ဆန်ကုန်မြေလေး ဝိဉာဉ်
Vol. 13 Ch. 226
စားသောက်ဆိုင်တွင် လူစည်ကားနေ၏။ ထိုနေရာတွင် ကဗျာ ရွတ်ဆိုပွဲ လည်း ကျင်းပနေခဲ့သည်။ စာပေပညာရှင်များစွာ ရပ်နေကြလျက် ဂုဏ်ယူဝင့်ကြွားကာ အခြားသူများကို ထင်မြင်သုံးသပ်ချက်ပေးနေကြသည်။
ရှဲ့ချောင်သည် ခေါင်းငုံ့ထားကာ တိတ်တဆိတ်သာနေနေ၏။
"ဒီပုဂ္ဂိုလ်က ကဗျာအကြောင်းဘာမှ မသိဘဲနဲ့ ပညာတတ်တစ်ယောက် ဖြစ်ချင်နေတာလား ၊ မဖြစ်နိုင်တာ"
" အောက်တန်းကျတယ်၊ အရမ်း အောက်တန်းကျတယ်။ မင်းရဲ့ ကဗျာတွေ က မကောင်းဘူးဆိုပေမယ့် ၊ဘာလို့ ဒီလောက် အောက်တန်းကျရတာလဲ။ မင်းက ငါတို့ရဲ့ နားတွေကို ညစ်ညမ်းစေတာပဲ "
" ငါ ငယ်ငယ်လေးနဲ့ သေခဲ့ရတာ နောင်တရလိုက်တာ။ ငါသာ အသက်ရှိနေဦးမယ်ဆိုရင် ဒီလူတွေမှာ ဘယ်လိုလုပ်ပြီး ကြွားပြနေဖို့ အခွင့်အရေးရှိမှာလဲ"
ရှဲ့ချောင်သည် ထိုစကားအားလုံးကို ကြားပြီးသည့်နောက် သူမ နားနာကျင်မှုကို ခံစားလိုက်ရ
လေသည်။
သူမ ချက်ချင်းပဲ သီးသန့်အခန်းကို တောင်းဆိုလိုက်လေသည်။
သူမ အပေါ်ထပ်သို့ တန်းပြီး တက်သွားလိုက်၏။ သို့သော်၊ သူမလှေကားပေါ်သို့ ခြေလှမ်းလိုက်သည်နှင့် လေအေးတစ်ချက် ဖြတ်တိုက်သွားရာ သူမ၏ ခေါင်းဆောင်း အား မကိုင်ထားနိုင်ဘဲ ဖြစ်သွားခဲ့ရပြီး လန်သွားခဲ့တော့သည်။။
ရှဲ့ချောင်မှာ ကြက်သေသေသွားခဲ့ရ၏။
"မင်းရဲ ခန္ဓာကိုယ်ကို ကြည့်ရုံနဲ့ အလှလေး တစ်ယောက်ဖြစ်မယ် ဆိုတာကို ငါသိတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မင်းက တကယ်ကို လှတာပဲ" ရည်မွန်သည့်ပုံပေါ်သည့် မနီးမဝေးတွင် ရှိ
နေသော ပညာသင်ကျောင်းသားဝိဉဥ်က ပြောလိုက်သည်။
ရှဲ့ချောင် အံကြိတ်လိုက်ရင်း။
ဒီ ဆန်ကုန်မြေလေးဝိဉာဉ်တော့။!!
