← Chapters

ရှင်တို့ အားလုံးကို လောင်ကျွမ်းအောင်လုပ်မယ်။

Vol. 13 Ch. 231

ရှင်တို့ အားလုံးကို လောင်ကျွမ်းအောင်လုပ်မယ်။

Vol. 13 Ch. 231

စကားပြောလိုက်သော မကောင်းဆိုးဝါးဝိဉာဉ်မှာ အဘိုးကြီးတစ်ယောက်ဖြစ်သည်။သူ၏ အသံမှာ ကွဲအက်နေကာ မျက်လုံးများမှာတော့ တိမ်ဖုံးနေသည်။ သူသည် ခနော်နီခနော်နဲ့ ခန္ဓာကိုယ်နှင့်

ရစ်သီရစ်သီလုပ်နေလေသည်။

ရှဲ့ချောင်ကတော့ ဘာမှ မပြောခဲ့။ သူမသည် နှုတ်ခမ်းများကိုသာ စုဝိုင်းထားကာ ခြိမ်းခြောက်နိုင်သော အာဏာစက်ကို ထုတ်လွှတ်နေလေသည်။

ဖန်းမုရွှယ်နှင့် ကျန်သည့် သူများမှာ တံတွေးမျိုချလိုက်မိကြသည်။ သူတို့ ရုတ်တရက် အတော်လေး တွန့်ဆုတ်မိသွားပြီး ကျိုးကျိုး နွံနွံနှင့်ဘေးထွက်နေလိုက်ကြကာ၊ တစ်ခွန်းမှ မပြောရဲခဲ့ကြပေ။

ကံကောင်းစွာဖြင့်၊ အဝတ်အစားများမှာ တစ်ခဏ အကြာတွင် ရောက်လာခဲ့သည်။ သူတို့ ထိုနေရာတွင် ထိုင်ရုံထိုင်မနေကြပဲ သူတို့ ကိုယ်သူတို့ သန့်စင်လိုက်ကြသည်။

နောက်ထပ် မကောင်းဆိုးဝါးဝိဉာဉ် သုံးကောင် ထပ်ရောက်လာခဲ့သည်။

" အဲ့ဒီ အနံ့ကို ယူလာခဲ့တာ သူမ မဟုတ်လား၊ အဲ့ဒါကြီးက အော်ဂလီဆန်စရာ ကောင်းလိုက်တာ"

" သူမ ကိုယ်ပေါ်မှာ အဆောင်လက်ဖွဲတွေ ရှိနေတယ်။ ငါတို့ သူမအနား သွားလို့မရဘူး။ "

" သူမရဲ့ အဆောင်တွေ ကုန်သွားတဲ့အခါကျရင်၊ ငါတို့ကို ဘာမှ လုပ်လို့ မရတော့ဘူး ဟုတ်တယ်မလား။ အမယ်လေး၊ ငါတို့တွေ ဒီသခင်မလေး ဒေါသထွက်သွားအောင် ခြောက်လိုက်သင့်တယ်။"

" မင်းတို့တွေ၊ သတိထားကြနော်။ ဒီ သခင်မလေးက ကမ္ဘာနှစ်ခုစလုံးနဲ့ ဆက်သွယ်နိုင်တယ်၊ သာ

မာန်သက်ရှိ လူသားတွေနဲ့ မတူဘူး။ သူမကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် ငါတို့အတွက် ဆိုးကျိုး မရှိဘူး။"

သူတို့သည် အချင်းချင်း ပြောနေကြကာ ဆူညံနေလေသည်။

သူတို့သည် ရှဲ့ချောင်ကို ပိုင်ဆိုင်ရဖို့ အတွက် တန်းစီချင်နေကြပုံပေါ်သည်။

ထိုမကောင်းဆိုးဝါးဝိဉာဉ် များမှာ သက်ရှိလူသားများ လုပ်နိုင်သည့် အရာများကို လုပ်ချင် ကြ၍သာ သူမကိုပိုင်ဆိုင်ချင်ကြောင်း ရှဲ့ချောင် သိသည်။ သူတို့သည် ပုံမှန်အားဖြင့် သူမကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ဝင်အပူးခံရသည့် ခံစားချက်ကြီးမှာ…….

