ဆွေးနွေးညှိနှိုင်းခြင်း
Vol. 13 Ch. 232
အသက်ကြီးကြီး ဝိဉာဉ်ပြောလိုက်သည့် စကားမှာ မှန်ကြောင်းကိုတော့ ရှဲ့ချောင်ဝန်ခံရပေလိမ့်မည်။
သူမ မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဖမ်းဆီးနိုင်သည် ဆိုသော်လည်း တစ်ယောက်တည်း လုပ်ရန်မှာ မဖြစ်နိုင်ပေ။ ယနေ့တွင် လှည့်ပတ်သွားလာနေကြသည့် မကောင်းဆိုးဝါးဝိဉာဉ်များစွာရှိသည်၊ အထူးသဖြင့် အောက်ဘုံမှ လာကြသူများပင်။ သူတို့အားလုံးသည် လူသားကမ္ဘာတွင် ခေတ္တ အနားယူရန် အတွက် သူမ၏ ခန္ဓာကိုယ်အား လိုချင်နေကြလေသည်။
၎င်းမှာ အချိန်ခဏမျှ ဆိုလျှင်တောင်မှ သူတို့အား အသက်ရှင်ရသည့် ခံသားချက်ကို ပေးစွမ်ပေလိမ့်မည်။
သို့ရာတွင်၊ သူမ၌ ကမ္ဘာနှစ်ခုလုံးကို ဆက်သွယ်နိုင်
သော ထူးခြားသည့် ခန္ဓာကိုယ်ရှိသည်။ ၎င်းသည် စည်းမျဉ်းများကို ဆန့်ကျင်နေသည်ဟု ယူဆ၍ မရသလို ကန့်သတ်ချက်များကို လိုက်နာနေတာလည်း မဟုတ်ပေ။ မကောင်းဆိုးဝါးဝိဉာဉ်များ အတွက် အရှုံးမရှိ။ သူတို့ ရှဲ့ချောင်၏ ခန္ဓာကိုယ်ကို ခေတ္တမျှ ပိုင်ဆိုင်ချင်ကြလေသည်။
အသက်ကြီးကြီး ဝိဉာဉ်မှာ ရှဲ့ချောင်ကို မာန်ဖီလိုက်၏။
သက်ကြီး ဝိဉာဉ်ကဲ့သို့ ပါးနပ်သည့် သူများမှာ ရှဲ့ချောင်နှင့် သင့်တော်သော အကွာအဝေးတစ်ခုခြားပြီးနေနေကာ မီးထဲသို့ တိုးဝင်နေကြသည့် ပိုးဖလံလို တုံးအသည့် သူများကတော့ သူမကို ထိကိုင်ချင်နေကြလေသည်။
သူမကိုယ်ပေါ်ရှိ အဆောင်များ၏ အကျိုး
သက်ရောက်မှု ကျဆင်းလာတာကို ရှဲ့ချောင် ခံစားလိုက်ရလေသည်။
ဝေါယာဉ်ငယ်မှာ ခရီးတစ်လျှောက်လုံး ခါယမ်းနေခဲ့သည်။ အထမ်းသမား အသစ်၌ အားကောင်းသော အမှောင် စွမ်းအင်ရှိတာကြောင့် ဘာမှ ဖြစ်ပျက်မသွားခဲ့။ အခုဆိုလျှင် သူတို့သည် ကျောင်းတော်ရှိရာသို့ နီးကပ်လာခဲ့ပြီဖြစ်၏။
" ဒီနေ့ အမှောင်စွမ်းအင် အားကောင်းနေတယ်။ ကျောင်းတော်က မဖြစ်စလောက် မကောင်းဆိုးဝါးဝိဉာဉ်လေးတွေကိုပဲ တားနိုင်မှာ ၊ ငါတို့ကို တားလို့ရမှာ မဟုတ်ဘူး။" အသက်ကြီးကြီး ဝိဉာဉ်မှာ အံကြိတ်လိုက်သည်။ သူသည် ယုံကြည်ချက်ရှိနေပုံပေါ်လေသည်။
" ဒါက တော်ဝင်ကျောင်းတော် ဖြစ်ရမယ်၊ ဟုတ်တယ်မလား။ ငါ အသက်ရှိတုန်းက၊ ပါရမီရှိ
