← Chapters

အဓိပ္ပာယ် မရှိလိုက်တာ။

Vol. 13 Ch. 234

အဓိပ္ပာယ် မရှိလိုက်တာ။

Vol. 13 Ch. 234

အသက်ကြီးကြီးဝိဉာဉ်မှာ သူ့ကိုယ်သူ ပျံသန်းနေသလို ပင် ခံစားလိုက်ရသည်။ သူသည် မြင်းကို မြန်မြန် ပြေးခိုင်းလိုက်ရာ ချုပ်ချယ်မှုများမှ ကင်းလွတ်သွားသလိုပင်။

ကံဆိုးစွာဖြင့်၊ မြင်း တစ်ပတ်ပြည့်အောင် မပြေးရသေးခင်မှာပင် အသက်ကြီးကြီးဝိဉာဉ်မှာ အတော်လေး ခွန်အား မရှိတော့သလို ခံစားလိုက်ရလေသည်။ သူသည် အသက်တောင် မရှူနိုင်တော့ပေ။

ဤမိန်းကလေး၏ ခန္ဓာကိုယ်မှာ အင်မတန်အားနည်းကြောင်းကို သူ သဘောပေါက်သွားတော့သည်။

"မင်းက တာအို သူတော်စင်တစ်ပါး ဖြစ်နေရဲ့သားနဲ့ တစ်ပတ်ပြည့်အောင်တောင် မပြေးနိုင်ဘူး။ မင်းရဲ့ ခန္ဓာကိုယ်က ငါ့လို လူအိုတစ်ယောက်ထက်

တောင် အားနည်းသေးတယ်"

အသက်ကြီးကြီးဝိဉာဉ်မှာစိတ်မကောင်းဖြစ်သွားခဲ့သည်။

"ဟေး၊ မင်းမပြီးသေးဘူးလား။ အခု ငါ့အလှည့် မဟုတ်လား။ " မကောင်းဆိုးဝါးဝိဉာဉ်တစ်အုပ်ကြီးမှာ ဘေးတွင် တန်းစီစောင့်နေကြလေသည်။ သူတို့ စိတ်မရှည်ကြတော့ပေ။

မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်စီက ခန္ဓာကိုယ်ကို တစ်နာရီကြာ ဝင်ပူးနိုင်သည် ဟု သူတို့ သဘောတူခဲ့ကြသည်။။

"အချိန်က အဲ့ဒီလောက်တောင် ကုန်မြန်တာလား" အသက်ကြီးကြီးဝိဉာဉ်မှာ ခေါင်းရမ်းကာ သက်ပြင်းချလိုက်သည်။ " အချိန်က ငါ့ကို ရက်စက်တာပဲ။ဒါပေမဲ့လည်း နှစ်ပေါင်းစွာကြာပြီး

မှ ဒီလို အသက်ရှူနိုင်တဲ့ ခံစားချက်က….."

ပြောမပြနိုင်လောက်အောင်ပင်။

အသက်ရှင်ရတာ ကောင်းတယ်!!

ထိုစဉ် ရှောင်းယွီရုန်မှာ ကျောက်ရွှမ်ကျင်းနှင့် အတူ စစ်တုရင် ကစားနေခဲ့၏။ ယနေ့တွင် မှုခင်းစီရင်ရေး ဌာန၌ နေ့တစ်ပိုင်းသာ အလုပ်လုပ်ခဲ့သည်။ လုပ်စရာ အလုပ်မရှိတာကြောင့် အမျိုးသားနှစ်ဦးမှာ တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေခဲ့ကြလေသည်။

"ဆရာရှောင်း၊ ကျောင်းတော်ကို ရောက်လာပြီးတော့ မြင်းစောင်းဘက်ကိုသွားခဲ့တဲ့ ကျောင်းသားတစ်ယောက်ရှိပါတယ်။ သူမ ပုံက မတည်မငြိမ် ဖြစ်နေတဲ့ပုံပဲ။ ဆရာ တစ်ချက်

လောက် လိုက်ကြည့်ချင်ပါသလား။ " ကြီးကြပ်ရေးမှူးမှာ သူ့ကို သူကိုယ်တိုင်ပြောရန် လာခဲ့လေသည်။

