← Chapters

ဖောက်ပြန်သူ

Vol. 13 Ch. 225

ဖောက်ပြန်သူ

Vol. 13 Ch. 225

နန်းမြို့တော်သို့ ရောက်ကတည်းကဆိုလျှင် ရှဲ့ချောင် ဝိဉာဉ်များကို ပြန်ဝင်စားဖို့ လွှတ်ပေးခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်သည်။ သူမစိုးရိမ်နေခဲ့သည်။

အတိတ်တုန်းက၊ ဝိဉာဉ်များကို လွှတ်ပေးခြင်းမှာ

တာအို ဘုရားကျောင်းတွင်သာ အမြဲလိုလို လုပ်ဆောင်ခဲ့သည်။ သူမ လုပ်ဆောင်ပြီးသွားလျှင် ဘုရားကျောင်း၌ ပုန်းကွယ်နေမည် ဖြစ်သည်။ သူမ၏ တံခါးကို တခါတရံ လာခေါက်တတ်သော ကြောက်စရာ ကောင်းသည့် ဝိဉာဉ်များရှိသော်လည်း ၎င်းတို့ ကို ဖြေရှင်းနိုင်သေးသည်။

အခုဖြစ်နေတာမျိုးနှင့် မတူပေ။။

ရှဲ့ချောင်သည် စာအုပ်ကို လှန်လှောနေလျက် စိတ်တည်ငြိမ်ချင်ယောင် ဆောင်နေလိုက်သည်။

အမျိုးသမီးဝိဉာဉ်သည် ရှဲ့ချောင်၏ မျက်နှာပေါ်သို့ လေမှုတ်လိုက်တာကြောင့် သူမကို အခု ပိုပြီးကောင်းကောင်း မြင်နိုင်ပြီဖြစ်သည်။

သူမက မကျေမနပ်နှင့် ပြောလိုက်၏ "လှလိုက်

တာ! ငါသာ အရင်က ဒီလိုမျိူ လှခဲ့မယ်ဆိုရင်၊ အဲ့ဒီကောင်က ငါ့ကို ထားသွားပြီး တခြား တစ်ယောက်ကို ဘယ်လိုလုပ်ပြီး ရှာမှာလဲ….."

ရှဲ့ချောင်တစ်ယောက် မျက်ခွံလှုပ်သွားခဲ့သည်။

အမျိုးသမီးဝိဉာဉ်၏ အတွေးမှာ အတော်လေး အန္တရာယ်များလှသည်။

ပုံမှန်ဆိုလျှင်၊ သူမ၏ အသားအရေ ကို သဘောကျသည့် မကောင်းဆိုးဝါး ဝိဉာဉ်များမှာ သူမကို ပိုင်ဆိုင်ချင်ကြလေသည်။

ထိုစဉ်၊ ရှဲ့ချောင်သည် တစ်ချက်ကြည့်ရုံနှင့် ထိုအမျိုးသမီးဝိဉာည်မှာ အောက်လောက မှ လာတာမဟုတ်ကြောင်း ပြောနိုင်သည် ။သူမသည်

လှည့်ပတ်သွားလာနေသော ဝိဉာဉ်သက်သက်သာ ဖြစ်သည်။ ထိုသို့ သော ဝိဉာဉ်မျိုးသည် ပိုပြီးကျိုးကြောင်းမဆီလျော်ကြပေ။

မျှော်လင့်ထားသလိုပင်၊ ရှဲ့ချောင်သူမအတွေးနှင့်

သူမ ရှိနေစဉ်၊ အမျိုးသမီးဝိဉာဉ်မှာ သူမထံ တဟုန်ထိုး ဝင်တိုက်လေတော့သည်။ သူမသည် သူမ(ရှဲ့ချောင်)ကို ပိုင်ဆိုင်ချင်နေပုံပေါ်သည်။ သို့သော် ရှဲ့ချောင်ကို ထိလိုက်သည်နှင့် နောက်ပြန်လန်သွားတော့သည်။

သူမ ကိုယ်ပေါ်တွင် မီးတောက်နှင့် မီးခိုးများဖြင့် လောင်ကျွမ်းနေလေသည်။ သူမသည် အားမပါစွာနှင့် မဝေဖန်ခင် နှစ်ကြိမ်မျှ ဆန့်တငင်ငင် ဖြစ်သွားခဲ့သည် " နင်က ဘာလဲဟ။ နင့်မှာ မကောင်းဆိုးဝါး နှင်တဲ့ အရာတွေ အများကြီးပဲ "

