← Chapters

ဆိုးဝါးသော

Vol. 13 Ch. 224

ဆိုးဝါးသော

Vol. 13 Ch. 224

သူတို့သမီး၏ အရေးကို ဖြေရှင်းပြီးသည့်နောက်တွင်၊ ဝေ့ မိဘနှစ်ပါး စိုးရိမ်ကြောင့်ကြစွာနှင့် 'ကြမ္မာဥယျာဉ်' ဆိုင်မှထွက်ခွာသွားခဲ့ကြသည်။

ရှဲ့ချောင်သည် ယနေ့တွင်တော့ ဝင်ပေါက်ရှိ ဝိဉာဉ်ခေါင်းလောင်းအား ဖယ်ရှားထားခဲ့လေသည်။

ရှဲ့ချောင်ကို သိသော မကောင်းဆိုးဝါး ဝိဉာဉ်များမှာ ယနေ့ သူမ ဝိဉာဉ်များကို ပြန်ဝင်စားဖို့ အတွက်ပို့ဆောင်ပေးနေတာကို သိကြသည်။ သူတို့လည်း မတော်တဆ အပို့ခံလိုက်ရမည် ကို စိုးရိမ်နေပုံရကာ၊ မလာရဲကြပေ။ ယနေ့တွင် 'ကြမ္မာဉယျာဉ်'ဆိုင်မှာ ရှင်းလင်းနေခဲ့သည်။

သို့ရာတွင် သူတို့ ဆိုင်မှ ထွက်လိုက်သည်နှင့် …..

"အားးး" ဝေ့ မိခင်ဖြစ်သူမှာ လန့်ဖျပ်သွားကာ သူမမျက်လုံးများကို အလိုလို မှိတ်လိုက်မိတော့သည်။

သူမ ဘာကို မြင်လိုက်ရတာလဲ။ !

လမ်းမတစ်ခုလုံးမှာ မြေကြီးနဲ့ လွတ်နေတဲ့ ခြေထောက်တွေနဲ့ လျှောက်သွားနေကြတဲ့ များပြားလှတဲ့ အရာတွေ!!

ဝေ့ အဖေ ဖြစ်သူမှာ မာနရှိသည့် ယောက်ျားတစ်ဦးဖြစ်ကာ၊ သူတောင့်ခံနိုင်ဆဲဖြစ်သည်။ သို့သော်လည်း သူ့ခြေထောက်များမှာ အားနည်း ပျော့ခွေလာသလို ခံစားလိုက်ရ၏။သူသည် ချက်ချင်းပဲ ခေါင်းကို ငုံ့ဝှက်ကာ သူဇနီး၏ လက်အား ကိုင်ထားလိုက်တော့သည်။

သူတို့ထံ၌ မကောင်းသည့်ကိစ္စတစ်ခုခုဖြစ်မည်ကို စိုးရိမ်တာကြောင့်၊ ဒီနေ့တွင် သူတို့၏ သားများကို ခေါ်မလာရဲခဲ့ကြ…..

ဝေ့ အဖေ၏ အသံမှာ အနည်းငယ် တုန်ယင်နေ၏ "အခု ဆိုင်မှာနေလိုက်ကြဦးစို့…"

ထို ညစ်ညမ်းသော အရာများအား အိမ်သို့ ယူသွားခဲ့လျှင် ဆိုးဝါးပေလိမ့်မည်။ ၎င်းသည် သူတို့၏ သားသမီးနှင့် မြေးများအပေါ် အကျိုးသက်ရောက်စေပေလိမ့်မည်။

ဝေ့ မိခင်သည် တုန်ယင်နေလျက်ပင် ခေါင်းညိတ်ပြလိုက်သည်။

ဤနှစ်ယောက်သည် ထူးထူးဆန်းဆန်း ပြုမူနေတာကြောင့် မကောင်းဆိုးဝါးဝိဉာဥ်များမှာ စူးစမ်းချင်နေကြသည်။ ဝေ့မိဘနှစ်ဦးအား ကြည့်သူက ကြည့်နေကြပြီး၊ အချို့ဆိုလျှင် သူတို့ အနားတွင် ရစ်သီရစ်သီ လုပ်နေကြသည်မှာ ယုတ္တိရှိပေသည်။ ဝေ့လင်မယားမှာ ကြောက်လန့်တုန်လှုပ်ကာ၊ သတိလစ်ခါနီးပင် ဖြစ်သွားကြကုန်၏။

