← Chapters

သူ့ကို လက်ထပ်ခြင်း

Vol. 13 Ch. 237

သူ့ကို လက်ထပ်ခြင်း

Vol. 13 Ch. 237

လက်များက လာရောက် ပွတ်သပ်နေသောကြောင့် ကျောက်ရွှမ်ကျင်းသည် သူ၏ အင်္ကျီကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ရန်အတွက် မတ်တပ်ထရပ်လိုက်သည်။

လှပသောဝိဉာဉ်မှာ ရူးမိုက်မနေခဲ့။ သူမသည် ပြုံးလိုက်ကာ ဝိုင်တစ်ငုံထပ်သောက်လိုက်သည်။

'ရှဲ့ချောင်' ၏ပါးနှစ်ဖက်မှာနီရဲနေခဲ့သည်။

ကျောက်ရွှမ်ကျင်းသည် ခြံဝန်းထဲသို့ လျှောက်သွားလိုက်ကာ ကျို့ဝေ့ကျုံး၏ ဓားရှည်ကို ယူရန်အတွက် လက်ကို ဆန့်ထုတ်လိုက်သည်။

သူသည် စိတ်ပိုင်းဖြတ်ထားသည့်ပုံနှင့် ဓားရှည်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ ရုတ်တရက်၊ သူ၏ လက်ဖဝါးအား ထိုဓားရှည်ဖြင့် လှီးဖြတ်ချလိုက်ရာ သွေးများ စီးကျလာတော့သည်။

"အရှင့်သား" ကျို့ဝေ့ကျုံးမှာ ကြက်သေသေသွားခဲ့သည်။

သူသည် ဒဏ်ရာအား ပတ်တီးစည်းပေးရန် အလျင်စလိုပြေးသွားခဲ့သော်လည်း၊ ကျောက်ရွှမ်ကျင်းကတော့ အေးအေးလူလူနှင့် ပြောလိုက်၏ "ခဏနေဦး…"

သူသည် စကားပြောရင်းနှင့် ရှဲ့ချောင်ထံမှ ဝယ်ခဲ့သော အဆောင်ကို သူလက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားခဲ့သည်။ မကြာလိုက်၊ အဆောင်မှာ အနီရောင် ပြောင်းသွားခဲ့လေသည်။

" အရှင့်သား၊ ဘာလုပ်နေတာပါလဲ။ အရှင့်သားရဲ့ ခန္ဓာကိုယ်သာ…" ကျို့ဝေ့ကျုံးမှာ ဝမ်းနည်းပက်လက်ဖြစ်နေလေ၏။

" ငါက ရွှံ့နဲ့ လုပ်ထားတဲ့သူတစ်ယောက် မဟုတ်ဘူး။ ငါရဲ့ လက်တွေက တော်တော်လေး အသုံးမဝင်ဘူးဆိုတော့ ဒဏ်ရာရသွားရင်တောင် ကိစ္စမရှိပါဘူး" ကျောက်ရွှမ်ကျင်းက ပြောလိုက်ကာ

ရုတ်တရက် သူ၏ တောက်ပသော မျက်လုံးထဲတွင် ကျေနပ်အားရမှူများပြည့်သွားခဲ့သည် " ခွေးသွေးက မကောင်းဆိုးဝါးတွေကို နှင်ထုတ်နိုင်တယ်လို့ ကြားဖူးတယ်"

" အရှင့်သားက…. ခွေးမှ မဟုတ်" ကျို့ဝေ့ကျုံးမှာ အလိုလို ပြောထွက်မိသွား၏။

သူစကားမှား ပြောလိုက်မိပြီဆိုတာကို သိလိုက်ရတာကြောင့် ချက်ချင်းပဲ ပြန်ပြောလိုက်သည်

" အရှင့်သားအတွက် ခွေးသွေးကို ကျွန်တော်မျိုး ယူပေးပါမယ်"

၎င်းသည် အချည်းနှီးသာ ဖြစ်မည်ဟု ကျောက်ရွှမ်ကျင်းတွေးလိုက်မိသည်။

အစောတုန်းက ထိုမကောင်းဆိုးဝါးဝိဉာဉ်သည် ယနေ့မှာ ထူးခြားသောနေ့တစ်နေ့ဖြစ်သည်ဟုပြောခဲ့သည်။

