မင်း ငါ့ကို မြင်ရတယ်
Vol. 13 Ch. 230
ရှားယာ့ယွင်ပြောသော စကားမှာ ရယ်စရာကောင်းသည်ဟု ရှဲ့ချောင်တွေးမိသည်။
"ရှားသခင်မလေးက အသံကျယ်တာပဲ၊ မီးရှူး မီးပန်းများလား" ရှဲ့ချောင်သည် ပြတင်းပေါက် အပြင်ဘက်အပြင်ဘက်ရှိ မှုန်မှိုင်းနေသော ရာသီဉတုကို ကြည့်လိုက်သည်။ သူမ၏ စိတ် အခြေအနေမှာလည်း ကောင်းမနေခဲ့ပေ။ ရှဲ့ချောင်သည် ရှားယာ့ယွင်၏ ကံဆိုးသော မျက်နှာကို မြင်ပြီးနောက် တန်းပြီးတော့ မျက်နှာမှာ အေးစက်သွားခဲ့သည်။ "ငါက နင့်အတွက် ကံဆိုးမှုတွေ ယူလာတယ်လို့ ထင်ရင်၊ နင် အခု အောက်ထပ်ကို
ဆင်းသွားနိုင်တယ်။ နင် အောက်ထပ်ဆင်းလာမှာကို ကြည့်ချင်နေကြတဲ့သူ တွေရှိမယ်လို့ ငါယုံတယ်။ "
ရှားယာ့ယွင်သည် သူမ၏ အင်္ကျီ ကို ချက်ချင်း ဖုံးကာလိုက်၍ "နင်ဘာလို့ ဒီလောက်ရက်စက်ရတာလဲ"
ထိုစကားကို ကြားသောအခါ ရှဲ့ချောင်သည် တခစ်ခစ်ရယ်လိုက်သည်။ သူမသည် သက်ပြင်းချလိုက်ကာ မက်မွန်သစ်သားဓားအား သိမ်းလိုက်သည်။ ထို့နောက် သူမသည် ရှားယာ့ယွင် ဆီသို့ လျှောက်သွားလိုက်၏ "ရှားသခင်မလေးက ရက်စက်တယ်ဆိုတာ ဘာလဲဆိုတာကို နားလည်မှုလွဲနေတဲ့ပုံပဲ။ ဒါပေမဲ့ နင်က အဲ့ဒီလို ပြောပြီးပြီဆိုတော့ ငါသာ နင့်ကို မရက်စက်ခဲ့ရင် နင်စိတ်ပျက်သွားမှာစိုးတယ်"
ရှဲ့ချောင်သည် စကားပြောပြီးသွားသည်နှင့် ငွေရောင်ကျောက်မီးသွေးထည့်ထားသည့် မီးဖိုဆီသို့ လျှောက်သွားလိုက်သည်။ သူမသည် ထိုအရာအား ရှားယာ့ယွင် ၏ မျက်နှာ ဆီသို့ ပစ်လိုက်လေသည်။
မည်းနက်နေသော ကျောက်မီးသွေးမှာ အစောကတည်းက ပူနေဆဲ ဖြစ်သည်။ လူတစ်ယောက်၏ အရေပြားသည် ၎င်းအား နက်နက်နဲနဲ ခံစားရပေလိမ့်မည်။
ရှဲ့ချောင်မှာ အားနည်းသူတစ်ယောက် ဖြစ်တာကြောင့် ထိုသို့ ပြုလုပ်လိမ့်မည်ဟု ရှားယာ့ယွင် ထင်မထားခဲ့ချေ။ သူမ၏ မျက်နှာထက်တွင် နာကျင်မှုကို ခံစားလိုက်ရသည်နှင့် တန်းပြီး အော်လိုက်တော့သည် "အားးး! နင်တို့တွေ ဘာကိုစောင့်နေကြတာလဲ၊ ငါ့အတွက် သူပါးစပ်ကို ဆွဲဖြဲပစ်လိုက်ကြစမ်း"
သူမ၏ အစေခံမှာ ထိုစကားကို ကြားလိုက်သည်နှင့် အရှေ့သို့ တက်လာလိုက်သည်။