" ဒီသခင်မလေးက ကျန်တဲ့သူတွေနဲ့ မတူဘူးလို့ မင်းတို့ ထင်လား။ သူမက သူမခေါင်းဆောင်း ကျသွားတာနှင့် ငါတို့ကို ကြည့်လာတာ။ သူမ တကယ်ပဲ ငါတို့ကို မြင်ရတာလား။ "
" နန်းမြို့တော်ထဲမှာ ပညာရှင်တစ်ယောက် တကယ် ရှိတယ်လို့ ငါကြားတယ်။ သူမက ကမ္ဘာနှစ်ခုလုံးနဲ့ ဆက်သွယ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒါက အမျိုးသမီးတာအိုဆရာမလေ။ ဒီသခင်မလေးကတော့ တော်တော်လေး အားနည်းတဲ့ ပုံပဲ။
သူမ လုပ်နိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ ငါပြောရဲတယ်။"
ရှဲ့ချောင် သက်ပြင်းချလိုက်မိသည်။
"ရှဲ့သခင်မလေး" ရှဲ့ချောင် အပေါ်ထပ်သို့ ရောက်သွားချိန် ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသည်။ "စားသောက်ဆိုင်က ရှဲ့အိမ်တော်နဲ့ ဝေးတယ် ထင်တယ်။ နင်ဘာလို့ ဒီမှာရှိနေတာလဲ။ "
"ငါ ဒီတိုင်းဖြတ်သွားရုံပဲ" ရှဲ့ချောင် ပြန်ဖြေလိုက်၏။
အပေါ်ထပ်တွင် ထိုင်နေကြသော လူအနည်းငယ်မှာ သစ်ခွခြံဝန်းမှ ဖြစ်ကြသည်။
ထိုနေရာတွင် စုစုပေါင်း လူလေးယောက်ရှိနေသည်။ ဖန်းမုရွှယ်၊ ရှားယာ့ယွင် နှင့် ရှဲ့ချောင်သိသည့် အခြားသခင်မလေး နှစ်ယောက်ဖြစ်ကြလေသည်။ သူတို့နှင့် အရင်က စကားမပြောဖူးသော်လည်း သူမ မှတ်မိသလောက်ဆိုလျှင် သူတို့သည် မုန့်ရှူရှန်း နှင့် ဖုန်းရွှမ်းရွှမ်းတို့ ဖြစ်ပေလိမ့်မည်။
"နင် ဒီကို ရောက်လာမှတော့ ဘာလို့ ငါတို့နဲ့ အတူ မထိုင်လဲ။အောက်ထပ်မှာ ကဗျာရွတ်နေကြတဲ့သူတွေ ရှိတယ်။ ဖန်းမုရွယ်သည် ပြုံးကာ ချက်ချင်းဆိုသလို ရှဲ့ချောင်ကို ဆွဲခေါ်လိုက်လေသည်။
ပန်းချီကား အတု၏ ဖြစ်ရပ်ကြောင့် သူမသည် သစ်ခွခြံဝန်းမှ သူများနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိလာသည်။
အနည်းဆုံးတော့ တစ်ယောက်နှင့် တစ်ယောက်
တသီးတခြားစီ ရပ်နေကြရမည့်အစား စကားဝိုင်းတစ်ခုတော့ ပြောဆိုနိုင်သေးသည်။
ထိုအထဲတွင် ရှားယာ့ယွင်တော့ မပါခဲ့ပေ။
" မလိုပါဘူး" ရှဲ့ချောင်က ပြေလိုက်၏။
သူမ ဒီနေ့ တစ်ယောက်တည်းသာ နေချင်သည်။
" ရှဲ့ချောင် နင်ရဲ့ အိမ်က အဝေးကြီးပဲကို။ နင် လမ်းကြုံ ဖြတ်သွားတယ်ဆိုတာ လိမ်နေတာမလား။" ရှားယာ့ယွင် သည် ပြုံးလျက် အောက်တွင် ရှိသော ကျောင်းသားများကို ဝေ့ကြည့်လိုက်ရင်း "ဖြစ်နိုင်တာက… နင့်အိမ်က လက်ထပ်ပွဲတစ်ခုကို စီစဉ်ထားလို့ ဒီနေရာကို အမျိုးသားတစ်ယောက် ရှာကြည့်ဖို့လာတာများလား။ ပြီးတော့၊