ရှဲ့နျိုရှန်းမှာ ဆက်ဆံရခက်သော သူတစ်ယောက်ဖြစ်သည်။ ရှဲ့သခင်မလေးသာ ကျောင်းတော်တွင် တစ်ခုခုဖြစ်ခဲ့ပါက၊ ရှဲ့နျိုရှန်းဒေါသထွက်ပြီး ကျောင်းအုပ်ကြီးထံသွားလျှင် ပြဿနာဖြစ်ပေလိမ့်မည်။

"ဆရာတူ အစ်ကိုက ဘယ်တုန်းက ကလေးထိန်းတစ်ယောက်ဖြစ်သွားရတာလဲ။" ကျောက်ရွှမ်ကျင်းသည် ပြုံးကာ ပြောလိုက်ရင်း စနောက်လိုက်လေသည်။

ဆရာရှောင်းမှာ သူ၏ ကျောင်းသားများကို ဂရုစိုက်သူတစ်ယောက် အဖြစ် ယူဆနိုင်သည်။ သူသည် ထိုစကားကို ကြားသောအခါ မေးလိုက်၏

"အဲ့ဒီကျောင်းသားက ဘယ်ခြံဝန်းကလဲ။"

" အဲ့ဒါက ဆရာ့ဆီမှာ တပည့်အဖြစ်လက်ခံပေးဖို့ တောင်းဆိုနေတဲ့ ရှဲ့ဖင်းဟွိုက်ရဲ့ အစ်မ၊ ရှဲ့ချောင်၊ ရှဲ့သခင်မလေးပါ။ သူမက အားနည်းသူတစ်ယောက်ဆိုပြီး ကျွန်တော်ကြားထားပေမဲ့၊ မြင်းစီးနေပြီးတော့ မြင်းကလည်း မြန်မြန်ပြေးနေပါတယ်။ မကောင်းတာတစ်ခုခု ဖြစ်မှာကို ကျွန်တော် စိုးရိမ်လို့…."

ကြီးကြပ်ရေးမှူး၏ စကား မဆုံးခင်မှာပင် ကျောက်ရွှမ်ကျင်းသည် ထရပ်ကာ ထွက်သွားနေလေပြီ

သူတံခါးဆီသို့ ရောက်သည့် အချိန်၊ ရှောင်းယွီရုန် သူနှင့် အမှီမလိုက်လာတာကို သိလိုက်ရသော အခါ မျက်မှောင်ကြုတ်လိုက်၏။ "ရှဲ့ချောင်ရဲ့ အစ်ကိုကြီးက ရှဲ့ဖင်းကန်းမလား။ သူက မှုခင်းစီရင်ရေး ဌာနမှာ အလုပ်ကောင်းကောင်းလုပ်နေ

တာ။ သူရဲ့ ညီမသာ တစ်ခုခုဖြစ်ခဲ့ရင်၊ အကို တစ်ယောက်အနေနဲ့ သူ့အလုပ်မှာ အာရုံမစိုက်နိုင်ဖြစ်သွားလိမ့်မယ်။ ဘာလို့ ကျွန်တော်နဲ့ အတူ လိုက်မလာတာလဲ၊ ဆရာတူအစ်ကို"

ဆရာရှောင်းမှာ အံ့ဩလွန်း၍ စကားမပြောနိုင် ဖြစ်သွားခဲ့လေသည်။

ရှဲ့မိသားစုလား။

သူရဲ့ ဆရာတူအစ်မက ရှဲ့မိသားစုက လူတွေနဲ့ ရင်းနှီးတယ်။

သူချက်ချင်းပဲ ထရပ်လိုက်တော့သည်။

အမျိုးသားနှစ်ယောက် မြင်းစောင်းသို့ ရောက်လာ

သည့်အချိန်၊ ရှဲ့ချောင်တစ်ယောက် ခြေထောက်များကို ယှက်လျှက် မြေကြီးပေါ်တွင် ထိုင်နေတာကို မြင်လိုက်ရလေသည်။

ကြီးကြပ်ရေးမှူးသည် ရှဲ့ချောင်တစ်ခုခုဖြစ်မှာကို စိုးရိမ်တာကြောင့် သူထွက်မသွားခင် သူမကို စောင့်ကြည့်ထားဖို့ လူတစ်ယောက်ကို ခိုင်းခဲ့၏။

