← Chapters

တရားမျှတမှုကို တောင်းဆိုခြင်း

Vol. 13 Ch. 227

တရားမျှတမှုကို တောင်းဆိုခြင်း

Vol. 13 Ch. 227

တကယ်တမ်းတွင်၊ ရှားယာ့ယွင်သည် ထိုစကားကို ပြောသည့်အချိန်၌ တဲ့တိုးဆန်သော်လည်း၊ ဖန်းမုရွှယ်မှာ သူမမှားသည်ဟုတော့ မပြောနိုင်ခဲ့ပေ။

သူတို့သည် ဤနေရာသို့ အောက်ထပ်တွင် ရှိနေကြသည့် ပညာသင်ကျောင်းသားများကို ကြည့်ရန်သက်သက် လာခဲ့ခြင်းမဟုတ်ခဲ့ပေ။ ဤ စားသောက်ဆိုင်သည် လက်ဖက်စိမ်း ရရှိထားသည်ဟု ကြားထားတာကြောင့် အရသာမြည်းကြည့်ရန် အတွက် ဒီကို လာခဲ့ခြင်းဖြစ်သည်။ သီးသန့် အခန်းထဲတွင် တည်ခင်းပေးထားသော လက်ဖက်ရည် တချို့ရှိသည်။

လက်ဖက်စိမ်းအပြင်၊ တခြားသော လက်ဖက်ရွက် အမျိုးအစားပေါင်း ဆယ်မမျိုးလည်း ရှိပေသည်။

"ရှဲ့သခင်မလေးက လက်ဖက်ရည်အကြောင်းကို တော်တော်များများ သိလောက်တယ်။ နောက်ပြီးတော့ သူမက ငါတို့နဲ့ ပေါင်းဖို့ ဆန္ဒ မှ မရှိဘဲ။ နင့်မှာ သူမကို ဝေဖန်ဖို့ အခွင့်အရေးရှိတယ်လို့ ဘယ်အရာကများ ထင်စေတာလဲ" ဖန်းမုရွှယ်မှာ မပွင့်တပွင့် ရေရွတ်လျက် ကူကယ်ရာမဲ့စွာ ခံစားနေရလေသည်။

ရှဲ့ချောင်သည် သီးသန့် အခန်းထဲသို့ ဝင်သွားသည် နှင့် တံခါးကို ပိတ်လိုက်၏။

မကောင်းဆိုးဝါးဝိဉာဉ်များ အတွက်မူ၊ တံခါးပိတ်လိုက်လည်း အချည်းနှီးသာ ဖြစ်သည်။

မျက်စိတစ်မှိတ်စာ အတွင်း၊ သူမ မျက်နှာချင်းဆိုင်ရှိ စားပွဲနားတွင် မကောင်းဆိုးဝါးဝိဉာဉ် သုံးကောင် ပေါ်ထွက်လာခဲ့သည်။ သူမ၏ ဘယ်ညာ တစ်ဖက်တစ်ချက်စီတွင်လည်း တစ်ကောင်စီရှိလေသည်။

၎င်းတို့ အားလုံးသည် ပညာသင် ကျောင်းသားများ ဖြစ်ကြသည်။

" ငါ ထင်တာတော့ ဒီသခင်မလေးက ဖယ်ကြဉ်ခံထားရတာပဲ။ ငါ မြင်ရသလောက် သူမက ဘေးအခန်းက သခင်မလေးတွေနဲ့ ဝတ်စားထားတာက မတူဘူး။ သူတို့တွေက ချမ်းသာတဲ့ မိသားစုတွေက ဖြစ်မယ်"

" ချမ်းသာတဲ့ မိသားစုတွေက သခင်မလေးတွေက အဆိုးဆုံးပဲ။ ငါ အရင်တုန်းက သခင်မလေး

တစ်ယောက်ကို ငါ့ကို လက်ထပ်ဖို့အတွက် တောင်းဆိုခဲ့ပေမယ့်၊ အလည်အပတ်တောင် မလုပ်လိုက်ရဘဲ နှင်ထုတ်ခံလိုက်ရတယ်။ အဲ့ဒီ ဘေးခန်းက သူတွေကလည်း ဆိုးတဲ့သူတွေ ဆိုတာ ငါပြောရဲတယ်။" ပညာသင်ကျောင်းသားမှာ ဒေါသထွက်နေသည့် အမူအရာနှင့် ပြောလိုက်သည်။

ရှဲ့ချောင် သူမ၏ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

သူမသည် သာမန်ကာလျှံကာနှင့် ထို ပညာသင်ကျောင်းသားကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

သူ့မျက်နှာကို မြင်လိုက်ရသည်နှင့် တန်းပြီး စိတ်ပျက်သွားတော့သည်။

သူက နှင်ထုတ်ဖို့တောင် တန်လို့လား၊ မတန်ဘူး!!

