← Chapters

လူတစ်ယောက်ရဲ့ အပြင်ဘက်သွင်ပြင်က သူတို့စိတ်ရဲ့ ရောင်ပြန်ဟပ်တယ်။

Vol. 13 Ch. 236

လူတစ်ယောက်ရဲ့ အပြင်ဘက်သွင်ပြင်က သူတို့စိတ်ရဲ့ ရောင်ပြန်ဟပ်တယ်။

Vol. 13 Ch. 236

လှပသော ဝိဉာဉ်မှာ ကသိကအောက် ဖြစ်စွာနှင့် ပြုံးလိုက်သည်။ ကျောက်ရွှမ်ကျင်း၏ ဝတ်ရုံစကို ဆော့ကစားနေသည့် သူမ၏ လက်သေးသေးလေးများမှာ အထိန်းအကွပ်မဲ့နေခဲ့၏။ သူမ၏ အသံမှာ ညင်သာ သိမ်မွေ့နေကာ၊ ဖြားယောင်းသွေးဆောင်နေသည့် ပုံပေါ်လေသည်။

"လူကြီးမင်း၊ ရှင်ဘာကို ဆိုလိုချင်တာလဲ ဆိုတာကို ကျွန်မမသိဘူး… " လှပသော ဝိဉာဉ်က မျက်တောင်တဖျက်ဖျက်ခက်ရင်း ပြောလိုက်သည်။

ဒီလို အကျင့်ပျက်ပြားနေတဲ့ သူတစ်ယောက်က ရှဲ့ချောင်၏ ခန္ဓာကိုယ်ထဲမှာ ရှိနေကြောင်းကို တွေးမိသော အခါ ကျောက်ရွှမ်ကျင်းသည် အလွန်ကို မသက်မသာ ခံစားနေရတော့သည်။

" ထွက်သွားစမ်း" ကျောက်ရွှမ်ကျင်း အေးစက်စွာနှင့် ပြောလိုက်၏။။ သူ့ မျက်နှထားမှာ ခက်ထန် တင်းမာနေခဲ့လေသည်။

လှပသော ဝိဉာဉ်မှာ မတရားသဖြင့် ခံရသလိုမျိုးနှင့် သူမ၏ ခေါင်းကို ခါယမ်းလိုက်သည်။ " မလုပ်နိုင်ဘူး၊ ရှင်ဘာလို့ ကျွန်မကိစ္စကို စိတ်ဝင်စားနေရတာလဲ။ ကျွန်မက နည်းနည်းလောက် အနားယူချင်ရုံပဲ။ ရှင် ကျွန်မကို မမြင်ချင်ယောင်ဆောင်လိုက်လို့ မရဘူးလား။ ပြီးတော့၊ ရှင် ကျွန်မကို မကြောက်ဘူးလား။ ကျွန်မက လူသားတစ်ယောက်မဟုတ်ဘူး။ သတိထားနော်၊ ကျွန်မ ရှင့်ကို စားပစ်လိုက်မှာ။"

သူမသည် ပြောပြီးသည်နှင့် သူမ၏ ပါးစပ်ကျယ်ကြီးနှင့် မာန်ဖီပြလိုက်တော့သော်လည်း....

၎င်းမှာ ရှဲ့ချောင်၏ မျက်နှာ ဖြစ်နေခဲ့သည်။

သူမသည် ထိုမျက်နှာ အမူအရာမျိုးနှင့် ကြောက်စရာကောင်းသင့်သော်လည်း၊ ထိုအစား သူ့အား အတော်အလေး မသက်မသာဖြစ်အောင်သာ လုပ်လိုက်လေသည်။

ထိုသို့ ပြုလုပ်သူမှာ ရှဲ့ချောင်ကိုယ်တိုင်သာ ဖြစ်နေခဲ့ပါက၊ ၎င်းသည် ချစ်စရာကောင်းနိုင်သေးသည်။

ဆိုတော့ လူတစ်ယောက်ရဲ့ အပြင်ဘက်သွင်ပြင်က သူတို့စိတ်ရဲ့ ရောင်ပြန်ဟပ်တယ်ဆိုတာ မှန်တာလား။

"မင်းက ထွက်သွားဖို့ တွန်းအားပေးခံနေရတာတောင် ချီတုံချတုံ ဖြစ်နေတယ်ဆိုမှတော့…." ကျောက်ရွှမ်ကျင်း၏ မျက်လုံးထဲတွင် အေးစက်မှုများ ရှိနေခဲ့သည်။ သူသည် သူ၏ လက်ထဲရှိ