သူမ အဲ့ဒါကြီးကို မကြုံတွေ့ချင်ပါဘူးနော်!!!

သူမ စိတ်ထဲတွင် ပရမ်းပတာ မဖြစ်ရအောင်မျက်လုံးကို အသာမှိတ်ထားလိုက်သည်။

သူမသာ ကြောက်နေမည် ဆိုပါက သူမ၏ စိတ်ဝိဉာဉ်မှာ မတည်မငြိမ်ဖြစ်ကာ၊ မကောင်းဆိုးဝါး ဝိဉာဉ်များ ဝင်ပူးဖို့ အတွက် ပို၍ လွယ်ကူသွားလိမ့်မည် ဖြစ်သည်။

သိပ်မကြာခင်၊ အထမ်းသမား ပြန်ရောက်လာခဲ့သည်။ ရှဲ့ချောင်က ဖန်းမုရွှယ်နှင့် ကျန်သည့်သူများကို နှုတ်ဆက်စကားဆိုလိုက်ကာ သူမကို ကျောင်းတော်လိုက်ပို့ရန် အတွက် အထမ်းသမားကို ခိုင်းလိုက်လေသည်။

ရှဲ့ချောင် ပြန်ထွက်သွားသည်နှင့် ရှားယာ့ယွင်

မျက်နှာ သွားသစ်တော့သည်။

ဖန်းမုရွှယ်မှာ တိတ်တဆိတ် အထင်သေးမိသွား၏။

ရှားယာ့ယွင်မှာ ရှဲ့ချောင်ကို မတိုင်ခိုက်နိုင်၊ သူမသည် ရှဲ့မိသားစုက ပထမသခင်လေးကို ကြောက်နေတာတောင်မှ ရှဲ့ချောင်ကို စိန်ခေါ်ချင်နေသေးသည်။ ရှားယာ့ယွင်တစ်ယောက် အဘယ်ကြောင့် ဒီလောက် ခေါင်းမာရသလဲဆိုတာ သူမ မသိတော့။

ထို့ပြင်၊ သူမ နှင့် ရှဲ့ချောင်ကြား မည်သည့် အာဃာတတရားမှ မရှိချေ။ ရှားယာ့ယွင်ဘာလို့ ရှဲ့ချောင်ကို ပြဿနာရှာနေရသလဲဆိုတာကို သူမ မစဉ်းစားတတ်တော့ပေ။

သူမကိုယ်သူမ အရှက်ရစေခဲ့ပြီးတာတောင် နောင်တ ရခဲ့ခြင်းမရှိ။

အခုဆိုလျှင် ရှားယာ့ယွင်သည် သူမ၏ အမူအကျင့်များကို အမှန်တကယ် ထင်ဟပ်စေခဲ့ပြီဖြစ်သည်။

အစောတုန်းက ရှဲ့ဖင်းကန်းရဲ့ နာမည်နဲတင် သူမ ဘယ်လိုတောင် ကြောက်သွားခဲ့တာလဲ!!?

သူမ မျက်နှာပေါ်မှ ပြာမှုန့်များအပြင် ဖန်းမုရွှယ်နှင့် ကျန်သည့်သူများ၏ စူးစိုက်ကြည့်နေမှုက သူမကို ခေါင်းမထောင်နိုင်လောက်အောင် ရှက်သွားစေခဲ့လေသည်။

သို့သော် အခု ရှဲ့ချောင်မှာ ပြန်သွားပြီဖြစ်ရာ သူမ၏ ဒေါသကို ထွက်ပေါက်မရှာနိုင်တော့ပေ။

ရှဲ့ချောင် ဝေါယာဉ်ပေါ်သို့ ရောက်သည်နှင့် ထို မကောင်းဆိုးဝါးဝိဉာဉ်များသည် သူမကို အမီလိုက်လာခဲ့ပြီးဖြစ်သည်။

ဝေါယာဉ်၏ အတွင်း၊ အပေါ်ဘက်နှင့် အောက်ဘက်မှာတောင်မှ မကောင်းဆိုးဝါးဝိဉာဉ်များ ဝန်းရံနေလေသည်။

အချို့မှာ လဲလျောင်းနေကြပြီး၊ အချို့မှာ တွဲလဲခိုနေကာ၊ အချို့မှာတော့ သူမကို ကျိတ်ရယ်ပြီး မာန်ဖီပြကာ သူတို့ခေါင်းအား ရှဲ့ချောင်မျက်နှာရှေ့တွင် လှုပ်ရွေ့နေကြလေသည် " ဒါ ငါ့ခေါင်းလေ၊ ငါတို့တွေ ခေါင်းချင်းလဲလို့ရမလား၊ ကျေးဇူးပြုပြီး….."

