ဝင်ပူးခံရခြင်း
Vol. 13 Ch. 233
လက်တွေ့တွင်၊ ရှဲ့ချောင်၌ ရွေးချယ်စရာ မရှိ။ သူမသည် အခုဆိုလျှင် အတော်လေး အားကောင်း
သော မကောင်းဆိုးဝါးဝိဉာဉ်များ၏ ဝန်းရံခြင်းကို ခံနေရပြီဖြစ်သည်။ သူတို့သည် သူမကို ဝင်ပူးဖို့သာ အတင်းမရမက တောင်းဆိုနေပါက သူမ သည်းခံရုံသာ ရှိတော့သည်။ ဝင်ပူးပြီးနောက်ပိုင်း ဘာဖြစ်လာလာ သူမ ဆုံးရှုံးသွားတာကို ပြန်ရလိမ့်မည် မဟုတ်ပေ။
" ကောင်းပြီ၊ ဒါပေမယ့် ရှင်တို့က အများကြီးရှိနေကြပြီးတော့ ကျွန်မက အားနည်းတဲ့သူတစ်ယောက်။ ကျွန်မ လျှောက်ပတ်သွားနေနိုင်မှာ မဟုတ်ဘူး။ ရှင်တို့တွေ….. တော်ဝင်ကျောင်းတော်မှာ အနားယူနိုင်တယ်။ ရှင်တို့ အတွက် လက်ဖက်ရည်နဲ့ အစာပြေ မုန့်တွေ ပြင်ပေးဖို့ ကျွန်မ တစ်ယောက်ကို ခိုင်းလိုက်မယ်။ ရှင်တို့ သိထားသင့်တာက၊ ရှင်တို့သာ ကျွန်မရဲ့ ဘဝကို အန္တရာယ်ဖြစ်စေခဲ့မယ်ဆိုရင်၊ ရှင်တို့ တွေ ဒုစရိုက်မှုကို သယ်သွားရလိမ့်မယ်။နောက်ဘဝကို တိရစ္ဆာန် အဖြစ်နဲ့ ပြန်ဝင်စားမယ်ဆိုရင်တောင်မှ ရှင်တို့ ပြန်ပေးဆပ်နိုင်မှာ မဟုတ်ဘူး။" ရှဲ့ချောင်က ပြောလိုက်သည်။
တကယ်တမ်းတွင်၊ သူမ ဘဝကို စိတ်ပူနေခဲ့ခြင်း မဟုတ်ခဲ့ပေ။
အသက်ကြီးကြီးဝိဉာဉ်မှာ ပျော်ရွှင်သွားကာ "စိတ်မပူပါနဲ့၊ ငါတို့ ဘာလုပ်ရမလဲ သိပါတယ်"
သူမ ဘယ်လိုပဲ ကမ္ဘာနှစ်ခုလုံးနှင့် ဆက်သွယ်ပြောဆိုနိုင်သည် ဆိုဆို သူမသည် လူသားတစ်ယောက်သာ ဖြစ်၏။ သူတို့ကြောင့် သူမ သေဆုံးသွားတာ သို့မဟုတ် လူသေတစ်ပိုင်း ဖြစ်သွားခဲ့သော်၊ သူတို့ထံတွင် အကုသိုလ်ကံကြီး ကပ်ကျန်နေပေလိမ့်မည်ဖြစ်ကာ၊ နောက်ဘဝတွင် ဆိုးရွားသော ဘဝ၌ နေကြရပေလိမ့်မည်။
သူတို့သည် သေဆုံးပြီးသားသူများဖြစ်တာကြောင့် နောက်ဘဝအတွက် ကောင်းတာမှန်သမျှ
ကို လုပ်ကြရမည်ဖြစ်ကာ ဂရုပြုသင့်ပေသည်။
အခု အသက်ရှင်ရခြင်း၏ အရသာ ကိုသာ သူတို့လိုချင်နေကြသည်။
သူတို့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်စေကြလိမ့်မည် မဟုတ်ပေ။
" ကျွန်မက အဆင့်လေး အရာရှိတစ်ယောက်ရဲ့ ပဏာမ သမီးတစ်ယောက်။ ကျေးဇူးပြုပြီးတော့ ရှင်တို့ ကျွန်မကို ဝင်ပူးပြီးတဲ့ အချိန်ကျရင် ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးပါ" ရှဲ့ချောင်က ထပ်ပြောလိုက်၏။
အဆောင်၏ အကျိုးသက်ရောက်မှုမှာ နောက်တစ်ဖန် မှေးမိန်သွားခဲ့ပြန်သည်။
