နတ်ဘုရားက ကူညီနေသကဲ့သို့
Vol. 13 Ch. 222
ရှဲ့ဖင်းကန်း ထောက်ပြပြောဆိုခဲ့သော အရာမှာ တကယ်ကို အရေးကြီးသည်။ ရှဲ့ဖင်းဟွိုက်မှာ ယောက်ျားလေးတစ်ယောက်ဖြစ်တာကြောင့်၊ သူတပည့်တစ်ယောက် ဖြစ်မလာခဲ့ဘူးဆိုလျှင်တောင် သူ့အစ်ကိုကြီးနှင့် သူ့အဖေက သူ့အားတာဝန်ယူ ထိန်းကျောင်းပေးနိုင်သေးသည်။
ကံဆိုးစွာဖြင့်၊ ၎င်းသည် ရှဲ့ရှီအတွက်တော့ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ အိမ်တွင် သူမအတွက် သင့်တော်သည့် အရည်အသွေးပြည့် ဆရာတစ်ယောက်မရှိခဲ့ပေ။
ရှဲ့ချောင်သည် သူမ အဖေအား ကြည့်ကာ လေးနက်မှု အပြည့်နှင့် ပြောလိုက်သည်။ " အဖေ အဲ့တုန်းက သခင်မလင်းကို ဘယ်ကနေ တွေ့ခဲ့တာ
လဲ။ သူ့မ အိမ်မှာ မိသားစုဝင် တစ်ယောက်လောက်မရှိဘူးလား"
ရှဲ့ဖင်းကန်း သည် ထိုစကားကို ကြားပြီးနောက် ချက်ချင်း သဘောပေါက်သွားခဲ့ကာ သူ၏ ပေါင်အား ရိုက်လိုက်လေသည်။ "ဒါ အမှန်ပဲ။ ဒုတိယအမေ ကျွန်တော်တို့ မိသားစုထဲကို လက်ထပ်မဝင်ခင်က တောင် အပြင်ဘက်မှာ မိသားစုရှိတယ်လို့ ပြောခဲ့တာကို ကျွန်တော် မှတ်မိပြီ။ ကျွန်တော်တို့ နန်းမြို့တော်ကို ရောက်လာကတည်းက ဒီအကြောင်းကို မေ့သွားခဲ့တာ။ နောက်မှကျွန်တော် စုံစမ်းဖို့ လူလွှတ်လိုက်မယ်"
လုသခင်မသည် သူ့အဖေ၏ ကလေးတစ်ယောက်မှမမွေးပေးခဲ့သော်လည်း၊ သူတို့သည် လုမိသားစုကို စောင့်ရှောက်ပေးခဲ့သည်။
လင်း မိသားစုကို လျစ်လျူရှူထားမယ်ဆိုရင် အဓိပ္ပာယ်မရှိဘူးလေ၊ ဟုတ်တယ်မလား။
ရှဲ့ဖင်းကန်းသည် သူ၏ အသံနေထားကိုပြောင်းကာ မေးလိုက်၏ " ဒါပေမယ့် လင်းမိသားစု က ပညာကောင်းကောင်းမတတ်ကြဘူး၊ သူတို့ ဒီလိုဟာတွေကို သိပါ့မလား။ "
"နန်းမြိုတော် တစ်ခွင်မှာ ကျောင်းတော်တွေ အများကြီးရှိတယ်။ သင့်တော်တဲ့ အမျိုးသမီး ဆရာတစ်ယောက်ကို မရှာနိုင်ဘူးလို့ အစ်ကိုကြီး ထင်နေတာလား။ ညီမလေးတို့ အိမ်မှာ မရှိတာက ရှဲ့ရှီကို သင်ပေးနိုင်တဲ့ ဆရာတစ်ယောက် မဟုတ်ပဲ၊ ချင့်ချိန်တွေးတော တတ်တဲ့ အိမ်ရှင်မ တစ်ယောက်ကို လိုနေတာ။။ ပတ်မေးကြည့်ကြတာပေါ့။ တကယ်လို့ လင်းမိသားစုမှာသာ ညီမလေးတို့နဲ့ အတူနေချင်ပြီး၊ တွေးတော ဆင်ခြင်တတ်တဲ့ အကြီး တစ်ယောက်ရှိမယ်ဆိုရင် ၊ သူမကို ဒီကို ခေါ်လာလိုက်မယ်။ အဲ့ဒီလိုဆိုရင် ညီမလေးတို့