သို့သော် ယခု ထိုပုဂ္ဂိုလ်မှာ "ရှဲ့ချောင်" ၏ အထိန်းတော် ဖြစ်နေလေပြီ။

"ရှဲ့သခင်မလေး၊ ဒီမှာ ဝိုင်အရက်ပါ။" ထိုလူက ပြောလိုက်၏။

"ရှဲ့ချောင်"သက်ပြင်းချလိုက်၏။ "စောစောတုန်းက ကျွန်မ ငှားရမ်းခဲ့တဲ့ ခြံဝန်းမှာ ဟင်းလျာကောင်းတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ အခု ကျွန်မ အချိန်ဖြုန်းမနေနိုင်ဘူး။ ဝိုင်သောက်နေ

တုန်း ကျွန်မသွားလိုက်သင့်လား။ အဲ့ဒီကို ရောက်တဲ့ အချိန်ကျရင် အစားအသောက် အချို့ ကိုစားလို့ရတယ်။"

သူမသည် ပြောရင်းနှင့် ဝိုင်ပုလင်းကို ဖွင့်လိုက်၍ နှစ်ငုံ သောက်လိုက်ပြီးနောက် အလျင်ထရပ်လိုက်ကာ သွေးရောင်ဖြန်းနေသော ပါးနှင့် လျှောက်သွားလိုက်လေသည်။

ရှောင်းယွီရုန် မှာ မျက်ခွံလှုပ်သွားခဲ့ရတော့သည်

" ဘယ်လိုတောင် အဓိပ္ပာယ်မရှိလိုက်သလဲ"

လူတစ်ယောက်က ဝိုင်သောက်လို့ မရဘူးဟု ဆိုလိုချင်တာ မဟုတ်သော်လည်း၊ ရှဲ့ချောင်မှာ မိန်းမပျိုတစ်ယောက်ဖြစ်နေသည်။ သူမ တကယ် နည်းနည်းလွတ်နေတဲ့ ပုံပဲ။

ရှောင်းယွီရုန်က သူ့အင်္ကျီလက်ကို ခါလိုက်သလို၊ ရှဲ့ချောင်သည်လည်း သူမ အင်္ကျီလက်ကို လိပ်တင်ကာ နောက်ထပ်ဝိုင်အနည်းငယ် သောက်ရန်အတွက် ခေါင်းမော့ လိုက်လေသည်။ သလင်းကျောက်သဏ္ဍာန် ဝိုင်များသည် သူမ မေးစေ့မှတစ်ဆင့် လည်ပင်းသို့ စီးကျသွားကာ သူမ၏ အဝတ်အစားကို စွန်းထင်းသွားစေခဲ့သည်။

သူမသည် နှစ်လှမ်းမျှ လျှောက်ပြီးနောက် ရှောင်းယွီရုန်နှင့် ကျောက်ရွှမ်ကျင်းကို တွေ့သွားတော့သည်။

"ဟား" သူမသည် လှောင်ရယ် လိုက်ကာ

" အရက်ကောင်းပဲ"

ရှောင်းယွီရုန်မှာ ပြောစရာစကား ပျောက်ဆုံးသွား

ခဲ့ရသည်။

ကျောက်ရွှမ်ကျင်းသည်လည်း ပြောစရာစကား ပျောက်ဆုံးသွားခဲ့ရသည်။

"တွေ့လား၊ ရှဲ့သခင်မလေးတစ်ခုခုဖြစ်နေလားဆိုတာ ကျွန်တော်သိချင်…. " ကြီးကြပ်ရေးမှူးမှာ ကူကယ်ရာ မဲ့သွားကာ "သူမ ခန္ဓာကိုယ်က အားနည်းတယ်လို့ ကျွန်တော်ကြားထားပေမဲ့၊ မြင်းစီးတယ်၊ အခု ဝိုင်ပါသောက်နေတယ်။ သူမရဲ့ ကိုယ်က…."

ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုံ့လိုက်သည် "သူမက ခြံဝန်းကို ငှားရမ်းခဲ့တာလား။"

"အမှန်ပါပဲ။ ခြံဝန်းက တစ်ရက်ကို ငွေပဲစေ့တစ်ရာ ကျသင့်…. " ကြီးကြပ်ရေးမှူးသည် သခင်မလေးမှာ စိတ်လွတ်သွားပြီဟု တွေးထင်လိုက်

မိသည်။ "သူမက ဟင်းလျာပွဲတွေ အများကြီးကိုတောင် မှာခဲ့ပြီးတော့၊ နှစ်နာရီကြာတိုင်းမှာ ဟင်းပွဲတွေကို ပြင်ပေးရမယ်လို့ ပြောပါသေးတယ်"

•••••••

All Chapters