ရှဲ့ချောင်သည် သွားပေါ်အောင် ပြုံးရယ်လိုက်ကာ၊ စိတ်ပိုင်းဖြတ်ထားသည့် ပုံနှင့် စကားလုံးတစ်လုံးချင်းစီကို ဖြေးဖြေးနှင့် ပြတ်ပြတ်သားသား ပြောလိုက်၏ " ရှဲ့ဖင်းကန်းဆိုတာ ငါရဲ့ အစ်ကိုကြီးပဲ။ ငါဒီနေ့ ဒီနေရာမှာ ဆံချည်မျှင် တစ်မျှင် ဆုံးရှုံးခဲ့မယ်ဆိုရင်၊ မနက်ဖြန်ကျ…. ငါ့အတွက် ကလဲ့စားချေတဲ့ အနေနဲ့ ရှားသခင်မလေးက ငါ့အဖေနဲ့ ငါ့အစ်ကိုဆီကို နင့်ရဲ့ အသားအပိုင်းစတွေ ပေးရလိမ့်မယ်"
အစ်ကိုကြီးဆိုတာ ဘာအတွက်လဲ။
အစ်ကိုကြီးတစ်ယောက်ဆိုတာ အလှဆင်ဖို့ ထား
တဲ့ ပစ္စည်းသက်သက်မှ မဟုတ်ပဲ။
အစေခံ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူမသည် ခေါင်းကို ချီတုံချတုံနှင့် လှည့်လိုက်ကာ သူမ သခင်မလေးအား ကြည့်လိုက်၏။
ရှားယာ့ယွင်၏ နှုတ်ခမ်းမှာ အနည်းငယ် တုန်ယင်သွားကာ သူမပုံမှာ အလွန်သနားစရာကောင်းပုံပေါ်နေခဲ့လေသည်။
ရှဲ့ချောင်သည် သူမလက်ဖြင့် ရှားယာ့ယွင်၏ မျက်နှာကို ပွတ်လိုက်သည်။ သူမ မျက်နှာ ပေါ်ရှိ ကျောက်မီးသွေးများမှာ အခုဆိုလျှင် ပိုပြီး ညီညာသွားခဲ့ပြီဖြစ်သည်။ "လူတစ်ယောက်ကို ဂုဏ်သိက္ခာနဲ့ အင်အားနဲ့ ချိန်းခြောက်တယ်။ ဒါက ရက်စက်မှုဆိုတာ ဘာလဲဆိုတာပဲ။ ငါ ဒီနေ့ ကောင်းကောင်းလုပ်ခဲ့တာပဲ။ ရှားသခင်မလေးရော အဲ့ဒီလို မထင်ဘူးလား။"
ရှဲ့ချောင် စကားဆုံးသည်နှင့် မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်သည် ရစ်သီရစ်သီလုပ်ကာ ရှဲ့ချောင်အား စိုက်ကြည့်နေလေသည်။
အစောတုန်းက အဆောင်ရေ၏ အနံ့သည် မကောင်းဆိုးဝါးဝိဉာဉ်များစွာ၏ အာရုံစိုက်မှုကို ဖမ်းစားခဲ့တာဖြစ်မည်။
ယခု၊ ရှဲ့ချောင်သည် ရှဲ့ဖင်းကန်းကို ထုတ်ဖော်ပြောဆိုလိုက်ပြီးဖြစ်ရာ ရှားယာ့ယွင်မှာ ဖားပြုတ်တစ်ကောင် သဖွယ် ဒေါသတထောင်းထောင်းထွက်သွားတော့သည် "ရှဲ့ချောင်၊ ငါ့အဖေကနေတစ်ဆင့် နင့်အဖေကို ကိုယ့်သမီးကို ဆုံးရှုံးရလိမ့်မယ် ပြောခိုင်းမှာ နင်မကြောက်ဘူးလား။ နင့်အဖေက ဓားပြတစ်ယောက်ပဲလေ၊ ဘယ်သူကများ သူ့ဘက်ကနေပေးမှာလဲ"
" လုပ်လိုက်လေ၊၊ တကယ်လို့ သူသာ ငါ့အဖေကို မပြောခဲ့ဘူးဆိုရင်တော့၊နင့်အဖေက ငကြောက်တစ်ယောက်မလို့ပဲ " ရှဲ့ချောင်က ကျိတ်ရယ်လိုက်လေသည်။
