လှည့်ပတ်သွားလာနေသော မကောင်းဆိုးဝါးဝိဉာဉ်
Vol. 13 Ch. 235
ရှဲ့ချောင်သာ ထူးထူးဆန်းဆန်းပြုမူနေတာ မဟုတ်ခဲ့လျှင် ဆရာရှောင်းကို ထိုအကြောင်းပြောဖို့အတွက် ကြီးကြပ်ရေးမှူးသည် အားစိုက်ထုတ်နေလိမ့်မည် မဟုတ်ခဲ့ပေ။
အိမ်ရှေ့စံမင်းသားကိုယ်တိုင် ဒီကို လာခဲ့မည်ဟု
ပင် သူ မတွေးခဲ့ပေ။
ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုတ်လိုက်၏။ "ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောနဲ့"
ကြီးကြပ်ရေးမှူးမှာ အံ့အားသင့်သွားခဲ့သည် "ကောင်းပါပြီ"
"ဆရာတူ အစ်ကို ပြန်ရင် ပြန်လို့ရပြီ။ ကျွန်တော် သူ့အစ်ကိုကြီးကို လေးစားတယ်။ ကျွန်တော် သူမကို ဂရုမစိုက်ဘူးဆိုရင် မကောင်းဘူး။စစ်ဆေးကြည့်ဖို့ အတွက် နန်းတွင်းသက်တော်စောင့်ကို ခေါ်သွားလိုက်မယ်။" ကျောက်ရွှမ်ကျင်းမှာ လေးနက်နေပုံရသည်။ သူ့မျက်နှာကို ကြည့်ပြီး ဘာဖြစ်နေသလဲဆိုတာကို ဘယ်သူကမှ မပြောနိုင်ပေ။
" သူမက ဘယ်လိုပဲဖြစ်ဖြစ်ကျောင်းတော်က ကျောင်းသူတစ်ယောက်ပဲ။ ငါ ဒါကို လစ်လျူ ရှုမထားနိုင်ဘူး။ ပြီးတော့၊ မင်းလည်း သိပါတယ်၊ ဆရာတူအစ်မနဲ့ ရှဲ့မိသားစုက…."
"ဒါ အမှန်ပဲ။ ဒီသခင်မလေးက ဆရာတူအစ်မရဲ့ ဆွေမျိုးတစ်ယောက်။ ကျွန်တော်ပဲ ဒါကို စုံစမ်းစစ်ဆေးကြည့်လိုက်ပါမယ်။ဆရာတူ အစ်ကို ရေးထားတဲ့ သီချင်းက လွဲနေတယ်။ ပြန်သွားပြီးတော့၊ ကောင်းကောင်းပြန်တွေးကြည့်လိုက်ပါ။နောက်ရက်အနည်းငယ် အတွင်းမှာ ခမည်းတော်က အဲ့ဒါကို သုံးမှာ။သီချင်းက မကောင်းလို့ ခမည်းတော်က အပြစ်တင်ရင် ကျွန်တော်လည်း မကူညီနိုင်ဘူး။ " ကျောက်ရွှမ်ကျင်းသည် ရှောင်းယွီရုန်အား တစ်ယောက်တည်း ထားခဲ့ကာ တန်းပြီးထွက်သွားတော့သည်။
ရှောင်းယွီရုန်သည် စကားပြောဖို့ရာ ကြိုးစားခဲ့သည်။
စောစောတုန်းကတော့ ကျောက်ရွှမ်ကျင်းက သူ့သီချင်းကို ကောင်းတယ်လို့ ပြောခဲ့…..