ရှဲ့ချောင်သည် မကြားချင်ယောင်သာ ဆောင်နေ

လိုက်၏။

သို့သော်၊ သူမရင်ခွင်ထဲတွင် နွေးလာတာကို ခံစားလိုက်ရသည်။ အစောတုန်းက ကြုံတွေ့မှုတွင် အဆောင် အချို့ သုံးလိုက်ရတာကြောင့် ဖြစ်နိုင်ပေသည်။

အမျိုးသမီးဝိဉာဉ်သည် သူမအားးမကျေမနပ်ဖြစ်စွာနှင့် စူးစိုက်ကြည့်ကာ ဆန္ဒမပါစွာနှင့် ထွက်ခွာသွား၏။

ရှဲ့ချောင်စိတ်သက်သာရာရသွားတော့သည်။

အမျိုးသမီးဝိဉာဉ်မှာထွက်ခွာသွားပြီ ဖြစ်သော်လည်း၊ သူမ ရှိနေသော ဝေါယာဉ်မှာ ရံဖန်ရံဖန်ခါ မကောင်းဆိုးဝါး ဝိဉာဉ်များ ဖြတ်သွားတာကြောင့် အန္တရာယ်ရှိနေသေးသည်။

ဝိဉာဉ်တွေသာ အဆင်ပြေနေရင် အဲ့ဒီအကြောင်းကို မေ့ထားလိုက်။

သို့သော်၊ မကောင်းဆိုးဝါး ဝိဉာဉ်အများစုမှာ မျက်လုံးထဲတွင် သည်းမခံနိုင်စရာကောင်းလှသည်။

သူသည် ရှဲ့ချောင်ပုခုံးထက်တွင် လက်တင်လျက် "ဟီးဟီး၊ ကျစ် ၊ ဒီမှာ သခင်မလေး တစ်ယောက်ရှိနေတာပဲ။ ဟူး၊ ကံဆိုးတာပဲ။ ငါသာ အသက်ရှင်နေဦးမယ်ဆိုရင် မင်းကို သေချာပေါက် လက်ထပ်ယူမှာ"

သူမကို ထိကိုင်လိုက်သည်နှင့် သူ့လက်မှာ လောင်ကျွမ်းသွားလေတော့သည်။

ရှဲ့ချောင်မှာ သူမှာ ရင်ခွင်ထဲရှိ အဆောင်များအတွက် စိတ်မကောင်းဖြစ်နေလေ၏။

သူမ အခု နောက်ထပ် အဆောင်တစ်ခု ဆုံးရှုံးသွားလေပြီ။

သူမသည် ၎င်းတို့အား စားသောက်ဖို့ပင်မေ့ကာ ဝီရိယရှိစွာနှင့် ရေးဆွဲခဲ့သည်။ ထို မကောင်းဆိုးဝါးဝိဉာဉ်များသည် သူတို့၌ အားကောင်းသော အမှောင်စွမ်းအင် ရှိသည် ဆိုရုံနှင့် ထကြွသောင်းကျန်းကြလေသည်။ သူတို့သည် အလွန် အရှက်မဲ့လှသော အရာကိုပင် လုပ်ခဲ့သေးသည်။

ထို မကောင်းဆိုးဝါးဝိဉာဉ်သည် အထူးအဆန်းဖြစ်နေသော မျက်နှာ အမူအရာနှင့် သူ၏ လက်အား နာကျင်စွာနှင့် ကိုင်ထားလေသည်။

"မင်း ကဆိုးယုတ်တာပဲ။ ငါ မင်းကို ထိရုံပဲ ထိခဲ့တာ။ မင်း ဒီလောက်ထိ ရက်စက်ဖို့ လိုလို့လား။ ငါ့လက်…. ပြန်ကောင်းလာဖို့ကို အမွှေးနံ့သာတွေ ဘယ်လောက် စားသုံးရဦးမှာလဲ။"

သူသည် ပြောရင်းဆိုရင်းနှင့် မတရားခံရသလို ခံစားနေရသည်။

ရှဲ့ချောင်သူမ၏ မျက်လုံးကို လှိမ့်လိုက်သည်။

သူမသာလျှင် မတရားသဖြင့် ခံရသူပါ။

သူမ ဒီနေ့လိုမျိုး ဂရုတစိုက် ပြင်ဆင် ဝတ်စားခဲ့တာတောင်၊ မကောင်းဆိုးဝါးဝိဉာဉ်များက သူမကို လိုက်နေဆဲပင်။

ဘေးပတ်လည်ရှိ မကောင်းဆိုးဝါးဝိဉာဉ်များကို မဆွဲဆောင်ချင်သည့် အချက်ကြောင့်သာ မဟုတ်လျှင် ထိုဖောက်ပြန်တဲ့ကောင်ကို ဖမ်းဆီးပြီးနေလောက်ပြီ။ သူမ မကောင်းဆိုးဝါးဝိဉာဉ်အကုန်လုံးကို ဆွဲဆောင်မိသွားမှာကြောင့်!!