သူကို ကြည့်ပါဦး။။သူ့တွင် မသန့်စင်သော စိတ်ဝိဉာဉ်နှင့် ပြားသော မျက်နှာမျိုးရှိသည်။ ၎င်းမှာ ကံမကောင်းသော မျက်နှာဖြစ်သည်။ သူ့ထံ၌ ကြီးမားသော နှာခေါင်းနှင့် ထူထဲသော မျက်ခုံးတို့ ရှိသည်။ သူစကားပြောသည့် အခါတွင်လည်း ကြွားဝါပြောဆိုတတ်သည်။ သူသည် ဆိုးဝါးသည့် အကျင့်စရိုက်ရှိပြီး နိမ့်ကျတဲ့မိသားစုမှ လာတယ်ဆိုတာကို ပြောနိုင်ပေသည်။

သူအလည်အပတ်သွားသည့် အခါက ဘယ်လောက်ပဲ လျော်ကန် သင့်တင့်နေပါစေ၊ သူ၏ တောင်းဆိုချက်များမှာ ကျိုးကြောင်းဆီလျော်မှုမရှိလောက်ပေ။ သူ အိမ်ထဲကနေ မောင်းထုတ်ခံရခြင်းမှာ ယုတ္တိရှိလှပေသည်။

"ငါတို့တွေ ဒီသခင်မလေး အတွက် ဘာလို့ တရား

မျှတမှုကို မတောင်းဆိုရမှာလဲ။ " ပညာသင်ကျောင်းသား ဝိဉာဉ်မှာ ထိုစကားကို ပြောလိုက်သည်နှင့် ရုတ်တရက် စိတ်လှုပ်ရှားသွားတော့သည်။

ရှဲ့ချောင် တစ်ယောက် မျက်ခွံလှုပ်သွားခဲ့လေသည်။

သူမ အတွက် တရားမျှတမှုကို တောင်းဆိုမယ်တဲ့လား။

ဟား၊ သူက ဒါကို အစကတည်းက လုပ်ချင်နေခဲ့ပေမယ့် လက်ဦးမှုယူဖို့ကို အလွန်ရှက်နေတာလေ။ အခုတော့ အရှက်မရှိတဲ့ဟာ တစ်ခု လုပ်ဖို့အတွက် သူမကို အသုံးချတော့မယ်ပေါ့!

"ဆိုကြပါစို့၊ အဲ့ဒီသခင်မလေးတွေသာ လူပုံ

အလယ်မှာ ဖိုသီဖတ်သီ အပြုအမူမျိူးနဲ့ ထွက်သွားရရင် အနာဂတ်မှာ သူတို့တွေ ဂုဏ်သရေရှိမိသားစုနဲ့ ကျိန်းသေ လက်ထပ်နိုင်မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား။ ဒီမှာ ပါရမီရှိတဲ့ ပညာတတ် တော်တော်များများကို ငါတွေ့တယ်။ ငါတို့တွေ သူတို့ကို အောင်သွယ်ပေးလိုက်သင့်လား။ " ထိုမကောင်းဆိုးဝါး ဝိဉာဉ်က ထပ်ပြောလိုက်သည်။

တခြား ပညာသင်ကျောင်းသားဝိဉာဉ်များသည် သူ့ကို ရယ်ကြလေ၏။

ရှဲ့ချောင်မျက်မှောင်ကြုတ်လိုက်မိသည်။

ဒါသည် မှန်ပေသည်။ ဤနေရာကို လာကြသည့် ပညာသင်ကျောင်းသားဝိဉာဉ်များသည် များသော အားဖြင့် အဆင့်နိမ့်အတန်းမှ စာတတ်ပေတတ်များဖြစ်ကြသည်။

သူတို့သည် နှစ်များစွာ စာပေလေ့လာသင်ယူခဲ့ပြီးသည့်နောက် ရုတ်တရက် သေဆုံးသွားခဲ့ကြသည်။ သူတို့တွင် မကျေမချမ်းမှုများ ရှိနေဆဲ ဖြစ်သည်မှာ အဓိပ္ပာယ်ရှိလှသည်။

