အကူအညီ
Vol. 13 Ch. 229
ဖန်းမုရွှယ်စကားဆုံးသည်နှင့် မုန့်ရှူရှန်းနှင့် ဖုန်းရွှမ်းရွမ်းတို့သည်လည်း ရှဲ့ချောင်ကို ကျေးဇူးတင်ဖို့ရန် ရှေ့သို့ လှမ်းလာကြသည်။
" အာ၊ နင်ဝင်လာတုန်းက…. ဘာလုပ်နေခဲ့တာလဲ။ ဒီနေရာမှာ…. ညစ်ညမ်းတဲ့ အရာတစ်ခုခုများ ရှိနေခဲ့လို့လား။" ဖုန်းရွှမ်းရွှမ်းသည် ဂရုတစိုက်နဲ့ မေးလိုက်၏။
သူမ၏ မျက်နှာမှာ ဖြူဖျော့နေသည်။ သူမ၏ အဝတ်အစားများ စုတ်ပြဲနေ၍သာ မဟုတ်ခဲ့လျှင် အခုချိန် သေချာပေါက် ပြေးထွက်သွားပြီးနေလောက်ပြီပင်။ ဒီလို ကျောချမ်းစရာ ကောင်းတဲ့ နေရာမျိုးမှာ သူမ နေနေမှာ မဟုတ်ဘူး။!
သူတို့ ယခင်ကလည်း လက်ဖက်ရည် ပြုလုပ်ဖူးကြသည်ဖြစ်ရာ မီးကို မထိန်းညှိနိုင်စရာ အကြောင်းမရှိပေ။
ထို့ပြင် ဖီးဖိုလေးခုစလုံး တစ်ချိန်တည်းတွင် တစ်စုံတစ်ရာ မှားယွင်းသွားခြင်းမှာ ပုံမှန်မဟုတ်ပေ။
"ဒုက္ခ မရောက်ခင် သတိထားတာပိုကောင်းတယ်။ ဒီနေ့ က ထူးခြားတဲ့ နေ့တစ်နေ့ပဲ။ငါ ဒါကို ဘေးကင်းဖို့ သက်သက် လုပ်ခဲ့တာ" ရှဲ့ချောင်က ရှင်းပြလိုက်၏။
ဖန်းမုရွှယ်နှင့် ကျန်သည့်သူများသည် ဒါကို အံ့ဩစရာ ကောင်းသည်ဟု မမြင်ကြပေ။ ထို့ပြင် ရှဲ့ချောင်သည် တာအိုဘုရားကျောင်းတွင် ကြီးပြင်း
လာခဲ့သည်ဟု သူတို့ ကြားထားသည်။
" ဒါ အမှန်ပဲ။ ဒီနေ့ဖြစ်သွားတာအတွက် ငါတို့ကိုပဲ အပြစ်တင်သင့်တယ်။" ဖန်းမုရွှယ်မှာ သူမရင်ဘတ်ကို ပုတ်လိုက်၏။ "နင်လုပ်ခဲ့တာက တော်တော်ကောင်းတယ်။ နင် အဆောင်ရေတစ်ငုံစာ ထွေးလိုက်ပြီးတော့ မှ အခန်းက အခုပိုပြီး သန့်ရှင်းသွားတယ်လို့ ငါခံစားရတယ်။ မီးက ငြိမ်းသွားပြီ၊ မီးခိုးငွေ့တွေလည်း မရှိတော့ဘူး။ ဒါတကယ် အလုပ်ဖြစ်တာပဲ။ "
ရှဲ့ချောင်သည် ဝတ်ကျေတမ်းကျေပုံစံနှင့် တခစ်ခစ်ရယ် လိုက်သည်။
ဒါပေါ့၊ သူမ လောင်ကျွမ်းအောင် လုပ်လိုက်တဲ့ အဆောင်က ရေးဆွဲဖို့ ခက်သည်။ လူတစ်ယောက်သည် အချိန် နှစ်နာရီ အတွင်း၊ အဆောင် အနည်းငယ်ကိုသာ ရေးဆွဲနိုင်ပေသည်။
"အပိုတွေ" ရှားယာ့ယွင် နောက်ကနေ သရော်လိုက်လေသည်။