သူမ အဖေမှာ ဓားပြတစ်ယောက် ဖြစ်ခဲ့သည်။ သူ့တွင် မဖြစ်စလောက် အတိုက်အခိုက်စွမ်းရည်လေး ရှိရုံနှင့် စစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့တာမလို့လား။
မဟုတ်ဘူးပေါ့။
ဧကရာဇ်မင်းမြတ်မှာ တော်ဝင် မင်းဆရာအပေါ် ယုံကြည် မြတ်နိုးသည်။ တော်ဝင်မင်းဆရာသည် သူမ အဖေကဲ့သို့ပင် တော်ပေါ် ဓားပြစခန်းမှ လာခဲ့သူဖြစ်သည်။ တော်ဝင်မင်းဆရာက သူမ အဖေကို မကာကွယ်ပေးနိုင်ဘူးဆိုလျှင်တောင်၊ သူမ
တွင် သူမ ဆရာနှင့် အသုံးမကျသည့် ဆရာတူမောင်ငါးယောက်ရှိနေသေးသည်။
အများဆုံးမှ၊ သူမက တကယ်တမ်းတွင် ဘယ်သူလဲ ဆိုတာကိုပြောလိုက်ရရုံပေါ့၊ အဲ့ဒီလိုဆိုရင်တောင် သူမ အဖေကို မကာကွယ်နိုင်ဘဲ နေမလား။
ရှဲ့ချောင်၏ အရှိန်အဝါမှာ ဖန်းမုရွှယ်နှင့် ကျန်သည့်နှစ်ယောက်ကို ကြောက်ရွံ့သွားစေခဲ့သည်။
သူတို့ ဘယ်အချိန်ကများဒီလို…..ဒေါသထွက်နေတဲ့ ရှဲ့ချောင်ကို မြင်ခဲ့ရလို့လဲ!
ယွမ်ပင်းက ရှဲ့ဖင်းဟွိုက်ကို အရှက်ခွဲခဲ့တဲ အချိန်၊ ဒါမှမဟုတ် ပျိုနီပန်း ခြံဝန်းက ချီဟွိုက်က ပြဿနာ ရှာဖို့ လူတွေ ခေါ်လာခဲ့တုန်းကတောင် ရှဲ့
ချောင်သည် ပညာရှင် တစ်ယောက်လိုမျိုး တည်ငြိမ်နေခဲ့သည်။ ဘယ်သူက များ သူမရဲ့ စေတနာကောင်းမှုကို ယှဉ်နိုင်မှာလဲ။။
သို့သော် ယခု သူမသည် အကြမ်းဖက်ခဲ့သည်သာမက၊ ကျိန်လဲ ကျိန်ဆဲခဲ့သေးသည်။
၎င်းမှာ သူမ တခြားလူတစ်ယောက်ဖြစ်သွားသကဲ့သို့ပင်။ သူမ ဘာကြောင့် ဒေါသထွက်ပြီး ကြောက်စရာကောင်းနေရသလဲဆိုတာကို ဘယ်သူမှ မသိကြပေ။
ရှားယာ့ယွင်စည်းကျော်သွားခဲ့သော်လည်း သူမပြောလိုက်သော စကားမှာ ရှဲ့ချောင်၏ အရှိုက်ကို ထိသွားတာမျိုး မဖြစ်သင့်ပေ။ဘာလို့…. သူမ ဒီလိုမျိုး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရတာလဲ။
ရှဲ့ချောင်၏ မျက်နှာမှာ ခက်ထန်နေကာ သူမခန္ဓာကိုယ်မှ အအေးဓာတ်များ ထုတ်လွှတ်လို့နေသည်။
ထိုစဉ်၊ ရစ်သီရစ်သီ လုပ်နေခဲ့သော မကောင်းဆိုးဝါးဝိဉာဉ်မှာ ရှဲ့ချောင်ကို မာန်ဖီလိုက်သည် "ကျွတ် ကျွတ် ကျွတ်။ သခင်မလေး မင်း၊ ငါ့ကို မြင်ရတယ်၊ ဟုတ်တယ်မလား"
•••••