← Chapters

မင်း စီမံနိုင်တယ်

Vol. 13 Ch. 221

မင်း စီမံနိုင်တယ်

Vol. 13 Ch. 221

ဘိုးဘေးများကို ဆုတောင်းဝတ်ပြုပြီးသည့်နောက် သူတို့ အတူတူ စားသောက်ခဲ့ကြသည်။

အမျိုးသားနှင့် အမျိုးသမီးများ ခွဲစားကြရသည်။

ရှဲ့ချောင်သည် သူမမှာ တည်ရှိမနေသူလို့ပင် ခံစားလိုက်ရသည်။ သို့ရာတွင် ရှဲ့မိသား၏ သမီးများနှင့် အငယ်ဆုံးသားတို့ကတော့ ဘာတစ်ခုမှ ပိုပြီး မပြောကြတော့ချေ။ သူတို့သည် ကြောင်ပေါက်လေးများ သဖွယ်ပြုမူနေကြလေသည်။

ရှဲ့ချောင်သည် ဖြေးဖြေးချင်းသာဝါးပြီး စားနေကာ၊ ဂရုတစိုက်နှင့် အရသာခံနေခဲ့သည်။ သူမကြောင့် သခင်မကြီးတောင်မှ စိတ်လှုပ်ရှားနေခဲ့

သည်။

ရှဲ့ရှီကတော့ ယခုဆိုလျှင် ရှဲ့ချောင်ကို ပိုသဘောကျနေလေပြီ။ ရှဲ့ချောင်ဘာပဲစားစား သူမလည်း လိုက်စားသည်။ သူမသည် ရှဲ့ချောင်စားသည့် နှုန်းအတိုင်းသာ စားနေပြီး ကျန်သူများကို စိတ်တိုစေခဲ့သည်။

ဤအချိန်သည် သခင်မကြီး နှစ်သက်သဘောအကျဆုံး အချိန်ဖြစ်ခဲ့သည်။အကြောင်းမှာ လုသခင်မ၏ ချိုသာသော စကားလုံးများကြောင့်ဖြစ်လေသည်။ သူမသည် အစားအသောက်များကို လွန်လွန်ကျူးကျူး ချဲ့ကား ချီးမွမ်းရင်း သူမ၏တောင်းဆိုချက်များ လုပ်နိုင်ရန်အတွက် အခွင့် အရေးကို ရှာနေခဲ့သည်။ သို့မှသာ လုသခင်မ အိမ်ပြန်ရောက်သောအခါ ရှဲ့နျိုရှန်းကို ပြောမည်ဖြစ်သည်။

သို့သော်၊ ဒီတစ်ကြိမ်သည်တော့ နှိပ်စက်ညှဉ်းပမ်းမှုတစ်ခုသာ ဖြစ်ခဲ့သည်။

အထူးသဖြင့် ရှဲ့ချောင်၏ အပြုအမူများနှင့် ယှဉ်လျှင် သူမ၏ တခြား မြေးမနှစ်ယောက်မှာ အထင်သေးခံနေရတာကို မြင်နေရတာကြောင့်ဖြစ်သည်။ သူမ ဆက်မနေသင့်တော့ဟု တွေးလိုက်မိသည်။

သူမသည် စားနေရင်းတစ်ဝက်လောက်ရောက်နေကာမှ နေထိုင်မကောင်းဘူးဟု ဆိုကာ ပြန်သွားခဲ့သည်။

ချွေးမနှစ်ယောက်မှာလည်း သမီးများကို သူတို့နှင့် အတူ ခေါ်လာခဲ့သည်။သူတို့သည်လည်း စားချင်စိတ် ပျောက်သွားသည်နှင့် အခန်းသို့ပြန်သွားခဲ့ကြသည်။

ရှဲ့ချောင် အနိုင်ရသွားခဲ့လေသည်။

ရှဲ့နျိုရှန်းသည် သူ၏ ကလေးများကို နေ့ခင်းတွင် အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။ သူသည် အပူအပင်ကင်းနေတာကြောင့် ဘာတွေ ဖြစ်ပျက်သွားခဲ့သလဲဆိုတာကို သတိမထားမိခဲ့ပေ။ ဤ ခရီးမှာ အံ့ဩစရာကောင်းသည် ဟုတွေးခဲ့သည့် ရှဲ့ဖင်းကန်းအတွက်ကတော့ မတူညီသော အခြေအနေတစ်ခု ဖြစ်ခဲ့သည်။