ဘာတွေ မှားနေတာလဲ။ ရှောင်းယွီရုန်သည် မျက်မှောင်ကြုတ်လိုက်ကာ သူ့ကိုယ်သူ စတင်ပြန်စဉ်းစားကြည့်မိတော့သည်။
ကျောက်ရွှမ်ကျင်းသည် သူ၏ နန်းတွင်းသက်တော်စောင့်များကို ခေါ်လာခဲ့ကာ ထိုခြံဝန်းထဲသို့ ဝင်သွားလိုက်၏။
ယနေ့ ကျောင်းတော်တွင် လူတစ်ယောက်မှ မရှိလုနီးပါးဖြစ်တာကြောင့် သတင်းပြန့်သွားမှာကို သူစိတ်ပူမနေခဲ့ပေ။
ရှဲ့ချောင်တစ်ယောက် ခြံဝန်းထဲတွင် ပူပင်ကြောင့်ကြကင်းသည့် ပုံစံဖြင့် ထိုင်နေတာကို ကျောက်ရွှမ်ကျင်းမြင်လိုက်ရသည်။ သူမရှေ့တွင် စားပွဲခုံကြီးတစ်ခုရှိနေကာ…. အစာပြေမုန့်ဆယ်မျိုးကျော််နှင့် ကျောင်းတော်က ပုံမှန် တည်ခင်းသည့် ဟင်းပွဲများစွာ ၎င်းပေါ်တွင် ရှိနေခဲ့သည်။
ရှဲ့ချောင်သည် ဝိုင်ခွက်တစ်ခွက်ကို သူမကိုယ်တိုင် လောင်းထည့်နေပြီး လက်ထဲတွင်တော့ ဝက်ခြေထောက်တစ်ချောင်းကိုင်လို့ထားသည်။
သူမ၏ ပါးစပ်တွင်လည်း ဆီများပေကျံနေလေ၏။
ကျောက်ရွှမ်ကျင်းမှာ မြင်လိုက်ရသည့် မြင်ကွင်းအပေါ် မျက်မှောင်ကြုတ်မိသွားခဲ့သည်။
၎င်းသည် သူမ၏ပုံစံနှင့် တူမနေခဲ့ပေ။
ရှဲ့ချောင်မှာ…. သူမ၏ အပြုအမူများအပေါ် ဂရုတစိုက်ရှိသူဖြစ်သည်။။
ညဉ့်နက်သန်းခေါင်၊ တောအုပ်ထဲ၌ လူသေအလောင်းများကို တူးနေချိန်တောင်မှ သူမ၏ လှုပ်ရှားမှုများမှာ ကြော့ရှင်းရည်မွန်နေခဲ့ပြီး လှပသောအပြုံးတစ်ခုကို အမြဲ ပန်ဆင်ထားတတ်သူလည်း ဖြစ်သည်။
ယခုတွင်တော့ သူမပုံစံမှာ …. လူကြမ်းတစ်ယောက်နှင့် တူနေလေသည်။
"အစ်ကိုကြီး၊ ကျွန်မနဲ့ အတူတူသောက်မလား" 'ရှဲ့ချောင်' ကပြောလိုက်သည်။
ကျောက်ရွှမ်ကျင်းမျက်ခွံလှုပ်သွားခဲ့၏ "အစ်ကိုကြီး" တဲ့လား။
" ဘယ်သူကမှ ကျွန်မနဲ့ အတူတူ မသောက်ချင်ကြလို့ စိတ်မကောင်းဖြစ်ရုံပါ။ တစ်ယောက်တည်းသောက်ရတာက ပျင်းစရာကောင်းတယ်။ ဒီကိုလာ၊ ကျွန်မနဲ့ အတူတူလာသောက်။ တစ်ခွက်လေးပဲ။ ကျွန်မမှာ အချိန်သိပ်မကျန်တော့ဘူး၊ မြန်မြန်လာ" ၊ 'ရှဲ့ချောင်' ၏ ပုံမှာ အလျင်လိုနေသလိုပင်။
ကျောက်ရွှမ်ကျင်းသည် ပေါ့ပေါ့ပါးပါးနှင့်ပင် ထိုင်ခုံတစ်လုံးယူလိုက်ကာ၊ သူ၏ မျက်လုံးများမှာတော့ အနည်းငယ် လက်နေခဲ့လေသည်။ " မင်း…. ငါ ဘယ်သူလဲဆိုတာ မမှတ်မိဘူးလား"
သူမှတ်မိခဲ့လျှင်၊ ထိုစကားကို ပြောခဲ့လိမ့်မည်
မဟုတ်ပေ။
"ရှင်က ဘယ်သူလဲ။" ရှဲ့ချောင်မျက်မှောင်ကြုတ်လိုက်သည်။ " ရှင်နဲ့ အရက်သောက်ဖို့ကို ရှင်ဘယ်သူလဲဆိုတာ သိမှရမှာလား။ အရမ်းစကားများတာပဲ၊ သောက်ချင်ရင်သောက်၊ မသောက်ချင်ရင် ထွက်သွားလိုက်"
သူမသည် စကားပြောပြီးသည်နှင့် နောက်တစ်ခွက် ထပ်သောက်လိုက်လေသည်။
ကျောက်ရွှမ်ကျင်းမှာ ယခုဆိုလျှင် ခက်ထန်လာခဲ့ပြီဖြစ်သည်။ ကျို့ဝေ့ကျုံးမှ လွဲ၍ ကျန်သည့် နန်းတွင်းသက်တော်စောင့်များမှာ အပြင်ဘက်တွင် စောင့်ကြပ်နေကြသည်။
သူသည် အေးစက်သော မျက်နှာထားနှင့် သူ
ရှေ့က လူကို ကြည့်လိုက်၏ "မင်းက ရှဲ့ချောင်မဟုတ်ဘူး။ မင်း ဘယ်သူလဲ"
အမျိုးသား ဝိဉာဉ်မှာ လန့်ဖျပ်သွားခဲ့သည်။ " ဆိုတော့ မင်းက သူမကို သိတယ်ပေါ့… မင်းငါ့ကို ပြောခဲ့သင့်… ငါ ..×ီး!
