ဂုဏ်သတင်း
Vol. 13 Ch. 228
ဖန်းမုရွှယ်နှင့် ကျန်သည့်သူများ၏ အော်သံများမှာလည်း တခြားသူများ၏ အာရုံစိုက်မှုကို ဖမ်းစားသွားလေသည်။
ပညာသင်ကျောင်းသားနှစ်ယောက်မှာ ချက်ချင်းဆိုသလို အပေါ်ထပ်သို့ ပြေးတက်လာခဲ့သည်။
ရှဲ့ချောင်ဘယ်လိုလုပ်ပြီး တွေးနေနိုင်မှာလဲ။ သူမသည် သီးသန့်ခန်း ၏ အပြင် ဘက်သို့ လမ်းလျှောက်ထွက်သွားလိုက်သည်။ ထို ပညာသင်ကျောင်းသားများ ရန်လိုသော အမုအရာနှင့် လာနေကြတာကို ကြည့် ပြီး ရှဲ့ချောင်တစ်ယောက် ကြက်သေသေသွားခဲ့သည်။
သူမသည် ဆိုင်ရှင်ကို မြင်လိုက်တာကြောင့် ၊ချက်ချင်းပဲ ရှေ့သို့ လျှောက်သွားလိုက်ကာ "သီး
သန့်အခန်းထဲမှာ ဂုဏ်သရေရှိ မိသားစုက သခင်မလေးတွေရှိတယ်။ ဘယ်သူမှ ဝင်မသွားလိုက်သင့်ဘူး။ မီးငြှိမ်းဖို့ အတွက် အနောက်ဖက်ဝန်းထဲမှာရှိတဲ့ အထိန်းတော်တွေကို ကူခိုင်းလိုက်ပါ။"
ဆိုင်ရှင်မှာ တိတ်တဆိတ်အံ့ဩသွားကာ ချက်ချင်းတုံ့ပြန်လိုက်လေသည်။
မီးသည်ပြင်းထန်ပါက ၊ အခုချက်ချင်း လူတွေ အခန်းထဲက ထွက်သွားသင့်ပေသည်။။
"မြန်မြန်၊ တစ်ယောက်ယောက်ကို ရေယူလာခိုင်းလိုက်။" ဆိုင်ရှင်သည် ချက်ချင်းပဲ အော်ပြောလိုက်ကာ ကျောင်းသားများအား အောက်ထပ်သို့ မောင်းထုတ်ရန် စားပွဲထိုး အား ခိုင်းလိုက်၏။။
ထိုနေရာတွင် ရှိသည့် သခင်မလေးများမှာ ဂုဏ်
သရေ ရှိမိသားစုများ မှဖြစ်ကြသည်။ ဒီနေရာတွင်သာ သူတို့ တစ်ခုခုဖြစ်သွားကြလျှင်၊ သူ၏ စားသောက်ဆိုင်သည် ဆုံးရှုံးမှုကြီးတစ်ခု ကြုံတွေ့ရပေလိမ့်မည်။။
ထိုစဉ် အခန်းထဲတွင် ရှိကြသည့် ဖန်းမုရွှယ်နှင့် ကျန်သည့် သူများမှာ ထိတ်လန့်တကြားဖြစ်နေကြလေသည်။ မီးစများ ဆက်တိုက်ထွက်လာနေသည့် ကျောက်မီးသွေးမီးဖိုသည် ဘာဖြစ်သွားသလဲဆိုတာကို သူတို့ မသိကြပေ။ မီးစများသည် သေးငယ်လွန်းတာကြောင့် သစ်သားကြမ်းခင်းမှာ မီးမလောင်နိုင်ပေ။ သို့သော်၊ သူတို့၏ အဝတ်အစားများမှာတော့ မျက်စိတစ်မှိတ်စာ အတွင်း၊ အပေါက်များ ဖြစ်သွားခဲ့ရလေသည်။ သူတို့ ချွတ်ထားခဲ့သည် အပေါ်ထပ်ဝတ်ရုံများမှာလည်း တစ်ထည်လုံး လောင်ကျွမ်းသွားပြီဖြစ်သည်။
သို့ဖြစ်ရာ၊ သူတို့သည် အခုဆိုလျှင် အတော်လေး