မကောင်း ဆိုးဝါးဝိဉာဉ်များက ခေါင်းညိတ်လိုက်ကြသည်။
စင်စစ်၊ ကျောင်းတော်ထဲသို့ ဝင်လာရဲကြသူများ၌ အားနည်းသော အမှောင်စွမ်းအင်ရှိကြပြီး၊ အများစုမှာ ကိုက်ညီကြသည်။ ကြေကွဲဝမ်းနည်းနေသော ဝိဉာဉ်များ မှာ ဝင်လာရဲကြမည် မဟုတ်ပေ။
ပညာသင်ကျောင်းသားများတွင် အားကောင်းသော ယန်စွမ်းအင်ရှိပြီး၊ ကျောင်းတော်ထဲတွင် သူတို့အား တွန်းလှန်နိုင်သော အရာများစွာ ရှိသည်။ ဤ အကြောင်းကြောင့်ပင် ရှဲ့ချောင်သည် ကျောင်းတော်သို့ လာရန် အတွက် မရမက တောင်းဆိုခဲ့တာ ဖြစ်သည်။
သူမသည် လမ်းလျှောက်ဝင်သွားလိုက်ကာ၊ သူမအတွက် ခြံဝန်းတစ်ခုကို ပြင်ဆင်ခိုင်းလိုက်သည်။
ထုံးစံအတိုင်းပင်၊ ထိုသို့ ပြုလုပ်ရန် အတွက် ငွေပဲစေ့ များကို သုံးခဲ့ရသည်။
ထို့နောက်တွင်တော့ သူမသည် လူတစ်ယောက်အား အစားအစာ၊ အစာပြေမုန့်နှင့် လက်ဖက်ရည်ကို ပြင်ဆင်ခိုင်း၍…..
အရာ အားလုံးကို ပြင်ဆင်သွားပြီးသည့်နောက် သူမ၏ ခန္ဓာကိုယ်မှာ ပြိုလဲကျသွားကာ သတိလစ်သွားခဲ့တော့သည်။
"ဒီလို အရသာ ရှိတဲ့ အစားအသောက်တွေကို မစားခဲ့ရတာ နှစ်တွေ ကြာခဲ့ပြီ။ ဒါ အံဩစရာကောင်းတာပဲ" အသက်ကြီးကြီးဝိဉာဉ်သည် ဟင်းလျာများကို ပါးစပ်အပြည့်စားနေရင်း သူ၏ မုတ်ဆိတ်မွေးအား မကြာမကြာ ပွတ်သပ်နေလေသည်။ သူသည် တစ်စက္ကန့်မျှ မှင်တက်သွားပြီးနောက် နူးညံ့ချောမွေ့နေသည့် အရေပြားကို ခံစား
ကာ ကျယ်ကျယ်လောင်လောင် ရယ်လိုက်တော့သည်။ သူသည် ကြီးကြပ်ရေးမှူးအား ခေါ်လိုက်သည် ။
" ဒီလူအိုကြီးက... ဆရာရှောင်းကို ကျွန်မနဲ အတူ စစ်တုရင် ကစားဖို့ အတွက် ဖိတ်ခေါ်ချင်တယ်။ အဲ့ဒါ ဘယ်လောက်ကျမလဲ။ "
ကြီးကြပ်ရေးမှူးက ' ရှဲ့ချောင်' ကို ထူးဆန်းသော အမူ အရာနှင့် ကြည့်လိုက်၏။
ဒီနေ့ ရှဲ့သခင်မလေးနဲ့ ပတ်သက်ပြီးတစ်ခုခုလွဲနေတယ်။
" ရှဲ့သခင်မလေးမှာ ပြဿနာရှိနေလို့လား။ သခင်မလေးက ကျောင်းသူတစ်ယောက်။ မင်းမှာ ပိုက်ဆံဘယ်လောက်ပဲ ရှိနေပါစေ ဆရာတွေကို ခေါ်ခိုင်းလို့ မရဘူး။" ကြီးကြပ်ရေးမှူးမှာ
သဘောကောင်းသူတစ်ယောက်ဟု ယူဆ နိုင်သည်။
အသက်ကြီးကြီးဝိဉာဉ် မှာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့လက်သူ့ ကြည့်လိုက်လေသည်။
၎င်းမှာ နုပျိုသော လက်တစ်စုံဖြစ်၏။
သူ ကျောင်းတော်ထဲကနေ ထွက်ခွာလို့ မရတာကြောင့် စိတ်ဝင်စားစရာ ကောင်းသော အရာတစ်ခု လုပ်ချင်နေခဲ့သည်။