ရှဲ့ချောင်သည် ဒေါသထွက်နေကာ ကြောက်စရာကောင်းပုံပေါ်နေလေသည်။သူမသည် သွားကြိတ်ကာ ချုပ်တည်းထားခဲ့သည်။ ဝေါယာဉ်မှာ ခါယမ်းနေသည် ။ ဝေါယာဉ်သည် ရွေ့လျားနေတာကြောင့် အထမ်းသမား၏ ခြေထောက်များမှာ အားနည်း ပျော့ခွေလာကာ သူ၏ ခြေချင်းဝတ်မှာ အဆစ်လွဲသွားတော့သည်။

ဝေါယာဉ်တစ်ခုလုံးသည် ယိမ်းထိုးသွားသော်လည်း ရှဲ့ချောင်သည် သူမကိုယ်သူမ ဟန်ချက်ညီအောင် ချက်ချင်းထိန်းလိုက်နိုင်သည်။

စစ်ဆေးကြည့်ရန် အတွက် သူမ ဆင်းသွားသောအခါ အထမ်းသမားကို မာန်ဖီနေသော မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ကို တွေလိုက်ရသည်။ ပြူး ထွက်နေသည့် ကြောက်စရာကောင်းသည့် မျက်လုံးများနှင့် ဖောင်းပွနေသော ခန္ဓာကိုယ်မှာ ကျောချမ်းစရာကောင်းလှသည်။ ၎င်း၏ ပြုံးဖြဲဖြဲလုပ်မှုသည် လူတစ်ယောက်ကို ကြက်သီးမွေးညင်းထသွားစေပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ရှဲ့ချောင်မှာ သူမ နောက်ကျောဘက်မှ အေးစိမ့်လာတာကို ခံစားလိုက်ရသည်။

"ဒါ တော်တော်ပျော်ဖို့ကောင်းတာပဲ" မကောင်းဆိုးဝါးဝိဉာဉ် မှာ လက်ခုပ်တီးလို့နေ၏။

အထမ်းသမားသည် ခေါင်းကို လှည့်ကာ ကူကယ်ရာမဲ့စွာနှင့် ရှဲ့ချောင်အား ပြောလိုက်၏ "သခင်မလေး၊ ကျွန်တော့် ခြေချင်းဝတ်က အဆစ်လွဲသွားပြီ၊ ကျွန်တော် ဒါကို မသယ်နိုင်လောက်တော့ဘူ။ ကျေးဇူးပြုပြီတော့ ကျွန်တော့်အတွက် ဒီကို တစ်ယောက်လောက် ခေါ်ပေးလို့ရမလား"

ရှဲ့ချောင်သည် သူမ အတွက်အထမ်းသမား ရှာဖို့ရာ ဆိုင်ရှင်အား စေခိုင်းခဲ့သည်။ နောက်ပြီး၊ သူမသည် ယနေ့ မနက်အစောကြီးတွင် သူမတစ်ယောက်တည်း ထွက်လာခဲ့သည်။ သူမသည် မိသားစုဝေါယာဉ်အား အသုံးမပြုလာပေ။

"ခေါ်လိုက်ပါ"

ရှဲ့ချောင်သည် ကူကယ်ရာမဲ့နေသော်လည်း သူ့အား ဒုက္ခမရောက်စေချင်ပေ။ သူမသည် လှည့်ပတ်ကြည့်လိုက်သောအခါ လမ်းတစ်ဝက်တွင်

သာ ရှိနေသေးတာကို သိလိုက်ရသည်။ အနီးဆုံးတွင်ရှိသော စားသောက်ဆိုင်တစ်ဆိုင်ကိုသာ လမ်းလျှောက်သွားလိုက်မည်ဟု သူမတွေးလိုက်တော့သည်။

•••••

All Chapters