← Chapters

နယ်မြေဟောင်း… မိတ်ဆွေဟောင်း… ပုံပြင်ဟောင်း(ခ)

Vol. 52 Ch. 805

နယ်မြေဟောင်း… မိတ်ဆွေဟောင်း… ပုံပြင်ဟောင်း(ခ)

Vol. 52 Ch. 805

‘ အရမ်းခက်လွန်းတယ်… ငါက လွတ်လပ်မှုနဲ့ အသက်ရှင်ခွင့်လေးပဲ လိုချင်တာပါ… ဘာလို့ အဲ့လောက်တောင် ခက်ခဲနေတာလဲ ’

ကျင်းကန်းဂိုဏ်းဘိုးဘေးက မခံမရပ်နိုင်ဖြစ်နေစဉ် စိတ်ဆုံးဖြတ်ပြီးသော အရိပ်အယောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များစွာကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းပင် မီးတောက်မီးလျှံများသည် ပေါ်လျှိုးလာပြီး သံချောင်းနက်ကို လွှမ်းခြုံသွားသည်။

သူက သံချောင်းနက်ကို လောင်ကျွမ်းပစ်ပြီး သန့်စင်ချင်နေခြင်း ဖြစ်သည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ထိတ်လန့်သွားသည်။

“ ဆရာသခင် ကျုပ်… ”

“ ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်… အဲ့ဒါကို တောင့်ခံပါ ”

ရွှီချင်းသည် တိုးညင်းစွာ ပြောသည်။ သူက လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်သင်္ကေတများစွာကို ဖွဲ့စည်းလိုက်သည်။ ထိုအခါ ဝိညာဉ်နတ်သူငယ်ဆယ့်နှစ်ကောင်သည် တစ်ချိန်တည်းမှာ မျက်လုံးဖွင့်လိုက်ကြပြီး သူတို့၏ အသက်မီးတောက်ကို မှုတ်ထုတ်လိုက်ကြသည်။

သက်စောင့်မီးအိမ်ငါးခုသည်လည်း ပေါ်ထွက်လာကြပြီး မီးတောက်ကို ပို၍အားကောင်းစေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ အော်ဟစ်ညည်းညူသံအောက်မှာ မိုးကြိုးကဒ်ဘေးနှစ်ခုနှင့် ပေါင်းစပ်ထားသော သံချောင်းနက်သည် စတင်အရည်ပျော်လာပြီး သတ္ထုအရည်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ထိုသတ္ထုအရည်သည် ကျင်းကန်းဂိုဏ်းဘိုးဘေး၏ မူလခန္ဓာကိုယ်ဖြစ်သည်။

ကျင်းကန်းဂိုဏ်းဘိုးဘေး၏ အော်ဟစ်ညည်းညူသံသည် စိတ်မချမ်းမြေ့ဖွယ်ရာပင်။ အရိပ်လေးသည် ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်။ ၎င်းက အားလုံးကို ကြည့်ရှုနေသော လင်းအာကို ချက်ချင်း ဖော်လံဖားလိုက်သည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ကျင်းကန်းဂိုဏ်းဘိုးဘေး၏ အော်သံသည် တဖြည်းဖြည်း တိုးညင်းလာသည်။ အော်သံက မကြားရလုနီးပါး တိုးညင်းသွားသည့်အခါ သံချောင်းနက်သည် အနီရောင်သတ္ထုအရည်သို့ လုံးလုံးပြောင်းလဲသွားသည်။

ရွှီချင်းသည် လက်နှစ်ဖက်ဖြင့် တခြားသော လက်ဟန်သင်္ကေတများကို ဖွဲ့စည်းလိုက်ပြီး လက်ညှိုးညွှန်လိုက်သည်။

ချက်ချင်းပင် အနီရောင်သတ္ထုအရည်သည် ချည်မျှင်များသို့ ပြောင်းလဲသွားပြီး နတ်ငါးအရိုးဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ ယင်းတို့က နတ်ငါးအရိုးထဲသို့ မပေါင်းစပ်သွားကြပေ။ ယင်းအစား နတ်ငါးအရိုးပေါ်မှ အစီအရင်သင်္ကေတများထဲသို့ စီးဆင်းသွားသည်။

တစ်ချိန်တည်းမှာ ရွှီချင်းသည် ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအဆီအနှစ်ကို ရွေ့လျားစေပြီး ယင်းကို အစွမ်းတိုးမြှင့်ပေးလိုက်သည်။