ရှဲ့ချောင်သည် သူတို့အား အကာအကွယ် အဆောင်များကို ပေးလိုက်သည်။ သို့သော်၊ အဆောင်သည် သူတို့အား တိုက်ခိုက်ခံရခြင်းမှသာ ကာကွယ်ပေးနိုင်သည်။ သူတို့အား မကောင်းဆိုးဝါး ဝိဉာဉ်များက ငေးစိုက်ကြည့်နေခြင်းမှတော့ မကာကွယ်ပေးနိုင်ခဲ့ပေ။

ထို့အပြင်၊

ယနေ့တွင် ရှဲ့ချောင်သည် သူမကိုယ်သူမသာ

ဂရုစိုက်နိုင်သည်။

ဆောင်းရာသီ အဝတ်အထည် ပွဲတော်တွင် အောက်လောကမှ လာသည့် မကောင်းဆိုးဝါး ဝိဉာဉ်များသာ မက လူ့လောကထဲတွင် အချိန်အကြာကြီး အစာ အတွက် လှည့်ပတ်သွားလာနေကြသည့် မကောင်းဆိုးဝါး ဝိဉာဉ်များလည်း ရှိပေသည်။

ဉပမာအားဖြင့်၊ ဤကာလအတွင်းတွင် ဆာလောင်နေကြသည့် မကောင်းဆိုးဝါး ဝိဉာဉ်များစွာ ရှိသည်။ သူတို့သည် အစားအသောက် အတွက် ရှာဖွေကြလိမ့်မည်။ သူတို့ တစ်ခုမှ မရခဲ့ဘူးဆိုလျှင်၊ စိတ်ဆိုးမာန်ဆိုး ဖြစ်တတ်သောသူများမှာ မိသားစု တစ်ခုနားတွင် ရစ်ဝဲနေပေလိမ့်မည်ဖြစ်ကာ၊ ထိုမိသားစုမှာ အချိန်တစ်ခုလောက်ထိ ကံဆိုးနေစေပေလိမ့်မည်။

ရှဲ့ချောင်တွင် အဆောင် လက်ဖွဲ့ ဘယ်လောက်များများ ရှိပါစေ၊ အချည်းနှီးသာပင်..

သူမ စိုးရိမ်နေခဲ့သည်။

ဝိဉာဉ်များကို ပြန်ဝင်စားစေခြင်းမှာ သူမအတွက် လုပ်ကိုလုပ်ရမည့် အရာတစ်ခုဖြစ်သည်။ ယခု သူမလုပ်ပြီးသွားပြီးဖြစ်၍ တစ်နေရာရာတွင် သွားပြီးပုန်းနေရပေတော့မည်။

စဉ်းစားချင့်ချိန်ကြည့်ပြီးသည့်နောက်၊ တော်ဝင်ကျောင်းတော်သည် ယန်စွမ်းအင် အားကောင်းသောကြောင့် အကောင်းဆုံးနေရာဖြစ်ပေသည်။

သူမသည် နောက်ဖက်ခြံဝန်းဆီသို့ သွားကာ၊

သူမ၏ မော့ချူးရှန်းအဖြစ် ရုပ်ဖျက်ထားသည်ကို ဖယ်ရှားပစ်လိုက်ပြီး၊ အလွန်ကို ရိုးရှင်းလှသော အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။

အဝတ်၏ အသားကပင် အလွန်သာမန်ဖြစ်လွန်းနေသည်။ သူမ လှလှပပဝတ်စားထားခဲ့ လျှင် မကောင်းဆိုးဝါး ဝိဉာဉ် အချို့က သူမကိုပစ်မှတ်ထားမည်ကို စိုးရိမ်နေခဲ့လေသည်။

ရှဲ့ချောင်သည် ခါးပေါ်၌ မက်မွန်သစ်သား ဓားငယ်လေးကို ချိတ်ဆွဲထားသည်။ ထို့ပြင် နတ်ဘုရားရုပ်ပုံထည့်ထားသည့် အိတ်ငယ်လေးတစ်ခုလည်းရှိသည်။ သူမ လည်ပင်းတွင် ခွေးသွား လည်ဆွဲတစ်ခုကို ဆွဲထား၍ သူမ လက်ကောက်ဝတ်ပေါ်တွင်တော့ ဟင်္သာ ပြဒါးရိုင်းဖြင့် ရှေးဟောင်း အက္ခရာ ရေးဆွဲထားသည် ။ သူမသည် မကောင်းဆိုးဝါးနှင်သည့် ကောင်းကင်ဘုံသားရဲ ပုံ ထွင်းထုထားသည့် လက်ကောက်ကို လည်း ဝတ်ဆင်ထားသေးသည်။ သူမ ခေါင်းထက်တွင်တော့ မက်မွန်သား

ဆံထိုးတစ်ခု ထိုးထားကာ…..

