← Chapters

ပြန်ဝင်စားခြင်း

Vol. 13 Ch. 223

ပြန်ဝင်စားခြင်း

Vol. 13 Ch. 223

ရှောင်းယွိရုန်သည် စုတ်တံအား ချပြီးသောအခါမှသာ သတိပြန်ဝင်လာခဲ့သည်။

သူအရှေ့တွင် ရှိနေသော စာရွက်ကို ကြည့်ကာ မှင်တက်သွားခဲ့တော့သည်။

" ဒါ-ဒါက အရမ်းကို ပြေပြစ်လွန်းနေတယ်။"

သူသည် သူ၏ ငယ်ဘဝသို့ ပြန်ရောက်သွားသလိုပင် ခံစားလိုက်ရသည်။သူသည် ကျော့ရှင်းရည်မွန်ခဲ့ကာ၊ သူ၏ နှုတ်ဖွင့်ဟ လိုက်သည် နှင့် ကဗျာများနှင့် သီချင်းများမှာ ထွက်ပေါ်လာလေသည်။ သူ ထိုကဲ့သို့သော ခံစားချက်မျိုးရခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်သည်။

ရှောင်းယွိရုန်သည် တစ်စုံတစ်ခုကို ပြန်သတိရသွားကာ သူပွေ့ဖက်ထားသည့် အဆောင်လက်ဖွဲ့အား ချက်ချင်း ဖိလိုက်သည်။

"ဆ-ဆရာတူ အစ်မမော့က မလိမ်ခဲ့ဘူး။ ငါ-ငါ အပြစ်ရှိတာပဲ။ " ရှောင်းယွိရုန်မှာ ချက်ချင်းကို စိတ်မကောင်းဖြစ်သွားခဲ့တော့သည်။

ဆရာတူအစ်မမော့၏ ကြင်နာမှုကို သစ္စာဖောက်လိုက်မိသည် ဟု သူတွေးလိုက်မိ၏။

သူသည် ဆရာတူအစ်မမော့၏ စီးပွားရေးမှာ သမာသမတ်ကျမှုမရှိဟူသောအထင်အမြင်ရှိခဲ့သည်။ သူရဲ့ ဆရာတူအစ်မက တကယ်လုပ်နိုင်စွမ်းရှိခဲ့လိမ့်မည်ဟုတော့ သူတစ်ခါမှ မတွေးခဲ့ဖူးပေ။

သူရဲ့ ဆရာက သူတို့ရဲ့ ဆရာတူအစ်မကို အနှောင့် အယှက်မပေးဖို့ တောင်းဆိုသည်မှာ အံ့ဩစရာမရှိတော့ချေ။ သူတို့ သူမရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားမိမှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်ပေသည်။

ရှောင်းယွိရုန်မှာ ဆရာတူအစ်မမော့အား ချက်ချင်းပင်တွေ့ချင်သွား၏။ သူရဲ့ အမှားကို တောင်းပန်ချင်သလို၊ အဆောင်လက်ဖွဲ့များကို လည်း ထပ်

ဝယ်ချင်ခဲ့သည်။ သို့ဖြစ်ရာ နောက်တစ်နေ့ မနက်စောစောတွင် 'ကြမ္မာဥယျာဉ်'ဆိုင်သို့ သွားခဲ့လေသည်။

သို့သော်လည်း ပထမထပ်တွင် ရှိသော အဆောင် များမှာ ရောင်းကုန်သွားခဲ့ပြီဖြစ်သည်။

ပညာရေးထူးချွန်သည့် အဆောင်နှင့် ကိုယ်ဝန်ဆောင် အဆောင်အားလုံးမှာ ရောင်းထွက်သွားပြီဖြစ်သည်။

" ဆရာရှောင်း၊ အရင်တစ်ရက်က ကျွန်တော်တို့ရဲ့ သူဌေး ဖယောင်းဆိုင်မှာ မကောင်းဆိုးဝါး နှင်ပြီးကတည်းက သူမက စွမ်းဆောင်နိုင်စွမ်းရှိတယ်လို့ လူတွေ ထင်လာကြတာမလို့၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ စီးပွားရေးကောင်းနေခဲ့တာ။သူမက ဒီတစ်လော အလုပ်ရှုပ်နေတာမလို့

အဆောင်အသစ်တွေကို ရေးဆွဲဖို့ အချိန်မရှိဘူး။ အဲ့ဒါကြောင့်….."