'ဆိုးရွားတဲ့ ဇနီးတစ်ယောက်ကို လက်ထပ်မိလျှင် မျိုးဆက်သုံးဆက် ပျက်ဆီးစေလိမ့်မည်'' ဟူသော ဆိုရိုးရှိခဲ့ခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။ လုသခင်မကိုပင် ကြည့်လေ၊ သူမသည် ပေါင်းသင်းဆက်ဆံတတ်ကာ အဝတ်အစားများနှင့် ငွေများကိုလည်း ပေးကမ်းလေ့ရှိခဲ့သည်။ လုသခင်မကြီးကတော့ ပျော်ရွှင်နေလိမ့်မည်

ဖြစ်သော်လည်း ရှဲ့ဖင်းကန်းမှာတော့ စိတ်တိုနေရပေလိမ့်မည်။

သို့သော် ဒီတစ်ကြိမ်တွင်တော့ လုသခင်မသည် စကားဝိုင်းအား ကြားဖြတ် မပြောရဲခဲ့ပေ။ သခင်မကြီး စိတ်တိုသွားတာကြောင့် ရှဲ့ဖင်းကန်းမှာ စိတ်ခံစားချက် ကောင်းသွားခဲ့၏။။

" အဖေက ဇနီးကို ပြောင်းချင်လား" ရှဲ့ဖင်းကန်းသည် စိတ်ဆိုးမာန်ဆိုးနှင့် မေးလိုက်သည်။

ရှဲ့နျိုရှန်းသည် ထိုစကားကို ကြားပြီးနောက် ပြန်ပြောလိုက်သည် " မင်းက မိန်းမတစ်ယောက်တောင် မရှိခဲ့ဖူးပဲနဲ့ လေလုံးလာထွားနေတယ်"

ရှဲ့ဖင်းကန်းသည် သူ၏ ဇနီးကို ပြောင်းစေချင်ခဲ့သည်။ အရာရှိမိသားစုက လှပပြီးတော့ ချင့်ချိန်

တွေးတောတတ်တဲ့ မိန်းကလေးတစ်ယောက်ကို ရှာရတာ လွယ်တယ်မဟုတ်လား။

ထို အရာရှိငယ်များ၏ မိသားစုများတွင် အောင်သွယ်ခံရဖို့ စောင့်နေကြသည့် သမီးများရှိကြသော်လည်း သူတို့သည် ငယ်လွန်းသေးသည်ဟု ရှဲ့နျိုရှန်းထင်မိသည်။ သူ ဒါကို မလုပ်နိုင်ပေ!

" လုသခင်မက ဒီတစ်ခါတော့ စည်းကျော်သွားခဲ့တယ်။ အဖေ၊ သူ့ကို အချိန်ခဏလောက်တော့ အေးစက်စက်ပဲ ဆက်ဆံလိုက်ပါ။ တကယ်လို့ ဒါက အလုပ်မဖြစ်ဘူးဆိုရင်၊ ကျွန်တော်အဖေ့ အတွက် ကိုယ်လုပ်တော်တစ်ယောက်ဝယ်ပေးမယ်။ အဖေလိုချင်တာက စကားပြောဖော်တစ်ယောက်ဆိုရင်လည်း ကျွန်တော် နည်းလမ်းရှာပေးနိုင်ပါတယ်။" ရှဲ့ဖင်းကန်းက ထပ်ပြောလိုက်သည်။

ရှဲ့နျိုရှန်းသူ့အား စိုက်ကြည့်လိုက်သည်။ " မင်းက အခု ငါ့ဇနီးနဲ့ ပတ်သက်ပြီး ထိန်းချုပ်ချင်နေတာလား။ ဒါသာ အပြင်ကို ပေါက်ကြားသွားရင် မင်း အလှောင်ခံရမယ် မဟုတ်ဘူးလား"