ပြီးတော့ သူမတူအောင် ပြိုင်ဘက်ကင်း ကြည့်ကောင်းတဲ့ ဆရာရှောင်းဆိုတဲ့ သူတစ်ယောက်ရှိတယ်လို့ ကြားဖူးတယ်။ ငါဒီနေ့ သူ့ကို ကြည့်ဖို့ အခွင့်အရေးရှာရမယ်။ ငါ သူနဲ့ နီးကပ်ခွင့်သာ ရမယ်ဆိုရင် အရာအားလုံး ထိုက်တန်တယ်။" လှပသော မကောင်းဆိုးဝါးဝိဉာဉ်၏ မျက်လုံးများမှာ ဝင်းလက်သွားကာ၊ ညုတုတု အမူအရာနှင့် ပြုံးလိုက်လေသည်။
" ရှင် ဘယ်ချိန်က သေဆုံးခဲ့တာလဲ။ ဆရာရှောင်းက အခုဆိုရင် အသက်သုံးဆယ် ကျော်နေပြီးတော့ ထင်ပေါ်ကျော်ကြားမှုတွေ တောင် ဆုံးရှုံးသွားပြီ" ရှဲ့ချောင်က အေးစက်စွာနှင့် ပြောလိုက်သည်။
လှပသောဝိဉာဉ်မှာ မှင်တက်သွားပြီးနောက် သူမနှုတ်ခမ်းကို ကိုက်လိုက်ကာ၊ စိတ်မကောင်းဖြစ်စွာနှင့် "ဒါက အဓိပ္ပာယ်ရှိတာပဲ။ဒါပေမဲ့လည်း တခြားပညာသင်ကျောင်းသားတွေကို နီးကပ်ခွင့်
ရနိုင်ပါသေးတယ်"
ရှဲ့ချောင် သူမ၏ အိတ်ငယ်ကို ထိလိုက်သည်။ နတ်ဘုရား ရုပ်ပုံ၏ အကျိုးသက်ရောက်မှုမှာလည်း ကုန်ဆုံးသွားပြီဆိုတာကို သူမခံစားလိုက်ရသည်။
သူမ ဘေးပတ်လည်ရှိ မကောင်းဆိုးဝါးဝိဉာဉ်များမှာ သူမအား အရသာရှိသည့် အသာတုံးတစ်တုံးပမာ ကြည့်နေကြလေသည်။
သေလိုက်ပါတော့!
ရှဲ့ချောင်တစ်ယောက် ယနေ့တွင် သူမ၏ ဂုဏ်သတင်းနှင့် ထင်ပေါ်ကျော်ကြားမှုတို့ မှာ ဖျက်ဆီးခံရတော့မည်ဟု ခံစားမိသွားတော့သည်။
သူမသည် မတရားသဖြင့်ခံစားနေရကာ ဒေါသထွက်ပြီး ကြောက်စရာ ကောင်းနေလေသည်။
တာအိုဘုရားကျောင်းတွင် နေခဲ့ရတဲ့ ဘဝက ကောင်းမွန်ခဲ့တာကို သူမ ဘာလို့များ ဒီလိုရူးမိုက်တဲ့ အတွေးနဲ့ နန်းမြို့တော်ကိုလာခဲ့ရတာလဲ။
ဒီလို အန္တရာယ်ရှိသော နေရာတစ်ခုတွင် သူမကိုယ်သူမ ကာကွယ်ဖို့ရန်မှာ ခဲယဉ်းလှသည်။
" သခင်မလေး၊ မင်းရဲ့ ကိုယ်ပေါ်က ခြိမ်းခြောက်နိုင်တဲ့ အရာတွေက အားလျော့သွားပြီထင်တယ်" အသက်ကြီးကြီး ဝိဉာဉ်မှာ တဏှာစိတ်ကြွနေသည့် အမူအရာနှင့် ပြုံးလိုက်သည်။
"ရှင်တို့တွေက တကယ်ကို စိတ်ရှည်ကြတာပဲ" ရှဲ့
ချောင် နောက်သို့ မှီလိုက်၏။ သူမ တဲ့သာ ပြောသင့်သည်ဟု တွေးလိုက်မိသည်။
" တကယ်တော့၊ ကျွန်မ ရှင်တို့ကို မရှောင်နိုင်ပါဘူး၊ ဒါပေမယ့် ဆောင်းရာသီအဝတ်အထည်ပွဲတော်က တစ်ရက်လေးပဲကြာတာ။ အခုချိန်ကစပြီးတော့ အမှောင်စွမ်းအင် ဘယ်လောက်ပဲ အားကောင်းပါစေ၊ ကျွန်မ အပေါ်မှာ များများ လွှမ်းမိုးနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီနောက်မှာ၊ ကျွန်မခန္ဓာကိုယ်ကို သုံးတဲ့ ဘယ်သူကိုမဆို ကျွန်မ မှတ်ထားမယ်။ အခု ရှင်တို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေက ကျွန်မ ခန္ဓာကိုယ်ပေါ်မှာ ကပ်နေတာဆိုတော့ နောင်တစ်ချိန်ကျရင် ကျွန်မရှင်တို့တွေကို ဆင့်ခေါ်ပစ်မယ်"