သို့သော်၊ အခုချိန်တွင် ရှဲ့ချောင်စကား မပြောလိုက်သင့်ပေ။ အကြောင်းမှာ ၊အောက်ထပ်တွင် မကောင်းဆိုးဝါးဝိဉာဉ် များစွာ ရှိနေသောကြောင့် ဖြစ်သည်။ သူမ စကားပြောလိုက်မည်ဆိုပါက၊ သူမသည် ဝိဉာဉ်များကို မြင်ရကြောင်း ပြသလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင်၊ ယနေ့ သူမ ကိုင်ဆောင်ထားသော အဆောင်လက်ဖွဲ့များသည် သူမအား သေချာပေါက် ကာကွယ်ပေးနိုင်တော့မည် မဟုတ်ပေ။

သို့ရာတွင် သူမသည် အမတအရှင် တစ်ယောက်ဖြစ်သည်။

ဤအရေးသည် သူမ မျက်စိရှေ့တွင် သာ ဖြစ်ပျက်နေပြီး၊ သူမသည်လည်း ၎င်းကို သတိမူမိသည်။ သူမ ထိုကိစ္စကို ဘာမှ မလုပ်ခဲ့ဘူးဆိုလျှင် အစောပိုင်းက ဝိဉာဉ်များကိုပြန်ဝင်စားအောင် လုပ်ပေးခဲ့ခြင်းမှ စုဆောင်းရရှိခဲ့သော ကံအကျိုးပေး များသည် အလဟဿ ဖြစ်သွားပေလိမ့်မည်။ သူမသည် ဆုံးရှုံးမှုတစ်ခုအား ခံစားရပေလိမ့်မည်။ ရှာယာ့ယွင်ကို မေ့ထားလျှင်တောင်၊ သူမ အခြားသူများကိုတော့ ကာကွယ်သင့်ပေသည်။

ရှဲ့ချောင် သူမအတွေးနှင့် သူမ ရှိနေစဉ်၊ မကောင်းဆိုးဝါးဝိဉာဉ် အနည်းငယ်မှာ တစ်ဖက် အခန်းဆီသို့ သွားနှင့်ပြီဖြစ်သည်။

၎င်းသည် လက်ဖက်ရည်စားပွဲ နှစ်ခုနှင့် ကြီးမားသည့် သီးသန့်အခန်းကြီးတစ်ခု ဖြစ်သည်။ စားပွဲတစ်ခုစီတွင် လက်ဖက်ရည် ပြုလုပ်ဖို့ရန် အတွက်

မီးဖိုငယ်တစ်ခုစီလည်း ရှိသည်။

မကောင်းဆိုးဝါးဝိဉာဉ်များသည် အခန်းထဲသို့ ရောက်သည်နှင့် ထူးဆန်းသော အမူအရာများနှင့် ပြုံးလိုက်ကြ၏။

နောက်တစ်စက္ကန့်အတွင်းမှာပင်၊ လူလေးယောက် ရှေ့တွင် ရှိသည့် လက်ဖက်ရည်ကို ဆူပွက်အောင်လုပ်ထားသော ကျောက်မီးသွေးမီးဖိုမှ တဖြောက်ဖြောက်မြည်သံ ရုတ်တရက်ထွက်ပေါက်လာတော့သည်။ မီးပွားများမှာ ပျံဝဲနေကြလေ၏။

"အား" ဖန်းမုရွှယ်နှင့် ကျန်သည့်သူများမှာ အလန့်တကြားဖြစ်သွားကြကာ ချက်ချင်း ထခုန်လိုက်ကြသည်။

မီးပွားများသည် ဘာကြောင့် သူတို့၏ စကတ်စပေါ်သို့ ကျလာကြောင်းကို မသိကြပေ။

ရုတ်တရက် ၊မီးထလောင်တော့သည်။

အမျိုးသမီးအစေခံများမှာ တုန်လှုပ်သွားကြ၏။ သူတို့၏ သခင်မလေးများအတွက် မီးငြှိမ်းပေးရန်အရှေ့ဘက်သို့ ချက်ချင်း ပြေးသွားကြသည်။ မီးငြိမ်းသွားသည်နှင့် သူတို့၏ အဝတ်အစားများမှာ ရှုပ်ပွပေကျံသွားကုန်၏။ ထိုအချိန်၊ အောက်ထပ်ရှိ ပညာသင်ကျောင်းသားနှစ်ယောက်မှာ တစ်စုံတစ်ရာအား အနံ့ရသွားကာ အပေါ်ထပ်ရှိ မီးစ များအား မြင်သွားပုံရလေသည်။

••••••

All Chapters