ရှဲ့ချောင်တစ်ယောက် မျက်လုံးလှိမ့်လိုက်မိသည်။

သူတို့ ငါ့ကို တခြားတစ်ခုနဲ ခြောက်လို့ မရဘူးလား။ ဘာလို့ ဒီလို မနှစ်မြို့စရာကောင်းတဲ့ အရာကြီးမှ လုပ်ရတာလဲ!!

" မိန်းကလေး၊ ငါနင့်ရဲ့ ခန္ဓာကိုယ်ကို သဘောကျတယ်။ ကျေးဇူးပြုပြီးတော့ ငါ့ကို ငှားလို့ရမလား။" သူမဘေးတွင် ရှိနေသည့် လှပသော အမျိုးသမီး မကောင်းဆိုးဝါးဝိဉာဉ်မှာ ညုတုတုအမူအရာနှင့် သူမအား ပြုံးပြလာ သည်။

" ဒီကို ငါအရင်ရောက်တာ.. သခင်မလေး၊ ငါဒီနေရာကို လာခဲတယ်။ ငါရဲ့ အိမ်ကို အလည်သွားဖို့ အတွက် နင့်ရဲ့ကိုယ် ကို ငှားချင်တယ်။ ငါနှစ်နာရီ ကြာပြီးရင် ပြန်ပေးပါ့မယ်။ ငါတို့ လုပ်လို့ရမလား"

"ငါရဲ့ မြေးက ကြည့်ကောင်းတယ်၊ ပြီးတော့ ငါတို့ မိသားစုမှာ မရေမတွက် နိုင်တဲ့ စည်းစိမ်နဲ့ ငွေကြေးတွေ ရှိတယ်။ မင်း ငါရဲ့ မြေးချွေးမ ဖြစ်ချင်လား။ ငါ့အတွက်လည်း နောက်တစ်ခေါက်ကျရင် ပြန်ပေးဖို့က အဆင်ပြေ….."

"..."

ရှဲ့ချောင်မှာ သူမ၏ခေါင်း ပေါက်ကွဲထွက်တော့ မလို ခံစားလိုက်ရသည်။

သူမ ဆက်ပြီး ချုပ်တည်းမထားနိုင်တော့ပေ။

" ရှင်တို့တွေ နောက်တစ်ခေါက် ထပ်ပြောရဲရင် ကျွန်မရှင်တို့အားလုံးကို လောင်ကျွမ်းအောင် လုပ်ပစ်မယ်" ရှဲ့ချောင်က ခက်ထန်သော မျက်နှာထားနှင့် သွားကျိတ်ကာ ပြောလိုက်သည်။

"ဟီးဟီး" အတွေ့အကြုံရှိသော မကောင်းဆိုးဝါးဝိဉာဉ်တချို့မှာ ကြက်သီးထစရာ ကောင်းသော အမူအရာနှင့် လှောင်ပြုံး ပြုံးလိုက်သည်။ " တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ကိုတော့ မင်း လောင်မြိုက်ပစ်နိုင်တယ်၊ ဒါပေမဲ့ မကောင်းဆိုးဝါးဝိဉာဉ်အကုန်လုံးကို လောင်ကျွမ်းသွားအောင် လုပ်နိုင်မှာ မလို့လား။ အဆောင်တွေ ကုန်သွားပြီး ၊ မင်းရဲ့ခွန်အားတွေ ကုန်ခမ်းသွားတဲ့ အခါကျရင် ငါတို့ မင်းကို ဝင်ပူးနိုင်ဦးမှာပဲလေ"

••••••

All Chapters