ဖရိုဖရဲ ဖြစ်နေကြသည်။ သူတို့ အပြင်ဘက်ရှိလူများ ပြောနေတာကို ကြားနေရသည်။ သူတို့က အထဲကို ဝင်လာချင်နေကြတဲ့ပုံပင်။။
တစ်စုံတစ်ယောက်ကသာ သူတို့ကို တကယ်မြင်သွားခဲ့ပါက၊ သူတို့ရဲ့ အဆုံးသတ် ဖြစ်လိမ့်မည် မဟုတ်လော။
သူတို့သည် အနည်းငယ် နောင်တရသွားသော်လည်း၊ ကြောက်လန့်နေခဲ့ကြပြီး ဆူဆူညံညံ မလုပ်ရဲခဲ့ကြပေ။
ကံကောင်းစွာနှင့် ရှဲ့ချောင်က အခြေအနေကို ကိုယ်တွယ် ဖြေရှင်းခဲ့သည်။
မကြာမီ၊ ရေသယ်လာကြသည့် အထိန်းတော် များ
ရောက်လာခဲ့သည်။ သူတို့သည်တံခါးကို ကန်ဖွင့်လိုက်ကြ၏။
ပညာသင်ကျောင်းသား ဝိဉာဉ် အနည်စုမှာစားပွဲဘေးတွင် ထိုင်ကာ မြင်ကွင်းအား ပျော်ရွှင်စွာနှင့် ပြုံးပြုံးကြီးကြည့်နေကြသည်။ သူတို့သည် မလုံလောက်သေး ဟုတွေးမိကြ၏။သူတို့ မီးစများကို ဆက်မွှေနေခဲ့ကြလေသည်။ သခင်မလေး များမှာ ဝေးဝေးတွင် သွားပုန်းနေကြသည်။ သူတို့ ကိုယ်ပေါ်ရှိမီးလောင်သည့် အဝတ်အစားများမှာ ဖယ်ရှားပြီးပြီဖြစ်သော်လည်း သူတို့ ကြောက်လန့်နေကြဆဲပင်။
အထိန်းတော်များသည် အခန်းထဲသို့ ရောက်လာကြသည်နှင့် ရှေ့သို့ တက်ကာ မီးဖိုထဲသို့ ရေလောင်းလိုက်ရာ နားအူစေသည့် ဆူညံသံများကို ကြားလိုက်ကြရ၏။
ကျောက်မီးသွေးမီးဖို မှ အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်။
အနံ့မှာ စူးရှပြင်းထန်လှသည်။
ဆိုင်ရှင်မှာ အပြင်ဘက်တွင် စောင့်နေရင်း ထိုအနံ့ကို ရသွားသောအခါ ထိတ်လန့်သွားခဲ့သည်။ "အဲ့ဒါတွေက အကောင်းစား ကျောက်မီးသွေးတွေ မဟုတ်လား။ ဒီလောက် အနံ့ပြင်းတာ မဖြစ်နိုင်ဘူး "
ရှဲ့ချောင်မှာ ကူကယ်ရာမဲ့သွားလေသည်။ သူမသည် အိတ်ငယ်ထဲမှ နတ်ဘုရားပုံအား ထုတ်လိုက်ကာ၊ တံခါးကို ဖွင့်လိုက်ပြီးနောက် တံခါးပေါ်တွင် ဖိကပ်လိုက်သည်။ ၎င်းပေါ်တွင် ကပ်စရာ ဘာမှ မရှိသော်လည်း၊ ရုပ်ပုံသည် တံခါးပေါ်တွင် မြဲမြံစွာကပ်နေခဲ့သည်။ လေတောင်မှ ၎င်းကို ရွေ့အောင် မလုပ်နိုင်ခဲ့ပေ။
ရုပ်ပုံပြလိုက်သည်နှင့် ပညာသင်ကျောင်းသားဝိဉာဉ်များ၏ မျက်နှာ အမူအရာမှာ ပြောင်းလဲသွားတော့သည်။