ရှဲ့ချောင်၏ စွမ်းဆောင်ရည်နှင့်ဆိုလျှင်၊ ပုံမှန် မကောင်းဆိုးဝါးနှင်သည့် ပစ္စည်းများသာ အလုပ်ဖြစ်ပါက ကျောင်းတော်ထဲတွင် သူမ လာပုန်းနေစရာ လိုလိမ့်မည် မဟုတ်ပေ။

ထို့ပြင်၊ ဧကရာဇ်မင်းမှာ နဂါး၏ မျိုးဆက်ဟု လူများက ပြောစမှတ်ပြုကြသည်။ သူသည် ဧကရာဇ်တစ်ပါး မဟုတ်သေးသော်လည်း သူဒီနေရာကို ရောက်လာပြီဖြစ်သည်။ ကံကောင်းလျှင် သူ၏ သွေးသည် ခွေးသွေးထက်ပင် ပို အသုံးဝင်နိုင်သေးသည်။

အဆောင်ကို သူ၏ သွေးထဲသို့ နှစ်လိုက်ပြီးသည်နှင့် သူ၏ လက်မောင်းကို ဆန့်ထုတ်လိုက်သည်။ ကျို့ဝေ့ကျုံးသည် ချက်ချင်းပဲ ပါးနပ်စွာနှင့်

ပတ်တီးစည်းပေးလိုက်သည်။

" ဒါသာ အလုပ်ဖြစ်မယ်ဆိုရင် အမတအရှင် ရှဲ့ကငါ့ကို ကျေးဇူးတင်လိမ့်မယ်လို့ မင်းထင်လား." ကျောက်ရွှမ်ကျင်းသည် ပြုံးလျက် မေးလိုက်၏။ ထို့နောက် သူ၏ မျက်ခုံးကို ပင့်ထားကာ ခံ့ညားသည့်ပုံပေါ်နေလေသည်။

ကျို့ဝေ့ကျုံးမှာ သူရဲ့ ဒဏ်ရာ ကို ဂရုတစိုက်နှင့် စည်းပေးနေခဲ့သည်။ သူခမျာ ပြောစရာစကား ပျောက်ဆုံးသွားခဲ့ရသည်။

" ဒါက အကူအညီကြီးတစ်ခုပဲ။ ဖြစ်နိုင်တာက သူမ… အရှင့်သားကို လက်ထပ်လောက်မလား" ကျို့ဝေ့ကျုံးမှာ အကဲစမ်းလိုသောပုံစံနှင့် မေးလိုက်သည်။

"အဓိပ္ပာယ်မရှိလိုက်တာ" ကျောက်ရွှမ်ကျင်းသည် လှောင်ရယ်လိုက်ပြီး သူရဲ့ လက်ကို ပြန်ရုတ်လိုက်သည်။ ထို့နောက် ရှဲ့ချောင်ဆီသို့ လျှောက်သွားလိုက်၏။

လှပသော ဝိဉာဉ်မှာ သူ့ကို သံသယနှင့် ကြည့်နေခဲ့သည်။

ကျောက်ရွှမ်ကျင်းသည် အဆောင်ကို ထုတ်ယူလိုက်ပြီးနောက် ရှဲ့ချောင်၏ ခေါင်းပေါ်သို့ နှောင့်နှေးခြင်းမရှိ ကပ်ချလိုက်တော့သည်။ မလှမ်းမကမ်း အကွာအဝေးတစ်ခုတွင် စောင့်ကြည့်နေခဲ့သော ကျို့ဝေ့ကျိုးမှာတော့ အတော်လေး ရှက်သွားခဲ့လေသည်။

သခင်မလေးတစ်ယောက်အဖို့ သူမ၏ နဖူးထိပ်တွင် သွေးလွှမ်းနေသော စက္ကူကပ်ခံရခြင်းမှာ ကြောက်စရာကောင်းလှသည် ။