ဆိုင်ရှင်မှာ ဝမ်းနည်းစွာနှင့်ပဲ ပြုံးပြလိုက်သည်။

သူက ဆက်ပြောလိုက်သည် "အဆောင်တွေက ကုန်သွားပြီဆိုပေမဲ့၊ ကျွန်တော်တို့ဆီမှာ ဓမ္မတူရိယာ တွေ ရှိပါသေးတယ်။ အဲ့ဒါတွေက သန့်စင်သမုတ် ထားပြီးတဲ့ အရည်အသွေးကောင်း ပစ္စည်းတွေပဲ။ အရင်က ဆရာရှောင်းတစ်ခု ဝယ်ခဲ့သေးတယ်မဟုတ်လား။ကျွန်တော်တို့ ဆီမှာ ပိုကောင်းတာ တစ်ခုရှိသေးတယ်။ ပြီးတော့ ဆောင်းရာသီ အဝတ်အထည်ပွဲတော်ကလည်း ရောက်တော့မှာ။ ဆရာသာ ဘိုးဘေးတွေ အတွက် မီးရှို့ပေးချင်တယ်ဆိုရင်၊ ကျွန်တော်တို့ ဆီမှာ ဒါတွေလည်း ရှိ….."

ဆိုင်ရှင် သည် ပြောရင်းဆိုရင်း ရှဲ့ချောင်ထွင်းထုထားသည့် သစ်သားအရုပ်သေးသေးလေး

အားထုတ်ပြလိုက်သည်။

သစ်သားအရုပ်အပြင်၊ သစ်သားလှေနှင့် အိမ်များလည်း ရှိသေးသည်။

သူရဲ့ ဘိုးဘေးတွေ အတွက် မီးရှို့ပေးရမှာလား?

မဟုတ်ဘူး။ သစ်သားအိမ်လေးမှာ လှတာကြောင့်သူသည် အဆင်တန်ဆာပစ္စည်းတစ်ခု အနေနှင့်သာ ဝယ်ယူခဲ့လိုက်သည်။

ထိုအချိန်၊ ရှဲ့ချောင်မှာ ဒုတိယထပ်တွင် ရှိနေခဲ့သည်။

ဝေ့မိဘများမှာ ဆိုင်သို့ ရောက်နေခဲ့ကြသည်။

ရှဲ့ချောင်သည် ကြွေထည်ပုလင်းသေး တစ်လုံးကို ထုတ်ယူလိုက်၏။ ထိုပုလင်းထဲတွင် နွားမျက်ရည် ရှိနေသည်။ သူမသည် မိဘတစ်ယောက်ချင်းစီပေါ်တွင် အဆောင်ကို ကပ်လိုက်ကာ၊ ထိုအပေါ်တွင် နွားမျက်ရည်ကို သုတ်လိုက်သည်။ သူတို့ အရှေ့ရှိ မြင်ကွင်းမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

ယခုဆိုလျှင် ကျောချမ်းလာသလို ခံစားလိုက်ရသည်။

ရှဲ့ချောင်သည် ဝေ့ သမီးဖြစ်သူ၏ ဝိဉာဉ်အား ခေါ်လိုက်သည်။

"ရှင်တို့တွေ ကြည့်လို့ပဲရမယ်၊ စကားမပြောကြနဲ့ " ရှဲ့ချောင်က ချက်ချင်းပြောလိုက်သည်။

မိခင်ဖြစ်သူမှာ မျက်ရည်များစီးကျနေသည်။သူမသည် သူမသမီးရှိရာသို့ လက်ကို ဆန့်ထုတ်လိုက်သည်။ သို့ရာတွင်၊ သူမသမီးမှာ ပုံရိပ်ယောင်ဝိဉာဉ်တစ်ခုသာဖြစ်လေသည်။သူမ ဘယ်လိုလုပ်ပြီး သူမသမီးကို ထိတွေ့လို့ရမှာလဲ။

စင်စစ်တွင်၊ သူတို့ သူမကို စကားပြောနိုင်သည်။ သို့သော်၊ သူတို့ပြောလိုက်မည် ဆိုလျှင် ဒုက္ခအကြီးကျယ် ရောက်မည်ဖြစ်သည်။