တွေ ရှီအာကို သင်ပြပေးခိုင်းလို့ရပြီ။ " ရှဲ့ချောင်က ပြောလိုက်သည်။ သူမသည် ယနေ့တွင် တက်ကြွနေကာ ၊သူမ၏ စကားမျာမှာအနည်းငယ်ပိုသွက်နေသည်။
"လုသခင်မက အဲ့ဒီလောက်တောင် ဆိုးတာလား" ရှဲ့နျိုရှန်း က ရေရွတ်လိုက်၏။
သူထိုစကားကို ပြောလိုက်သည်နှင့် ရှဲ့ဖင်းကန်းနှင့် ရှဲ့ချောင်က သူ့ကို ကြည့်လိုက်ကြသည်။
ရှဲ့ချောင်သည် တစ်ခစ်ခစ်ရယ်လိုက်ပြီး မျက်ခုံးပင်ကာ သူမအဖေဘက်သို့ ခေါင်းလှည့်လိုက်၍ မနှစ်မြို့သော မျက်နှာထားကို ပြသလိုက်သည်။
ရှဲ့ဖင်းကန်းက ပိုဆိုးသည်။ " အဖေ၊ အရင်က ဒီလို ဇနီးမျိုးကို ရှာတွေ့ခဲ့တယ်ဆိုတာ စုံလုံးကန်းနေ
လို့ပဲ ဖြစ်ရမယ်။ သူမ မျက်နှာက လွဲပြီး၊ တခြားဘာကောင်းတာရှိလို့လဲ"
ရှဲ့နျိုရှန်းမှာ သူတို့နှင့်အတူ မငြင်းနိုင်တော့ပေ။
သူသားနှင့် သမီးမှာ သူ့ကို နှိပ်ကွပ်နေကြသည်။
အခု၊ ရှဲ့ချောင်မှာ သူမ ပြောသင့်သည့် အရာအားလုံးကို ပြောပြီးပြီဖြစ်တာကြောင့်၊ သူတို့အား မကြာခင် ထွက်သွားခိုင်းလိုက်တော့သည်။
သားအဖနှစ်ယောက် ထွက်သွားပြီးနောက် ရှဲ့ချောင်သည် နောက်ဖေး မီးဖိုချောင်သို့ ဝင်ကာ အရိုးရှင်းဆုံး အစာပြေမုန့်တစ်ခုကို ပြုလုပ်လိုက်သည်။ ထိုမုန့်များကို ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီတို့ဆီသို့ ပို့ရန်အတွက် ချွင်းအာ ကိုခိုင်းလိုက်၏။
ရှဲ့ဖင်းဟွိုက်မှာ ရှဲ့ချောင်တစ်ယောက် ထိုစကားကို ယဉ်ကျေးမှုအရသာ ပြောလိုက်သည် ဟုတွေးလိုက်မိပြီး၊ သူတစ်ခါမှ မစဉ်းစားကြည့်ခဲ့ဖူးသည်မှာ သူတကယ် သူမထံမှ မုန့်ကို လက်ခံရရှိလိမ့်မည်ဟုဖြစ်လေသည်။
သူသည် ကျေးဇူးတင်လိုက်ပြီး၊ သူ့နှလုံးသားထဲမှ ရှဲ့ချောင်၏ အဆင့်အတန်းကို မြှင့်လိုက်တော့သည်။
ဤအိမ်တွင်၊ အစ်မကြီးမှာ စကားပြောရာတွင် အလေးနက်ဆုံးဖြစ်သည်။ ထိုမျှမက၊ သူ့ကို အမြဲတမ်းလိမ်ညာတတ်သည့် သူ့အမေနှင့် မတူဘဲ သူမသည် ပြောသောစကားကို တည်တတ်သူဖြစ်သည်။ သူ၏ အစ်ကိုကြီးနှင့် ညီမမှာ လုံးဝ ယုံကြည်လို့မရသူများ ဖြစ်ကြသည်။ သူတို့သည် သူ့အပေါ် အမြဲတမ်း ချော့မြှူလိုက် ရိုက်လိုက် လုပ်ကြသည်။
သူတို့သည် သူ၏ အစ်မကြီးနှင့် မတူကြပေ။ သူမ၏ စကားလုံးများသည် တခါတရံတွင် ရက်စက်လှသော်လည်း သူ့ကို ရိုက်လိမ့်မည်တော့ မဟုတ်ပေ။ သူမက သူ့အတွက် မုန့်တောင်လုပ်ပေးပြီးတော့ သူမက လှတယ်!!!