" မြင်းတစ်ကောင် ပြင်ပေးပါ" အသက်ကြီးကြီးဝိဉာဉ်က ပြောလိုက်၏။
ကြီးကြပ်ရေးမှူးမှာ မျက်ခွံလှုပ်သွားလေ၏။ " ဒါက ကျောင်းတော်လေ။ မင်းကိုယ်တိုင် လုပ်ရမှာပါ၊ ရှဲ့သခင်မလေး"
'သူမက သူမရဲ့ ချမ်းသာတဲ့ သခင်မလေးဆိုတဲ့မျိုးရိုးဂုဏ်ကို ကျောင်းတော်မှာ လာပြီး ကြွားလုံးထုတ်ချင်နေတာလား'
' နောင်ကျရင် အဲ့ဒီ ငွေပဲစေ့တွေနဲ့ ပတ်သတ်ပြီး အပြစ်ပေးခံရလိမ့်မယ်၊ သူမ အဲ့ဒါကို မစိုးရိမ်ဘူးလား'
အသက်ကြီးကြီးဝိဉာဉ်မှ သူသည် အခု ငယ်ရွယ်ပြီး သန်မာနေပြီဟုတွေးလိုက်သည်။ အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော်လည်း ဒါသည် ကောင်းသည် ဟု ယူဆနိုင်သည်။ ငယ်ရွယ်ခြင်း၏ စွမ်းအားကို ခံစားတွေ့ကြုံသင့်သည်။ သို့ဖြစ်ရာ ကြီးကြပ်ရေးမှူး
နှင့် အတူသွားရခြင်းကို စိတ်ထဲထားမနေခဲ့ဘဲခြေလှမ်းကျယ်ကြီးများနှင့်လျှောက်သွားလိုက်တော့သည်။
ကြီးကြပ်ရေးမှူးသည် သူမ၏ ခြေလှမ်းကျယ်ကြီးများနှင့် လမ်းလျှောက်နေသည်ကို ကြည့်ကာ အတော်လေး အံ့ဩလွန်း၍ စကားမပြောနိုင်ဖြစ်သွားခဲ့ရလေသည်။
သူသည် ယခင်က ရှဲ့ချောင်ကို မြင်တွေ့ဖူးသည်ဖြစ်ရာ ဤသခင်မလေးက အလွန် နူးညံ့သိမ်မွေ့ပြီး ဣန္ဒြေရှိတာကို သူ မှတ်မိသည်။ သူမသည် နတ်မိမယ် တစ်ပါးလိုပင်။
သို့သော်၊ အခုတော့…..
သူမသည် သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်း
ထားကာ၊ ခြေလှမ်းများမှာလည်း အတော်လေး ကျယ်နေခဲ့၏။ သူမသည် ပုံပျက်နေခဲ့လေသည်။
ဘာလို့ သူမပုံက ထူးဆန်းနေရတာလဲ။
မြင်းစောင်းသို့ ရောက်သည်နှင့် အသက်ကြီးကြီးဝိဉာဉ်မှာ မြင်းပေါ်သို့ ပျော်ရွှင်စွာနှင့် တက်လိုက်လေသည်။
"ဟိုက်ယား"
သူသည်ကြီးကြပ်ရေးမှူးအားအံ့အားသင့်သွားအောင် လုပ်ပြီး ထွက်သွားခဲ့လေသည်။
' သူမ သရဲ ဝင်ပူးခံနေရတာလား'
ဒီနေ့က ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ကြောင်းကို အမှတ်ရသွား သောအခါ တိတ်တဆိတ် ကြောက်လန့်သွားခဲ့သည်။
သူ၏ စိတ်ကို မပြင်ဆင်နိုင်ခဲ့ပေ။ သူသည် ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ပြီး ဆရာရှောင်းကို ခေါ်ရန် တစ်ယောက်အား လွှတ်လိုက်သည်။
ယနေ့မှာ နားရက်တစ်ရက်ဖြစ်တာကြောင့် ဆရာ အများစုမှာ အဝေးသို့ ရောက်နေကြသည်။ ကျောင်းအုပ်ကြီးနှင့် အိမ်ရှေ့စံမင်းသားမှလွဲလျှင် ဆရာရှောင်းတစ်ယောက်သာ ကျောင်းတော်တွင် ရှိပေလိမ့်မည်။
••••••