အဆောင် ကပ်ခံလိုက်ရသည်နှင့် ရှဲ့ချောင်မှာ နောက်သို့ လန်ကျသွားခဲ့၏။

လှပသော ဝိဉာဉ်မှာ ချက်ချင်းဆိုသလို တွန်းထုတ်ခံလိုက်ရသည်။

ထိုသို့ မြင်လိုက်ရသောအခါ အခြားသော မကောင်းဆိုးဝါးဝိဉာဉ်များသည် ရှေ့သို့ လှမ်းလာရမည့်အစား ခေါက်တုံခေါက်ပြန်သာ လျှောက်နေခဲ့ကြသည်။သူတို့ ချီတုံချတုံ ဖြစ်နေကြလေပြီ။ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ကတော့ သတ္တိကိုစုကာ ရှဲ့ချောင်ကို ဝင်ပူးလိုက်၏။

ရှဲ့ချောင် သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

" မင်း ဘယ်လိုနေသေးလဲ။ တစ်နေရာရာကများ နာနေသေးလား။ ဒီကို နန်းတွင်းသမားတော် ပင့်ပေးရမလား။" ကျောက်ရွှမ်ကျင်းသည် အနည်းငယ် စိတ်သက်သာရာရသွားကာ ချက်ချင်းမေးလိုက်သည်။

ရှဲ့ချောင်သည် ခေါင်းကို ငုံထားကာ " ကျ- ကျွန်မ အဆင်ပြေ…."

ကျောက်ရွှမ်ကျင်းသည် မေးမြန်းနေရင်းနှင့် သူမကို ကြည့်နေခဲ့သည် "တကယ်လား"

" အင်း" ရှဲ့ချောင် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

သူမသည် ရှက်ရွံကာ ဣန္ဒေရှိသည့်ပုံပေါ်သည်။ သူမသည် စကားများများ မပြောခဲ့။ သူမသည်

မတ်မတ်ထိုင်နေကာ အဆင်ပြေနေသည့် ပုံပင်။

" မနေ့က မော့လင်းကျစ် မင်းကို လာရှာသေးလား၊ မင်း အနိုင်ကျင့်ခံလိုက်ရလား၊ တစ်ခုခုဖြစ်သွားသေးလား" ကျောက်ရွှမ်ကျင်းသည် အေးဆေးတည်ငြိမ်စွာနှင့်သာ မေးလိုက်သည်။

ရှဲ့ချောင်သည် သူမ၏ ခေါင်းကို ယမ်းလိုက်ကာ " မလာပါဘူး။ အရှင့်သားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

ကျောက်ရွှမ်ကျင်းသည် လှောင်ပြုံးပြုံးလိုက်သည်။

အသုံးမဝင်ဘူး။

ဒီ ပေါက်ကရ နဂါးစွမ်းအင်ဆိုတာ အလကားသာ။အဲဒါ ရှိနေရတာက ဘာအတွက်လဲ။

"ကျို့ဝေ့ကျုံး" ကျောက်ရွှမ်ကျင်းမှာ စိတ်အနှောင့် အယှက် ဖြစ်လာသည်။ သူခေါ်လိုက်သည်နှင့် နန်းတွင်းသက်တော်စောင့်ကျို့မှာ တန်းရောက်လာခဲ့သည်။ သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်နေသည့် ပုံပေါ်နေပြီး ကျောက်ရွှမ်ကျင်းက ချက်ချင်း အမိန့်ပေးလိုက်၏ " စောင်တစ်ထည်နဲ့ ကြိုးတစ်ချောင်းယူ ဖို့ အခန်းထဲကိုသွား"

ကျို့ဝေ့ကျုံးမှာ ခေါင်းရှုပ်သွားပုံပေါ်သော်လည်း ၎င်းအား လုပ်ဆောင်ခဲ့သည်။

သူသည် ကြိုးကို ယူဖို့ အတွက် လူတစ်ယောက်ကို ခိုင်းလိုက်သည်။ သိပ်မကြာလိုက်၊ ပစ္စည်းနှစ်ခု စုဆောင်းရရှိသွားခဲ့ပြီဖြစ်သည်။

'ရှဲ့ချောင်' သည် ထိုနေရာတွင်သာ ထိုင်နေကာ သူမသည် နာခံတတ်သည်ပုံစံနှင့်ပင်။

၎င်းသည် သူမကို ချုပ်ထိန်းရန် အတွက် ကျို့ဝေ့ကျုံး၏ အားထုတ်မှုကို ချွေတာနိုင်ပေလိမ့်မည်။

••••

All Chapters