' မီးငြှိမ်းခဲ့တာက အထိန်းတော်တွေလေ။ အဲဒါက ရှဲ့ချောင်နဲ့ ဘာဆိုင်လို့လဲ'
ထိုစကားကို ကြားလိုက်ရသည်နှင့် ဖန်းမုရွှယ်မှာ စိတ်မချမ်းမသာ ဖြစ်သွားခဲ့လေသည်။ "ရှားယာ့ယွင် ရှဲ့ချောင်ကြောင့်သာ မဟုတ်ခဲ့ရင်၊ ငါတို့ လေးယောက်စလုံး နန်းမြို့တော်မှာ လူရယ်စရာ ဖြစ်လာမှာလေ။ နင့်မိဘတွေက နင့်ကို ဘုန်းကြီးကျောင်း ပို့လိုက်ပြီးတော့ ၊နင်ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို အဲ့ဒီမှာပဲ ကုန်ဆုံးသွားစေမှာကို လိုချင်နေတာလား။"
ရှားယာ့ယွင် မှာ တိတ်တဆိတ် ဒေါသ ထွက်သွား
သော်လည်း ရှဲ့ချောင် တကယ် သူမတို့ကို ကူညီခဲ့တာကိုတော့ ဝန်ခံရပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပဲ၊ သူမ စိတ်ထဲ မလိုလားဖြစ်နေတာပင်။
စင်စစ်တွင်၊ ရှဲ့ချောင်သည် ရှာယာ့ယွင် ၏ အပြုအမူပေါ် စိတ်မဆိုးခဲ့ပေ။
အကြောင်းမှာ၊ ပြန်ရစရာ အကူအညီ ရှိနေတာကြောင့်ဖြစ်သည်။
ယနေ့၊ သူမသာ ဤနေရာတွင် ရှိမနေခဲ့လျှင်၊ ပညာသင်ကျောင်းသားဝိဉာဉ်အနည်းစုသည် သူတို့နှင့် ကမောက်ကမ ဖြစ်အောင်လုပ်ဖို့အတွက် အပေါ်ယံ အကြောင်းပြချက်များ ကျိန်းသေ ရှာလိမ့်မည်ဖြစ်သည်။ သို့ဖြစ်ရာ၊ ဤ အရေးအား
ဝင်ရောက်စွက်ဖက်တာကြောင့်၊ သူမရလာမည့် ကုသိုလ်ကံ မရှိပေ။
သို့သော်၊ အခုချိန်တွင် သူတို့အား သူမ ကူညီပေးလိုက်ပြီဖြစ်ပြီး၊ နတ်ဘုရား၏ ရုပ်ပုံကိုလည်း ပြသလိုက်ပြီဖြစ်သောကြောင့်၊ သူတို့ နတ်ဘုရားအပေါ် လေးစားသမှုရှိလျှင် ကောင်းပေလိမ့်မည်။ သို့ရာတွင်၊ ရှားယာ့ယွင် ကတော့ သိသိသာသာကို မထိမဲ့မြင် ပြုနေသည်။ ယနေ့သည် ထူးခြားသော နေ့ဖြစ်သည်။ မကောင်းသော စွမ်းအင်မှာ အားကောင်းနေ၏။ သူမသာ တစ်စုံတစ်ရာ မှားယွင်းပြောဆိုမိပါက၊ သူမ ကံဆိုးရပေလိမ့်မည်။
ဂမ္ဘီရဉာဏ်စွမ်းပြသရသလိုပင်၊၊ အခကြေးငွေ ဘယ်လောက်ဖြစ်နေပါစေ၊ လက်ခံရမည်သာ ဖြစ်သည်။
ကြမ္မာဆိုးရှိသောသူ၊ ဘေးဒုက္ခ ကြုံရတော့မည်သူ၊ ဘဝ လမ်းဆုံး ရောက်တော့မည်သူတစ်ယောက်ကို မဟောသ၍ပင်။