နင် ဒီနေ့ ဘာတွေ ဝတ်ထားတာလဲ။စုတ်ပြဲနေတဲ့ အဝတ်စနဲ့ အိတ်ရာခင်းစတွေ နဲ့ လုပ်ထားတဲ့ အဝတ်အစားတွေလား။ ရှဲ့မိသားစုက အဲ့ဒီလောက်တောင် ဆင်းရဲတာလား။ "
"ယာ့ယွင်" ဖန်းမုရွှယ်မှာ အတော်လေး စိတ်မကောင်း ဖြစ်သွားခဲ့သည်။ "ငါတို့က အတန်း အတူတူတွေပဲဟာ။ နင် ရှဲ့သခင်မလေးကိုပဲ တစ်ချိန်လုံး ပစ်မှတ်မထားပဲ နေလို့မရဘူးလား။
အခြားသခင်မလေး နှစ်ယောက်ကလည်း ခေါင်းညိတ်ကြသည်။
"ငါက အမှန်တရားကို ပြောနေတာလေ" ရှားယာ့ယွင်က နှုတ်ခမ်းစူလိုက်သည်။
"ငါ ကျောင်းတော်ကို သွားမလို့ပဲ၊ ဒါပေမယ့် ဝေါ
ယာဉ်က ပျက်သွားတယ်။ အဲ့ဒါကြောင့် ငါဒီမှာ ခဏနားမလို့ စဉ်းစားလိုက်တာ။" ရှဲ့ချောင်က ပြုံးလိုက်၏။ "ရှားသခင်မလေး၊ ဟုတ်တယ်၊ ငါ စုတ်ပြဲနေတဲ့ အဝတ်စနဲ့ အိတ်ရာခင်းစတွေနဲ့ လုပ်ထားတဲ့ အဝတ်အစားကို ဝတ်ထားတယ်။ ဒါက နင်ဝတ်ထားတဲ့လှပါတယ်ဆိုတဲ့ ဟာတွေထက် ပိုပြီးလှတယ်။ နင်ဒါနဲ့ ပတ်သက်ပြီးတော့ ဝမ်းနည်းနေလည်း အလကားပဲ။နင်ငါရဲ့ ပင်ကိုယ် အလှကို မယှဉ်နိုင်ပါဘူး"
ရှဲ့ချောင်က ဆက်ပြောလိုက်သည် " ငါတစ်ယောက်တည်းပဲ နေချင်တယ်၊ အဲ့ဒါကြောင့် နင်တို့နဲ့ အတူ ထိုင်မှာ မဟုတ်ဘူး။ "
သူမသည် ပြောပြီးသွားသည်နှင့် သူတို့အား ပြုံးပြလိုက်ပြီးနောက် တန်းပြီးလမ်းလျှောက်ထွက်သွားတော့သည်။
" ဘယ်လိုတောင် ကိုယ့်ကိုယ်ကိုယ်ကိုအထင်ကြီးနေတာ" ရှားယာ့ယွင် မျက်လုံးလှိမ့်လိုက်သည်။
ဖန်းမုရွှယ်၏ မျက်နှာ အမူအရာမှာ တင်းမာနေရင်း "ငါတို့ရှဲ့ချောင်နဲ့စကားပြောတိုင်း နင်ကြားက အမြဲ မဟုတ်တဲ့စကားတွေ လိုက်လိုက်ပြောတယ်။ယာ့ယွင် နင်မပြောင်းလဲဘူးဆို နောက်တစ်ခါ လက်ဖက်ရည်သောက်ဖို့ အပြင်ထွက်ရင် ငါနင့်ကိုမခေါ်တော့ဘူး။"
ရှားယာ့ယွင် မျက်နှာမှာလည်း စတင် တင်းမာလာကာ "ညီအစ်မ မုရွယ်၊ ငါက နင့်ကို ကူညီပေးနေတာပါ။ နင် သူ့ကို တကယ် ဖိတ်ခေါ်ချင်တယ်ဆိုရင်၊ သူက တကယ်ပဲ လက်ဖက်ရည်ရဲ့ ကွာခြားမှုကို ပြောနိုင်မှာလား။ အဲ့လိုဆိုရင် ကသိကအောက်ကြီး ဖြစ်လိမ့်မယ် မဟုတ်လား။ "ပျိုနီ ပန်းပွင့်တွေကို ဝါးစားတဲ့ နွား" (အရသာမခံတတ်တာ၊ အဖိုးတန်တာကို မခံစား၊ မသိနားမလည်တာ) ဆိုတဲ့ စကားပုံကို နင်မကြားဖူးတဲ့ပုံလည်း မပေါ်ပါဘူး "
•••••