ရှဲ့ဖင်းဟွိုက်မှာ ပျော်မြူးနေသည်။ သူသည် စာအုပ်များကို ကူးရေးနေချိန် စိတ်တက်ကြွနေခဲ့သည်။
ဒါ အမှန်ပဲ___ သူစာအုပ်တွေကို ကူးရေးနေခဲ့တာ!!!
ဆရာရှောင်း သူ့အား အပြီးသတ်ရန် စေခိုင်းလိုက်သည့် အိမ်စာ စာအုပ်ပုံ အထူကြီးတစ်ပုံ။။
ဆရာရှောင်းသည် သူ့အား အဘယ်ကြောင့် အနိုင်ကျင့်နေရသလဲ ဆိုတာကို ရှဲ့ဖင်းဟွိုက် မစဉ်းစားနိုင်ပေ။ သူ့ကို တပည့်အဖြစ် လက်မခံချင်ရုံ အတွက်နှင့် သူအား အပြစ်ပေးခဲ့သည်။
နောင်တစ်ချိန် သူလည်း သူ့အစ်ကိုကြီးလိုမျိုး ကြောက်စရာ ကောင်းသည့် ပုံမျိုး ဖြစ်လာခဲ့လျှင် သူဒေါသအား ထွက်ပေါက်ရှာရန် ဆရာရှောင်းအား ဆုံးမရိုက်နှက် ဖို့ အခွင့် အရေးကို သေချာပေါက် ရှာဦးမည်။
……
တစ်ချိန်တည်းမှာပင် ၊ ရှောင်းယွိရုန်သည် နှာချေသွား၏။
ထို့နောက် သူ၏ ထိုင်ဟန်ကို ပြင်ညှိလိုက်ပြီး သူ့ရှေ့တွင် ရှိသော စာရွက်ကို ဖြန့်လိုက်သည်။ သူ၏ ဘိုးဘေးများအား အမှတ်ရနေသည့် သီချင်းတစ်ပုဒ်ရေးတော့ မလို့ ဖြစ်သည်။
သူ၏ အတွေးများမှာ ပျံ့လွင့်နေခဲ့သည်။ ဘယ်လိုပဲ လုပ်လုပ် စိတ်ငြိမ်အောင် မလုပ်နိုင်ခဲ့ပေ။
ရုတ်တရက်ဆိုသလို၊ အရင်တစ်နေ့က ကြမ္မာဥယျာဥ် ဆိုင်တွင် ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်သတိရသွားခဲ့သည်။ သူသည် လုပ်လက်စကို ရပ်လိုက်ကာ၊ သူဝယ်ယူခဲ့သည့် ပညာရေး ထူးချွန်စေသည့် အဆောင်အား ချက်ချင်း ထုတ်ယူလိုက်သည်။ ထိုအရာအား ကြည့်လေရုန်းကန်နေရသလို ခံစားရလေဖြစ်ပြီး၊ သူလည်ပင်းပေါ်တွင် လေးလံမှုများ ချိတ်ဆွဲထားသလို ဖြစ်နေသည်။
သူ အသက်ရှူထုတ်လိုက်၏။
မသိလိုက်ပါပဲနှင့်၊သူ အသက်ရှူလိုက်ပြီးသည်နှင့် စိတ်တည်ငြိမ်သွားခဲ့ကာ၊ စာရွက်ကို ကြည့်ရင်း စိတ်ကူးစိတ်သန်း များ ထွက်ပေါ်လာခဲ့လေသည်။
သူသည် နတ်ဘုရားက ကူညီပေးနေသည့်နှယ် စတင် ရေးတော့သည်။
သူသည် ပါရမီရှိသူ တစ်ယောက်ဖြစ်သည်။ လေပြင်းတစ်ခုက တိုက်ခတ်ပြီး ရေတံခွန်မှရေများစီးကျနေသည့်အတိုင်း စာလုံးများကို စာရွက်ပေါ်တွင် ရေးချနေခဲ့သည်။
သူကိုယ်တိုင်တောင် သတိမထားမိဘဲ၊ စကားလုံးထောင်ကျော်ရှိသော စာပိုဒ်တစ်ပိုဒ်ကို ရေးပြီး
သွားခဲ့ လေသည်။
••••••