နောက်ဆုံးမှာတော့ သတ္ထုအရည်၏ အပူချိန်သည် တဖြည်းဖြည်း လျော့ကျသွားပြီး အစိုင်အခဲဖြစ်လာသည်။ ယင်းက နတ်ငါးအရိုးပေါ်မှာ လုံးဝမြုပ်ဝင်သွားသည်။

နတ်ငါးအရိုး၏ အသွင်အပြင်သည် သိသာစွာ ပြောင်းလဲသွားသည်။

အနက်ရောင်ကို အောက်ခံထား၍ အပေါ်တွင် အနီရောင်အစီအရင်သင်္ကေတများ ရှိသည်။ ယင်းပေါ်မှာ လှည့်ပတ်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါသည် ယခင်ထက် ပိုပြီးသိပ်သည်းလာသည်။

လက်နက်ဝိညာဉ်ဖြစ်သော ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ဤနည်းလမ်းဖြင့် နတ်ငါးအရိုးထဲသို့ သွယ်ဝိုက်စွာ တစ်ဝက်တစ်ပျက် ပေါင်းစပ်သွားသည်။

သူ၏ တည်ရှိမှုသည် နတ်ငါးအရိုးနှင့် လွန်စွာမှ အဆင့်ကွာခြားသည်။ သို့ဖြစ်၍ ကံကြမ္မာဆိုးဆူးချွန်၏ လက်နက်ဝိညာဉ်ဖြစ်လာရန် သူ့အတွက် မဖြစ်နိုင်ပေ။ အပေါ်ယံမှ ထပ်လောင်းမြှုပ်နှံခြင်းဖြင့်သာ သူက ကံကြမ္မာဆိုးဆူးချွန်ကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ထိန်းချုပ်နိုင်လိမ့်မည်။

လက်နက်သည် မမြန်သော်လည်း ရွှီချင်းထံမှ အကူအညီဖြင့်ဆိုလျှင် ယင်းက ရန်သူကို သူ့ဘာသာ သတ်ဖြတ်နိုင်သေးသည်။

ယင်းက လက်နက်ဝိညာဉ်မရှိခင်ကထက် အများကြီး ပိုကောင်းမွန်သည်။ ထို့အပြင် ကျင်းကန်းဂိုဏ်းဘိုးဘေးသည် တစ်ချိန်လုံး နတ်ငါးအရိုး၏ ပြုပြင်မွမ်းမံခြင်းခံရပြီး သူ၏ အခြေအနေက တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မည်။

ထိုနည်းဖြင့် သူက အရည်အချင်းပြည့်မီသော အသွင်ပုံစံသို့ ပြောင်းလဲသွားနိုင်ပြီး နတ်လက်နက်၏ လက်နက်ဝိညာဉ်တစ်ခု ဖြစ်လာလိမ့်မည်။

သို့သော်လည်း ထိုလုပ်ငန်းစဉ်အတွင်း သူခံစားရမည့် နာကျင်မှုသည် ယခင်ထက် အဆပေါင်းများစွာ ပိုပြီးပြင်းထန်လိမ့်မည်။

မည်သို့ဖြစ်စေ ထိုသို့အသွင်ပြောင်းလဲခြင်းသည် ဖြည်းညင်းစွာ ပြန်လည်မွေးဖွားခြင်းနှင့် အလားသဏ္ဍာန်တူသည်။ ထိုညှဉ်းပန်းနှိပ်စက်ခြင်းသည် ဖော်ပြရန် အလွန်ခက်ခဲသည်။

ထို့အပြင် အနာဂတ်မှာ သူက မသေဆုံးသွားရန် သို့မဟုတ် ဝါးမျိုခြင်းမခံရရန် သေချာရဦးပေမည်။

ထိုအရာအားလုံးသည် ကျင်းကန်းဂိုဏ်းဘိုးဘေးကို အနည်းငယ် ဆွံ့အသွားစေသည်။ အားလုံးကို သူအာရုံခံမိသည်။ စိတ်ရှုပ်ထွေးခြင်းသာမက သူ၏ နှလုံးသားထဲမှာ ပျော်ရွှင်မှုကိုလည်း ခံစားမိသည်။

ထိုလုပ်ငန်းစဉ်အတွင်း သူသည် ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားရမည်ဖြစ်ပြီး အနာဂတ်မှာ သူ၏ အသက်ရှင်သန်မှုသည်လည်း မသေချာမရေရာပေ။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ယနေ့ သူသည် ကဒ်ဘေးမှ လွတ်မြောက်သွားပြီ ဖြစ်သည်။

‘ ငါအမြန်လျှောက်တင်လိုက်တာ ကံကောင်းတာပဲ… နို့မဟုတ်ရင် ဒီနေ့ ငါသေလိမ့်မယ် ’

