားဟန် တူသည်။

“ ကလေးဆန်လိုက်တာ ”

ရွှီချင်းသည် ရုတ်တရက် ပြောသည်။

ယန်ယန်သည် ခေါင်းမော့လိုက်ပြီး ရွှီချင်းကို ကြည့်သည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိသည်။

သူက ညာလက်ကို မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းပင် မီးခိုးမျိုးနွယ်ထဲမှ မီးခိုးအမျှင်တန်းတစ်ခုသည် အပေါ်သို့ ပျံသန်းထွက်လာသည်။ ၎င်းက ရွှီချင်း၏ လက်ဖဝါးပေါ်၌ ထွက်ပေါ်လာသည်နှင့်ချက်ချင်း အေးစက်စက်လေသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး လက်ဖဝါးတစ်ဝိုက်မှာ စုဝေးသွားသည်။ ချက်ချင်းဆိုသလို အက်ကွဲသံများနှင့်အတူ လက်ဖဝါးပြင်ပေါ်တွင် ရေခဲတုံးတစ်တုံး ဖြစ်ပေါ်လာပြီး အထဲမှ မီးခိုးကို အေးခဲသွားစေသည်။

ရွှီချင်းက လက်ဝှေ့ယမ်းလိုက်လေရာ အပ်များသည် ညှဉ်းပန်းနှိပ်စက်ကိရိယာအစုံထဲမှ ချက်ချင်း ပျံသန်းထွက်လာကြသည်။ ရွှီချင်း၏ ကျင့်ကြံခြင်းစွမ်းအားအောက်မှာ အပ်များသည် ရေခဲတုံးကို ထိုးဖောက်သွားပြီး အထဲ၌ အေးခဲခံထားရ၍ မလှုပ်ရှားနိုင်သော မီးခိုးမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားကြသည်။

အော်ဟစ်သံများသည် ရေခဲတုံးထဲမှ ချက်ချင်း မြည်ဟိန်းထွက်လာသည်။ မကြာမီ ဓားများသည် ပျံသန်းထွက်လာကြပြီး ရေခဲတုံးထဲသို့ တစ်ချောင်းပြီးတစ်ချောင်း ထိုးစိုက်သွားကြသည်။ ယင်းတို့က အထဲမှာ ပိတ်လှောင်ခံထားရသော မီးခိုးမျိုးနွယ်ဝင်ကို လှီးဖြတ်သွားကြသည်။

အေးခဲခံထားရသဖြင့် မီးခိုးမျိုးနွယ်ဝင်၏ လှီးဖြတ်ခံလိုက်ရသော အပိုင်းအစများသည် ပြန်မဆက်သွားကြချေ။ မကြာမီ ရေခဲတုံးသည် ဒါဇင်ခန့်ရှိသော အပိုင်းအစများသို့ ပြောင်းလဲသွားကြသည်။ ရွှီချင်းသည် ရေခဲအပိုင်းအစများကို ကြမ်းပြင်ပေါ်တွင် ချလိုက်ပြီး ‘大’စာလုံးပုံဖြစ်အောင် စီရီလိုက်သည်။

သိမြင်နိုင်ပြီး ခံစားနိုင်သော်လည်း မထိတွေ့နိုင်သော ပြန်လည်မဖွဲ့စည်းနိုင်သော ဤညှဉ်းပန်းနှိပ်စက်ခြင်းသည် ရုပ်ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ကိုလည်း ကြီးစွာသော ဝေဒနာဒုက္ခကို ပေးသည်။

All Chapters