သူမ ရင်ခွင်ထဲတွင်လည်းး ပစ္စည်းပေါင်းများစွားကို သယ်ပိုက်ထားခဲ့သေးသည်။

သူမသည် ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားသော်လည်း၊ စိတ်ပူပန် လှုပ်ရှားနေဆဲ ဖြစ်သည်။ ကြမ္မာဥယျာဥ်ဆိုင်တွင် ဓမ္မတူရိယာ များရှိသော်လည်း၊ ၎င်းတို့သည် အိမ်များကို အကာအကွယ် ပေးရန် အတွက်သာ ဖြစ်နေခဲ့သည်။ ၎င်းတို့သည် သူမအတွက် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။

သူမသည် ဤနေရာတွင် တစ်ချိန်လုံး ပွဲ အခမ်းအနား မကျင်းပနိုင်ပေ။ အခုချိန်တွင်၊ အခမ်းအနားသည် ပြီးမြောက်သွားပြီဖြစ်တာကြောင့်၊ ဤနေရာတွင် ရှိသော အရှိန်အဝါသည် ထူးဆန်းသော အရာများကို ဆွဲဆောင်ပေ

လိမ့်မည်။

ရှဲ့ချောင်လာသည့် အချိန်သည် ကြက်ဖများတွန်ကြသည့် မနက်ခင်းချိန်ခါဖြစ်သည်။ ထိုအချိန်သည် လမ်းမ၌ ရှင်းလင်းနေသည် ဟု မှတ်ယူ၍ရနိုင်ပေသည်။

အခုတော့ ကွဲပြားနေလေ၏။

မိသားစုများစွာသည် လှုဖွယ်ပစ္စည်းများကို ခင်းကျင်းထားတာကြောင့်မကောင်းဆိုးဝါး ဝိဉာဉ်များ ပိုပိုပြီး လာပေတော့မည်။

ရှဲ့ချောင်သည် စိတ်အခြေအနေကို ပြင်ဆင်လိုက်ပြီးနောက် အသက်ရှုထုတ်လိုက်ကာ 'ကြမ္မာဥယျာ

ဥ် 'ဆိုင်၏ နောက်တံခါးမှ လမ်းလျှောက်ထွက်သွားလေသည်။

သူမသည် သူမရှေ့တွင် ရှိသော မကောင်းဆိုးဝါး ဝိဉာဉ်နှင့် ဝင်တိုက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူမကို တုန်လှုပ်သွားစေသည့် မကောင်းဆိုးဝါးဝိဉာဉ်သည် အနီရောင်အဝတ်ကို ဝတ်ဆင်ထားသည်။ သူမသည် ၎င်းအား မမြင်ချင်ယောင်ဆောင်လိုက်ကာ၊ တောင့်တင်းနေသော ခြေလှမ်းများနှင့် ဝေါယာဉ်ငယ်ထဲသို့ ဝင်သွားခဲ့လိုက်သည်။

ကံဆိုးစွာဖြင့် ဝိဉာဉ်သည် သူမနောက်မှ လိုက်ပါလာခဲ့ကာ…. သူမဘေးတွင် ဝင်ထိုင်လိုက်လေသည်!!

သူမသည် သူမအတွက် အကျိူးမရှိသည့် စာအုပ်ကို လက်ထဲတွင် ကိုင်ထားပြီး သူမ ၏ တည်ရှိမှု

ကို နည်းနိုင်သမျှ နည်းနိုင်အောင် ခေါင်းငုံထားလိုက်သည်။

ထိုစဉ် မကောင်းဆိုးဝါးဝိဉာဉ်မှာ သူမအား ခန်းဆီးစကို ကျော်၍ မျက်လုံးနီများနှင့် စိုက်ကြည့်နေခဲ့လေသည်။

•••••

All Chapters