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ဝမ်းသာပျော်ရွှင်သွားပြီး စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။ သူက စကားပြောတော့မည့်အချိန် ရွှီချင်း၏ မျက်လုံးထဲမှာ အားပေးသောအကြည့် ထွက်ပေါ်လာပြီး ရုတ်တရက် ပြောသည်။

“ ယိုလင်းဇီ အစကတော့ ငါက မင်းကို လွတ်လပ်ခွင့်ပေးမလို့ပဲ… ဒါပေမဲ့ မင်းက တစ်သက်လုံး ငါ့နောက်လိုက်ဖို့ စိတ်အားထက်သန်နေမှတော့ ငါမင်းကို ဒီတစ်ကြိမ် ကူညီပေးလိုက်မယ် ”

“ ဘာ ”

ဤသည်ကိုကြားသောအခါ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ မျက်လုံးသည် ပြူးကျယ်သွားသည်။ ချက်ချင်းပင် သူ၏ နှလုံးသားထဲမှာ ကြီးမားသော လှိုင်းလုံးများ မြှောက်တတ်လာပြီး ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ခါလာသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ရုတ်တရက် တုံ့ပြန်လိုက်သည်။

‘ ထောင်ချောက်… ဟုတ်တယ် ဒါက ငါ့အတွက် ထောင်ချောက်ပဲ… ဒါက ငါ့ရဲ့သစ္စာရှိမှုကို စမ်းသပ်တာပဲ… ဒီကောင်က အရမ်းဉာဏ်များလွန်းတယ် ’

ထိုသို့တွေးမိသောအခါ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ဆရာသခင့်နောက်ကို ကျုပ်စလိုက်ကတည်းက အေးအေးချမ်းချမ်းနေရတာက လွတ်လွတ်လပ်လပ်နေရတာထက် ပိုပြီးအရေးကြီးတယ်ဆိုတာ ကျုပ်နားလည်လာပါတယ် ”

“ ဒီနှစ်တွေမှာ ကျုပ်ခံစားခဲ့ရတဲ့ ပျော်ရွှင်မှုမျိုးကို ကျုပ်ဘဝမှာ အရင်က တစ်ခါမှ မခံစားခဲ့ဖူးပါဘူး… အခုလို အေးအေးချမ်းချမ်းနေရတဲ့ ခံစားမှုမျိုးကို ကျုပ်မဆုံးရှုံးချင်ဘူး… ဆရာသခင့်နောက်ကို ကျုပ်မလိုက်နိုင်တော့ဘူးဆိုရင် တကယ်ပဲ ကြေကွဲရပါလိမ့်မယ်… အမှန်တော့ အဲ့လိုဖြစ်လာမယ်လို့ တွေးကြည့်လိုက်တာနဲ့တင် ပြောမပြနိုင်တဲ့ ဝမ်းနည်းပူးဆွေးခြင်းကို ကျုပ်ခံစားရပါတယ် ”

“ ဆရာသခင် ကျုပ်က လွတ်လပ်မှုကို မလိုချင်ပါဘူး… ဆရာသခင့်နောက်ကိုပဲ လိုက်ချင်ပါတယ်… ဘာလို့လဲဆိုတော့ လွတ်လပ်မှုထက် အေးအေးချမ်းချမ်းနေရတာကိုပဲ ပိုပြီးတော့ ကျုပ်လိုလားပါတယ် ”

ကျင်းကန်းဂိုဏ်းဘိုးဘေး၏ စကားသည် လင်းအာကို စိတ်လှုပ်ရှားစေသည်။ သူက ကျင်းကန်းဂိုဏ်းဘိုးဘေးကို ကြည့်လိုက်ပြီး ရွှီချင်းကို တိုးတိုးလေးကပ်ပြောသည်။

“ အကိုရွှီချင်း ဒီအဖိုးအိုက လူကောင်းပါ ”

ရွှီချင်း၏ အကြည့်သည် လေးနက်သည်။ သူက ရှင်းမပြချေ။ ကျင်းကန်းဂိုဏ်းဘိုးဘေးကို အားပေးအားမြောက်စကားတချို့ ပြောပြီးနောက် သူက နတ်ငါးအရိုးကို ပြန်သိမ်းလိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့လိုက်ပြီး သူ၏ ခြေဖဝါးအောက်မှ အရိပ်လေးကို ကြည့်လိုက်သည်။

အရိပ်လေးသည် အလွန်ကြောက်လန့်သွားသောကြောင့် တုန်ယင်သွားပြီး ၎င်း၏ ခံစားချက်များကို အမြန်ဖော်ပြသည်။