ဘေးဒုက္ခသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ လူတစ်ယောက်သည် နတ်ဘုရားအပေါ် ကျေးဇူးကြွေး မတင်သင့်။ သူတို့သည် ဤပြဿနာ အတွက် ကျေးဇူးပြန်ဆပ်စရာ မလိုသော်လည်း၊ လုံးလုံးလျားလျား အမှုမထားဘဲတော့ မနေသင့်ပေ။
ရှဲ့ချောင်သည် ရှာယာ့ယွင် အား ကြည့်လိုက်သည်။ သူမ၏ လက်မှာ နာကျင်နေသည့် ပုံပေါ်လေသည်။
သူမ လက်ဖဝါးပေါ်ရှိ အသက်လမ်းကြောင်းမှာ လက်ချောင်းအဆက်ထိ ရောက်သည်။ ၎င်းမှာ ချမ်းသာ ကြွယ်ဝခြင်း ကံတရား ဖြစ်သည်။
သူမ၏ လက်ဖဝါးမှာ သန့်ရှင်းနေကာ၊ လက်ညှိုးမှာတော့ အနီရောင် အမှတ်တစ်ခုဖြစ်နေသည့် အနာတစ်ခု ရှိနေလေသည်။ အမှတ်သည် သူမ၏ လက်သန်းအဆုံးနားအထိ ဆက်သွားသည်။ သူမ၏ အနာမပျောက်ကင်းခင် ဘေးဒုက္ခတစ်ခု ကျိန်းသေကြုံတွေ့ရပေလိမ့်မည်။
တခြားသူတစ်ယောက်သာ ဖြစ်နေခဲ့ပါက ကပ်ဘေးကို ရှောင်ရှားရန် ရှဲ့ချောင် သည် အဖြေတစ်ခုရှာပေးမည်ဖြစ်သည်။
သို့သော်၊ သူမသည် ရှားယာ့ယွင် ကိုတော့ သနားကြင်နာမှု ပြသလိမ့်မည် မဟုတ်ပေ။
"ငါတောင်းပန်ပါတယ်၊ ရှဲ့ချောင်။ ငါတို့ ဒီတစ်ကြိမ် နင့်အပေါ် အကြွေးတင်သွားပြီ။ နောင်တစ်ချိန် နင့်မှာ လိုအပ်တာတစ်ခုခုရှိရင် ငါတို့ တတ်နိုင်သမျှ အကုန် လုပ်ပေးမှာပါ။" ဖန်းမုရွှယ်က ရှဲ့
ချောင်အား ပြောလိုက်သည်။
မုန့်ရှူရှန်း နှင့် ဖုန်းရွှမ်းရွှမ်းတို့က လည်း စိတ်ရင်းအမှန်နှင့် ခေါင်းညိတ်လိုက်ကြသည်။
ရှားယာ့ယွင်သည်တော့ ထေ့ငေါ့ကာ "ရှဲ့ချောင် နင်ရဲ့ တောင်းဆိုမှုတွေကို အခု လုပ်နိုင်တယ်။ နင့်မှာ အကူအညီ သုံးခုရမှာ ဖြစ်လို့ နင်ပျော်သင့်တယ်နော်။ အခုချိန်ကစပြီးတော့ ကျောင်းတော်မှာ ဘယ်သူမှ နင့်ကို အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူးဆိုတာ ငါပြောရဲတယ်"
ဖန်းမုရွှယ်နှင့် ကျန်သည့်သူများမှာ သစ်ခွခြံဝန်းတွင် လွှမ်းမိုးမှုရှိသူများဟု မှတ်ယူနိုင်သည်။
ရှဲ့ချောင်သာ သူတို့၏ အကူအညီနှင့်ဆိုလျှင်၊ သစ်ခွခြံဝန်းမှာ ဘယ်သူကများ ရှဲ့ချောင်ကို
ပြဿနာရှာရဲမည်နည်း။
••••••••