အဆောင်လက်ဖွဲ့များကို အသုံးပြုတော့မည် ဖြစ်သည်။

လှပသော ဝိဉာဉ်မှာ ချက်ချင်းဆိုသလို သူမ၏ လက်ကို ဆန့်ထုတ်ကာ ငြင်းဆန်တော့သည်။ "လူကြီးမင်း၊ ရှင်က ရှင့်ကိုယ်ရှင်တောင် ဂရုမစိုက်တာ၊ ဘာလို့ ဒီသခင်မလေးကို ဂရုစိုက်ဖို့ အလုပ်ရှုပ်ခံနေရတာလဲ။ ကျွန်မတို့ သူကို တကယ် ထိခိုက်စေမှာ မဟုတ်ပါဘူး။"

' ဒီသခင်လေးမှာလည်း သူ့နောက်ကို လိုက်နေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေ အများကြီး ရှိနေတာမဟုတ်လား'

'တာအိုသူတော်စင် နောက်ကို လိုက်နေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေ ထက်တောင်ပိုများသေးတယ်၊ ပြီးတော့…..'

လှပသော ဝိဉာဉ်သည် မနေနိုင်ဘဲ အနံ့တစ်ချက်ခံကြည်လိုက်မိသည်။

ကျောက်ရွှမ်ကျင်းပေါ်ရှိ ရနံ့မှာ ကောင်းမွန်လှသည်။ သူ့မှာ နဂါးစွမ်းအင်လည်း ရှိနေ…..

သို့သော်၊ နဂါးစွမ်းအင်ရှိသည့် လူများမှာ များသော အားဖြင့် အားကောင်းသော ယန်စွမ်းအင်ရှိကြသည်။ မကောင်းဆိုးဝါးဝိဉာဉ်များ နီးနီးကပ်ကပ် နေခွင့် မရသင့်။ ဤပုဂ္ဂိုလ်၌ အဘယ်ကြောင့် မကောင်းဆိုးဝါးဝိဉာဉ်များစွာကို ဆွဲဆောင်စေနိုင်သည့် အားကောင်းသော အမှောင်စွမ်းအင် ရှိနေရသလဲဆိုတာကို သူမ မသိပေ။ သူတို့သည် သူ၏ နဂါးစွမ်းအင်နှင့် အာဟာရပြည့်နေကြသည်။ သို့သော်၊ ဒီလို မကောင်းဆိုးဝါးဝိဉာဉ်များစွာသာ ရှိနေလျှင် သူ၏ ကံကြမ္မာ မှာ ဆိုးရွားပေလိမ့်မည်။ သူ၏ နဂါးစွမ်းအင် ကုန်ဆုံးသွားသည့် အချိန်ကျလျှင် ဘေးဒုက္ခကပ်ဆိုးကို ခံစားရပေလိမ့်မည်။

တခြားသူတစ်ယောက်ကို ဂရုစိုက်ပေးနေသည့် စိတ်အခြေအနေဖြစ်သွားခြင်းအပေါ် သူမ အံ့ဩသွားခဲ့သည်။

နဂါးစွမ်းအင် ဆိုသည်မှာ အဆောင်လက်ဖွဲ့များထက် ပိုပြီး အားကောင်းသည် ဖြစ်ရာ၊ သူ့၌ အားနည်းသော ယန်စွမ်းအင် ရှိနေလျှင်တောင် မကောင်းဆိုးဝါးဝိဉာဉ်များ ဝင်ပူးနိုင်လိမ့်မည် မဟုတ်ပေ။

သူတို့ ဝင်ပူးလို့ရမည့် ကမ္ဘာနှစ်ခုလုံးနှင့် ဆက်သွယ်နိုင်သည့် သူတစ်ယောက်ကို ရှာတွေ့ရန် ခဲယဉ်းသည့် အချက်ကြောင့်သာ မဟုတ်လျှင် ဤသခင်လေး၏ နဂါးစွမ်းအင်ကို အားဖြည့် စားသုံးရန်အတွက် သူ့ဘေးတွင်သာ သူမ နေလိမ့်မည်ဖြစ်သည်။

"ကျွန်မတို့?" ကျောက်ရွှမ်ကျင်း မျက်မှောင်ကြုံ့လိုက်၏။ " မင်းအပြင် နောက်ထပ်ဘယ်လောက်တောင်ရှိနေတာလဲ။"

" အဲဒါ.." လှပသော ဝိဉာဉ်မှာ ပတ်ကြည့်လိုက်သည်

" အားကောင်းတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေက အများကြီး မရှိပါဘူး၊ သူမကို မြင်ရတဲ့ သူထက်တောင် နည်းသေးတယ်။ နောက်ပြီး၊ ကျောင်းတော်မှာက ယန်စွမ်းအင် အားကောင်းတော့….အခု ကျွန်မတို့ ဆယ်ယောက်ရှိတယ်။ ဒါပေမဲ့၊ ရှင်လည်း မကောင်းဆိုးဝါးဝိဉာဉ်ဆယ်ကောင်ကို ခေါ်လာခဲ့တယ်လေ…."