“ အဆင့်တတ်မယ်… မကြာခင်… သခင်… သခင်မ… မကြာခင်… ငါ ပိုပြီးသန်မာလာမယ်… အသုံးဝင်လာမယ် ”

အရိပ်လေးသည် အမှန်တကယ် ကြောက်လန့်သည်။ ယခင်က နတ်ဘုရားလက်ချောင်းသည်ပင် ခရမ်းသလင်းကျောက်ထံမှ မလွတ်မြောက်နိုင်ခဲ့ကြောင်း ၎င်းမြင်တွေ့ခဲ့သည်။ သို့ဖြစ်၍ ၎င်းသည် အစောကြီးကတည်းက စိတ်ပျက်အားလျော့နေပြီး အသက်ရှင်ရန်သာ မျှော်လင့်နေရသည်။

သို့ဖြစ်၍ စိုးရိမ်ကြောင့်ကြမှုက ၎င်း၏ အသိစိတ်ကို ဖုံးလွှမ်းသွားသည့်အခါ တွေးမိတွေးရာမှန်သမျှကို ပြောသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူ့မှာ အရိပ်လေး၏ အဆင့်တတ်ခြင်းကို ပိုမိုမြန်ဆန်စေမည့် အကြံတစ်ခု ရှိသည်။ ယခင်က သူမလုပ်ဆောင်နိုင်သော်လည်း ယခုတော့ သူ့မှာ ယုံကြည်ချက်ရှိသည်။

ရွှီချင်းသည် အရိပ်လေးကို မကြည့်တော့ချေ။ သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။

သူ၏ နတ်နန်းတော်ဆယ့်သုံးခုတွင် နတ်နန်းတော်ဆယ့်နှစ်ခုသည် ဝိညာဉ်နတ်သူငယ်ကိုယ်စီကို ပိုင်ဆိုင်ထားကြသည်။ သူသည် ပထမကောင်းကင်ကဒ်ဘေးဒုက္ခကို တွေ့ကြုံပြီးပြီ ဖြစ်သည်။

ငရဲဝိညာဉ်သွေးအတောင်ပံသက်စောင့်မီးအိမ်မှ ဖြစ်တည်လာသော နတ်နန်းတော်သည်သာ ဝိညာဉ်နတ်သူငယ် မရှိသေးပေ။ သို့သော်လည်း တခြားဝိညာဉ်နတ်သူငယ်များ၏ အကူအညီကြောင့် ပဉ္စမသက်စောင့်မီးအိမ်၏ ဝိညာဉ်နတ်သူငယ်သည် မြန်ဆန်စွာ ရုပ်လုံးပေါ်လာနေပြီ ဖြစ်သည်။

“ သိပ်မလိုတော့ဘူး ”

ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ကျင့်ကြံရန် မျက်လုံးမှိတ်လိုက်သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ခုနစ်ရက်ကြာပြီးနောက် မဟာအတောင်ပံသည် ပင်လယ်ကို ဖြတ်ကျော်သွားပြီး နောက်ဆုံးမှာတော့ နန်းဟွမ်ကုန်းမြေသို့ ရောက်ရှိသွားသည်။ ရွှီချင်းသည် အဝေးမှနေ၍ နှစ်အတော်ကြာ သူနေထိုင်ခဲ့သော ချီယွဲ့ထုံဂိုဏ်းကို လှမ်းမြင်လိုက်သည်။

သူမထွက်သွားခင်ကနှင့် နှိုင်းယှဉ်လျှင် ထိုနေရာသည် အများကြီး ပြောင်းလဲသွားခြင်း မရှိပေ။ ယင်းက သာယာဝပြောပြီး သွားလာလှုပ်ရှားနေကြသူများဖြင့် စည်ကားသိုက်မြိုက်သည်။ ဆိပ်ကမ်းတွင် ဝင်လိုက်ထွက်လိုက်ဖြင့် သက်ဝင်လှုပ်ရှားနေသော သတ္တမတောင်ထွတ်မှ တပည့်များ၏ လှေများကိုလည်း သူမြင်သည်။

အဝေးမှ တောင်ထွတ်ခုနစ်ခုကို အတိတ်တွင် ယင်ဟွမ်ပြည်နယ်ဆီသို့ ရွှေ့ပြောင်းသွားခဲ့သော်လည်း ယင်းတို့ကို ပြန်လည်တည်ဆောက်ထားခဲ့ပြီး ဖြစ်သည်။ တောင်ထွတ်ပေါ်မှ သွေးမျက်လုံးများမှလွဲလျှင် အားလုံးသည် ပုံမှန်ဖြစ်သည်။

All Chapters