" ကျွန်တော်အရင်ကတော့ ဂရုမစိုက်ပါဘူး။ ဒါပေမယ့်လည်း လုသခင်မက လွန်လွန်းသွားပြီလေ။ ရှီအာက အခုဆိုရင် ၁၂နှစ်ရှိနေပြီ။ အဖေက သူမကို တစ်သက်လုံး ဒီလို အသုံးမကျတဲ့ ပုံနဲ့ နေသွားစေချင်တာလား။ သူမက မငယ်တော့ဘူးဆိုပေမယ့်၊ သူမရဲ့ ကိုယ်ပိုင်အရာတွေနဲ့ ပတ်သက်ပြီး ဘယ်လို ခန့်ခွဲရမယ်၊ သူမဘက်က ဘယ်လိုပြောရမယ်ဆိုတာကို ဘာမှမသိရုံမဟုတ်ဘူး၊ ကျင့်ဝတ်ထုံးတမ်းဆိုတာကိုလည်း မသိဘူး။ ဒီတစ်ခေါက် အကြီးဆုံးအစ်မသာ ကျွန်တော်တို့နဲ့ အတူ ရှိမနေခဲ့ဘူးဆိုရင်၊ ရှီအာ ပိုင်တဲ့ အရာအကုန်လုံးကို သူတို့ ယူသွားပြီးနေလောက်ပြီ။သူမက ဘယ်နေရာကများ အရာရှိသမီးတစ်ယောက်နဲ့ တူနေလို့လဲ " ရှဲ့ဖင်းကန်းက တည့်တိုးပြောလိုက်တော့သည်။

ရှဲ့နျိုရှန်းတစ်ယောက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဒါက ဒီလောက်တောင် ပြင်းထန်တာလား။

" ကျွန်တော်တို့က အခုဆိုရင် တောင်ပေါ်စခန်းမှာမဟုတ်တော့ဘူး။ " ရှဲ့ဖင်းကန်းက ပြောလိုက်သည် "အကြီးဆုံးအစ်မက အားနည်းတဲ့သူတစ်ယောက်မလို့ ရှီအာနဲ့ အရမ်းနီးနီးကပ်ကပ် မနေသင့်ဘူး။ ကျွန်တော်တို့ သူမကို ရှီအာကို သင်ပြခိုင်းလို့ မရသလို လုသခင်မကိုလည်း လုပ်ခိုင်းလို့ မရဘူး။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ "

ရှဲ့နျိုရှန်းမှာ အခက်တွေ့သလို ခံစားလိုက်ရ၏။

" ငါက ဘယ်လိုလုပ်သိမှာလဲ။ မင်း ဒီဟာကို ဦးစီး

ကိုင်တွယ်လိုက်ပေါ့" ရှဲ့နျိုရှန်းသည် တကယ်တမ်းတွင်လည်း ဤကိစ္စကို တာဝန်မယူချင်ပေ။

ရှဲ့ဖင်းကန်းသည် ထို့အကြောင်းကို စဉ်းစားလိုက်သည် " နောက်မှ အကြီးဆုံးညီမ ကို မေးကြည့်ကြတာပေါ့"

ယောက်ျားသားနှစ်ယောက်မှာ ထိုအရေးနှင့် စပ်လျဉ်းပြီး ဘာဆိုဘာမှ မသိကြပေ။

ရှဲ့ချောင် အိမ်ပြန်ရောက်ချိန်တွင် ရှဲ့ဖင်းကန်းနှင့်ရှဲ့နျိုရှန်းတို့မှာ သူမခြံဝန်းထဲတွင် ထိုင်နေခဲ့ကြသည်။

မျက်လုံးနှစ်စုံက သူမအား စူးစိုက်ကြည့်နေသည်မှာ ကြောက်စရာကောင်းလှသည်။

ရှဲ့ချောင်သည် သူတို့ ပြောစကားများကို နားထောင်ပြီးနောက် သက်ပြင်းချလိုက်သည်။

"ကောင်းပြီ၊ နည်းလမ်းတစ်ခုတော့ ရှိတယ်" ရှဲ့ချောင် ဖြေးဖြေးချင်းပြောလိုက်သည်။

ရှဲ့ဖင်းကန်းက လှောင်ပြုံးပြုံးလိုက်သည် " ညီမလေးက ထက်မြက်တယ်ဆိုတာ အစ်ကိုတို့သိပါတယ်၊ အစ်ကိုတို့ကို ပြောကြည့်။ အခြေအနေက ကောင်းမယ်ဆိုရင် ညီမလေးကို အဝတ်အစားတွေ ဝယ်ပေးမယ်။ "

ရှဲ့ချောင် မျက်လုံးလှိမ့်လိုက်သည်။ သူမအစ်ကိုကြီးသည် အလှအပကို ခံစားတတ်သည့် အမြင် မရှိတာကြောင့် သူဝယ်ပေးသည့် အဝတ်အစားများကို သူမ ဝတ်ရဲမည် မဟုတ်ပေ။

•••••

All Chapters