သူတို့ သမီးကို ပို့ဆောင်လိုက်ပြီးလျှင် လင်မယားနှစ်ယောက်မှာ အိမ်ပြန်ရတော့မည်ပင်။

ထိုအခါ ဝိဉာဉ်တစ်ကောင်နှင့် စကားပြောပြီးလျှင် သူတို့၏ ရောင်ဝါလွှမ်းမိုးမှုမှာ ကွာခြားသွားပေလိမ့်မည်။ သူတို့သည် မကောင်းဆိုးဝါး ဝိဉာဉ်များကို ပိုပြီး ဆွဲဆောင်လိမ့်မည် ဖြစ်တာကြောင့်….သူ

တို့ ကျေးဇူးတင်သင့်ပေသည်။ သူတို့သမီးကို မြင်နိုင်တာနဲ့တင် ကောင်းမွန်နေပြီဖြစ်သည်။

ရှဲ့ချောင်သည် အခမ်းအနားကို စတင်လိုက်သည်။

သူမထံတွင် နတ်ဘုရားရုပ်ထုနှင့် ဘေးပတ်လည်တွင်ကောင်းဆိုးဝါးဝိဉာဉ်များ ရှိနေခဲ့သည်။ အတားအဆီးများကို ဖန်တီးပြီးသည်နှင့် စတင် ဆုတောင်းဝတ်ပြုတော့သည်။

သူမသည် သူတို့ ဝိဉာဉ်များကို လွှတ်ပေး၍ ပြန်ဝင်စားစေကာ၊ လမ်းပြပေးပြီး ကောင်းချီးပေးခဲ့သည်။

ရှဲ့ချောင်သည် ထိုအရာကို နှစ်ကြိမ်လောက် ထပ်တလဲလဲပြုလုပ်နေခဲ့ကာ၊ အလုပ်ရှုပ်သော နေ့တစ်နေ့ ဖြစ်ခဲ့သည်။ နောက်ပြီး၊ ဝိဉာဉ်များစွာရှိ

နေခဲ့သည်။

ဝေ့မိသားစု၏ သမီးမှာ နောက်ဖက်တွင် တန်းစီးနေတာကြောင့် သူမ၏ မိဘများမှာ သူမကို ပိုပြီးမြင်ရလေသည်။သို့သော်၊ အချိန်စေ့သွားသောအခါ၊ မိဘနှစ်ပါးမှာ သူတို့ မျက်လုံးထဲတွင် သူတို့သမီးပျောက်ကွယ်သွားတာကိုသာ ကြည့်နေနိုင်ခဲ့သည်။

ဝေ့မိသားစု၏ သမီးကို ပို့ဆောင်ပြီးသည့်နောက်၊ ရှဲ့ချောင်သည် မိဘနှစ်ပါးဖြစ်သူကို ပင်ပန်းနွယ်နယ်စွာနှင့် ပြောလိုက်သည် "ရှင်တို့ နှစ်ယောက် ဒီနေ့ ပုံမှန်မဟုတ်တဲ့ အရာတွေကို သေချာပေါက် တွေ့ရလိမ့်မယ်။ အံ့ဩမသွားဖို့ သတိရပါ။ ဒီကမ္ဘာပေါ်မှာ ကျီစားတတ်တဲ့ ဝိဉာဉ်တွေ အများကြီး ရှိတယ်။ သူတို့သာ ရှင်တို့ မြင်နိုင်တယ်ဆိုတာကို သိသွားရင်၊ သူ့တို့က ရည်ရွယ်ချက်ရှိရှိနဲ့ စနောက်လိမ့်မယ်။ ဒီနေ့ပြီးရင်ကောင်းသွားမှာဆိုပေမယ့်၊ တစ်ခါတစ်လေ တစ်ကောင် နှစ်ကောင်

တွေ့ရလိမ့်မယ်။ ဒါပေမယ့်၊ အများဆုံး လဝက်လောက်နေရင်တော့ လုံးဝ ပြီးသွားမှာပါ။"

ဝေ့ မိဘများမှာ စိတ်လှုပ်ရှားနေခဲ့ကြသည်။

သူတို့ သမီးကို ကြည့်နေသည့် အချိန်တွင် သူတို့ ကြောက်မနေခဲ့ကြပေ။သို့ရာတွင်၊ အခု သူတို့ သမီးက ထွက်သွားပြီးတော့ နောက်ပိုင်းမှာ တခြားမကောင်းဆိုးဝါး ဝိဉာဉ်တွေကို မြင်တွေ့ရမယ်လို့ တွေးမိသော အခါ .. သူတို့ အလွန်ကို စိုးရိမ်ကြောင့်ကြမိသွားကြတော့သည်။

•••••

All Chapters