သူ၏ ဝိဉာဉ်မှာ ထိုလေချဉ်တက်မှုကြောင့် ခါယမ်းသွားကာ ခန္ဓာကိုယ်ထဲမှ မတော်တဆထွက်သွားခဲ့လေသည်။ အမျိုးသမီးဝိဉာဉ်သည် မျက်စိတစ်မှိတ်စာ အတွင်း ဝင်ရောက်လာခဲ့၏။ ရုတ်တရက်၊ သူမသည် ကျောက်ရွှမ်ကျင်းအား ရှက်ရွံ့ပြီး မြူစွယ်နေသည့် အမူအရာနှင့် ကြည့်နေလေသည်။
"လူကြီးမင်း၊ ကျွန်မရှင့် အတွက် ဝိုင်ငှဲ့ပေးရမလား" ရှဲ့ချောင်က ဖွဖွလေး ပြုံးလိုက်၏။
ကျို့ဝေ့ကျုံးမှာ ထိုသို့ မြင်လိုက်ရသောအခါ ကြက်သေသေသွားခဲ့၏။ သူသည် ရှဲ့ချောင်ကို စိုက်ကြည့်ရင်း မှင်တက်နေမိသည်။
ဘာ-ဘာလို့ အမတအရှင်ရှဲ့ က ရှက်သွေးဖြာနေတဲ့ မိန်းမငယ်လေး တစ်ယောက်လို ပြုမူနေရတာလဲ။!
မဟုတ်သေးဘူး။ ဒါက မိန်းမငယ်လေး တစ်ယောက်မဟုတ်ဘူး။သူက စာရိတ္တပျက်နေတဲ့ ပြည့်တန်ဆာတစ်ယောက်လို….
ကျောက်ရွှမ်ကျင်းသည် သူရှေ့တွင် ရှိသော ခွက်ထဲသို့ ဝိုင်ငှဲ့ထည့်နေသည့် ရှဲ့ချောင်ကို ကြည်နေလေသည်။ ဝိုင်ပုလင်းကို ချလိုက်ပြီးနောက် နူးညံ့သော လက်တစ်စုံသည် သူ့ပေါ်သို့ ညင်သာ စွာ ရွေ့လျားလာခဲ့၏။ သူ၏ ခန္ဓာကိုယ်မှာ
တောင့်တင်းသွားကာ ယခုဆိုလျှင် ပို၍ပင် ခြိမ်းခြောက်ချင်နေသည့်ပုံပေါ်နေလေပြီ။
"မင်းလည်း ရှဲ့ချောင်မဟုတ်ဘူး" သူ့အသံမှာ အေးစက်နေသည်။
လှပသော ဝိဉာဉ်မှာ သူမ ရင်ဘတ်ထဲမှ လက်ကိုင်ပုဝါကို ဆွဲထုတ်လိုက်ကာ လိမ်ညှစ်လိုက်သည်
" အို၊ ရှင်ဘာတွေပြောနေတာလဲ၊ လူကြီးမင်း….."
" လှည့်ပတ်သွားလာနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်လား" ကျောက်ရွှမ်ကျင်းသည် သရော်လိုက်ကာ၊ အစောပိုင်းက သူ ရှဲ့ချောင်၏ ဆိုင်မှ ဝယ်ယူခဲ့သော အဆောင်ကို ထုတ်လိုက်လေသည်။ သူသည် အကဲစမ်းလိုသော အမူအရာနှင့် ပြောလိုက်၏
" ငါ ဒီအရာကို မင်းအပေါ်ကို ကပ်ပြီးရင်တောင်
မှ မင်းငါ့နားမှာ နောက်ပြောင်နေနိုင်ဦးမလားဆိုတာ ငါသိချင်မိတယ်"
လှပသော ဝိဉာဉ်၏ မျက်နှာမှာ တောင့်တင်းသွားခဲ့လေသည်။
ပြောစရာ မလိုအောင်ပင်၊ ၎င်းသည် ဆိုးရွားပေလိမ့်မည်။ သူမ သည် ခန္ဓာကိုယ်ထဲမှ ချက်ချင်း တွန်းထုတ်ခံရပေမည်။ သို့သော်၊ အခြား မကောင်းဆိုးဝါးဝိဉာဉ်များကတော့ ခန္ဓာကိုယ်ကို ဝင်ပူးနိုင်သေးသည်။ ယခုအချိန်သည် သူမ ဝင်ပူးရမည့် အလှည့်ဖြစ်နေရုံကြောင့်သာ။
••••••