စင်စစ်တွင် အောက်ဘုံလောကမှ မကောင်းဆိုးဝါးဝိဉာဉ်များကို ဆင့်ခေါ်ရန်မှာ ခက်ပေသည်။
အသက်ကြီးကြီး ဝိဉာဉ်မှာ ကြက်သေသေသွား
ခဲ့၏။ ရှဲ့ချောင် ထိုကဲ့သို့သော စကားမျိုးကို ပြောလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ၏ ဆုံးဖြတ်ချက်ကို စတင်ချင့်ချိန် လိုက်တော့သည်။
"မင်းက တာအိုပညာ ကျွမ်းကျင်တာလား" အသက်ကြီးကြီး ဝိဉာဉ်က မေးလိုက်သည်။
" နည်းနည်းလောက်ပါပဲ။ ဒီမနက်ကတင် ဝိဉာဉ် အနည်းစုကို ပြန်ဝင်စားဖို့ အတွက် ကျွန်မ ပို့ဆောင်ပေးခဲ့ပြီးပြီ။ ကျွန်မမှာ ဝမ်းနည်းကြေကွဲနေတဲ့ ဝိဉာဉ်ပါတဲ့ ပုလင်းတစ်ပုလင်းရှိသေးတယ်" ရှဲ့ချောင်သည် သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
အသက်ကြီးကြီး ဝိဉာဉ်မှာ ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက် " ဟေး၊ သခင်မလေး၊ မင်းက လေလုံးထွားနေတာပဲ။ မင်းက တာအိုပညာရပ်မှာ နောကျေတယ်ဆိုမှတော့၊ ငါတို့ မင်းကို မကောင်း
တာတစ်ခု မလုပ်သရွေ့မင်း နောင်တစ်ချိန် ဆင့်ခေါ်မယ်ဆိုရင်တောင်မှ ငါတို့ကို ဘာမှ လုပ်လို့ ရမှာမဟုတ်ဘူး။ မဟုတ်ရင်၊ မင်းပဲ အကုသိုလ် ကံတွေကို ခံစားရမှာ။ "
ရှဲ့ချောင်သည် သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
"ဒါပေမယ့် ငါတို့တွေ တာအို သူတော်စင်တစ်ပါးကိုတော့ မစော်ကားချင်ပါဘူး။ ဒီလိုဆိုရင်ရော။ ငါတို့ မင်းကို ဝင်ပူးတဲ့အခါ၊ ၊ ကောင်းကောင်းပြုမူပြီးတော့ ,အရှက်ကွဲအောင် မလုပ်ဘူး။ ငါတို့ ဒီလိုလုပ်ခဲ့မယ်ဆိုရင် အနာဂတ်မှာ မင်းငါတို့ကို ပြဿနာ ရှာလို့ မရဘူး။ ငါတို့ အဲ့ဒီလို လုပ်လို့ရတယ်မလား။ " အသက်ကြီးကြီး ဝိဉာဉ် မှာ တွေးတွေးဆဆနှင့် ပြောလိုက်သည်။
အခြားသော မကောင်းဆိုးဝါးဝိဉာဉ်များမှာ
အနည်းငယ် မကျေမနပ် ဖြစ်သွားကြပုံပေါ်သော်လည်း ပြန်တွေးကြည့်သော အခါ အသက်ကြီးကြီး ဝိဉာဉ် ပြောသော စကားမှာ ယုတ္တိရှိသည် ဟု ထင်မိကြသည်။
ကမ္ဘာနှစ်ခုစလုံးကို ဆက်သွယ်နိုင်သည့် သူများအတွက် သူတို့လိုမျိုး မကောင်းဆိုးဝါးဝိဉာဉ်များကို တိုက်ခိုက်ရန်မှာ လွယ်ပေသည်။
ယနေ့သာ ထူးခြားသည့် နေ့တစ်နေ့ မဟုတ်ခဲ့ပါက သူတို့အသာစီးရနိုင်လိမ့်မည် မဟုတ်ပေ။
••••••