လှပသောဝိဉာဉ်က စကားဆုံးသည်နှင့် ကျောက်ရွှမ်ကျင်းကို မျက်လုံးမှိတ်ပြလိုက်သည်။

" မင်းပြောတာက ငါ့နောက်ကို လိုက်နေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်ဆယ်ကောင်ရှိတယ်၊ ဒါဆို သူတို့ ဘာလို့ ငါ့ကို ဝင်မပူးကြလဲ။ ရှဲ့ချောင်က ငယ်ငယ်ကတည်းက တာအို ဘာသာကို လေ့လာသင်ယူခဲ့တာ။ သာမန်လူတစ်ယောက်ဖြစ်တဲ့ ငါက သူမထက်ပိုပြီး မကောင်းဆိုးဝါးဝိဉာဉ်တွေကို တွန်းလှန်နိုင်တာ ဖြစ်နိုင်လို့လား။" ကျောက်ရွှမ်ကျင်းက မေးလိုက်၏။

" သေချာပေါက် မဟုတ်ဘူးပေါ့၊ ဒီသခင်မလေးက သူမနဲ့ အတူ အဆောင်တွေကို သယ်သွားတဲ့ ပါးနပ်တဲ့သူတစ်ယောက်။ စောစောတုန်းက အခမ်းအနားတစ်ခု ကျင်းပပြီး သူမကိုယ်သူမ သာ ထုတ်မပြခဲ့ရင် ကျွန်မတို့တွေ ရှာတွေ့မှာ မဟုတ်ဘူး။ သူမက ကမ္ဘာနှစ်ခု စလုံးနဲ့ ဆက်သွယ်နိုင်တယ်။ ကျွန်မတို့တွေ သူမကို ဝင်ပူးတဲ့ အချိန်ကျရင် ခန္ဓာကိုယ်ကနေ လွယ်လွယ်နှင်ထုတ်ခံရမှာ မဟုတ်သလို ဒါက စည်းမျဉ်းတွေကို ဆန့်ကျင်နေတာလဲ မဟုတ်ဘူးလေ။ တစ်ဖက်မှာ

တော့ … ရှင့်မှာက အားကောင်းတဲ့ အမှောင်စွမ်းအင်ကြီးရှိနေတယ်။ ကျွန်မတို့ ရှင့်ကို ဝင်ပူးလိုက်လို့ရပေမယ့်..ရှင့်မှာက တော်ဝင်မင်းဆက်သွေးတွေ စီးဆင်းနေတာမလို့၊ ရှင့်ဆီကနေ အနံ့ခံလို့ပဲရတယ်၊ အခုချိန်မှာ ရှင့်ကို ဘာတစ်ခုမှ လုပ်လို့ မရဘူး။" လှပသော ဝိဉာဉ်မှာ စကားပြောဖို့ လူတစ်ယောက်ကို တွေ့သွားသလိုမျိုး ဆက်ဆံနေခဲ့သည်။ သူမသည် ပြုံးပြုံးလေးနှင့် စကားဖောင်ဖွဲ့နေခဲ့၏။

သူမသည် ပြုံးနေခဲ့သော်လည်း သူမ၏ ပုံမှာ အတော်လေး ကြက်သီးထစရာ ကောင်းနေခဲ့သည်။

ကျောက်ရွှမ်ကျင်းမှာတော့ ထိုစကားများကို ကြားလိုက်ရသောအခါ အတွေးနက်နက်ထဲ နစ်ဝင်သွားတော့သည်။

" ကျွန်မတို့တွေ သခင်မလေးနဲ့ သဘောတူညီချက်တစ်ခု လုပ်ခဲ့ကြတယ်။ ကျွန်မ တို့ ဒီနေ့ ဘယ်နေရာကို မှ သွားမှာ မဟုတ်ဘူး။ ကျောင်းတော်ထဲမှာပဲနေကြမှာ။ သူမကို ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး" လှပသော ဝိဉာဉ်က ထပ်ပြောလိုက်ကာ ကျောက်ရွှမ်ကျင်း၏ ရင်ဘတ်ကို တို့ထိလိုက်သည်။ " ဒါပေမယ့်.. ရှင်က အရမ်းကြည့်ကောင်းတာပဲ။ အသက်ရှင်နေတဲ့ လူတစ်ယောက်ကို မထိခဲ့ရတာ နှစ်ပေါင်းများစွာကြာပြီ.."

••••••

All Chapters