ရှဲ့ချောင်သည် လျင်မြန်လှသည်။ သူမသည် အဆောင်လက်ဖွဲ့ကို မီးရှို့လိုက်ပြီး၊ လောင်သွားသော အဆောင်နှင့် အတူ ပိုက်ဆံအပြည့်ရေတစ်ငုံသောက်လိုက်၏။ သူမသည် မက်မွန်သစ်သား ဓားငယ်ကို ကိုင်ထားပြီး ၎င်းအပေါ်သို့ ရေထွေးထုတ်လိုက်သည်။ သူမသည် အဆောင်ရေနှင့် ဓားအား ဖြေးညင်းစွာ ဝေ့ယမ်းလိုက်ကာ မကောင်းဆိုးဝါးဝိဉာဉ်များပေါ်တွင် စိုက်ချလိုက်သည်မှာ သူမထံတွင် အတောင်ပံများပေါက်သကဲ့သို့ ပင်ဖြစ်သည်။
အဆောင်ရေနှင့် ထိတွေ့ခံရသောအခါ မကောင်းဆိုးဝါးဝိဉာဉ်များမှာ ပြင်းထန်သော
နာကျင်မှုကို ခံစားကြရတော့သည်။
သူတို့သည် ကြမ်းပြင်ပေါ်တွင် တွားသွားကာ လှိမ့်ပြီးပြေးသွားကြတော့သည်။
ပညာသင်ကျောင်းသားဝိဉာဉ် များ မရှိတော့တာကြောင့် အခန်းမှာ တိတ်ဆိတ်သွား၏။
မီးစမီးပွားများ သာမက မီးခိုးငွေ့များလည်း ပျောက်ကွယ်သွားသည်။ အခန်းထဲတွင် မည်သည့်လေမှ တိုက်ခတ်မနေ။ တံခါးတွင် ရှိသော နတ်ဘုရားရုပ်ပုံမှာ အလိုလို ပြုတ်ကျသွားခဲ့လေသည်။
ရှဲ့ချောင်သူမ၏ ပစ္စည်းများကို ဂရုတစိုက်သိမ်းဆည်းလိုက်သည်။
ဖန်းမုရွှယ်နှင့် ကျန်သည့်သူများမှာ ဆိုးဝါးသည့်ပုံပေါ်နေကြသည်။ သူမသည် အစေခံများကို ချက်ချင်းပြောလိုက်၏ "ငါတို့ အတွက် အဝတ်အစားတွေ သွားဝယ်၊ ပြီးတော့၊ နင်၊ တံခါးမှာ စောင့်ကြည့်နေ၊ တစ်ယောက်မှ အထဲဝင်ခွင့် မပေးနဲ့"
အထိန်းတော်များသည် ချက်ချင်းပဲ ထွက်ခွာသွားကြသည်။
ဖန်းမုရွှယ်တစ်ယောက် အစီအစဉ်များကို ပြုလုပ်မှာကြားပြီးသည်နှင့် ၊ ရှဲ့ချောင်ဆီသို့ ပြေးသွားလိုက်သည်။ "ရှဲ့သခင်မလေး၊ ကျေးဇူး အများကြီးတင်ပါတယ်။ တကယ်လို့ အပြင်ကလူတွေသာ ဝင်လာခဲ့မယ်ဆိုရင်၊ ငါတို့တွေတကယ်…. ကျဉ်းထဲကျပ်ထဲ ရောက်ပြီပဲ"
အထဲသို့ ဝင်လာချင်ကြသော အောက်ထပ်က လူ
များသည် အကြင်နာတရားကြောင့်ဆိုတာ သူမ သိသော်လည်း သူမတို့သည် သခင်မလေးများ ဖြစ်ကြသည်။ သူမတို့၏ နာမည် ဂုဏ်သတင်းသည် ပိုအရေးပါပေသည်။
လူတစ်ယောက်၏ ဂုဏ်သတင်းကို ဆုံးရှုံးသွားခြင်းသည် ထိုလူ၏ ဘဝဆုံးသွားခြင်းနှင့် တူညီပေသည်။
"နင် နာသွားသေးလား" ရှဲ့ချောင်သည် ဂရုတစိုက်မေးလိုက်၏။
ဖန်းမုရွှယ်မှာ ချက်ချင်းပဲ ခေါင်းခါ ပြလိုက်သည် "ငါ မနာပါဘူး။ ငါတို့တွေ စောစောက မီးငြှိမ်းနေတုန်း နည်းနည်း ထိသွားရုံပါပဲ။ နည်းနည်းတော့ နာပေမယ့်၊ ဒါဘာမှ မဟုတ်ပါဘူး"
••••••